29th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတကာရဲ့ အင်အားနဲ့ ပြည်တွင်းလူထုရဲ့ အင်အားကို ချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲကို  အတူတကွ လက်တွဲကြိုးပမ်းပြီး ချီတက်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုများကို ကာကွယ်တားဆီးနိုင်ရေး လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက် စနစ်တကျ သုံးစွဲသွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ၃။ ပလက်ဝကို အပြည့်အဝထိန်းချုပ်နိုင်ပါက နိုင်ငံတကာကို တံခါးခေါက်လို့ရပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၄။ အကြမ်းဖက်အုပ်စုခေါင်းဆောင်ကြီး ရောက်နေခိုက် တိုက်လေယာဥ်များ ဆက်တိုက်ပျံသန်းခြိမ်းခြောက်နေတဲ့သတင်း

📌 ၅။ မြန်မာ့အရေး ထောက်ပံ့ပေး နွေဦးတော်လှန်ရေး (NC) အဖွဲ့မှ ပေးအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄၀၀၀၀) ကို ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်လက်ခံရယူပေးခဲ့

📌 ၆။ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်း‌ဆောင်ခဲ့သူ ဦးမြင့်မောင်ကို ထားဝယ်အကျဉ်း ထောင်တွင် တိုက်ပိတ်ထား

📌 ၇။မသောက်မိသော မိုးခါးရေပြသရင်းရရှိတဲ့ ရန်ပုံငွေ ကျပ်သိန်း ၄၆၀၀ ကို ပြန်လည်ထောက်ပို့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာနကို ကျပ်သိန်း ၃၀၀၀ ပေးအပ်

📌 ၈။ weclick4pdf နဲ့ pyithubawa ဝက်ဘ်ဆိုက်တွေ ပြန်တက်လာမယ်လို့ Click2donate အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတကာရဲ့ အင်အားနဲ့ ပြည်တွင်းလူထုရဲ့ အင်အားကို ချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲကို  အတူတကွ လက်တွဲကြိုးပမ်းပြီး ချီတက်ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


နိုဝင်ဘာ (၂၉) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်း ပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ သတိထားရမှာက နိုင်ငံတကာနိုင်ငံအားလုံးဟာ ကျွန်တော်တို့အတွက် အားလုံးမိတ်ဆွေတွေဖြစ်ဖို့ ခဲယဉ်းပေမယ့် သူတို့ကို ကျွန်တော်တို့နဲ့ ရန်သူတွေ မဖြစ်အောင်တော့ လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေ များပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ နိုင်ငံတကာရဲ့ အင်အားနဲ့ ပြည်တွင်းလူထုရဲ့ အင်အားကို ချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲကို ကျွန်တော်တို့ အားလုံး အတူ တကွ လက်တွဲကြိုးပမ်းပြီး ချီတက်ကြဖို့ တိုက်တွန်းပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်တွင်းနိုင်ငံရေးရေချိန်နဲ့ ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းတွေကြားမှာ ချိတ်ဆက်ရပ်တည်နေရတယ်လို့လည်း ယာယီသမ္မတ ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုများကို ကာကွယ်တားဆီးနိုင်ရေး လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက် စနစ်တကျ သုံးစွဲသွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုများကို ကာကွယ်တားဆီးနိုင်ရေး လိုအပ်တဲ့နေရာတွေမှာထိထိရောက်ရောက် စနစ်တကျ သုံးစွဲသွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက နိုဝင်ဘာ၂၈ရက် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) (/၂၀၂၂) အစည်းအဝေးမှာတိုက်တွန်းပြောကြားလိုက်ပါတယ်။


"မြေပြင်စီမံအုပ်ချုပ်သူများအနေနဲ့လည်း မိမိတို့ဒေသမှ ထွက်ရှိတဲ့ သယံဇာတမှ ရရှိလာတဲ့ ဝင်ငွေကို လက်ရှိတော်လှန်ရေးအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုများကို ကာကွယ်တားဆီးနိုင်ရေး လိုအပ်တဲ့နေရာတွေမှာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထိထိရောက်ရောက် စနစ်တကျ သုံးစွဲသွားကြဖို့ တိုက်တွန်းလိုကြောင်း"ဆိုပါတယ်။


ဒါ့အပြင် စိုးမိုးနယ်မြေများတိုးချဲ့လာနိုင်တာနဲ့အမျှ သယံဇာတစီမံအုပ်ချုပ်ရေးနည်းလမ်းများနှင့် နည်းပညာပံ့ပိုးမှုများကို သက်ဆိုင်ရာနယ်မြေအလိုက် ကူညီပံ့ပိုးပေးကြဖို့ကိုလည်း ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ ပလက်ဝကို အပြည့်အဝထိန်းချုပ်နိုင်ပါက နိုင်ငံတကာကို တံခါးခေါက်လို့ရပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


နိုဝင်ဘာနောက်ဆုံးပတ်မှာကျင်းပတဲ့ လေဆန်လမ်းက အောင်ချင်းငှက်တို့  အတောင်စုံခတ်ဖို့ အားဖြည့်စို့ ပရော့ဂျက် ကီမို ရန်ပုံငွေရှာဖွေပွဲမှာ ချင်းပြည်နယ် ပလက်ဝကို အပြည့်အဝထိန်းချုပ်နိုင်ပါက နိုင်ငံတကာကို တံခါးခေါက်လို့ရပြီလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောကြားလိုက်ပါတယ်။


"ကျနော်တို့အနေနဲ့ နယ်မြေထိန်းချုပ်ရေးလို့ပြောတဲ့အခါ ထိန်းချုပ်ရေးက အရေးကြီးပါတယ်။ပလက်ဝဒေသည် ကျနော်တို့လက်အောက်မှာအပြည့်အဝရှိပြီဆိုရင် နိုင်ငံတကာကို တံခါးခေါက်လို့ရပြီ။မလုပ်ဘူးဆိုတဲ့အရာသူတို့လုပ်ပေးလာမှာပဲ"လို့ဝန်ကြီးကဆိုပါတယ်။ ပလက်ဝဟာ စစ်ကောင်စီအတွက် ဝင်ငွေရလမ်းကြောင်းတစ်ခုဖြစ်ပြီးတော့ ပလက်ဝကိုထိန်းချုပ်နိုင်ပါက စစ်ကောင်စီဝင်ငွေရလမ်းကိုပါ ဖြတ်တောက်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်အုပ်စုခေါင်းဆောင်ကြီး ရောက်နေခိုက် တိုက်လေယာဥ်များ ဆက်တိုက်ပျံသန်းခြိမ်းခြောက်နေတဲ့သတင်း


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  နိုဝင်ဘာလ ၂၈ ရက် နေ့ တွင် မကွေးမြို့သို့ ရောက်ရှိနေပြီး ထိုကဲ့သို့ မကွေးသို့ ရောက်ရှိနေချိန်မှာတော့ တံတားဦး လေတပ်နှင့် မှော်ဘီလေတပ်စခန်းများတွင် Yak-130 တိုက် လေယာဉ် များ တောက်လျှောက်ဆိုသလို ပျံတက်နေကြောင်း သိရှိရပါတယ်။

စစ်အုပ်စုရဲ့ အဓိက အားထားရာ ပြည်သူများအပေါ် ဗုံးကြဲတိုက်လေယာဥ်များ အခုလို  ပျံတက်နေတာကြောင့်  တိုင်းရင်းသားဒေသများမှာ ဗုံးကြဲခံရမှု သတိပြုရန်လိုကြောင်း လေတပ်သတင်းရင်းမြစ်က သတိပေးပြောဆိုထားပါတယ်။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့တွင် မကွေးတိုင်း၊ မင်းဘူးနှင့်စကုမြို့ များသို့ သွားရောက်ပြီးနောက် နိုဝင်ဘာလ ၂၈ ရက်တွင် မကွေးမြို့အဝင် မုခ်ဦးဖွင့်ပွဲ၊ မြို့တော် ခန်းမတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ ပြုလုပ်နေကြောင်း သိရပါတယ်။

"မကွေးမြို့ထွက် လေဆိပ်လမ်းခွဲအနီး  နတ်မောက်လမ်း မကွေးမြို့အဝင် မုတ် ဦး ဖွင့် ပွဲကို မအလလာတယ်။  မြို့ မျက် နှာဖုံးစီးပွား‌ရေးလုပ်ငန်းရှင်တွေနဲ့ မြို့ တော်ခန်းမမှာ တွေ့ဆုံတယ်။ ပြီးတော့  ကောင်းမွန် ဦးစိန်ဌေး လုပ်ငန်း နေရာ နဲ့  အမေထွားပဲဆီနှမ်းဆီ ဦးဌေးအောင် လုပ်ငန်းနေရာတွေကို သွား ကြည့် မယ်။ လုပ်ငန်းရှင်တွေလည်း မအလ ကို မတွေ့ချင်ကြဘူး။ 

အတင်း အကျပ်ဆိုတော့ လည်း ငြင်းမရဘူး" လို့  မကွေးမြို့မှ ဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောဆိုပါတယ်။ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် အခုလို  မကွေးမြို့တွင် ၏ရောက်ရှိနေချိန်မှာတော့ တံတားဦး လေ တပ် နှင့် မှော်ဘီလေတပ်အတွင်းတွင် တိုက်လေယာဉ်များ တောက် လျှောက် ဆိုသလို ပျံတက်နေတာ ဖြစ်ပါတယ်။

"မနက် ၁၁ နာရီလောက်ကတည်းက တံတားဦးမှာ တိုက်လေယာဉ်တွေ တောက် လျှောက်တက်တယ်။ တစ်စီးက မြို့ကိုပတ်တယ်။ နောက်ထပ် စီးက တော့ အရှေ့မြောက်ဘက်ကို ဦးတည်သွားတယ်။ နောက်ပြီး လေတပ်ထဲ ကိုလည်း ကား စီးနဲ့ ကြည်းတပ်တွေ လာချထားတယ်။  မှော်ဘီကလည်း စစ်ဆင်ရေး တက်နေတယ်။ ကရင် ကချင်နဲ့ ချင်းဘက်တွေ သတိထားရမယ် ထင်ပါတယ်" လို့  လေတပ်သတင်းရင်းမြစ်က သတိပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ။


========================


📌📌 ၅။ မြန်မာ့အရေး ထောက်ပံ့ပေး နွေဦးတော်လှန်ရေး (NC) အဖွဲ့မှ ပေးအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄၀၀၀၀) ကို ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်လက်ခံရယူပေးခဲ့


နိုဝင်ဘာ ၂၉ ရက်မှာ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကအခုလိုထုတ်‌ဖေါ်ပြောဆိုထားပါတယ်။ "မြန်မာပြည် ဖယ်ဒရယ်ဒီမိုကရေစီနိင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သောနေရာတွင်သုံးစွဲရန်  မြန်မာ့အရေး ထောက်ပံ့ပေး နွေဦးတော်လှန်ရေး (NC) အဖွဲ့မှ ပေးအပ်တဲ့ ရန်ပုံငွေဒေါ်လာ (၄၀၀၀၀) လေးသောင်း တိတိကိုလက်ခံရရှိပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နှစ်တာ တော်လှန်ရေး စီမံချက်ကိုရေးဆွဲအကောင်အထည် ဖော်ဆောင်လျက်ရှိပြီး လက်ရှိမှာ ကာကွယ်ရေးအသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်းအထိ အသုံးပြုလျက်ရှိပါတယ်။


========================


📌📌 ၆။ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်း‌ဆောင်ခဲ့သူ ဦးမြင့်မောင်ကို ထားဝယ်အကျဉ်း ထောင်တွင် တိုက်ပိတ်ထား


ပြည်သူ့အစိုးရလက်ထက်က တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သူ ဦးမြင့်မောင်ကိုထားဝယ်အကျဉ်းထောင်တွင် တိုက်ပိတ်ထားတယ်လို့သတင်းရရှိပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နှစ်မှုဖြင့် ထပ်မံ တရားစွဲခဲ့တယ်လို့ AAPP ကအသိပေးထုတ်ပြန်ပါတယ်။


၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးမြင့်မောင်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခြင်း ခံခဲ့ရပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဦးမြင့်မောင်ကို အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ထားဝယ်အကျဉ်းထောင်တွင် တိုက်ပိတ်ထားကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၇။မသောက်မိသော မိုးခါးရေပြသရင်းရရှိတဲ့ ရန်ပုံငွေ ကျပ်သိန်း ၄၆၀၀ ကို ပြန်လည်ထောက်ပို့ရာမှာ ကာကွယ်ရေးဝန်ကြီးဌာနကို ကျပ်သိန်း ၃၀၀၀ ပေးအပ်


နိုဝင်ဘာလအတွင်းမှာ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့မသောက်မိသော မိုးခါးရေဇာတ်လမ်းတိုရုပ်ရှင်ကနေ ရရှိလာတဲ့ ရန်ပုံငွေထဲက ကျပ်သိန်း ၄၆၀၀ ကို ပထမအကြိမ်အဖြစ် ထောက်ပို့ပေးအပ်ခဲ့တာလို့ သတင်းရရှိပါတယ်။


ရန်ပုံငွေတွေကိုခွဲဝေရာမှာ ကာကွယ်ရေးဝန်ကြီးဌာနကို ကျပ်သိန်း ၃၀၀၀ ကော်ပရာစစ်ကြောင်းကို ကျပ်သိန်း ၅၀၀ စစ်ကိုင်း ခရိုင် တပ်ရင်းအမှတ် (MSDF) ကို ကျပ်သိန်း ၁၀၀ မြင်းခြံခရိုင်တပ်ရင်းအမှတ် () ကို ကျပ်သိန်း ၁၀၀ မိုးဗြဲ ပြည်သူ့ကာကွယ် ရေးတပ်ရင်း (၁၀၀၇) ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၀၀၂) ကို ကျပ်သိန်း ၁၀၀ မင်းတုန်းမြို့နယ် တော်လှန်ရေး အဖွဲ့(ပျံလွှား)ကို ကျပ်သိန်း ၁၀၀ ပခုက္ကူခရိုင် တပ်ရင်း (10) တပ်ခွဲ(1)ကို ကျပ်သိန်း ၁၀၀ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ () မြင်း ခြံတပ်ရင်း အမှတ် ()ကို ကျပ်သိန်း ၁၀၀ ကျေးရွာတပ်ပေါင်းစု (ရေစကြို)ကို ကျပ်သိန်း ၁၀၀ Chin defense force (ကန်ပက်လက်)ကို ကျပ်သိန်း ၁၀၀ (ဒုတပ်မဟာမှူး -ဆလိုင်းထွန်းလိန်းထန်း) ပဲခူးတိုင်းစစ်ဒေသခွဲ အတွင်းမှ တပ်ရင်း()ရင်းမှ ရဲဘော်များအတွက် လိုအပ်ချက်များ ဖြည့်ဆည်းရန် ကျပ်သိန်း ၁၀၀ ရန်ကုန်UG (နန်းထိုက်အောင်) ကျပ်သိန်း၁၀၀ ရန်ကုန်UG (Yangon liberation force) ကိုကျပ် သိန်း ၁၀၀ တို့ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ weclick4pdf နဲ့ pyithubawa ဝက်ဘ်ဆိုက်တွေ ပြန်တက်လာမယ်လို့ Click2donate အသိပေး


weclick4pdf နဲ့  pyithubawa ဝက်ဘ်ဆိုက်တွေ ပြန်တက်လာမယ်လို့ Click2donate ကနိုဝင်ဘာ နောက်ဆုံးပတ်မှာ အသိပေးဆိုလိုက်ပါတယ်။


"ဒီနေ့တော့ weclick4pdf နဲ့ pyithubawa ဝဘ်ဆိုက်တွေ ပြန်တက်လာပါ့မယ်ခင်ဗျာ ကျွန်တော်တို့ ဝဘ်ဆိုက်တွေပြန်တင်နေပါပြီခင်ဗျာလက်ဆောင် app ကတော့ အခြေအနေသိပ်မကောင်းပေမယ့် c2d ကတော့ အဆင်ပြေနေပါတယ်။ ရသလောက်ကို တင်ပြီး ကလစ်ကြမယ်"လို့ဆိုပါတယ်။ Click2donate ဟာ ပြည်သူများ ပူးပေါင်းပါဝင် ကလစ်နှိပ်၍ ရရှိလာသော ငွေကြေးများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည်ဖြန့်ဝေပေးခြင်းကိုဆောင်ရွက်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment