26th SEP 2022 - Morning Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။  အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျဆုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၂။ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပြည်သူ့ပညာရေးကျောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆေးကုသမှုပေးတဲ့နေရာတွေကို ကာကွယ် စောင့်ရှောက်မယ်

📌 ၃။ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ မိတ်ဖက်ဆောင်ရွက်မှု တိုးချဲ့သင့်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ရှင်းလင်းပြောဆိုခဲ့

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၅။ မကြာခင်အချိန်မှာ NUGPay Commercial Launch ကို ကြေညာပေးသွားမယ်

📌 ၆။ ဝန်းသိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား‌ ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိသော်လည်း ကျောင်းကို ဆက်လက်ဖွင့်ထား

📌 ၇။ တပ်မ၄၄ လက်အောက်ခံခမရ ၁၀၄ မှတပ်ကြပ်တစ်ဦးအလင်းဝင်ခိုလှုံ

📌 ၈။ ကရင်နီပြည် ဒီမော့ဆိုမြို့နယ် ကုန်းသာ ကျေးရွာ အတွင်းတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ် တို့ တည်နေရာ အား KRU လက်နက်ကြီး ၈၂ မမ များဖြင့်၁၀ ကြိမ် ခန့်ပစ်ခတ်တိုက်ခိုက်

📌 ၉။ ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ () နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခုပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ပစ်ခတ်ရာ စကစဘက်က သုံးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။  အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျဆုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို


အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ကျဆုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။ စက်တင်ဘာ ၂၄ ရက် ကျင်းပတဲ့ CDF -TONZANG ( တွန်းဇံ )အတွက် မြေပြင်ထောက်ပို့ online Fundraising ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။


"မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေ ကျဆုံးနေပြီ။သူတို့မှာ အချိန် သိပ်မရှိတော့ဘူး။သူတို့ကနေဝင်နေပြီ။အမြစ်သေနေတဲ့ သစ်ပင်ဖြစ်နေပြီ။မကြာခင်မှာ အရွက်တွေ အကုန်ကျလာလိမ့်မယ်။သူတို့ကြိုက်သည်ဖြစ်စေ။မကြိုက်သည်စေ။အဲဒါသူတို့အနာဂါတ်ပဲ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမှာ လမ်းမကြီးများရဲ့၈၀ရါခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီးဖြစ်လို့ စစ်ကောင်စီဖို့အဖို့ လမ်းပိုင်းများကိူထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ လေကြောင်းအသုံးပြုနေရတယ်လို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပြည်သူ့ပညာရေးကျောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆေးကုသမှုပေးတဲ့နေရာတွေကို ကာကွယ် စောင့်ရှောက်မယ်


ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပြည်သူ့ပညာရေးကျောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆေးကုသမှုပေးတဲ့နေရာတွေကို ကာကွယ် စောင့်ရှောက်မယ်လို့သတင်းရရှိပါတယ်။ ရပ်ရွာလုံခြုံရေးဆောင်ရွက်ဖို့အတွက် ပလဖနဲ့ ရဲတပ်ဖွဲ့တွေကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ စက်တင်ဘာလအတွင်းမှာပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးဆိုပါတယ်။


"ရပ်ရွာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ပလဖတွေနဲ့ ကျနော်တို့ရဲတပ်ဖွဲ့တွေက ဆောင်ရွက်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ ဒီပလဖတွေနဲ့ ရဲတပ်ဖွဲ့တွေကို ရပ်ရွာလုံခြုံရေးဆောင်ရွက်ဖို့ အတွက် ဆိုလို့ရှိရင် အဓိက ကျနော်တို့ ပိုင်းလော့လုပ်တဲ့မြို့နယ်တွေမှာတော့ လက်နက်နဲ့ပတ်သက်ပြီးတော့ ဒေသထုတ် လက်နက်တွေတပ်ဆင်ဖို့ဘတ်ဂျက်ချထားပေးပြီးဖြစ်ပါတယ်။ပြည်သူ့လုံခြုံရေးအဖွဲ့များဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ပညာရေးစာသင်ကျောင်းများနဲ့ ဆေးကုသမှုပေးနေတဲ့ ဆေးပေးခန်းများကိုလည်း ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်။"လို့ဆိုပါတယ်။ လက်ရှိမှာ ကသာ၊ကောလင်း၊ကန့်ဘလူမြို့နယ်များမှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ကသုံးလုံးစီမံချက်နဲ့ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ မိတ်ဖက်ဆောင်ရွက်မှု တိုးချဲ့သင့်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ရှင်းလင်းပြောဆိုခဲ့


လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ မိတ်ဖက်ဆောင်ရွက်မှု တိုးချဲ့သင့်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ၊ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ သံတမန်ရေးရာရှင်းလင်းပွဲမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကပြောခဲ့ပါတယ်။


"ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဌာနေအဖွဲ့နဲ့ ကုလသမဂ္ဂအေဂျင်စီတွေ၊ ရန်ပုံငွေနဲ့ အစီအစဉ်တွေကို ၄င်းတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေက အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုမဖြစ်စေရဘူးဆို တဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားတစ်ရပ် ပေးပို့ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ ဌာနေအဖွဲ့က လိုအပ်နေတဲ့ ပြည်သူအားလုံးထံ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG), တိုင်း ရင်းသား အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်ဆောင်ရွက်မှု တိုးချဲ့သင့်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ လူသားချင်းစာနာမှုအကူအညီကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များကိူပို့ဆောင်ခွင့်ပိတ်ပင်တားမြစ်ထားပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၇/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။


အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်  အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ မကြာခင်အချိန်မှာ NUGPay Commercial Launch ကို ကြေညာပေးသွားမယ်


မကြာခင်အချိန်မှာ NUGPay Commercial Launch ကို ကြေညာပေးသွားမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၂၅ ရက်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကအသိပေးဆိုပါတယ်။


ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ငွေကြေးပေးချေမှု စနစ်များ ပိုမိုကောင်းမွန်စေရန် နှင့်လွယ်ကူလျင်မြန်စေရန်အတွက် မြန်မာကျပ်ငွေနှင့်တူညီစွာ တန်ဖိုးရှိသော ဒစ်ဂျစ်တယ်မြန်မာကျပ်(DMMK- Digital Myanmar Kyat) ကို ပြည်တွင်းသုံးစွဲမှုအတွက် NUGPay မိုဘိုင်း ပိုက်ဆံအိတ်နှင့်အတူ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အမိန့်ကြော််ငြာစာအမှတ်၊ /၂၀၂၂ ဖြင့် Pilot Project စတင်ကြောင်းကြေငြာခဲ့ပြီးဖြစ်ပါတယ်လို့ဆိုပါတယ်။


 ယခုအခါ NUGPay Pilot Project Target ပြည့်မီအောင်မြင်ပြီးဆုံးပြီဖြစ်ပြီး Pilot ကာလအတွင်း သုံးစွဲသူမိဘပြည်သူများနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသော NUGPay ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ််ပါတယ်လို့ဖော်ပြပါတယ်။

  

သို့ဖြစ်ပါ၍ ပိုမိုဆန်းသစ််သောဝန်ဆောင်မှုများဖြင့် NUGPay ကို ဆက်လက်ဝန်ဆောင်မှုပေးနေမည်ဖြစ်ပြီး မကြာခင်အချိန်တွင် NUGPay Commercial Launch ကို ကြေညာပေးသွားမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေး အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကဆိုပါတယ်။


========================


📌📌 ၆။ ဝန်းသိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား‌ ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိသော်လည်း ကျောင်းကို ဆက်လက်ဖွင့်ထား


ဝန်းသိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား‌ ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိသော်လည်း ကျောင်းကို ဆက်လက်ဖွင့်ထားတယ်လို့ သတင်းရရှိပါတယ်။ စက်တင်ဘာ၂၅ ရက်မှာ ဝန်းသိုတော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။ ဝန်းသိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား‌ ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိ ပါတယ်။ရောဂါပိုးတွေ့ရှိပေမဲ့ ကျောင်းဆက်လက်ဖွင့်နေဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီဟာ အခြေခံပညာကျောင်းများကို ရောဂါများကြားကမရမကဖွင့်ထားပြီး ကျောင်းသားမိဘများကို အတန်းတင်ပညာရေးနဲ့ အလိမ်အညာစကားများဆိုထားပါတယ်။


========================


📌📌 ၇။ တပ်မ၄၄ လက်အောက်ခံခမရ ၁၀၄ မှတပ်ကြပ်တစ်ဦးအလင်းဝင်ခိုလှုံ


တပ်မ ၄၄ လက်အောက်ခံခမရ ၁၀၄ မှတပ်ကြပ်တစ်ဦးအလင်းဝင်ခိုလှုံခဲ့တယ်လို့ဆိုပါတယ်။ တပ်မ၄၄ လက်အောက်ခံခမရ ၁၀၄ မှတပ်ကြပ်မျိုးအောင်သည်  စက်တင်ဘာလ ၂၄ ရက်နေ့ကKNU နဲ့ချိတ်ဆက်ကာမြဝတီမြို့နယ်အတွင်းရှေ့တန်းစစ်မြေပြင်တနေရာမှ ခိုလှုံလာကြောင်းသတင်းရရှိပါတယ်။


လက်ရှိမှာလည်း ကရင်ပြည်နယ်အတွင်း စကစတပ်များဟာ ကော်ပရာစစ်ကြောင်းမှာ ခိုလှုံလာမှုတို့ရှိလာပါတယ်။ တစ်နိုင်ငံလုံးမှာ တပ်နဲ့ရဲ CDM ဝင်လာမှု သောင်းနဲ့ချီရှိပြီဖြစ်ပါတယ်။


========================


📌📌 ၈။ ကရင်နီပြည် ဒီမော့ဆိုမြို့နယ် ကုန်းသာ ကျေးရွာ အတွင်းတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ် တို့ တည်နေရာ အား KRU လက်နက်ကြီး ၈၂ မမ များဖြင့်၁၀ ကြိမ် ခန့်ပစ်ခတ်တိုက်ခိုက်


ကရင်နီပြည် ဒီမော့ဆိုမြို့နယ် ကုန်းသာ ကျေးရွာ အတွင်းတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ် တို့ တည်နေရာ အား KRU လက်နက်ကြီး ၈၂ မမ များဖြင့်၁၀ ကြိမ် ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက်မွန်းလွဲတစ်နာရီအချိန် စကစတပ်များတည်နေရာကို (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) ကပစ်ခတ်တိုက်ခဲ့တယ်လို့ဆိုပါတယ်။


"ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU)သည် နေ့လည် 1နာရီ အချိန်ခန့်တွင် ကုန်းသာ ကျေးရွာ အတွင်းတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ် တို့ တည်နေရာ အား KRU လက်နက်ကြီး ၈၂ မမ များဖြင့် ၁၀ ကြိမ် ခန့်ပစ်ခတ်ခဲ့ပြီး တည်နေရာ များ ထိမှန်ခဲ့ပြီး အထိအခိုက် ရှိနိုင်ပါတယ်"လို့ဆိုပါတယ်။ ယခုပစ်ခတ်မှုဟာ ခေါ့ပလော့ ကျေးရွာ အတွင်းတိုက်ပွဲ ဖြစ်ပွားနေသော မဟာမိတ်ပြည်သူကာကွယ်ရေးတပ်များ ကူညီသော အနေဖြင့် ပြန်လည် ပစ်ခဲ့ပေးခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိကာစကစတပ်များအထိအခိုက် ရှိနိုင်ပါတယ်။


========================


📌📌 ၉။ ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ () နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခုပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ပစ်ခတ်ရာ စကစဘက်က သုံးဦးသေဆုံး


ကရင်ပြည်နယ် ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ () နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခုပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ပစ်ခတ်ရာ စကစဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက် နေ့လည်ပိုင်းမှာ စကစတပ်ကိုစနိုက်ပါနဲ့ပစ်ခတ်နိုင်ခဲ့တယ်လို့ကော်ပရာစစ်ကြောင်းကဆိုပါတယ်။


"ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ () နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခုပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ ()  ပူးပေါင်းတပ်ဖွဲ့များဘက်မှ လက်ဖြောင့်စနိုက်ဘာ စစ်သည်များ၏ စွမ်းဆောင်ချက်ဖြင့်စက်တင်ဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ ဘက်မှ () ဦး သေဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ စကစတပ်များနဲ့ကရင်ပြည်နယ်ရှိ ကော်ပရာစစ်ကြောင်းတို့ဟာ နေ့စဥ်ထိတွေ့ပစ်ခတ်မှုတို့ရှိနေပါတယ်။


 အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment