15th SEP 2022 - Evening Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်တပ်မှ အာဏာပြန်သိမ်းမှုကြောင့် ပြည်သူလူထုရဲ့ စိတ်ကူးမျှော်မှန်းချက်များ ပျက်သုဥ်းခဲ့ရပြီးတိုင်းပြည် အမှောင်အတိပြန်ဖြစ်ရတယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့လူထုထံမှ ပြည်သူ့အာဏာကို မတရားလုယူထားချိန်တွင် စတုတ္ထမဏ္ဍိုင် ဘေးသင့်ခံရခြင်းမှာ ဒီမိုကရေစီ ပျက်သုဉ်းမှု၏ ပြယုဂ်ပင်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆို

📌 ၃။ သံအမတ်အကြီး ဦးကျော်မိုးထွန်း နေရာအတွက် အဆုံးအဖြတ်မှာ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ကုလ လုပ်ငန်းစဥ်ရှိနိုင်

📌 ၄။ ပြည်သူတွေရဲ့တော်လှန်ရေးမှာကို အကောင်းဆုံးပါဝင်ပြီး တာဝန်ကျေချင်သေးတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်

📌 ၅။ ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲ လျှပ်စစ်ဝန်ကြီးနဲ့ စီးပွာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ ပါဝင်ဆွေးနွေးမယ်

📌 ၆။ မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးရာ ပြည်သူ့နေအိမ် ၁၆အိမ်၊ ပြည်သူပိုင်ဆိုင်ကယ် အစီး ၃၀ တို့ကို မီးရှို့ဖျက်ဆီးကာ စစ်ဘေးရှောင် ၁၈ ဦးကို ပစ္စည်းထမ်းဖို့ခေါ်ဆောင်သွား

📌 ၇။ တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ ကျားဖြူတပ်ခွဲ တွင် ဆေးတပ်သားအဖြစ်ထမ်းဆောင်ရန် CDM ဆရာဝန်နဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကိုခေါ်ယူ

📌 ၈။ Click2donate ဝင်ငွေများပြန်တိုး၍ ပြည်သူလူထုများ အရှိန်မြှင့်ဝိုင်းတွန်းရန်နှိုးဆော်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်တပ်မှ အာဏာပြန်သိမ်းမှုကြောင့် ပြည်သူလူထုရဲ့ စိတ်ကူးမျှော်မှန်းချက်များ ပျက်သုဥ်းခဲ့ရပြီးတိုင်းပြည် အမှောင်အတိပြန်ဖြစ်ရတယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလပြောကြား


၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားကိုပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးစီးပြီးတော့  ဒီနေ့မှာ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 


အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌ ဦးအောင်ကြည်ညွှန့် အပါအဝင် နွေဦးတော်လှန်ရေး ဦးဆောင်သူတွေဖြစ်တဲ့ ဦးမင်းကိုနိုင်နဲ့ ဒေါက်တာတေဇာဆန်းနှင့်တစ်ခြားသောတက်ကြွလှုပ်ရှားသူတွေလည်းတက်ရောက်ခဲ့ကြပါတယ်။


ဒီကနေ့ကျင်းပပြုလုပ်တဲ့ပွဲတွင် ယာယီသမ္မတကြီးမှ ပြောကြားသွားတာကတော့------


"၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ အာဏာရူးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်မှ အာဏာသိမ်းပြန်သဖြင့် ပြည်သူလူထုရဲ့ စိတ်ကူးမျှော်မှန်းချက်များ ပျက်သုဥ်းပြီး အမှောင်အတိ ပြန်ဖြစ်သွားရပါတယ်"လို့ဆိုပါတယ်။


မြန်မာနိုင်ငံာ ၂၀၁၀ ရွေးကောက်ပွဲမှစတင်ကာ ပြည်သူလူထုရဲ့ ဒီမိုကရေစီလမ်းကြောင်းပြန်လည်တည့်မတ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအစိုးရ ပြန်လည်ရွေးချယ်တင်မြှောက်နိုင်ခဲ့ပြီး ပြည်သူလူထုက ဒီမိုကရေစီရဲ့အရသာကို ခံစားနိုင်ခဲ့တယ်လို့ ယာယီ သမ္မတကဆိုပါတယ်။


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်းအခုလိုဆိုလိုက်ပါတယ်။


"အသိဥာဏ် အင်မတန်ခေါင်းပါးလှတဲ့ စစ်အာဏာရှင်တွေက ဒီမိုကရေစီစနစ်အောက်မှာ လူထုက ဘယ်လောက်တောင် ဖွံဖြိုးသွားလဲဆိုတာကို လျှော့တွက်ခဲ့ကြပါတယ်။ဒါကြောင့်လည်း ပြည်သူ့အာဏာကိုလုယူတာမှာ ကြီးမားပြင်းထန်တဲ့ ဆန့်ကျင်တော်လှန်မှုတွေနဲ့ကြုံလိုက်ရပါတယ်"လို့ပြောကြားသွားပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့လူထုထံမှ ပြည်သူ့အာဏာကို မတရားလုယူထားချိန်တွင် စတုတ္ထမဏ္ဍိုင် ဘေးသင့်ခံရခြင်းမှာ ဒီမိုကရေစီ ပျက်သုဉ်းမှု၏ ပြယုဂ်ပင်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆို


စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ က ကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီတွင် Virtual Ceremony ကျင်းပခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏သဝဏ်လွှာကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်ကဖတ်ကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်သွေးကြွအုပ်စု အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မေလအထိ ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းစာနယ်ဇင်းသမားပေါင်း ၁၄၀ ထိ ရှိခဲ့သည်ကို ဝမ်းနည်းစွာ သိခဲ့ရပါတယ်။ ဒီမိုကရေစီရေးတွင် အဓိကမဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သော ဉပဒေပြု‌ရေး၊ တရားစီရင်ရေး  နှင့် အုပ်ချုပ်ရေး ဟုတည်ရှိလေရာ သတင်းစာနယ်ဇင်း ကဏ္ဍအား စတုတ္ထမဏ္ဍိုင်ဟုပင် တင်စားကြသော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့လူထုထံမှ ပြည်သူ့အာဏာကို မတရားလုယူထားချိန်တွင် စတုတ္ထမဏ္ဍိုင် ဘေးသင့်ခံရခြင်းမှာ ဒီမိုကရေစီ ပျက်သုဉ်းမှု၏ ပြယုဂ်ပင်ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ဟာ ခေါင်း နှင့် ပန်းကဲ့သို့ အမြဲယှဉ်တွဲလျှက်ရှိရာ ဒီမိုကရေစီကင်းမဲ့ချိန်သည် လူ့အခွင့်အရေးတို့ ပျက်စီးချိန်ပင်ဖြစ်ပါတယ်။ လူ့အခွင့်အရေး ဆိတ်သုဉ်းခြင်းနှင့်အတူ တရားမဲ့မှု အသင်္ချေသည် နောက်ဆက်တွဲ လိုက်ပါရစမြဲပင် ဖြစ်လေတယ်။အခွင့်အရေးကို ကာကွယ်ကြပါစို့၊ ဒီမိုကရေစီရေးကို စောင့်ရှောက်ကြပါစို့၊ဒီမိုကရေစီခိုင်မာဖို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ကြပါစို့လို့ သဝဏ်လွှာကို NLD ပါတီကပါးခဲ့ပါတယ်။


========================


📌📌 ၃။ သံအမတ်အကြီး ဦးကျော်မိုးထွန်း နေရာအတွက် အဆုံးအဖြတ်မှာ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ကုလ လုပ်ငန်းစဥ်ရှိနိုင်


လက်ရှိမှာ ကုလသမဂ္ဂအစည်းအဝေးများစတင်လျက်ရှိပြီးတော့ ဆွေးနွေးမယ့်အကြောင်းအရာများမှာမြန်မာအရေးများပါဝင်တယ်လို့NYCBCရဲ့ အမှုဆောင် ကိုနေတင်မြင့်က Radio NUGကိုပြောပါတယ်။


((((((ကိုနေတင်မြင့်))))))


ကုလသမဂ္ဂအစည်းအဝေးမှာ မြန်မာ သံအမတ်ကြီးနေရာအတွက် အဖွဲ့ဖွဲ့ကာ စဥ်းစားဆုံးဖြတ်မှာဖြစ်ပြီးတော့ ရွေးချယ်နိုင်စရာ အချက်လေးချက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ပြည်သူတွေရဲ့တော်လှန်ရေးမှာကို အကောင်းဆုံးပါဝင်ပြီး တာဝန်ကျေချင်သေးတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်


စက်တင်ဘာ ၁၅ ရက် လူမှုကွန်ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအခုလိုဆိုပါတယ်။


"လွန်ခဲ့တဲ့ နှစ်က လူတယောက်ကနေ စကားလက်ဆောင်ပေးလိုက်တဲ့အမှာစကားပါ။ အခုလက်ရှိအခြေအနေမှာတော့အလုပ်ကိုသေအောင်မလုပ်ဘဲ သေတဲ့အထိလုပ်နိုင်အောင် နေထိုင်လုပ်ကိုင်နေပါတယ်။အပြစ်မဲ့ပြည်သူတွေကို ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်တွေကို မဖယ်ရှားနိုင်မချင်း၊ ပြည်သူတွေအတွင် တရားမျှတမှုမဆောင်ကျဥ်းပေးနိုင်မချင်း မသေချင်သေးပါဘူး။"ကိုယ့်ကိုသေစေချင်နေတဲ့ရန်သူတွေကြားမှာ မသေအောင်နေခြင်းက တော်လှန်ရေးဘဲ" ဆိုသလိုပေါ့။တစ်ဖက်ကလည်းပြည်သူတွေရဲ့တော်လှန်ရေးမှာ အကောင်းဆုံးပါဝင်ပြီး တာဝန်ကျေချင်သေးတယ်"လို့ဆိုပါတယ်။


လူ့အခွင့်ရေးရာ ဝန်ကြီးဌာနဟာ စကစတပ်များ ကျူးလွန် သတ်ဖြတ်မှုများကို မှတ်တမ်းပြုစု၍ နိုင်ငံတကာ ရာဇဝတ်ခုံရုံးများမှာ တရားစွဲဆိုနိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲ လျှပ်စစ်ဝန်ကြီးနဲ့ စီးပွာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ ပါဝင်ဆွေးနွေးမယ်


ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲ လျှပ်စစ်ဝန်ကြီးနဲ့ စီးပွာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ ပါဝင်ဆွေးနွေးမယ်လို့သတင်းရရှိပါတယ်။


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ်အဖြစ်သက်ရှိမြေကမ္ဘာ ရှင်သန်ရေး အိုဇုန်းလွှာကို ပူးပေါင်းကာကွယ်ပေးခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် () နာရီတွင် ကျင်းပသွားမှာဖြစ်ပါတယ်။


တော်လှန်ပြည်သူများအနေဖြင့် လူသားတို့ရှင်သန်ရပ်တည်ရေးအတွက် အကျိုးပြုနေသည့် အိုဇုန်းလွှာ၏ အရေးပါမှုကိုသိရှိစေရန်၊ စစ်ကောင်စီ၏ အာဏာသိမ်း ရက်စက်ကြမ်းကြုတ်မှုအောက်တွင် သဘာဝ ပတ်ဝန်းကျင် တစ်ရပ်လုံးနှင့် အိုဇုန်းလွှာကို ပိုမိုပျက်စီးယိုယွင်းသည့် အခြေအနေများသို့ ဦးတည်နေမှုကို ပိုမိုသိရှိလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။


ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တို့မှ ဆွေးနွေးပြောကြားမည်ဖြစ်ပြီး Moderator အဖြစ် PVTV အစီအစဥ်တင်ဆက်သူ၊  ကလေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် မသန့်ဝေကျော်မှ ပါဝင်အားဖြည့်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၆။ မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးရာ ပြည်သူ့နေအိမ် ၁၆အိမ်၊ ပြည်သူပိုင်ဆိုင်ကယ် အစီး ၃၀ တို့ကို မီးရှို့ဖျက်ဆီးကာ စစ်ဘေးရှောင် ၁၈ ဦးကို ပစ္စည်းထမ်းဖို့ခေါ်ဆောင်သွား


စက်တင်ဘာလ ၁၅ ရက်မှာ ဒေသခံသတင်းအရင်းအမြစ်များကအခုလိုအတည်ပြု‌ ပြောဆိုခဲ့ပါတယ်။


"စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း နာရီ ၃၀ မိနစ်ခန့်မှာလည်း နဂါးတွင်းကျေးရွာ၏ အနောက်ဖက် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း တောဘက်မှ စတင်၍ စစ်ကောင်စီအင်အား ၁၅၀ ခန့်ဖြင့် နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ကြပါတယ်။ ၄င်းနောက် ကျေးရွာအနီး ယာတောထဲရှိပြည်သူနေအိမ် ၃အိမ် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၁၆ အိမ်၊ ပြည်သူပိုင်ဆိုင်ကယ် အစီး ၃၀ တို့ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


 နဂါးတွင်းရွာ ချမ်းသာကြီးကျောင်းတိုက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၁၈ ဦးကိုလည်း ဖမ်းဆီးကာ စစ်ဆေးပြီးနောက် ပစ္စည်းထမ်းရန်ခေါ်ဆောင်သွားခဲ့ကြပါတယ်။


========================


📌📌 ၇။ တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ ကျားဖြူတပ်ခွဲ တွင် ဆေးတပ်သားအဖြစ်ထမ်းဆောင်ရန် CDM ဆရာဝန်နဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကိုခေါ်ယူ


တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ ကျားဖြူတပ်ခွဲ တွင် ဆေးတပ်သားအဖြစ်ထမ်းဆောင်ရန် CDM ဆရာဝန်နဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကိုခေါ်ယူနေပါတယ်။ စက်တင်ဘာလအတွင်းမှာ ဆေးတပ်သားမခါစလိုအပ်နေတယ်လို့ ကျားဖြူတပ်ခွဲ ကဖော်ပြပါတယ်။


"တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ ကျွန်တော်တို့ ကျားဖြူတပ်ခွဲ တွင် ဆေးတပ်သား အဖြစ်တာဝန်ထမ်းဆောင်နိုင်မည့် (CDM) ဆရာဝန်/ များနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကို လေးစားစွာဖြင့် အထူးဖိတ်‌ခေါ်အပ်ပါတယ်"လို့ ဆိုပါတယ်။ တော်လှန်ရေးအတွက် တာဝန်ထမ်း‌ဆောင်လိုပါက ကျားဖြူတပ်ခွဲ - page messenger တဆင့် ဆက်သွယ်မေးမြန်စုံစမ်းနိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၈။ Click2donate ဝင်ငွေများပြန်တိုး၍ ပြည်သူလူထုများ အရှိန်မြှင့်ဝိုင်းတွန်းရန်နှိုးဆော်


Click2donate ဝင်ငွေများပြန်တိုး၍ ပြည်သူလူထုများ အရှိန်မြှင့်ဝိုင်းတွန်းရန်နှိုးဆော်လိုက်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ Click2donate ကအသိပေးဆိုပါတယ်။


"အရင်လကစပြီးဝင်ငွေလေးတွေပြန်တိုးပါတယ်။ ဒီလတော့ အရင်လထက်ကိုပိုများမှာပါခင်ဗျာ။ အရင်လက တစ်လလုံးမှ ငါးသောင်းကိုးထောင်ပဲရတာမှာဒီလ ၁၅ ရက်ပဲရှိသေး သုံးသောင်းကျော်စပြုနေပါပြီ။ လက်ကျန် ၁၅ ရက်ကို ၇‌ သောင်းပြည့်တဲ့အထိ တွန်းလိုက်ကြ၇အောင်လားခင်ဗျာ"လို့ ဆိုပါတယ်။ Click2 donate ဟာ ကြော်ငြာ app ကို ပြည်သူများဝင်ရောက်ကလစ်၍ တော်လှန်ရေးအတွက် ဝင်ငွေရကာ ထောက်ပို့လှူဒါန်းခြင်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment