14th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၁၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


 📌 ၁။ ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ၁၂ ခုက စာရေးသား ဖိတ်ကြားခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ပြင်းထန်စွာ ကန့်ကွက်

📌 ၂။ အုပ်ချုပ်မှုနယ်မြေတွေ ဖော်ဆောင်နိုင်ဖို့ နယ်မြေတွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီးအသိပေး

📌 ၃။ နွေဦးတော်လှန်ရေးဟာ စစ်ရေးမှာအောင်မြင်နေတာ ငြင်းမရဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးပြောကြားလိုက်

📌 ၄။  စစ်ကောင်စီရဲ့အဆင်အခြင်မဲ့ စီးပွါးဓါးပြတိုက်ရမ်းကားမှုဟာ သက်ရောက်မှုလှိုင်းတွေကြီးလွန်းမြင့်လွန်းလိမ့်မယ်လို့ ဦးမင်းကိုနိုင်သတိပေး

📌 ၅။ ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး ဘန်နာကိုကိုင်စွဲကာ လောင်းလုံးမြို့နယ်အတွင်းဆန္ဒပြ

📌 ၆။ ကလေးမြို့တောင်ပိုင်း၊ သာယာကုန်းကျေးရွာအတွင်းမှာ တပ်စွဲခဲ့တဲ့ အကြမ်းဖက် စစ်တပ်ဟာပြည်သူများရဲ့အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းသယ်ဆောင်

📌 ၇။ ဒီပဲယင်းမြို့နယ် လက်လှုပ်တောင်ရွာအတွင်းဝင်ရောက်စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက်စစ်တပ်က ရွာသားတစ်ဦးကိုမီးရှို့သတ်ဖြတ်ခဲ့

📌 ၈။ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ရာမှာလူငယ် ၆၅ရာခိုင်နှုန်းကျဆုံးခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူထဲမှာလူငယ် ၇၉ ရာခိုင်နှုန်းပါဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ၁၂ ခုက စာရေးသား ဖိတ်ကြားခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ပြင်းထန်စွာ ကန့်ကွက်


ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ၁၂ ခုက မင်းအောင်လှိုင်သို့ လိပ်မူကာ စာရေးသား ဖိတ်ကြားခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ပြင်းထန်စွာ ကန့်ကွက်လိုက်ပါတယ်။ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ ပညာရေး အသွင်ပြောင်းမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် စာရေးသားဖိတ်ကြားခဲ့မှုနှင့်စပ်လျဉ်း၍ထုတ်ပြန်ကြေညာချက်ကို သြဂုတ်လ ၁၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှု ဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ၁၂ ခုက စာရေးသား ဖိတ်ကြားခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ပါတယ်လို့ဖော်ပြပါတယ်။


အဆိုပါစာတွင် မင်းအောင်လှိုင်သို့ လိပ်မူထားပြီး ဝဏ္ဏမောင်လွင် ကဲ့သို့သော အကြမ်းဖက်စစ်အုပ်စု အဖွဲ့ဝင်များကို မိတ္တူပေးပို့ထားသည်ကို တွေ့ရှိရတယ်လို့ဆိုထားပါတယ်။ အဆိုပါပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားသကဲ့သို့ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း ၁၂ ခု၏ ပုံရိပ်ကို ထိခိုက်စေတယ်လို့ဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ပြန်လည်တောင်းပန်စာကို တွေ့ရှိခဲ့သော်လည်း စာမှာ အလွန်တိုတောင်းသည်ကို ဝမ်းနည်းစိတ်ပျက်ဖွယ် တွေ့ရှိရတယ်လို့လည်းဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည်သာ မြန်မာပြည်သူတစ်ရပ်လုံး၏ တရားဝင်အစိုးရဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် တရားဝင်ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာအသိုင်းအဝန်းများမှ အားပေး ထောက်ခံမှုကို တစ်ခဲနက် ရရှိထားသော အစိုးရဖြစ်တယ်လို့ဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် သိသာထင်ရှားသည့် နယ်မြေထိန်းချုပ်မှု၊ သင့်တင့်သော အုပ်ချုပ်ရေးလည်ပတ်မှုနှင့် အစိုးရယန္တရားကိုလည်း လည်ပတ်ဆောင်ရွက်လျက်ရှိတယ်လို့ တုံ့ပြန်ဖော်ပြပါတယ်။


========================


📌📌 ၂။ အုပ်ချုပ်မှုနယ်မြေတွေ ဖော်ဆောင်နိုင်ဖို့ နယ်မြေတွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီးအသိပေး


အုပ်ချုပ်မှုနယ်မြေတွေ ဖော်ဆောင်နိုင်ဖို့ နယ်မြေတွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က သြဂုတ်လအတွင်း တော်လှန်ရေး ရန်ပုံငွေရှာဖွေပွဲ အခမ်းအနားမှာ အသိပေးပြောကြားလိုက်ပါတယ်။


"ကျနော်တို့ တောင်ပိုင်းတိုင်းမှာ ဆိုလို့ရှိရင်တော့ ရန်ကုန်၊ပဲခူး၊ဧရာဝတီ၊မွန်၊ကရင်၊တနသ်ာရီဆိုပြီးတော့ တိုင်းနဲ့ပြည်နယ် ခုပေါ်မှာ အခြေခံပြီးတော့ တောင်ပိုင်းတိုင်း စစ်ဒေသကို ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ဒီနွေဦးတော်လှန်ရေးကို သွားနေတဲ့အခါမှာ အုပ်ချုပ်မှုတွေဖော်ဆောင်နိုင်ဖို့ဆိုရင် ပဏမအနေနဲ့ နယ်မြေတွေကိုကောင်းကောင်းထိန်းချုပ်နိုင်ဖို့လိုပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက မြို့နယ် ၃၆ မြို့နယ်ကို အုပ်ချုပ်မှုနယ်မြေတွေအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။



========================


📌📌 ၃။ နွေဦးတော်လှန်ရေးဟာ စစ်ရေးမှာအောင်မြင်နေတာ ငြင်းမရဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးပြောကြားလိုက်


နွေဦးတော်လှန်ရေးဟာ စစ်ရေးမှာအောင်မြင်နေတာ ငြင်းမရဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ သြဂုတ်လအတွင်း တော်လှန်ရေး ရန်ပုံငွေရှာဖွေပွဲ အခမ်းအနားမှာ ပညာရေးနဲ့ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"ဒီရက် ဒီအချိန်အတွင်းမှာ ဒီလိုမျိုး စုစည်းညီညွတ်မှုနဲ့ ဒီလိုမျိုး PDF တပ်အင်အားကို တည်ဆောက်နိုင်တယ်ဆိုတာကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက အသိအမှတ်ပြုနေတာဖြစ်ပါတယ်။ အသိအမှတ်ပြုလို့လည်းလက်တွဲလို့ရနေတာဖြစ်ပါတယ်။ ဒီ စစ်ရေးမှာလည်း အောင်မြင်နေတာကိုက ဘယ်သူမှ ငြင်းလို့မရပါဘူး"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နိုင်ငံလုံးခုခံတွန်းလှန်စစ် စတင်ဖို့ကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ရေးဟာ ERO တော်လှန်ရေးအင်အားစုများနဲ့ပေါင်းစည်းလျက်ဆောင်ရွက်နေပါတယ်။



========================


📌📌 ၄။ စစ်ကောင်စီရဲ့အဆင်အခြင်မဲ့ စီးပွါးဓါးပြတိုက်ရမ်းကားမှုဟာ သက်ရောက်မှုလှိုင်းတွေကြီးလွန်းမြင့်လွန်းလိမ့်မယ်လို့ ဦးမင်းကိုနိုင်သတိပေး


စစ်ကောင်စီရဲ့အဆင်အခြင်မဲ့ စီးပွါးဓါးပြတိုက်ရမ်းကားမှုဟာ သက်ရောက်မှုလှိုင်းတွေကြီးလွန်းမြင့်လွန်းလိမ့်မယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကပြောပါတယ်။ သြဂုတ်လ ၁၃ ရက် လူမှုကွန်ရက်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကရေးသားပြောကြားခဲ့ပါတယ်။


"ငွေကြေးလဲလှယ်မှုသမိုင်းမှာမြန်မာကျပ်ငွေဟာ အဆိုးရွားဆုံး ဒလိမ့်ခေါက်ကွေးတန်ဖိုးထိုးကျသွားပါပြီ။ အမေရိကန် () ဒေါ်လာနဲ့ တွက်ရင်ပဲ နာရီပိုင်းအတွင်း ရာချီပြောင်းလဲသွားတာပါ။ ပြည်သူအားလုံးရဲ့လက်ဝယ်ပိုင်ငွေတန်ဖိုး

အားလုံးနေရင်း ထိုင်ရင်း နာရီပိုင်းအတွင်း ကမ္ဘာ့စံချိန်တင် မတရားပြုတ်ကျသွားတာပါ။ ဖြူစင်တဲ့အသက်မွေးမှုနဲ့ ချွေးနှဲစာရှာဖွေသူများအတွက် ဘယ်လောက်နစ်နာပါသလဲ။ စစ်ကောင်စီရဲ့အဆင်အခြင်မဲ့ စီးပွားဓားပြတိုက်ရမ်းကားမှုဟာ သက်ရောက်မှုလှိုင်းတွေကြီးလွန်းမြင့်လွန်းပါလိမ့်မယ်"လို့ဆိုပါတယ်။


စကစဟာ နိုင်ငံခြားငွေကိုထိန်းချုပ်လိုက်တာကြောင့် စီးပွားရေးလုပ်ငန်းများပြိုလဲကျရှုံးခဲ့သလိုလက်ရှိမှာလည်း နိုင်ငံခြားငွေလဲလှယ်စျေးနှုန်းဟာအဆမတန်မြင့်မားနေပြီး မြန်မာကျပ်ငွေတန်ဖိုးဟာ ကျဆင်းလျက်ရှိပါတယ်။


"စကစရိုက်ထုတ်တဲ့ငွေစက္ကူအပေါ်  ပြည်သူတွေအယုံအကြည်မဲ့ပုံကတော့  လက်ထဲကိုမထားရဲ၊ ရရာစျေးနဲ့ ရုပ်ပျက်ဆင်းပျက် သူထက်ငါဦးအောင် ဝယ်ကြ လဲကြတော့တာပါပဲ။ အဲဒီအကျိုးဆက်တွေပါပဲ။ မကြာခင်ဆန်တစ်အိတ်ကိုငွေစက္ကူအရွယ်တူတစ်အိတ်နဲ့လဲယူရတဲ့အခြေအနေထိကြိုတွေးထားရတော့မှာပါ။ အားလုံးအတွက်ဆေးဝါးကဏ္ဍမှာလဲ နယ်စပ်ကသွင်းတဲ့လိုင်းနဲ့ ကုမ္ပဏီကပို့တဲ့လိုင်းနှစ်ခုမှာ နယ်စပ်သွင်းလိုင်းဟာလုံးဝရပ်တန့်သွားပါပြီ"လို့  ဦးမင်းကိုနိုင်ကပြောပါတယ်။


========================


📌📌 ၅။ ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး ဘန်နာကိုကိုင်စွဲကာ လောင်းလုံးမြို့နယ်အတွင်းဆန္ဒပြ


ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး ဘန်နာကိုကိုင်စွဲကာ လောင်းလုံးမြို့နယ်အတွင်းဆန္ဒပြခဲ့ကြပါတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း သြဂုတ်လ ၁၃ ရက်၊ ညနေပိုင်းက လူငယ်၊ အမျိုးသမီး၊ LGBT နဲ့ ကျောင်းသူ/သားတွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။


"လူထုတရပ်လုံး ဆန့်ကျင်တော်လှန်မှုကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင်တွေဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အဘက်ဘက်က အရေးနိမ့်လာပြီဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာသည်အထိ နိုင်ငံတကာမျက်နှာစာမှာ တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိမှတ်မပြုခံရတဲ့အပြင် ပြည်တွင်းမှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ပုန်ကန်မှုကို အလူးအလဲခံနေရတယ်။အခုလိုအချိန်ဟာ စစ်အုပ်စုကို အနိုင်တိုက် အလဲထိုးဖို့အချိန်ခါကောင်းပဲဖြစ်တယ်"ထားဝယ်သပိတ်ကဆိုပါတယ်။ ပြည်သူလူထုတရပ်လုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအုပ်ချုပ်မှုကို လုံးဝလက်သင့်မခံဘဲ ဆက်လက်ဆန့်ကျင်တော်လှန်သွားကြဖို့ လိုတယ်လို့လည်းနှိုးဆော်တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ ကလေးမြို့တောင်ပိုင်း၊ သာယာကုန်းကျေးရွာအတွင်းမှာ တပ်စွဲခဲ့တဲ့ အကြမ်းဖက် စစ်တပ်ဟာပြည်သူများရဲ့အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းသယ်ဆောင်


ကလေးမြို့တောင်ပိုင်း၊ သာယာကုန်းကျေးရွာအတွင်းမှာ တပ်စွဲခဲ့တဲ့ အကြမ်းဖက် စစ်တပ်ဟာပြည်သူများရဲ့အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းသယ်ဆောင်သွားခဲ့တယ်လို့ သြဂုတ်လ ၁၃ ရက်မှာ Chinland Defense Force - Kalay Kabaw Gangaw ကဖော်ပြပါတယ်။


"ကလေးမြို့တောင်ပိုင်း၊ သာယာကုန်းကျေးရွာအတွင်း ဩဂုတ် ရက်နေ့မှ ၁၀ ရက်နေ့အထိတိုင်အောင် တပ်စွဲခဲ့သည့် စကစတပ်ဖွဲ့သည် သာယာကုန်းကျေးရွာရှိ အပြစ်မဲ့ပြည်သူတို့၏ အိုးအိမ်များကို မီးရှို့၊ ဖျက်ဆီးမှုများပြုခဲ့ကာ အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းသယ်ဆောင်မှုများ လုပ်ဆောင်ခဲ့ကြပါတယ်"လို့ ဆိုပါတယ်။ အကြမ်းဖက်စကစတပ်ဖွဲ့ရဲ့လက်ချက်ကြောင့် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိတဲ့ သာယာကုန်းကျေးရွာမှ ပြည်သူပိုင် နေအိမ် ၅၆ လုံး မီးလောင်၊ ပျက်စီးခဲ့ပါတယ်။


========================


📌📌 ၇။ ဒီပဲယင်းမြို့နယ် လက်လှုပ်တောင်ရွာအတွင်းဝင်ရောက်စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက်စစ်တပ်က ရွာသားတစ်ဦးကိုမီးရှို့သတ်ဖြတ်ခဲ့


ဒီပဲယင်းမြို့နယ် လက်လှပ်တောင်ရွာအတွင်းဝင်ရောက်စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက်စစ်တပ်က ရွာသားတစ်ဦးကိုမီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သြဂုတ်လ ၁၃ ရက်နေ့မှာ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဖော်ပြပါတယ်။


"သြဂုတ်လ ရက်နေ့က လက်လှုပ်တောင်ရွာအတွင်းဝင်ရောက်စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက်စစ်တပ်သည် လက်လှုပ်တောင်ရွာသား အပြစ်မဲ့ပြည်သူ ကိုဇော်မိုးထွန်းကို မီးရှို့သတ်ဖြတ်ပစ်ထားခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်းဒေသခံရွာသားများမှအတည်ပြုပြောကြားခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ စကစအကြမ်းဖက်စစ်တပ်၏လူမဆန်စွာ သတ်ဖြတ်ခြင်းခံရသူကိုဇော်မိုးထွန်းမှာ အသက်(၄၀)ခန့်ရှိပီး သားသမီး နှစ်ဦးရှိတယ်လို့သတင်းရရှိပါတယ်။ ထိုကဲ့သို့လူမဆန်အကြမ်းဖက်မီးရှို့သတ်ဖြတ်သော စကစတပ်နှင့် မတွေ့စေရန် ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းကြားသိသည်နှင့်တပြိုင်နက် ဘေးလွတ်ရာသို့ အမြန်တိမ်းရှောင်ကြရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနှိုးဆော်ထားပါတယ်။


========================


📌📌 ၈။ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ရာမှာလူငယ် ၆၅ရာခိုင်နှုန်းကျဆုံးခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူထဲမှာလူငယ် ၇၉ ရာခိုင်နှုန်းပါဝင်


စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ရာမှာလူငယ် ၆၅ ရာခိုင်နှုန်းကျဆုံးခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူထဲမှာလူငယ် ၇၉ ရာခိုင်နှုန်းပါဝင်တယ်လို့သတင်းရရှိပါတယ်။ ဩဂုတ်လ ၁၂ ရက်နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားသို့ ဒီမိုကရက်တစ်လူငယ်ကောင်စီမှ ပေးပို့တဲ့ သဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။


"အာဏာလုယူမှုစတင်ခဲ့သည့်နေ့မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသူပေါင်း ၂၁၈၅ ဦး ရှိပြီဖြစ်ပြီး ထိုအထဲတွင် လူငယ်များဟာ ၆၅ ရာခိုင်နှုန်း ခန့်ရှိနိုင်ကြောင်း စာရင်းများအရ သိရပါတယ်။ ထို့်အပြင် မတရားဖမ်းဆီးအရေးယူခံရတဲ့ လူငယ်များဟာ ၁၅၀၇၉ ဦး ရှိပြီဖြစ်ပြီး ၇၉ ရာနှုန်းဟာ ဒီမိုကရေစီအရေးနှင့် တော်လှန်ရေးဆိုင်ရာ တက်ကြွလှုပ်ရှားကြသည့် လူငယ်များ ဖြစ်ကြတယ်"လို့ဖော်ပြပါတယ်။ နိုင်ငံတကာလူဦးရေအရ မြန်မာနိုင်ငံမှာလူငယ်ဦးရေ မီလီယံ (မြန်မာနိုင်ငံလူဦးရေ၏ ၁၈%) ရှိတယ်လို့ဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment