13th AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့အာဏာ ပြည်သူ့ပြန်အပ်ရေးကသာ အန္တိမပန်းတိုင် ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြားလိုက်

📌 ၂။ အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့အတူ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ စည်းစိမ်ဥစ္စာ၊ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်တွေကြောင့် ထင်တိုင်းကြဲ ချမ်းသာ သွားကြတယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်ဖွင့်ဟပြောဆို

📌 ၃။ မြန်မာနိုင်ငံကို အကြမ်းဖက်မရှိတဲ့ နိုင်ငံအဖြစ် တည်ဆောက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကတိပြု

📌 ၄။ အခွန်ဆောင်သူများမှ ကိုယ်ရေးအချက်အလက်နှင့် လုပ်ငန်းနှင့်အချက်အလက်များ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးရန်မလိုဘဲ လွယ်ကူလျင်မြန်စွာအခွန်ပေးဆောင်နိုင်

📌 ၅။ NUG ဘွန်းနဲ့ EOD ရှယ်ယာများဆုချမယ့် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်း အမှတ် Smartphone ဓာတ်ပုံပြိုင်ပွဲ ကိုဝင်ရောက်ယှဥ်ပြိုင်နိုင်

📌 ၆။ မကွေးတိုင်း ရေစကြိုမြို့နယ်က လှေခုတ်ကျေးရွာကို ယနေ့မနက် စကစတပ်များမီးရှို့ဖျက်ဆီး

📌 ၇။ ရေဦးမြို့နယ်ရှိ ကျေးရွာများကို စကစတပ်များမွှေနှောက်သောင်းကျန်း

📌 ၈။ အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု - CRC မှ ရှော့တိုက်ဒုံးများကိုမဟာမိတ်များနဲ့ပူးပေါင်းထုတ်လုပ်မှုအောင်မြင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့အာဏာ ပြည်သူ့ပြန်အပ်ရေးကသာ အန္တိမပန်းတိုင် ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြားလိုက်


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့အာဏာ ပြည်သူ့ပြန်အပ်ရေးကသာ အန္တိမပန်းတိုင် ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က သြဂုတ်လ ၁၂ ရက် ကျင်းပတဲ့ တော်လှန်ထောက်ပို့တောင်ပိုင်းသို့ တော်လှန်ရေးရန်ပုံငွေရှာဖွေရေး အခမ်းအနားမှာ ပြောပါတယ်။


"စစ်ကိုင်းတိုင်း၊မကွေးတိုင်းက ၃၆မြို့နယ်ကို အုပ်ချုပ်မှုနယ်မြေတွေ တည်ဆောက်ပြီး ကျနော်တို့ဆောင်ရွက်နေတာရှိပါတယ်။ ဒါပေမယ့် ကျနော်တို့အားလုံးရည်ရွယ်တာက စစ်ကိုင်းတိုင်း၊မကွေးတိုင်းက ၃၆ မြို့နယ်တင်အုပ်ချုပ်ဖို့မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ဆုံးရှုံးသွားတဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကို အမြန်ဆုံးရအောင်ယူပြီးတော့ ပြည်သူ့လက်ထဲကို ပြည်သူ့အာဏာပြန်အပ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးကသာလျှင် ကျနော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်က ၂၀၂၀ ရွေးကောက်ရလဒ်ကိုငြင်းပယ်၍ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။


========================


📌📌 ၂။ အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့အတူ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ စည်းစိမ်ဥစ္စာ၊ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်တွေကြောင့် ထင်တိုင်းကြဲ ချမ်းသာ သွားကြတယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်ဖွင့်ဟပြောဆို


အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့အတူ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ စည်းစိမ်ဥစ္စာ၊ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်တွေကြောင့် ထင်တိုင်းကြဲ ချမ်းသာ သွားကြတယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်ဖွင့်ဟပြောဆိုလိုက်ပါတယ်။


"အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့  ပိုင်ဆိုင်မှုတွေကို အဓိကထား ထုတ်ရောင်းတဲ့ စီမံကိန်းကို "အာဏာရှင် အဆုံးသတ်နိဂုံး " လို့ နာမည်တပ်ထားတာ အလကား မဟုတ်ပါဘူး။ အင်မတန်လေးနက်တဲ့ အဓိပ္ပါယ် ရှိပါတယ်။ မြန်မာ့အာဏာရှင် သမိုင်းကို ပြန်ပြောင်းအောက်မေ့ ကြည့်ကြည့်ပါ။ နေဝင်း၊ သန်းရွှေ၊ မင်းအောင်လှိုင်က အစပြုလို့ ခေတ်အဆက်ဆက် အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့အတူ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့စည်းစိမ်ဥစ္စာ၊ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်တွေကြောင့် ထင်တိုင်းကြဲ ချမ်းသာ သွားကြသူတွေချည်းပါပဲ"လို့ဆိုပါတယ်။


၁၄/အင်းလျားက စလို့ အင်းလျားရှုခင်း/ မိုင်ခွဲ က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခိုးဝှက်ရယူပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကိုပြည်သူအားနဲ့ ဥစ္စာရင်းမှန် ပြန်လည်သိမ်းပိုက်ခြင်းဟာအာဏာရှင်ရေသောက်မြစ်ကို အက်စစ်လောင်းတူးထုတ်

နိဂုံးကမ္ပ အဆုံးသတ်ခြင်းပါပဲလို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။ လက်ရှိမှာ မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း၂၀ ကျော်တန်သော်လည်း ဒေါ်လာ သန်း နဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံကို အကြမ်းဖက်မရှိတဲ့ နိုင်ငံအဖြစ် တည်ဆောက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကတိပြု


မြန်မာနိုင်ငံကို အကြမ်းဖက်မရှိတဲ့ နိုင်ငံအဖြစ် တည်ဆောက်သွားမယ်လို့ သြဂုတ်လ ၁၂ ရက် ကျင်းပတဲ့ တော်လှန်ထောက်ပို့တောင်ပိုင်းသို့ တော်လှန်ရေးရန်ပုံငွေရှာဖွေရေး အခမ်းအနားမှာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကပြောကြားခဲ့ပါတယ်။


"ဒီကနေ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်မယ့်အခါမှာ အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်။ အကြမ်းဖက်ခြင်းခံရတယ်။ကျနော်တို့က ပြစ်မှုတစ်ခုမှ မကျူးလွန်ဘူး။ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီကို အသက်နဲ့လဲပြီးရယူနေတာပဲဖြစ်တယ်။ မြန်မာနိုင်ငံကိုအာဏာရှင်မရှိသောနိုင်ငံအဖြသ် တည်ဆောက်မယ်။ အကြမ်းဖက်မရှိသော နိုင်ငံအဖြစ် တည်ဆောက်သွားပါမယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက် စကစဟာ အရပ်သားတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး နှစ်ထောင်ကျော်ကိုညှင်းပန်းသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၄။ အခွန်ဆောင်သူများမှ ကိုယ်ရေးအချက်အလက်နှင့် လုပ်ငန်းနှင့်အချက်အလက်များ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးရန်မလိုဘဲ လွယ်ကူလျင်မြန်စွာအခွန်ပေးဆောင်နိုင်


အခွန်ဆောင်သူများမှ ကိုယ်ရေးအချက်အလက်နှင့် လုပ်ငန်းနှင့်အချက်အလက်များ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးရန်မလိုဘဲ လွယ်ကူလျင်မြန်စွာအခွန်ပေးဆောင်နိုင်ပြီလို့ သြဂုတ်လ ၁၂ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုပါတယ်။


"စီးပွားရေးလုပ်ငန်းရှင်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ (contact@nug-mm.net) email မှတဆင့် Notice Letter များပေးပို့လျှက်ရှိကြောင်းထပ်မံ အသိပေးသတင်းပါးအပ်ပါတယ်။ အခွန်ဆောင်သူများမှ မိမိတို့၏ ကိုယ်ရေအချက်အလက်နှင့် မိမိတို့လုပ်ငန်းနှင့်သက်ဆိုင်သောအချက် အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာနသို့ မဖြစ်မနေ ပေးရန် မလိုအပ်ပါ"လို့ဆိုပါတယ်။ ပြည်တွန်းအခွန်အနေနဲ့အခွန်ဆောင်ပြီးချိန်တွင် ရရှိမည်ဖြစ်သော Unique Identification Number ကိုသာ အခွန်ထမ်း၏ မှတ်တမ်းအဖြစ် သတ်မှတ်ထားရှိမှာဖြစ်ပါတယ်။


========================


📌📌 ၅။ NUG ဘွန်းနဲ့ EOD ရှယ်ယာများဆုချမယ့် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်း အမှတ် Smartphone ဓာတ်ပုံပြိုင်ပွဲ ကိုဝင်ရောက်ယှဥ်ပြိုင်နိုင်


NUG ဘွန်းနဲ့ EOD ရှယ်ယာများဆုချမယ့် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် Smartphone ဓာတ်ပုံပြိုင်ပွဲ ကိုဝင်ရောက်ယှဥ်ပြိုင်နိုင်တယ်လို့ သြဂုတ်လအတွင်းမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် smartphone ဓာတ်ပုံပြိုင်ပွဲအဖြစ် "တော်လှန်ရေးကာလ လူငယ်များ၏ ဘဝဖြတ်သန်းမှု" ဟူသော ခေါင်းစဉ်အောက်တွင် ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ဆိုပါတယ်။


Smartphone ဓာတ်ပုံပြိုင်ပွဲဝင်မည့်သူသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ကာအသက်အရွယ်ကန့်သတ်ထားခြင်း မရှိဘဲSmartphone ဖြင့်ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမည်ဖြစ်ပြီး Lightroom application တစ်မျိုးဖြင့်သာ ပြင်ဆင်တည်းဖြတ်ခွင့်ရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် တစ်ဦးလျှင် ဓာတ်ပုံတစ်ပုံသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်မည့် ဓာတ်ပုံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့နှင့်နောက်ပိုင်းတွင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲခေါင်းစဉ်နှင့် မကိုက်ညီသောဓာတ်ပုံများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ ပြိုင်ပွဲဝင်မည့် ဓာတ်ပုံများအား  ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၁၈:၀၀ ထက် နောက်မကျပဲ ပေးပို့ရမှာဖြစ်ပါတယ်။ ဓာတ်ပုံပြိုင်ပွဲ ဆုကြေးများအနေဖြင့် ပထမဆု - NUG Bond 300$ ဒုတိယဆု - NUG Bond 200$ တတိယဆု - EOD (မအလအိမ်) အစုရှယ်ယာတစ်စုတို့ချီးမြှင့်ပေးအပ်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ မကွေးတိုင်း ရေစကြိုမြို့နယ်က လှေခုတ်ကျေးရွာကို ယနေ့မနက် စကစတပ်များမီးရှို့ဖျက်ဆီး


မကွေးတိုင်း ရေစကြိုမြို့နယ်က လှေခုတ်ကျေးရွာကို ယနေ့မနက် စကစတပ်များမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းမှာ အကြမ်းဖက် စစ်တပ်က မီးရှို့နေတာလို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကအတည်ပြုပါတယ်။


"လှေခုတ်ကျေးရွာအား စစ်ခွေးများမီးရှို့ဖျတ်ဆီးနေပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာ ပျက်စီးဆုံးရှုံးမှုအခြေအနေမသိရသေးဘဲ ယခုမီးရှို့ခြင်းမှာ ဒုတိယအကြိမ်လည်းဖြစ်တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း အင်အား၇၀ပါစကစ စစ်ကြောင်းဟာ လှေခုတ်ကျေးရွာကိုဝင်ရောက်၍ ပြည်သူ့နေအိမ်များနဲ့ အသုံးအဆောင်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၇။ ရေဦးမြို့နယ်ရှိ ကျေးရွာများကို စကစတပ်များမွှေနှောက်သောင်းကျန်း


စစ်ကိုင်းတိုင်းရေဦးမြို့နယ်ရှိ ကျေးရွာများကို စကစတပ်များမွှေနှောက်သောင်းကျန်းလျက်ရှိတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့မှာ ရေဦးမြို့နယ် ဇေယျဝတီရွာဘက်သို့ စကစတပ်များက လက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့ ဗိုလ်မုတ်ဆိတ်အဖွဲ့ကဆိုပါတယ်။


"ယမန်နေ့က ရေဦးမြို့နယ် ကွမ်းအုံရွာ၊မန်ကျီးကုန်းရွာ ညအိပ်ဝပ်သော စကစတပ်များ ဒေါင့်ဒိုးရွာနှင့်ရဲမာန်ရွာ အနီးတစ်ဝိုက်သို့ ရောက်ရှိနေပြီး ဇေယျဝတီရွာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေပါတယ်။ ပြည်သူများဘေးကင်းပါစေ"လို့ ဆိုပါတယ်။ လက်ရှိမှာ ရေဦးမြို့နယ်အတွင်း စစ်ဘေးရှောင်အရေအတွက်များတိုးပွားလာပြီး စကစတပ်များက ရွာထဲတွေ့တဲ့လူငယ်အမျိုးသားများကိုလည်းအကြောင်းမဲ့ဖမ်းဆီးနှိပ်စက်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု - CRC မှ ရှော့တိုက်ဒုံးများကိုမဟာမိတ်များနဲ့ပူးပေါင်းထုတ်လုပ်မှုအောင်မြင်


အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု - CRC မှ ရှော့တိုက်ဒုံးများကိုမဟာမိတ်များနဲ့ပူးပေါင်းထုတ်လုပ်မှုအောင်မြင်ခဲ့ပါတယ်။ သြဂုတ်လ ၁၃ ရက်မှာ အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု - CRC အသိပေးဆိုပါတယ်။


"အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု - CRC မှ မဟာမိတ်အဖွဲ့များနှင့်အတူ ရှော့တိုက်ဒုန်း လက်နက်ကြီးများ ပူးပေါင်းထုတ်လုပ်နိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု - CRCဟာ စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်ပါးစုတစ်ရပ်လည်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment