26th SEP 2022 - Evening Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ Save Myanmar D-day တနှစ်ပြည့် အွန်လိုင်းရန်ပုံငွေပွဲတွင်အမေရိကန်ဒေါ်လာ (၆၂,၀၀၀) အလှူငွေရရှိ

📌 ၂။ မြန်မာ စစ်တပ်ဟာ အယ်လ်ကိုင်းဒါးလိုဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၃။ ပြည်သူကိုချစ်တဲ့တပ်မတော်သားတွေ ပြည်သူ့ဘက်ကို အမြန်ဆုံးကူးပြောင်းရန် ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတိုက်တွန်းပြောကြား

📌 ၄။ ဒီပဲယင်း လက်ယက်ကုန်းရွာအတွင်း အကြမ်းဖက်ခံရမှုကို ခြေမြန်တပ်ရင်း တပ်မ (၃၆၈) မှ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကျူးလွန်တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၅။ မကွေးတိုင်းပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို ယနေ့မနက် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး

📌 ၆။ ကရင်နီပြည်ရဲ လေ့ကျင့်ရေးဌာနမှ Democratic Policing နှင့် အခြားပညာရပ်များကို သင်ယူလျက်ရှိတယ်လို့ဆို

📌 ၇။ ကောလင်းမြို့၊ကျောက်ပျဉ်သာတိုက်နယ် ချောင်းကွေအုပ်စု၊အလယ်ကုန်းရွာကို အကြမ်းဖက် စစ်တပ်ကမီးရှို့ရာ တိမ်းရှောင်တဲ့ပြည်သူများကို ကာကွယ်တပ်များ ဘေးကင်းရာကယ်ထုတ်

📌 ၈။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာမှာကျောက်တော် စကခ () မှ ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကြောင့် နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

📌 ၉။ ငါတို့မှာ ငါတို့ရှိတယ် နွေဦးအလှူ ကံစမ်းမဲ အောက်တိုဘာ၈ရက်နေ့ ကံစမ်းမဲဖွင့်ပွဲကျင်းပမယ်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ Save Myanmar D-day တနှစ်ပြည့် အွန်လိုင်းရန်ပုံငွေပွဲတွင်အမေရိကန်ဒေါ်လာ (၆၂,၀၀၀) အလှူငွေရရှိ


စက်တင်ဘာ ၂၄ ရက်မှာ D-Day တနှစ်ပြည့်သုံးသပ်ပွဲ့နှင့် "ခုခံစစ်မှ၊ တော်လှန်စစ်ဆီသို့" Online ရံပုံငွေရှာဖွေပွဲကို အမေရိကန်ပြည်ထောင်စုမှာကျင်းပခဲ့ရာ အမေရိကန်ဒေါ်လာ(၆၂,၀၀၀)အလှူငွေရရှိခဲ့တယ်လို့  သိရပါတယ်။


အခမ်းအနားကိုပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့တက်ရောက်ခဲ့ပါတယ်။ မဟာဗျူဟာမြောက်အရေးပါလှတဲ့ Drone စစ်ဆင်ရေးအတွက် ရန်ပုံငွေရှာဖွေခဲ့တာလည်းဖြစ်ပြီးတော့ အမေရိကန်ရောက် ပြည်ထောင်စုသားများက ဝိုင်းဝန်းကူညီခဲ့ပါတယ်။


========================


📌📌 ၂။ မြန်မာ စစ်တပ်ဟာ အယ်လ်ကိုင်းဒါးလိုဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


စက်တင်ဘာလအတွင်းကျင်းပတဲ့ CDF တွန်းဇံ အတွက် ရန်ပုံငွေရှာဖွေပွဲ ဖွင့်ပွဲအခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကအခုလိုဆိုလိုက်ပါတယ်။


"အယ်လ်ကိုင်းဒါးလိုပေါ့။အယ်လ်ကိုင်းဒါးက အာဖဂန်နစတန်မှာ အမိချပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းတည်ထောင်ထားသလို၊တပ်မတော်ဆိုတဲ့ ပြည်သူလူထုအတွက် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ထားတဲ့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၆၀မှာမရှိတော့ဘူး။ပျက်သွားပြီ။သူတို့ကရာဇဝတ်အဖွဲ့အစည်းဖြစ်သွားပြီ"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ လက်ရှိမှာ လူပေါင်းတစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ထားပြီး လူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၃။ ပြည်သူကိုချစ်တဲ့တပ်မတော်သားတွေ ပြည်သူ့ဘက်ကို အမြန်ဆုံးကူးပြောင်းရန် ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတိုက်တွန်းပြောကြား


စက်တင်ဘာ ၂၅ ရက်နေ့ကျင်းပတဲ့စစ်ပွဲပဋိပက္ခများ နှင့် အကာအကွယ်ပေးရမည့် ကလေးသူငယ် အခွင့်အရေးများဆွေးနွေးပွဲမှာဝန်ကြီးက အခုလိုပြောကြားခဲ့ပါတယ်။


"တပ်မတော်ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊စည်းစိမ်တွေကို ကာကွယ်ရမယ့်အစားပြည်သူနဲ့ပြည်သူတွေရဲ့ ရင်သွေးကလေးငယ်တွေ၊တိုင်းပြည်ရဲ့အနာဂါတ်တွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတာတွေ့ရပါတယ်။ဥဒပေကိုဖောက်ဖျက်တဲ့သူဟာ ဥပဒေအတိုင်းအရေးယူခံရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ ပြည်သူကိုချစ်တဲ့တပ်မတော်သားတွေ ပြည်သူ့ဘက်ကရပ်တည်ပြီး ပြည်သူ့ဘက်တော်သားတွေဟာ အမြန်ဆုံး ပြည်သူ့ဘက်ကိုကူးပြောင်းပြီးတော့ ဒီမတရားမှုကို ပြန်လည်ခုခံဖို့အတွက် ကျမအနေနဲ့ဒီနေရာမှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်"လို့ဆိုပါတယ်။


ရက်ပေါင်း ၆၀၀ ကျော်အထိ ကြံ့ကြံ့ခံ ရပ်တည်ရင်ဆိုင်နေကြတဲ့ လူမျိုးပေါင်းစုံ တော်လှန်ရေး ကာလ အတွင်းမှာ ဖက်ဆစ် စစ်တပ်လက်ချက်နဲ့ ကလေးငယ်ပေါင်း (၃၅၀) ကျော် သတ်ဖြတ်ခံခဲ့ရပြီး၊ ကလေးငယ် (၆၀) ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ဒီပဲယင်း လက်ယက်ကုန်းရွာအတွင်း အကြမ်းဖက်ခံရမှုကို ခြေမြန်တပ်ရင်း တပ်မ (၃၆၈) မှ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကျူးလွန်တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်


ဒီပဲယင်း လက်ယက်ကုန်းရွာဖြစ်စဉ်နှင့်ပတ်သက်၍ စက်တက်ဘာလနောက်ဆုံးပတ်အတွင်းမှာ လူ့အခွင့်ရေးရာ ဝန်ကြီးဌာနက ဖြစ်စဉ်အသေးစိတ်အချက်အလက်များကိုဖော်ပြပါတယ်။


"ဘုန်းကြီးကျောင်းအတွင်းရှိ စာသင်ကျောင်းအား ဝေဟင် အင်အား သုံး၍ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဒီပဲယင်း၊လက်ယက်ကုန်းရွာ ဖြစ်စဉ်ကို ကျူးလွန်ကြသူများမှာ အကြမ်းဖက် စစ်ကောင်စီ၏ အမှတ် (၁၀) စစ်ဆေးရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း တပ်မ (၃၆၈) မှ အကြမ်းဖက်စစ်ကောင်စီ တပ်သားများဖြစ်ကြောင်းသိရှိရပါတယ်"လို့ ဆိုထားပါတယ်။


အဆိုပါ ရက်စက်ကြမ်းကြုတ်သည့် ဖြစ်စဉ်ကြောင့် အပြစ်မဲ့ ပြည်သူ များအပြင် စာသင်ကျောင်းအတွင်း စာသင်ကြားနေသော ကလေးသူငယ်များ သေဆုံး၊ဖမ်းဆီး ခံခဲ့ရပါတယ်။ အတည်ပြုနိုင်သော သေဆုံးသူ (၁၂) ဦး ရှိပြီး မောင်ဘုန်းတေဇနှင့် မသုဝတီလှိုင် အပါအဝင် (၁၆) နှစ်အောက် ကလေးငယ် () ဦးသေဆုံးခဲ့ရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြည်သူလုထုကို သတ်ဖြတ်ရုံသာမက အပြစ်မဲ့ ပြည်သူ (၁၅) ဦးကိုလည်း ဖမ်းဆီးသွားပြီး ထိုအထဲတွင်လည်း အသက်မပြည့်သေးသူ ကလေးငယ် () ဦးပါဝင်ခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ စစ်ရေးဆိုင်ရာဥပဒေ စသည်တို့ကို ပေါ်ပေါ်ထင်ထင်နှင့် အဆက်မပြတ် ကျူးလွန်နေကြောင်း ၎င်းတို့ ကျုးလွန်နေသော အဖြစ်အပျက်များက အတိအကျ သက်သေခံလျက်ရှိတယ်လို့ လူ့အခွင့်အရေး ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ မကွေးတိုင်းပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို ယနေ့မနက် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး


စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာလို့ဒေသခံသတင်းအရင်းအမြစ်များကအခုလိုဆိုထားပါတယ်။


မနေ့ညက မြိုင်နယ်အနောက်ပိုင်း ပေါက်နယ်စပ်ကပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာမှာ ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာယနေ့မနက် နာရီ ၃၀ အချိန်လောက်မှာ ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးနေပါတယ်"လို့ ဆိုပါတယ်။ စကစတပ်များဟာ မကွေးတိုင်းရှိ မြို့နယ်များကို စစ်ကြောင်းထိုးလျက် နယ်မြေစိုးမိုးမှုရရန်ကြိုးသားနေသော်လည်း အထိအခိုက်အကျအဆုံးများရှိနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၆။ ကရင်နီပြည်ရဲ လေ့ကျင့်ရေးဌာနမှ Democratic Policing နှင့် အခြားပညာရပ်များကို သင်ယူလျက်ရှိတယ်လို့ဆို


စက်တင်ဘာ ၂၆ ရက်မှာ ကရင်နီပြည်ရဲ တပ်ဖွဲ့ကအခုလိုအသိပေးဆိုပါတယ်။


"ကရင်နီပြည်ရဲ လေ့ကျင့်ရေးဌာနသည် ကရင်နီပြည်ရဲများစွမ်းရည်မြင့်တင်ရေးအတွက်  ပြည်တွင်းပြည်ပရှိ ပညာရှင်များထံမှ Democratic Policing နှင့် အခြားပညာရပ်များကို သင်ယူလျက်ရှိပြီး ထိုပညာရပ်များကို KSP စခန်းများ၊ လုံခြုံရေးရဲကင်းများတွင် ပြန်လည်သင်ကြားပို့ချပေးလျက်ရှိပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရက ရဲတပ်ဖွဲ့များကို ဖွဲ့စည်းပေးထားကာ ရဲလုပ်ငန်းစဥ်များစတင်နေပြီဖြစ်ကြောင်းအသိပေးကြေညာထားပါတယ်။


========================


📌📌 ၇။ ကောလင်းမြို့၊ကျောက်ပျဉ်သာတိုက်နယ် ချောင်းကွေအုပ်စု၊အလယ်ကုန်းရွာကို အကြမ်းဖက် စစ်တပ်ကမီးရှို့ရာ တိမ်းရှောင်တဲ့ပြည်သူများကို ကာကွယ်တပ်များ ဘေးကင်းရာကယ်ထုတ်


စက်တင်ဘာ ၂၆ ရက်မှာ ကောလင်းတော်လှန်ရေးအင်ပါးစုက KR Teamက အခုလို အတည်ပြုထုတ်ပြန်လိုက်ပါတယ်


"စက်တင်ဘာ ၂၆ ရက်ကောလင်းမြို့၊ကျောက်ပျဉ်သာတိုက်နယ်ချောင်းကွေအုပ်စု၊အလယ်ကုန်းရွာသို့ စကစတပ်များရောက်ရှိနေပြီး ပြည်သူအိမ် လုံးမီးရှို့နေတယ်လို့နောက်ဆုံးသတင်းရရှိထားပါတယ်။ကာကွယ်ရေးအဖွဲ့များပြည်သူတွေကိုကယ်ထုတ်ပြီးဘေးကင်းရာထုတ်ပေးနေတယ်လို့သိရပါတယ်"လို့ဆိုပါတယ်။ အဆိုပါအကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ အင်အားက ၁၃၀ နီးပါးခန့်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာမှာကျောက်တော် စကခ () မှ ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကြောင့် နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး


စက်တင်ဘာ ၂၅ ရက်နေ့ ၁၁ နာရီကျော်အချိန်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။


နဂရာကျေးရွာ တစ်ဖက်ကမ်းတွင်ရှိသော ကျောက်တော် စကခ () မှ ညအချိန် လက်နက်ကြီး၊ လက်နက်ငယ်များတရစပ် ပစ်ခတ်ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များထံကသတင်းရရှိပါတယ်။ လက်နက်ကြီးကျ၍ အသက် နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။


ရခိုင်ပြည်နယ်အတွင်း စကစတပ်များ ဟာ အရပ်သားနေထိုင်ရာ ကျေးရွာနဲ့မြိူ့နယ်များသို့ လက်နက်ကြီးများနဲ့ရမ်းသန်းပစ်ခတ်လျက်ရှိကာ လတ်တလောမှာ စစ်ဘေးရှောင်ပြည်သူ ခြောက်သောင်းကျော်ရှိနေပါတယ်။


========================


📌📌 ၉။ ငါတို့မှာ ငါတို့ရှိတယ် နွေဦးအလှူ ကံစမ်းမဲ အောက်တိုဘာ၈ရက်နေ့ ကံစမ်းမဲဖွင့်ပွဲကျင်းပမယ်


စက်တင်ဘာလအတွင်းမှာ ကံစမ်းမဲစီစဥ်သူ ကိုထိန်လင်းကလူမှုကွန်ရက်မှာ အခုလိုဖော်ပြထားပါတယ်။


"နောက်လ ရက်နေ့မှာ ကံထူးသူ ရွေးချယ်မှာဖြစ်တာကြောင့် ဆက်လက်အားပေးကြဖို့ တိုက်တွန်းပါရစေ။ CDM ဝန်ထမ်းတစ်ဦးရဲ့ အရင်းမယူ ရသမျှလှူမယ့် နွေဦးအလှူပါ။ ခုပေါင်း ကာလတန်ဖိုး ဒေါ်လာငါးထောင် ($5000) တန်ဖိုးရှိ စိန်လည်ဆွဲနဲ့ စိန်ဆွဲသီးကို သီးခြား မဲဖောက်ပြီး အခြားအမှတ်တရ လက်ဆောင်ပစ္စည်းများနဲ့အတူ ကံထူးရှင်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ လက်မှတ်တစ်စောင်လျှင် ၁၀ ဒေါ်လာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ဝယ်ယူ အားပေးလိုသူ မိတ်ဆွေအားလုံး ဖော်ပြပါ ဖုန်းနံပါတ်များမှဖြစ်စေ၊ မက်ဆင်ဂျာမှဖြစ်စေ စာရေး၍ စတင်ဆက်သွယ်နိုင်ပြီလို့ ကိုထိန်းလင်းကဆိုပါတယ်။


ကံစမ်းမဲဖွင့်ရာမှာလက်ဆောင်ပစ္စည်းများကတော့ ပိတ်သားပေါ်မှာဆွဲထားတဲ့ ရိုးရာပန်းချီ (၁၅"x ၂၀")၊၄၇ နှစ် သက်တမ်းရှိ ဦးသန့်ပုံ စာအိတ် (၁၉၇၅ - ကုလသမဂ္ဂ)၊ကိုဂျင်မီ လက်မှတ်ရေးထိုးထားတဲ့ သီချင်းစီဒီ၊ဘောင်သွင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ မူရင်းတံဆိပ်ခေါင်း (၂၀၁၂ - ဂီနီနိုင်ငံ) ၅၆ နှစ် သက်တမ်းရှိ ဦးသန့်ပုံ မူရင်းတံဆိပ်ခေါင်း (၁၉၆၆ - မက္ကဆီကို) တို့ဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment