9th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးဟာမီးကုန်၊ ယမ်းကုန်ကြိုးစားရမယ့်တော်လှန်ရေးဆိုတာကို နားလည်သဘောပေါက်ဖို့လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်ပြီး ရှစ်လေးလုံးအခမ်းအနားကျင်းပ

📌 ၃။ အနာဂတ်မှာ သွေးမြေကျမှု များကို တားဆီး နိုင်ဖို့စစ်အာဏာရှင်များနှင့် စနစ်ဆိုးကို အပြီးတိုင် ချုပ်ငြိမ်းအောင် အမြစ်ဖြတ်ရတော့မယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဆို

📌 ၄။ ယခုနွေဦးတော်လှန်ရေးဟာ စစ်ကျွန်ဘဝက လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းရေးနောက်ဆုံးအခွင့်အရေးလို့ အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏပြောကြားလိုက်

📌 ၅။ နွေဦးတော်လှန်ရေးအောင်ပွဲက လက်တကမ်းစာပဲရှိတော့တယ်လို့ လူထုကို ဦးမင်းကိုနိုင်သတင်းစကားပါး

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာနမှ CDM Code တောင်းခံထားသော အရာရှိ၊ စစ်သည် ၆၆ ဦး အတွက် CDM Code ရရှိပြီလို့ ပြည်သူ့ပန်းတိုင်ကြေညာ

📌 ၇။ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု ကိုးအင်းရွာမှာ တိုက်ပွဲဖြစ်၍ စကစတပ်က သုံးဦးထက်မနည်း သေဆုံးခဲ့

📌 ၈။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ စစ်ကိုင်းတိုင်းထဲ စကစတပ်များရွာများကို မီးပတ်ရှို့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဟာမီးကုန်၊ ယမ်းကုန်ကြိုးစားရမယ့်တော်လှန်ရေးဆိုတာကို နားလည်သဘောပေါက်ဖို့လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော


နွေဦးတော်လှန်ရေးဟာ မီးကုန်၊ ယမ်းကုန်ကြိုးစားရမယ့်တော်လှန်ရေးဆိုတာကို နားလည်သဘောပေါက်ဖို့လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ၃၄ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံအောက်မေ့ဖွယ်အခမ်းအနားနဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။


"စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ ကျနော်တို့ မီးကုန် ယမ်းကုန်ကြိုးစားရမယ့် တော်လှန်ရေးဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ ERO နဲ့ PDF များကြား အမိန့်ပေးကွပ်ကဲကြီးကြပ်ခြင်း စနစ်ကိုထူထောင်လျက်ရှိပြီးတော့ စစ်ရေးစီမံချက်များရေးဆွဲဖို့ပြင်ဆင်လျက်ရှိပါတယ်။


"အာဏာရှင်များရဲ့ သွေးထိုးမှုများကြောင့် ယုံကြည်မှု ကြီးမားစွာပျက်ပြားနေတဲ့ ဗမာလူမျိုးများနဲ့အခြားတိုင်းရင်းသားများကြား၊နောက်တစ်ခါ PDF နဲ့ ERO များကြား ယခုအခါအာဏာရှင်ကိုတိုက်ဖျက်ဖို့ မယုံကြည်နိုင်လောက်အောင် ပူးပေါင်းဆောင်ရွက်မှုများရှိနေပြီဆိုတာလည်း တွေ့ရပါတယ်"လို့ ယာယီသမ္မတ ဒူဝါလရှီးလကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်ပြီး ရှစ်လေးလုံးအခမ်းအနားကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်ပြီး ရှစ်လေးလုံးအခမ်းအနားကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ရက် နာရီအချိန်မှာ ၃၄ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားနဲ့ စကားဝိုင်းကို ကျင်းပခဲ့ပါတယ်။


အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးရည်မွန်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်နဲ့ ဝန်ကြီး နော်စူဆန်လှလှစိုး၊ ဒုဝန်ကြီး အိသဉ္ဇာမောင်၊ KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးတို့တက်ရောက်ခဲ့ပါတယ်။ စကားဝိုင်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့မှုများနဲ့ စစ်အာဏာရှင်များရဲ့ ကြမ်းကြုတ်ရက်စက်မှုများကြားက ရဲဝံ့သောပြည်သူများအကြောင်းနဲ့လက်ရှိနွေဦးတော်လှန်ရေးတို့ကို ချိတ်ဆက်ဆွေးနွေးပြောကြားခဲ့ကြပါတယ်။


========================


📌📌 ၃။ အနာဂတ်မှာ သွေးမြေကျမှု များကို တားဆီး နိုင်ဖို့စစ်အာဏာရှင်များနှင့် စနစ်ဆိုးကို အပြီးတိုင် ချုပ်ငြိမ်းအောင် အမြစ်ဖြတ်ရတော့မယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဆို


အနာဂတ်မှာ သွေးမြေကျမှု များကို တားဆီး နိုင်ဖို့စစ်အာဏာရှင်များနှင့် စနစ်ဆိုးကို အပြီးတိုင် ချုပ်ငြိမ်းအောင် အမြစ်ဖြတ်ရတော့မယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။ သြဂုတ်လ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးစီးကျင်းပတဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၃၄) နှစ်မြောက် အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။


"အသက်သွေးချွေးများစွာ စတေးကာ ရင်းနှီးထားခဲ့ရသည့် မိမိတို့၏ ဒီမိုကရေစီ တိုက်ပွဲသည် ယနေ့နွေဦးတော်လှန်ရေးဖြင့် စစ်အာဏာရှင်များနှင့် စနစ်ဆိုးကို အပြီးတိုင် ချုပ်ငြိမ်းအောင် အမြစ်ဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါမှသာ အနာဂတ်မှာ သွေးမြေကျမှု များကို တားဆီး နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးကို အစဉ်တစ်စိုက် ဆောင်ရွက်သွား နိုင်မှာ ဖြစ်ပါတယ်။

 

ရက်စက်ကြမ်းကြုတ်ခြင်း၊ လူသတ်ခြင်းတို့ကိုသာ လုပ်ကိုင်တတ်တဲ့ လူမဆန်တဲ့ အာဏာရှင်များကြောင့် ပြည်သူထောင်ပေါင်းများစွာ အသက်ပေးသွားခဲ့ရပြီး ဖြစ်ပါတယ်။ အနာဂတ်မှာ စစ်တပ်ကို နိုင်ငံရေးက အပြီးတိုင် ဖယ်ရှားနိုင်မှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကို တည်ဆောက်နိုင်မှာဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံစစ်များဆင်နွှဲဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံစစ်မှ တိုက်စစ်သို့ပြောင်းလဲရန် စီစဥ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးကြေညာထားပါတယ်။


========================


📌📌 ၄။ ယခုနွေဦးတော်လှန်ရေးဟာ စစ်ကျွန်ဘဝက လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းရေးနောက်ဆုံးအခွင့်အရေးလို့ အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏပြောကြားလိုက်


ယခုနွေဦးတော်လှန်ရေးဟာ စစ်ကျွန်ဘဝက လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းရေးနောက်ဆုံးအခွင့်အရေးလို့ အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏပြောကြားလိုက်ပါတယ်။ သြဂုတ်လ၈ရက် (၃၄) နှစ်ပြည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့အထိမ်းအမှတ်မှာ အလုပ်သမားဝန်ကြီးကပြောကြားခဲ့ပါတယ်။


"ယခုနွေဦးတော်လှန်ရေးဟာ စစ်ကျွန်ဘဝက လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် နောက်ဆုံးအခွင့်အရေး၊ နောက်ဆုံးတိုက်ပွဲ ဖြစ်တာကို သတိမလွတ်ကြဖို့ လိုပါတယ်။ဒီတော်လှန်ရေးအောင်မြင်ပြီးတာနဲ့ မြန်မာပြည်သူတို့ဟာ လုံးဝလွတ်လပ်တဲ့ ပုံသဏ္ဍာန်တူ မိမိဟာမိမိနေထိုင်တဲ့ ပြည်ထောင်စု Identical Indifference လူမျိုး၊ နိုင်ငံ အဖြစ်နဲ့ ကမ္ဘာ့အလယ်မှာ ပြန်လည်ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက် နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။ ယင်းနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၅။ နွေဦးတော်လှန်ရေးအောင်ပွဲက လက်တကမ်းစာပဲရှိတော့တယ်လို့ လူထုကို ဦးမင်းကိုနိုင်သတင်းစကားပါး


နွေဦးတော်လှန်ရေးအောင်ပွဲက လက်တကမ်းစာပဲရှိတော့တယ်လို့ လူထုကို ဦးမင်းကိုနိုင်သတင်းစကားပါးလိုက်ပါတယ်။ သြဂုတ်လ ရက် နာရီ အချိန်မှာ ၃၄ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားနဲ့စကားဝိုင်းဆွေးနွေးရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကပြောပါတယ်။


"ပြည်သူကိုလည်းပြောချင်တာက အောင်ပွဲက လက်တကမ်းမှာပါ။ခြေတလှမ်းစာပါ။တကယ်ပြည်သူတွေ လိုချင်နေတဲ့ဘဝကလည်းရိုးရှင်းပါတယ်။သူတို့ကအေးချမ်းတဲ့ဘဝ၊တရားဥပဒေစိုးမိုးတဲ့ဘဝ ဒါကိုပဲလိုချင်ကြတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ နွေဦးတော်လှန်ရေးဟာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးကအသိပေးပြောကြားထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာနမှ CDM Code တောင်းခံထားသော အရာရှိ၊ စစ်သည် ၆၆ ဦး အတွက် CDM Code ရရှိပြီလို့ ပြည်သူ့ပန်းတိုင်ကြေညာ


အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာနမှ CDM Code တောင်းခံထားသော အရာရှိ၊ စစ်သည် ၆၆ ဦး အတွက် CDM Code ရရှိပြီလို့ ပြည်သူ့ပန်းတိုင်ကြေညာပါတယ်။ သြဂုတ်လ ရက်နေ့ ပြည်သူ့ပန်းတိုင်က CDM Code ထုတ်ယူနိုင်ကြောင်းကြေညာပါတယ်။


၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပြည်သူ့ပန်းတိုင်သို့ ဆက်သွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာနမှ CDM Code တောင်းခံထားသော အရာရှိ၊ စစ်သည် ၆၆ ဦး အတွက် CDM Code ရရှိပြီ ဖြစ်တယ်လို့ဆိုပါတယ်။ CDM Code တောင်းခံထားသော အရာရှိစစ်သည်များ ပြည်သူ့ပန်းတိုင် Telegram https://t.me/PeopleGoal တွင် ဆက်သွယ်ထုတ်ယူနိုင်ကြောင်းဖော်ပြထားပါတယ်။ CDM Code မတင်ရသေးသည့် အရာရှိ၊ စစ်သည်များလည်း ပြည်သူ့ပန်းတိုင် Telegram တွင်လာရောက် ဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု ကိုးအင်းရွာမှာ တိုက်ပွဲဖြစ်၍ စကစတပ်က သုံးဦးထက်မနည်း သေဆုံးခဲ့


တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု ကိုးအင်းရွာမှာ တိုက်ပွဲဖြစ်၍ စကစတပ်က သုံးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု ကိုးအင်းရွာတွင် သြဂုတ်လ၇ ရက်နေ့က တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Taninthary Defense Force ကဖော်ပြပါတယ်။


ယမန်နေ့ ညနေ () နာရီအချိန်တွင် မိနစ်သုံးဆယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ရွာသားအချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သောတပ်မှာ မြိတ်မြို့အခြေစိုက် (၁၇) နှင့် (၁၀၁) တပ်ရင်းတို့ဖြစ်ပြီး စစ်ကောင်စီမှ ကော်တောရွာရှိ ရွာသားအချို့ကိုဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုကာ သမီးလှရွာဖက်သို့ ဆုတ်ခွါခဲ့ပါတယ်။


========================


📌📌 ၈။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ စစ်ကိုင်းတိုင်းထဲ စကစတပ်များရွာများကို မီးပတ်ရှို့


ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ စစ်ကိုင်းတိုင်းထဲ စကစတပ်များက ရွာများကို မီးပတ်ရှို့ခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့ဝက်လက်မြို့နယ်အရှေ့ခြမ်း ရေလည်မော်ကျေးရွာကို ညနေ နာရီမှစ၍ စကစတပ်များဟာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Tigerking အဖွဲ့ကဆိုပါတယ်။


ရွာထဲတွင်လည်း ပြည်သူတချို့ ပိတ်မိနေပါသေးတယ်လို့သတင်းရရှိပါတယ်။ အလားတူ ဒီပဲယင်းမြို့နယ် မူးကမ်းကြီး ဆူးတပ် ကျေးရွာများကိုလည်း ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကဖော်ပြပါတယ်။ မူးကမ်းကြီး-ဆူးတပ်ကျေးရွာဟာ ယခင် မီးရှို့ဖျက်ဆီးခံရမှုကြောင့်နေအိမ် (၁၆၈) အိမ် နှင့် စပါးတင်းရေ သောင်းချီဆုံးရှုံးကာလယ်ယာသုံးစက်ပစ္စည်းများအပါအဝင် ပြည်သူ့ပိုင်ဆိုင်မှုများစွာဆုံးရှုံးခဲ့ရပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment