9th AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားပြီးပါကဖက်ဒရယ်ပြည်ထောင်စုသစ်နဲ့ တပ်မတော်သစ်ကိုတည်ဆောက်မယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေး

📌 ၂။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုကို ကာကွယ်မှုပြုရာမှာ လက်နက်ကိုင်စွဲတိုက်ခိုက်ပြီး အစွမ်းကုန် ကာကွယ်ဖို့ တာဝန်ရှိသလို  လူထုအပေါ် လေးစားစွာ ဆက်ဆံဖို့လည်း လိုအပ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၃။ ပြန့်ကျဲနေတဲ့ Local Defense Force အဖွဲ့များ PDF ရဲ့တပ်ရင်းတပ်ဖွဲ့တွေထဲ စုဖွဲ့လာပြီး အမိန့်ပေးကွပ်ကဲမှုစနစ်ကိုထူထောင်နေတယ်လို့ဆို

📌 ၄။ ရန်ကုန်မြို့ အင်းစိန်မြိုနယ်တွင် အကြမ်းဖက် စကစတပ်များက ၄င်းတို့အလိုရှိသူ မတွေ့၍ ကျန်ရှိမိသားစုများကို မိသားစုလိုက်ဖမ်းဆီးခေါ်ဆောင်သွား

📌 ၅။ကျောင်းကုန်း-အင်းတော်-မော်လူး လမ်းပိုင်းပေါ်တွင်ဖြတ်သန်းသွားလာခြင်းမပြုရန်အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြေညာ

📌 ၆။ InyaView@6.5 Mile တတိယနေ့အထိ ရှယ်ယာပေါင်း (၄၀၀၀) ကျော် ဒေါ်လာ (၄သိန်း) ကျော် ဖိုးရောင်းချပြီးဖြစ်

📌 ၇။ "ကောင်းကင် စိုးမိုးရေး စီမံကိန်း နှင့် မြန်မာဒီမိုကရေစီ သူရဲကောင်းများ အတွက်" Lucky Draw Fundraising Campaignကို MEF-Canadaစတင်

📌 ၈။ ရက်လောက်ဝင်ငွေကျဆင်း၍ CLICK ပိုမိုလုပ်ကြရန် CLICK 2 Donate တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားပြီးပါကဖက်ဒရယ်ပြည်ထောင်စုသစ်နဲ့ တပ်မတော်သစ်ကိုတည်ဆောက်မယ်လို့ ကာကွယ်ရေးဝန်ကြီးအသိပေး


သြဂုတ်လ ရက် နာရီအချိန်မှာ ၃၄ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားနဲ့စကားဝိုင်းဆွေးနွေးရာမှာကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကအခုလိုဆို လိုက်ပါတယ်။


"ကျနော်တို့ သေချာတယ်။ စစ်အာဏာရှင်စနစ်ကို တိုင်းပြည်ကနေအမြစ်ဖြတ် ဖယ်ရှာမယ်။စ်အာဏာရှင်စနစ် ဖယ်ရှားပြီးရင် ပြည်ထောင်စုသစ်ကို တည်ဆောက်ရမယ်။ နံပါတ်နှစ် တပ်မတော်သစ်ကိုတည်ဆောက်ရမယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ PDF တပ်ရင်းတပ်ဖွဲ့များနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ အမိန့်ပေးကွပ်ကဲမှုစနစ်တည်ဆောက်ခြင်းနဲ့ လက်နက်တပ်ဆင်ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုကို ကာကွယ်မှုပြုရာမှာ လက်နက်ကိုင်စွဲတိုက်ခိုက်ပြီး အစွမ်းကုန် ကာကွယ်ဖို့ တာဝန်ရှိသလို  လူထုအပေါ် လေးစားစွာ ဆက်ဆံဖို့လည်း လိုအပ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


သြဂုတ်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့အသိပညာပေးပြောကြားရာမှာ လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းကအခုလိုဆိုပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုကို ကာကွယ်မှုပြုရာမှာ လက်နက်ကိုင်စွဲတိုက်ခိုက်ပြီး အစွမ်းကုန် ကာကွယ်ဖို့ တာဝန်ရှိသလို  ပြည်သူ့ရင်သွေးများဖြစ်တာကြောင့် လူထုအပေါ် လေးစားစွာ ဆက်ဆံဖို့ လိုအပ်ပါတယ်။ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် နဲ့ စိတ်ပိုင်းဆိုင်ရာ ကိုပါ ကာကွယ်မှုပြုနိုင်ရမယ် ဆိုတဲ့ စစ်မှန်တဲ့ ပြည်သူ့တပ်မတော်တစ်ရပ်ဖြစ်စေဖို့ ယခုကာလကတည်းက နည်းစနစ်တကျနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လေးစား လိုက်နာဖို့ လိုအပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ ကာကွယ်ရေး တပ်မတော်သားများ အနေနဲ့ လိုက်နာကျင့်သုံးရမယ့် (Code Of Conducts) များစွာကိုထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၃။ ပြန့်ကျဲနေတဲ့ Local Defense Force အဖွဲ့များ PDF ရဲ့တပ်ရင်းတပ်ဖွဲ့တွေထဲ စုဖွဲ့လာပြီး အမိန့်ပေးကွပ်ကဲမှုစနစ်ကိုထူထောင်နေတယ်လို့ဆို


ပြန့်ကျဲနေတဲ့ Local Defense Force အဖွဲ့များ PDF ရဲ့တပ်ရင်းတပ်ဖွဲ့တွေထဲ စုဖွဲ့လာပြီး အမိန့်ပေးကွပ်ကဲမှုစနစ်ကိုထူထောင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာန အတွင်းဝန် နိုင်ထူးအောင်ကပြောပါတယ်။ သြဂုတ်လအတွင်း ကျင်းပတဲ့ ပြည်သူ့ပန်းတိုင်ရဲ့စကားဝိုင်းမှာ အတွင်းဝန် နိုင်ထူးအောင်ကပြောကြားပါတယ်။


"အရင်တုန်းက ပြန့်ကျဲနေတဲ့ Local Defense Force တော်တော်များများဟာ PDF ရဲ့တပ်ရင်းတပ်ဖွဲ့တွေမှာ စုဖွဲ့လာပြီ။ ဒါမှမဟုတ်လည်း ပကဖအနေနဲ့ပါဝင်လာတယ်။ ဒီလိုမျိုးအနေအထားမျိုးမှာ ကျနော်တို့တပ်ရင်းတွေဖြစ်လာပေမယ့် ချက်ခြင်းမကောင်းသေးဆိုရင် ပထမဆုံးမူချတယ်။ လုပ်ငန်းတွေတွဲလုပ်တယ်။တိုက်ပွဲတွေ တွဲတိုက်တယ်။ ဒီဟာ အင်အားကောင်းမှုတော့ရှိပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ PDF တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်း၊ မြို့နယ် ပကဖပေါင်း၂၅၀ ကျော်နဲ့  LDF လူငယ်မြို့ပြပြောက်ကျားအဖွဲ့ပေါင်း ၄၀၁ ဖွဲ့ရှိပါတယ်။


========================


📌📌 ၄။ ရန်ကုန်မြို့ အင်းစိန်မြိုနယ်တွင် အကြမ်းဖက် စကစတပ်များက ၄င်းတို့အလိုရှိသူ မတွေ့၍ ကျန်ရှိမိသားစုများကို မိသားစုလိုက်ဖမ်းဆီးခေါ်ဆောင်သွား


သြဂုတ်လ ရက်နေ့မှာ AAPP ကဖမ်းဆီးခံရသူများအချက်အလက်ကိုဖော်ပြခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင်နေထိုင်သည့် အမျိုးသား တစ်ဦးကို မတွေ့သဖြင့် ၎င်း၏ဖခင်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရပ်ကျေးအတွင်းရေးမှူး ဦးလှဖေနှင့် ဇနီး၊ ချွေးမတို့ကို ဓားစာခံအဖြစ် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဩဂုတ်လ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၉၆၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၃၇၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၅။ကျောင်းကုန်း-အင်းတော်-မော်လူး လမ်းပိုင်းပေါ်တွင်ဖြတ်သန်းသွားလာခြင်းမပြုရန်အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြေညာ


ကျောင်းကုန်း-အင်းတော်-မော်လူး လမ်းပိုင်းပေါ်တွင် (:၀၀) နာရီမှ မနက် (:၀၀) နာရီအတွင်း မည်သည့်ယာဥ်အမျိုးစားမဆိုဖြတ်သန်းသွားလာခြင်းမပြုရန်အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြေညာလိုက်ပါတယ်။ သြဂုတ်လ ရက်နေ့မှာ အင်းတော်တော်လှန်ရေးအင်အားစုကဖော်ပြပါတယ်။


"ဩဂုတ်လ ရက်ရက်နေ့မှစ၍ ကျောင်းကုန်း-အင်းတော်-မော်လူး လမ်းပိုင်းပေါ်တွင် (:၀၀) နာရီမှ မနက် (:၀၀) နာရီအတွင်း မည်သည့်ယာဥ်အမျိုးစားမဆို လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် အလေးနက်ထားတောင်းဆိုအပ်ပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင် လူနာတင်ယာဥ်များအနေဖြင့် အရေးပေါ်ဖြတ်သန်းသွားလာချင်လျှင် Indaw Revolution-IR page (သို့) သက်ဆိုင်ရာအဖွဲ့စည်းသို့ အသိပေးပြီးမှသာလျှင် အရှိန်လျှော့မောင်းကာ ဖြတ်သန်းသွားလာရမယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။ InyaView@6.5 Mile တတိယနေ့အထိ ရှယ်ယာပေါင်း (၄၀၀၀) ကျော် ဒေါ်လာ (၄သိန်း) ကျော် ဖိုးရောင်းချပြီးဖြစ်


InyaView@6.5 Mile တတိယနေ့အထိ ရှယ်ယာပေါင်း (၄၁၁၂ ) ဒေါ်လာ (၄၁၁,၂၀၀) ဖိုးရောင်းချပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ရက်နေ့မှာ End of Dictator Ship ကအသိပေးဖော်ပြပါတယ်။ InyaView@6.5 Mile တတိယနေ့အထိ ရှယ်ယာပေါင်း ၄၁၁၂ (ဒေါ်လာ ၄၁၁,၂၀၀ ဖိုး) ရောင်းချခဲ့ရပါတယ်။ ပထမနေ့ ၁၅၀၀ ရှယ်ယာ၊ ဒုတိယနေ့ ၁၀၈၁ ရှယ်ယာ၊ တတိယနေ့  ၁၅၃၁ ရှယ်ယာဖိုးရောင်းချပြီးဖြစ်ပါတယ်"လို့ ဆိုပါတယ်။


မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း ၂၀ ကျော်တန်သော်လည်း ဒေါ်လာ သန်းနဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။ မြေနဲ့ အိမ်ရဲ့ ကာလတန်ဖိုးက ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိသော်လည်း ကြိုပွိုင့်မို့ ဒေါ်လာ သန်းနဲ့ Finical Right ကို အစုရှယ်ရာ အနေနဲ့  တစ်စုကို ဒေါ်လာ ၁၀၀ နဲ့  ရှယ်ယာပေါင်းက သောင်းတိတိကိုရောင်းချပေးမှာဖြစ်ပါတယ်။


========================


📌📌 ၇။ "ကောင်းကင် စိုးမိုးရေး စီမံကိန်း နှင့် မြန်မာဒီမိုကရေစီ သူရဲကောင်းများ အတွက်" Lucky Draw Fundraising Campaignကို MEF-Canada စတင်


သြဂုတ်လ၉ရက်နေ့မှာ MEF-Canadaက သတင်းစကားပါးဆိုလိုက်ပါတယ်။


"MEF-Canada ရဲ့  "ကောင်းကင် စိုးမိုးရေး စီမံကိန်း နှင့် မြန်မာဒီမိုကရေစီ သူရဲကောင်းများ အတွက်" Lucky Draw Fundraising Campaign လေးကို သြဂုတ်လ၈ရက်နေ့မှာ စတင်လိုက်ပါပြီ"လို့ ဆိုထားပါတယ်။


"ကောင်းကင် စိုးမိုးရေး စီမံကိန်းLucky Draw Fundraisingများမှာ လော့ကတ်သီးနဲ့ဆွဲကြိုးများအပါအဝင် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီတို့ပါဝင်ကာ ကံစမ်းမဲလက်မှတ်တစ်စောင် ၁၀ ဒေါ်လာနဲ့ရောင်းချပေးနေပါတယ်။


========================


📌📌 ၈။ ရက်လောက်ဝင်ငွေကျဆင်း၍ CLICK ပိုမိုလုပ်ကြရန် CLICK 2 Donate တိုက်တွန်း


ရက်လောက်ဝင်ငွေကျဆင်း၍ CLICK ပိုမိုလုပ်ကြရန် သြဂုတ်လ ရက်နေ့မှာ CLICK 2 Donate ကတိုက်တွန်းလိုက်ပါတယ်။


CLICK Time ပါ ညီအစ်ကိုမောင်နှမတို့ရေ။ ပြီးခဲ့တဲ့ ရက်လောက်က အခြေနေသိပ်မကောင်းလို့ဒီနေ့တော့ အပြည့်အဝ ကလစ်ပေးကြပါခင်ဗျာ။ Lattsaung app C2D app ဒါတွေကို VPN သေချာလေးခံပြီးဝုန်းရင် CPM (ငွေပေးနှုန်း) တက်လာမှာပါခင်ဗျာ"လို့ ဆိုထားပါတယ်။ YOUTUBE ကို weclick, raungni, weclick4mm သုံးခုလုံးကြည့်ပေးကြရန်ဆိုထားပြီးတော့ youtube ဟာပြီးခဲ့တဲ့ တရက်ကြည့်တဲ့ view ငါးသိန်းလောက်ရနေရာကနေ မနေ့က သုံးသိန်းကျော်ပဲရရှိခဲ့ပါတယ်လို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment