14th AUG 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ α€žြဂုတ်α€œ ( ၁၄ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 

πŸ“ŒπŸ“Œ ၁။ α€žα€α€„်းပေါα€€်α€€ြားα€™ှုα€€ြောင့် α€€ာα€€ွα€š်α€›ေးα€›ဲα€˜ော် ၇ ဦးα€€ျဆုံးပြီး ရင်ပေါင်တိုင်α€€ျေးα€›ွာα€€ို α€…α€…်α€€ောင်α€…ီ တပ်α€€ α€™ီးα€›ှို့α€”ေ

 

α€…α€…်α€€ိုင်းတိုင်း၊ α€šα€„်းα€™ာပင်α€™ြို့α€”α€š်α€€ α€žα€α€„်းပေါα€€်α€€ြားတာα€€ြောင့် α€œေα€šာဉ်α€”ဲ့ α€—ုံးα€€ျဲတိုα€€်ခိုα€€်ခံα€›α€€ာ ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင် ၇ α€šောα€€်α€€ျဆုံးပြီး α€–α€™်းဆီးခံα€›α€žူတွေα€œα€Š်းα€›ှိα€α€š်α€œို့ α€’ေα€žα€ံα€žα€α€„်း ထရင်းα€™ြα€…်တွေထံα€€ α€žိရပါα€α€š်။ α€šα€™α€”်α€”ေ့ α€žြဂုတ်α€œ ၁၁ α€›α€€် α€”ေ့α€œα€š်ပိုင်းα€™ှာ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေα€€ α€›α€Ÿα€်α€šာဉ် ၆ စင်းα€”ဲ့ ၂ α€€ြိα€™်တိုင်တိုင် α€œာα€›ောα€€်ပစ်ခတ်ခဲ့တဲ့ထပြင် α€œူထင်ထားထပ်α€™ံα€–ြα€Š့်တင်းα€žွားပြီး ရင်ပေါင်တိုင်α€€ျေးα€›ွာထဲ တပ်α€…ွဲထားα€α€š်α€œို့ MPA α€žα€α€„်းα€Œာα€”α€€ α€›ေးα€žားထားပါα€α€š်။

 

α€€ျွα€”်တော်တို့α€‘α€œုပ်α€€ိα€…္α€…α€”ဲ့ ထဲ့α€€ိုα€›ောα€€်α€”ေတာပါ။ α€œူချတာတော့ α€™ျα€€်α€…ိα€›ှေ့တင်ငါးα€…ီးပါα€—ျ။ ထင်ထားα€€ ၁၅၀ ထက်α€™α€”α€Š်း။ α€’ီα€™α€”α€€်α€œα€Š်း α€žုံးစင်းα€œာပစ်α€žေးα€α€š်။ ပိတ်α€™ိα€”ေတဲ့α€žူတွေα€€ိုα€œα€Š်း ထခုချိα€”်ထိ ဆက်α€žွα€š်α€œို့ α€™α€›α€žေးပါα€˜ူးα€œို့ α€šα€„်းα€™ာပင်α€™ြို့α€”α€š်ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေး ပြောα€€်α€€ျားတပ်α€–ွဲ့ α€—ိုα€œ်ဇာမဏီα€€ MPA α€žα€α€„်းα€Œာα€”α€€ို ပြောပါα€α€š်။

 

α€žα€α€„်းပေါα€€်α€€ြားတာα€€ြောင့် α€€ျဆုံးα€žွားတဲ့ α€›ဲα€˜ော် ၇ α€₯ီးα€™ှာ ချင်းပြα€Š်α€”α€š် ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေး တပ်α€–ွဲ့ဝင်တွေα€–ြα€…်α€α€š်α€œို့α€œα€Š်း MPA α€€ ဆိုထားပါα€α€š်။ α€šα€„်းα€™ာပင်α€™ြို့α€”α€š်၊ ရင်ပေါင်တိုင်α€€ျေးα€›ွာα€€ို Mi35 α€›α€Ÿα€်α€šာα€₯်α€”ဲ့ α€žြဂုတ်α€œ ၁၂ α€Šα€”ေ ၆ α€”ာα€›ီα€œောα€€်α€™ှာ တရပ်စပ် ပစ်ခတ်α€”ေα€α€š်α€œို့ α€šα€„်းα€™ာပင်α€™ြို့α€”α€š် α€žα€α€„်းα€™ှα€”်ပြα€”်α€€ြားα€›ေးα€€ α€œူα€™ှုα€€ွα€”်α€›α€€်α€…ာα€™ျα€€်α€”ှာα€™ှာ α€›ေးα€žားထားပါα€žေးα€α€š်။ α€œα€€်α€›ှိα€šα€„်းα€™ာပင်α€™ြို့α€”α€š် ထတွင်းα€€α€–ြα€…်α€…α€₯်တွေα€”ဲ့ ပတ်α€žα€€်ပြီး ချင်းပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးထဖွဲ့α€‘α€…α€Š်းα€”ဲ့ တော်α€œှα€”်α€›ေးထင်ထားα€…ုတွေα€€ တော့ ၂၀၂၂ ခုα€”ှα€…် α€žြဂုတ်α€œ ၁၂ α€›α€€် α€Šα€”ေပိုင်းထထိ တစုံတရာ ထုတ်ပြα€”်ထား ခြင်းα€™α€›ှိα€žေးပါα€˜ူး။ 

 

πŸ“ŒπŸ“Œ α‚။ ၆ α€œα€‘α€ွင်း ၂၂၀ α€€ျော်α€–ြα€…်ပွားခဲ့ α€€ြောင်း CJDC ထုတ်ပြα€”်၊ မင်းတပ်α€™ြို့α€”α€š်ထတွင်း ၃၅ α€€ြိα€™်α€–ြα€…်ပွားခဲ့


၂၀၂၂ α€–ေα€–ော်ဝါα€›ီ α€™ှ ဇူα€œိုင်α€œα€€ုα€”်ထထိ Chinland Joint Defense Committee (CJDC) ထဖွဲ့၀င် ချင်းတော်α€œှα€”်α€›ေး တပ်α€–ွဲ့α€™ျားα€”ှင့် α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ထကြား တိုα€€်ပွဲပေါင်း ၂၂၀ α€–ြα€…်ပွားခဲ့ပြီး α€…α€…်α€€ောင်α€…ီ တပ်α€žား ၉၂၇ α€₯ီး α€žေဆုံး ပြီး CJDC ထဖွဲ့၀င် ချင်းα€€ာα€€ွα€š်α€›ေး α€›ဲα€˜ော် ၅၃ ဦးα€€ျဆုံးခဲ့α€€ြောင်း CJDC α€€ ဩဂုတ် ၁၁ α€›α€€်တွင် ထုတ်ပြα€”်α€žα€Š်။ 

မင်းတပ်α€™ြို့α€”α€š်တွင် α€…α€…်α€€ောင်α€…ီတပ်α€”ှင့် CDF မင်းတပ်တို့ ထိတွေ့ပစ်ခတ်α€™ှုပေါင်း ၃၅ α€€ြိα€™်α€›ှိခဲ့ပြီး α€Ÿားခါး α€™ြို့α€”α€š်α€”ှင့် α€–α€œα€™်းα€™ြို့α€”α€š်α€”ောα€€် တိုα€€်ပွဲα€–ြα€…်ပွားα€™ှု ထများဆုံးα€–ြα€…်α€žα€Š်α€Ÿု ၎င်းထုတ်ပြα€”်ချα€€်ထရ α€žိα€›α€žα€Š်။

 

α€€α€œေးα€™ြို့α€”α€š်α€”ှင့် ဂန့်ဂေါα€™ြို့α€”α€š်တွင် ထဓိα€€α€œှုပ်α€›ှားα€žော CDF-KKG α€žα€Š် ချင်းပြα€Š်α€”α€š်ထတွင်း α€…α€…်α€›ေး α€œှုပ်α€›ှားα€™ှုမပြုα€œုပ်α€žော်α€œα€Š်း CJCD ထဖွဲ့၀င်α€–ြα€…်α€žောα€€ြောင့် α€…ာရင်းတွင်α€‘α€Š့်α€žွင်း α€–ော်ပြထားခြင်းα€–ြα€…် α€€ြောင်း၊ α€…α€…်α€€ောင်α€…ီတပ်α€”ှင့် α€‘α€žေးα€…ားထိတွေ့ပစ်ခတ်α€™ှုα€™ျားα€€ို α€šα€ုα€…ာရင်း၌α€–ော်ပြထားခြင်း α€™α€›ှိα€€ြောင်း α€œα€Š်း တွေ့α€›α€žα€Š်။

 

πŸ“ŒπŸ“Œ αƒ။ α€–α€™်းခံα€›α€žα€Š့် α€™ြα€”်α€™ာα€œုပ်α€žားα€™ျားထရေး α€™α€œေးα€›ှားထစိုးရထံ ထမျိုးα€žားα€Šီα€Šွှတ် α€›ေး ထစိုးα€› NUG α€€ α€™ေတ္တာရပ်ခံα€…ာပေးပို့


α€™α€œေးα€›ှားα€œူဝင်α€™ှုα€€ြီးα€€ြပ်α€›ေးα€€ α€–α€™်းဆီးα€žွားတဲ့ α€™ြα€”်α€™ာα€”ိုင်ငံα€žားတွေထရေး ဆောင်α€›ွα€€်ပေးα€–ို့ α€™α€œေးα€›ှား α€”ိုင်ငံခြားα€›ေးဝန်α€€ြီးα€Œာα€”α€€ို α€™ေတ္တာရပ်ခံα€…ာပေးပို့ထားα€€ြောင်း ထမျိုးα€žားα€Šီα€Šွှတ်α€›ေး ထစိုးα€› NUG α€”ိုင်ငံခြားα€›ေးဝန်α€€ြီးα€Œာα€”α€€ α€žြဂုတ် ၁၀ α€›α€€်α€€ α€‘α€žိ ပေးထုတ်ပြα€”်α€œိုα€€်ပါα€α€š်။ α€žြဂုတ်α€œ ၉ α€›α€€်α€€ α€™α€œေးα€›ှားα€”ိုင်ငံ α€†α€š်α€œα€”်ဂေါပြα€Š်α€”α€š် α€€ာဂျα€™်းα€™ြို့α€™ှာα€›ှိတဲ့ တရားမဝင်α€”ေα€”ိုင်α€žူတွေ α€›ှိα€›ာ တိုα€€်ခန်းတွေα€€ို α€™α€œေးα€›ှားα€œα€α€€ α€₯ီးဆောင် ဝင်α€›ောα€€်α€…ီးနင်းα€›ှာα€–ွေပြီး တရားမဝင်α€›ွှေ့ပြောင်းα€œုပ်α€žား ၁၇၅ ဦးα€–α€™်းα€™ိခဲ့တာပါ။ 

 

α€–α€™်းဆီးခံရတဲ့ α€™ြα€”်α€™ာα€”ိုင်ငံα€žားတွေထရေးထတွα€€် α€™α€œေးα€›ှားα€”ိုင်ငံခြားα€›ေးဝန်α€€ြီးα€Œာနထံ α€™ေတ္တာရပ်ခံα€…ာပေးပို့ ထားပြီး ထချိα€”်α€”ဲ့တပြေးα€Šီ ဆက်α€œα€€်α€Šှိα€”ှိုင်းဆောင်α€›ွα€€်α€žွားα€™α€š်α€œို့ ထမျိုးα€žားα€Šီα€Šွှတ်α€›ေး ထစိုးα€› NUG α€”ိုင်ငံ ခြားα€›ေးဝန်α€€ြီးα€Œာα€”α€›ဲ့ ထုတ်ပြα€”်ချα€€်α€™ှာ တွေ့ရပါα€α€š်။ α€™α€œေးα€›ှားထစိုးα€›α€Ÿာ ထာဏာα€žိα€™်းα€…α€…်α€€ောင်α€…ီα€€ို α€‘α€žိ ထမှတ်မပြုα€–ို့α€”ဲ့ NUG α€”ဲ့ထိတွေ့ဆက်ဆံα€–ို့ တိုα€€်တွα€”်းဆော်α€žြα€”ေတဲ့ ထာဆီα€šံထဖွဲ့ဝင်α€”ိုင်ငံα€œα€Š်း α€–ြα€…်ပါα€α€š်။

 

πŸ“ŒπŸ“Œ α„။ IMCO α€€ α€₯ီးα€…ီးပြီး မင်းတပ်α€™ြို့α€”α€š်ထတွα€€် α€€ံα€…α€™်းα€™ဲα€œα€€်α€™ှတ်α€™ျား α€›ောင်းချ α€”ေ၊ ပထမဆု USD 5000 α€žα€်α€™ှတ်


α€”ိုင်ငံတကာ α€›ောα€€် မင်းတပ်ချိုထဖွဲ့ (IMCO) α€€ α€₯ီး ဆောင်၍ မင်းတပ်α€™ြို့α€”α€š်တွင် α€‘α€žုံးပြုα€›α€”် α€€ံα€…α€™်းα€™ဲα€œα€€်α€™ှတ်α€™ျား α€›ောင်းချα€”ေα€€ြောင်းα€žိα€›α€žα€Š်။ "CDF(Mindat) ထတွα€€်ထရေးα€€ြီး ပရောဂျα€€်α€™ျား α€”ှင့် α€™ိုးတွင်းα€›ိα€€္ခာ၊ ဆေးဝါး ထတွα€€် α€‘α€œှူငွေ ထကူငွေတွေ ငွေတော်တော်α€™ျားα€™ျားα€œိုထပ်α€”ေပါα€žα€Š်" α€Ÿူ၍ IMCO ထဖွဲ့α€€ ၎င်းတို့၏ α€œူα€™ှုα€€ွα€”်α€›α€€်α€…ာα€™ျα€€်α€”ှာတွင် α€›ေးα€žားα€–ော်ပြထားα€žα€Š်။

 

"မင်းတပ် တော်α€œှα€”် α€›ေးထတွα€€် α€”α€Š်းα€™ျိုးα€…ုံα€”ဲ့ α€›α€”်ပုံငွေ α€›ှာα€”ေα€€ြရတာပါ။ α€šα€ု α€€ံα€…α€™်းα€™ဲထီα€œα€€်α€™ှတ်α€™ျားα€€ို ထိုးα€œα€Š်းထိုး၊ α€›ောင်းα€œα€Š်းα€›ောင်းပေးα€€ြα€–ို့α€™ေတ္တာရပ်ခံပါα€α€š်" α€Ÿူ၍ IMCO ထဖွဲ့α€€ ဆိုα€žα€Š်။ ထဆိုပါ α€€ံα€…α€™်းα€™ဲ α€›ောင်းချα€™ှုတွင် ပထမဆုထနေα€–ြင့် ထမေα€›ိα€€α€”် α€’ေါ်α€œာ ၅၀၀၀၊ α€’ုတိα€šα€†ု α€’ေါ်α€œာ ၃၀၀၀၊ တတိα€šα€†ု α€’ေါ်α€œာ ၂၀၀၀ α€–ြα€…်ပြီး α€”ှα€…်α€žိα€™့်ဆု ၄ ဆုတွင် α€’ေါ်α€œာ ၄၀၀ α€€ျα€…ီ α€žα€်α€™ှတ်ထား α€€ြောင်းα€žိα€›α€žα€Š်။

 

πŸ“ŒπŸ“Œ α…။ α€…α€…်α€€ောင်α€…ီα€€ို α€‘α€žိထမှတ်ပြုα€žα€œို α€›ေးα€žားခဲ့တဲ့ INGO တွေα€€ို ထရပ်α€˜α€€်ထဖွဲ့ α€žုံးα€›ာα€€ျော် α€€α€”့်α€€ွα€€်


ထာဏာα€žိα€™်း α€…α€…်ခေါင်းဆောင် α€—ိုα€œ်ချုပ်α€™ှူးα€€ြီး မင်းထောင်α€œှိုင်α€€ို α€™ြα€”်α€™ာα€”ိုင်ငံဝန်α€€ြီးချုပ်ထဖြα€…် α€žုံးα€”ှုα€”်းခဲ့တဲ့ α€”ိုင်ငံတကာ ထရပ်α€˜α€€်ထဖွဲ့α€‘α€…α€Š်း (INGO) တချို့α€€ို α€€α€”့်α€€ွα€€်α€€ြောင်း ပြα€Š်တွင်း ထရပ်α€˜α€€်ထဖွဲ့ αƒαˆα† α€–ွဲ့α€€ ဩဂုတ်α€œ ၁၂ α€›α€€်α€™ှာ ထုတ်ပြα€”်ပါα€α€š်။

α€™ြα€”်α€™ာα€”ိုင်ငံα€€ α€€α€œေးα€„α€š်တွေα€›ဲ့ α€•α€Šာα€žα€„်α€€ြားခွင့်ထတွα€€် ထာဏာα€žိα€™်းα€…α€…်ခေါင်းဆောင်ဆီα€€ို α€œူ့ထခွင့်ထရေး α€œေ့α€œာα€…ောင့်α€€ြα€Š့်α€›ေးထဖွဲ့ HRW ထပြα€Š်ပြα€Š်ဆိုင်α€›ာ α€œွတ်ငြိα€™်းချα€™်းα€žာခွင့်ထဖွဲ့ (Amnesty International) Save the children World Vision International ထပါထဝင် INGO ၁၂ α€–ွဲ့α€€ ပေးပို့တဲ့ ထိတ်α€–ွင့်ပေးα€…ာα€™ှာ α€…α€…်α€€ောင်α€…ီα€€ို α€‘α€žိထမှတ်ပြုα€›ာα€›ောα€€်α€™α€š့် α€›ေးα€žားα€–ော်ပြα€™ှုတွေ ပါဝင်α€œို့ ထခုα€œို α€€α€”့်α€€ွα€€်α€€ြတာပါ။

 

α€’ါ့ထပြင် α€…α€…်ခေါင်းဆောင်α€Ÿာ ထာဏာα€žိα€™်းချိα€”်α€€α€”ေ ထခုထချိα€”်ထထိ α€œူပေါင်း α‚ααˆα‰ ဦး α€žေဆုံးα€…ေခဲ့α€žα€œို α€œူပေါင်း ၁၂၀၀၀ α€€ျော်α€€ို α€–α€™်းဆီးထကျဉ်းချထားα€žူ α€–ြα€…်α€€ြောင်းα€œα€Š်း α€–ော်ပြထားပါα€α€š်။ α€’ီα€…ာα€€ို INGO တွေထနေα€”ဲ့ ပြα€”်α€›ုပ်α€žိα€™်းပြီး တောင်းပန်α€–ို့α€”ဲ့ α€’ီထခြေထနေα€–ြα€…်ခဲ့တဲ့ထပေါ် ထဖွဲ့α€‘α€…α€Š်းထတွင်း α€…ုံα€…α€™်းα€…α€…်ဆေးα€–ို့α€€ိုα€œα€Š်း တောင်းဆိုထားပါα€α€š်။

 

α€œူ့ထခွင့်ထရေး α€œေ့α€œာα€…ောင့်α€€ြα€Š့်α€›ေးထဖွဲ့ HRW ကတော့ α€’ါα€Ÿာ α€žူတို့α€›ဲ့α€…ီα€™ံခန့်ခွဲα€™ှု ထမှားတစ်ခုα€žာα€–ြα€…်ပြီး တခြားထဖွဲ့α€‘α€…α€Š်း ၁၁ ခုα€›ဲ့ α€žα€˜ောထားα€™α€Ÿုတ်α€€ြောင်းα€”ဲ့ α€…α€…်α€€ောင်α€…ီα€€ို α€™ြα€”်α€™ာα€”ိုင်ငံα€›ဲ့ တရားဝင်ထစိုးရထဖြα€…် α€‘α€žိထမှတ်ပြုတဲ့ α€žα€˜ောα€™α€Ÿုတ်α€€ြောင်း α€œုα€™ှုα€€ွα€”်ရင်တွα€…်တာα€€α€”ေ ဩဂုတ်α€œ ၁၂ α€€ ထုတ်ပြα€”်ခဲ့ပါα€α€š်။ Save the children ကတော့ α€’ီα€…ာထဲα€™ှာ α€›ေးα€žားα€–ော်ပြα€™ှုα€Ÿာ α€žူတို့α€›ဲ့ α€žα€˜ောထား ခွင့်ပြုချα€€်α€›α€šူထားတာ α€™α€›ှိα€˜ူးα€œို့ ငြင်းဆိုထားα€€ြောင်း RFA Burmese α€›ဲ့ α€žα€α€„်းတစ်တပုα€’်α€™ှာα€›ေးα€žားထားပါα€α€š်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment