14th AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အရေးကြီးတဲ့မြို့တွေကို သိမ်းပိုက်နိုင်ပြီး လေဆိပ်ရရှိနိုင်တဲ့နေ့ လက်နက်အကူအညီရမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ ထုတ်ဖော်ပြောကြား

📌 ၂။ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲအတွက်အနည်းဆုံး အမေရိကန်ဒေါ်လာသန်း ငါးဆယ်မှ သန်းတစ်ရာ လိုအပ်ချက်ရှိ၍ အမျိုးသားညီညွတ်ရေးအစိုးရ ကြိုးစားရှာဖွေနေ

📌 ၃။ ရန်ကြီးအောင်ကျေးရွာသို့ အင်အားတစ်ရာကျော် စစ်ကြောင်းရောက်ရှိနေ၍ ပြည်သူလူထုများသတိပြုရန် နှမ်းခါးလူငယ်အဖွဲ့အသိပေး

📌 ၄။ ကျောက်ထု PDF (YRPA) မှ ရဲဘော် / ရဲမေ များ ကောက်စိုက် / ပျိုးနှုတ် ရာသီ ပြည်သူများအားလုပ်အားပေး ကူညီ

📌 ၅။ ရဲဘော် ဆလိုင်းမာန်ကီးထန်း အတွက် NUG Bond အား အနုပညာရှင် "ဒေါင်း" မှ ဂုဏ်ပြုလှူဒါန်း

📌 ၆။ တန့်ဆည် TRF မှ  ရှော့ဂန်းကျည်ဖြင့်ပစ်ရတဲ့ ခါးချိူးသေနတ်များ ထုတ်လုပ်အောင်မြင်

📌 ၇။ InyaView@6.5 Mile ပရောဂျက် တစ်ရက်၊နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာတစ်သန်းဖိုးပြည့်တော့မယ်လို့ ဆို

📌 ၈။ C2D app အခြေအနေပြန်ကောင်း၍ တစ်ခုထဲနဲ့သိန်း ၆၀ အထိ ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အရေးကြီးတဲ့မြို့တွေကို သိမ်းပိုက်နိုင်ပြီး လေဆိပ်ရရှိနိုင်တဲ့နေ့ လက်နက်အကူအညီရမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ ထုတ်ဖော်ပြောကြား


အရေးကြီးတဲ့မြို့တွေကို သိမ်းပိုက်နိုင်ပြီး လေဆိပ်ရရှိနိုင်တဲ့နေ့ လက်နက်အကူအညီရမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သြဂုတ်လအတွင်းကျင်းပတဲ့ တော်လှန်ရေး ရန်ပုံငွေရှာဖွေတဲ့ ပွဲအခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။


"ဘာဖြစ်လို့ အပြည်ပြည်ဆိုင်ရာက မြန်မာနိုင်ငံကို လက်နက်မထောက်ပံနိုင်သေးလဲဆိုရင် ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်တဲ့တစ်နေ့ကျရင် လက်နက်တွေက မိုးရွာသလိုရွာလိမ့်မယ်။ ဒါကတော့ ကျနော် ကတိပေးတယ်။ အရေးကြီးတဲ့ မြို့တွေကို သိမ်းပိုက်နိုင်ပြီး ကျနော်တို့မှာ လေဆိပ်တစ်ခု၊ နှစ်ခုလောက်ရှိနိုင်တဲ့နေ့ကျရင် လက်နက်ကချက်ခြင်းပဲ အဲဒီနေ့မှာရောက်မယ်ဆိုတာ ကတိပေးလို့ရတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ လက်နက်တပ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေပြီးတော့ ကာကွယ်ရေးအသုံးစရိတ်ကို၉၅ရာခိုင်နှုန်းအထိသုံးစွဲနေလျက်ရှိပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲအတွက်အနည်းဆုံး အမေရိကန်ဒေါ်လာသန်း ငါးဆယ်မှ သန်းတစ်ရာ လိုအပ်ချက်ရှိ၍ အမျိုးသားညီညွတ်ရေးအစိုးရ ကြိုးစားရှာဖွေနေ


နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲအတွက်အနည်းဆုံး အမေရိကန်ဒေါ်လာသန်းငါးဆယ်မှ သန်းတစ်ရာ လိုအပ်ချက်ရှိ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြိုးစားရှာဖွေနေတယ်လို့ သြဂုတ်လအတွင်းကျင်းပတဲ့ တော်လှန်ရေး ရန်ပုံငွေရှာဖွေတဲ့ ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။


"တိုက်ပွဲအတွက် အနည်းဆုံး သန်း ၅၀၊ ၁၀၀ ရှာရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာကို ရအောင် ကျနော်တို့လည်း ကြိုးစားနေတာဖြစ်ပါတယ်။ နိုင်ငံတကာကလည်းရအောင်၊ ပြည်တွင်းကလည်းရအောင်ကြိုးစားနေပါတယ်လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးငွေတိုက် စာချုပ်နဲ့ EOD ရှယ်ယာများကို မြန်မြန်နဲ့များများ ပြည်သူလူထုကိုထုတ်ရောင်းလျက်ရှိပါတယ်။


========================


📌📌 ၃။ ရန်ကြီးအောင်ကျေးရွာသို့ အင်အားတစ်ရာကျော် စစ်ကြောင်းရောက်ရှိနေ၍ ပြည်သူလူထုများသတိပြုရန် နှမ်းခါးလူငယ်အဖွဲ့အသိပေး


စစ်ကိုင်းတိုင်းကလေးမြို့နယ်ဘက်မှ ဂန့်ဂေါမြို့နယ် ရန်ကြီးအောင်ကျေးရွာသို့ အင်အားတစ်ရာကျော် စစ်ကြောင်းနဲ့ ရောက်ရှိနေ၍ ပြည်သူလူထုများသတိပြုရန်နှမ်းခါးလူငယ်အဖွဲ့က သြဂုတ်လ ၁၄ ရက်နေ့မှာ နှမ်းခါးလူငယ်အဖွဲ့က ပြည်သူလူထုကိုအသိပေးကြေညာပါတယ်။


" ကလေးမြို့နယ်မှ ဂန့်ဂေါမြို့နယ်ဘက်သို့ထိုးစစ်ဆင်လားသောစစ်ကြောင်းသည် စစ်ကြောင်းထိုးလားသောလမ်းတလျောက်တွင် ရွာများကိုမီးတိုက် အကြမ်းဖက်မှုများပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် စစ်ကောင်စီတပ်များ၏ စစ်ဆင်ရေးလမ်းကြောင်းများနှင့် ဝေးရာ ဘေးလွတ်ကင်းသော‌ နေရာများတွင် ရှောင်တိမ်းနေထိုင် ကြပါရန် အသိပေးကြေညာအပ်ပါတယ်"လို့ဆိုပါတယ်။ ကလေးမြို့နယ်ဘက်မှထိုးစစ်ဆင်းလာသော စစ်ကြောင်းဟာ ရန်ကြီးအောင်ရွာသို့ရောက်ရှိနေပြီး စကစတပ်အင်အား တစ်ရာကျော်ပါရှိပါတယ်။


========================


📌📌 ၄။ ကျောက်ထု PDF (YRPA) မှ ရဲဘော် / ရဲမေ များ ကောက်စိုက် / ပျိုးနှုတ် ရာသီ ပြည်သူများအားလုပ်အားပေး ကူညီ


ကျောက်ထု PDF (YRPA) မှ ရဲဘော် / ရဲမေ များ ကောက်စိုက် / ပျိုးနှုတ် ရာသီ ပြည်သူများအားလုပ်အားပေး ကူညီပေးခဲ့တယ်လို့ သြဂုတ်လ ၁၄ ရက်မှာ ကျောက်ထု PDF (YRPA) မှကအသိပေးဆိုပါတယ်။


" ကျောက်ထုPDF (YRPA) မှ ရဲဘော် / ရဲမေ လေးများ ကောက်စိုက် / ပျိုးနှုတ် ရာသီ ပြည်သူများအားလုပ်အားပေး ကူညီဆောင်ရွက်လျက်ရှိပြီး  ပြည်သူများ နှင့် တသားတည်းရှိကြောင်းပြသခဲ့ပါတယ်" လို့ ဆိုပါတယ်။ ကျောက်ထု PDF (YRPA) ဟာ စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၅။ ရဲဘော် ဆလိုင်းမာန်ကီးထန်း အတွက် NUG Bond အား အနုပညာရှင် "ဒေါင်း" မှ ဂုဏ်ပြုလှူဒါန်း 


ရဲဘော် ဆလိုင်းမာန်ကီးထန်း အတွက် NUG Bond အား အနုပညာရှင် "ဒေါင်း" မှ ဂုဏ်ပြုလှူဒါန်း ခဲ့ပါတယ်။


"တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ သူရဲကောင်းရဲဘော် ဆလိုင်းမာန်ကီးထန်းကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့ အနေနဲ့ အနုပညာရှင် "ဒေါင်း" က "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်အား ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်"လို့ OurSpringHeroes ကဖော်ပြပါတယ်။


၂၀၂၁ ခုနှစ် မေလ ၁၄ ရက် အကြမ်းဖက်စစ်တပ်နှင့်ဖြစ်ပွားသော  မင်းတပ်-မတူပီလမ်းပိုင်း ဂေါက်ကွင်းတိုက်ပွဲတွင် CDF (Mindat) မှ ပြည်သူ့ရဲဘော် ဆလိုင်းမာန်ကီးထန်းဟာ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက်  "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ တန့်ဆည် TRF မှ  ရှော့ဂန်းကျည်ဖြင့်ပစ်ရတဲ့ ခါးချိူးသေနတ်များ ထုတ်လုပ်အောင်မြင်


တန့်ဆည် TRF မှ ရှော့ဂန်းကျည် ဖြင့်ပစ်ရတဲ့ ခါးချိူးသေနတ်များ ထုတ်လုပ်အောင်မြင်ခဲ့ကြောင်းကို သြဂုတ်လ ၁၄ ရက်မှာ တန့်ဆည် TRF ကအသိပေးဖော်ပြပါတယ်။


"TRF မှ ကိုယ်ပိုင်ထုတ်လုပ်ထားသော ရှော့ဂန်းကျည် ဖြင့်ပစ်ရသည့် ခါးချိူးသေနတ်များဖြစ်ပါတယ်"လို့ ဖော်ပြပါတယ်။ တန့်ဆည်မြို့နယ်အတွင်းမှာ စကစတပ်များဟာ အင်အားများစွာချထားပြီး ကျေးရွာများကိုလည်းလှည့်လည်စစ်ကြောင်းထိုးမှုတို့ရှိပါတယ်။


========================


📌📌 ၇။ InyaView@6.5 Mile ပရောဂျက် တစ်ရက်၊နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာတစ်သန်းဖိုးပြည့်တော့မယ်လို့ ဆို


InyaView@6.5 Mile ပရောဂျက် တစ်ရက်၊နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာတစ်သန်းဖိုးပြည့်တော့မယ်လို့ သြဂုတ်လအတွင်းမှာ End of Dictator Ship ကဖော်ပြပါတယ်။


 "ရှယ်ယာပေါင်း ၅၀၀" (ဒေါ်လာ သောင်းဖိုး) ကို တစ်ယောက်တည်းက ဝယ်ယူ အားဖြည့်ခဲ့တဲ့ အတွက် ခုဆို စုစုပေါင်း အရောင်း ဒေါ်လာ သိန်း ကျော်သွားပါပြီ။ဒီနှုန်းနဲ့သာဆို - ရက်အတွင်း ပထမဆုံး  သန်းပြည့်တော့မယ်လို့ ပြောလို့ရပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာမင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း၂၀ ကျော်တန်သော်လည်း ဒေါ်လာ သန်း နဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။ မြေနဲ့ အိမ်ရဲ့ ကာလတန်ဖိုးက ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိသော်လည်း ကြိုပွိုင့်မို့ ဒေါ်လာ သန်းနဲ့ Finical Right ကို အစုရှယ်ရာ အနေနဲ့  တစ်စုကို ဒေါ်လာ ၁၀၀ နဲ့  ရှယ်ယာပေါင်းက သောင်းတိတိကိုရောင်းချပေးမှာဖြစ်ပါတယ်။


========================


📌📌 ၈။ C2D app အခြေအနေပြန်ကောင်း၍ တစ်ခုထဲနဲ့သိန်း ၆၀ အထိ ရရှိ


C2D app အခြေအနေပြန်ကောင်း၍ တစ်ခုထဲနဲ့သိန်း ၆၀ အထိ ရရှိတယ်လို့ သြဂုတ်လ ၁၄ ရက်မှာ Click 2 donate က အသိပေးဖော်ပြပါတယ်။


"မနေ့က ပထမဆုံး သိန်းတစ်ရာ ပြန်ကပ်တဲ့နေ့ပါပဲခင်ဗျာ။ C2D app တစ်ခုထဲနဲ့ သိန်းခြောက်ဆယ်လောက်ရသွားတာပါခင်ဗျာ။ အရင်ကလို  အဲ့လို သုံးခုလောက်ဆိုရင်တော့ ရှယ်ပေါ့ခင်ဗျာ။ iOS က လည်း မကြာခင်ရဖို့မှန်းထားတာမို့  အရင်လို တစ်နေ့သိန်းနှစ်ရာပြန်ရအောင် မျှော်လင့်ထားပါပီခင်ဗျာ။ အခု အင်အားလေးကိုထိမ်းထားကြပါခင်ဗျာ ပြန်ထွက်မသွားပဲ တောက်လျှောက်လေး တူတူရှိကြရအောင်ပါခင်ဗျာ"လို့ ဆိုထားပါတယ်။ Click 2 donateဟာ app ကို ပြည်သူများ ဝင်ရောက်၍ ကြော်ငြာများကိုအချိန်ပေးကြည့်ရှုကာကလစ်နှိပ်ပေးခြင်းဖြင့် တော်လှန်ရေးအတွက်ရန်ပုံငွေ ရရှိခြင်းပဲဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment