19th DEC 2022 - Morning Daily News by Radio NUG

၂၀၂၂ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်စတုတ္ထနေ့ ဆက်လက်ကျင်းပ

📌 ၃။ နောင်အနာဂါတ် မျိုးဆက်သစ်များအတွက် ပညာရေးဟာ အဆက်ပြတ်သွားလို့မရဘဲ အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

📌 ၄။ အမေရိကန်က ပေးတဲ့သတင်းစကား EU ကရရှိသွားပြီမို့လို့ လူသားချင်းစာနာမှုအကူအညီတွေနဲ့ နည်းပညာအကူအညီတွေ မကြာမီမှာတွေ့ရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား

📌 ၅။ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးနယ်ထဲက မီးဘေးသင့် ပြည်သူများအတွက် အထောက်အပံ့တစ်ခုအနေဖြင့် အိုးခွက်ဇလုံ ကူညီနိုင်ခဲ့

📌 ၆။ Buddy ချီတက်_စစ်တပ်ပျက်ကမ်ပိန်း Ticket ရောင်းရရငွေ သိန်း (၁၁၀၀) ကျော်ရှာဖွေရရှိ၍ တပ်ရင်းများသို့ ၇၀ ရာခိုင်နှုန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ ၃၀ ရာခိုင်နှုန်း ပို့ဆောင်ပေးသွားမယ်

📌 ၇။ ဒီဇင်ဘာ ရက်မှ ရက်နေ့အထိ ရေဦးနဲ့ ဒီပဲယင်းမှာ ကာကွယ်ရေးတပ်များတိုက်ခိုက်၍ စကစတပ်ဘက်က ၂၇ ဦးသေဆုံး

📌 ၈။ ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Forceမှ လုံခြုံရေးနှင့် လမ်းပိုင်း စစ်ဆေး

📌 ၉။ မုံရွာမြို့ စီးပွါးရေးတက္ကသိုလ် (ECO) ကျောင်းအနီးတွင် တပ်စွဲထားသော စကစ ကင်းစခန်းအားကာကွယ်ရေးတပ်များတိုက်ခိုက်၍ စကစတပ်များထိခိုက်ကျဆုံးရှိနိုင်

📌 ၁၀။ မှော်ဘီမြို့နယ် လေတပ်ဌာနချုပ်အား လက်လုပ်အဝေးပစ်ရှော့တိုက်ဒုံး () လုံးဖြင့် ပစ်ခက်တိုက်ခဲ့ရာ လေတပ်နံရံကိုနှစ်လုံး ထိမှန်ခဲ့ပြီး တစ်လုံးမှာ အဓိက နေရာကို ထိခိုက်ခဲ့တယ်လို့ People Defence Force - Hmawbi အသိပေးဖော်ပြ

📌 ၁၁။ ပန်းဆိုးတန်း-ဒလကူးတို့သင်္ဘောပေါ်ပေါက်ကွဲ၍လူတစ်ဒါဇင်ထက်မနည်း ထိခိုက်ဒဏ်ရာရ

📌 ၁၂။ ပခုက္ကူတက္ကသိုလ်နဲ့ ချောက်ကန်ရွာအကြားက ယောင်းမစွန်ဆီဆိုင်ရှေ့ရှိ စကစတပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ဦးနဲ့ ပျူ ဦးသေဆုံးပြီး သေနတ်၂ လက်နဲ့ လက်ထိပ် ခုသိမ်းဆည်းရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၈ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၉/၂၀၂၂) ကိုကျင်းပခဲ့ပါတယ်။


 အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူး‌ခေါင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီးအထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန်ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊  ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များတက်ရောက်ကြခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်စတုတ္ထနေ့ ဆက်လက်ကျင်းပ


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခြင်း အစီအစဥ်၏ စတုတ္ထနေ့အဖြစ် ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအားဒီဇင်ဘာလ ၁၈ ရက်ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဖိတ်ခေါ်တွေ့ဆုံ၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွင် CRPH လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက် အကောင် အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအပါအဝင် ရေးရာကော်မတီများ၏လုပ်ငန်းများ အကျဥ်းချုပ်  ရှင်းလင်းတင်ပြခဲ့ကြပါတယ်။


ထို့နောက် တက်ရောက်လာသူများက ပြည်တွင်း၊ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ပြည်ထောင်စုလွှတ်တော်၏အခန်းကဏ္ဍနှင့် လွှတ်တော် ခေါ် ယူကျင်းပနိုင်ရေးကိစ္စ၊  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဥ်းသည့်ကိစ္စ၊ ထပ်မံတိုးချဲ့ဖွဲ့စည်းသင့်သောရေးရာကော်မတီများကိစ္စနှင့် မြေပြင်အခြေအနေများအပေါ် မေးခွန်းများ မေးမြန်းခြင်းနှင့်အကြံပြုချက်များ တင်ပြဆွေးနွေးခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသို့ CRPH ရှင်းလင်းတင်ပြခြင်းအစီအစဥ်များတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများက မေးခွန်းများအပေါ် ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။


========================


📌📌 ၃။ နောင်အနာဂါတ် မျိုးဆက်သစ်များအတွက် ပညာရေးဟာ အဆက်ပြတ်သွားလို့မရဘဲ အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော


နောင်အနာဂါတ် မျိုးဆက်သစ်များအတွက် ပညာရေးဟာ အဆက်ပြတ်သွားလို့မရဘဲ အရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ ဒီဇင်ဘာ ၁၈ ရက်ကျင်းတဲ့"ရင်သွေးငယ်တို့ ပညာရေး မိဘပြည်သူဝိုင်းကူပေး" ကမ်ပိန်းမှ အလှူငွေ ပေးအပ်ပွဲနှင့်  ကံစမ်းမဲ ဖွင့်ပွဲ အခမ်းအနားမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"ပညာရေးဟာ အရေးကြီးပါတယ်။ ပညာရေးဟာ အဆက်ပြတ်သွားလို့မရပါဘူး။အဆက်ပြတ်သွားလို့ရှိရင်၊ ပညာရေးဘေးရောက်သွားလို့ရှိရင် အသိနဲ့ပညာနဲ့မရှိရင် ကျနော်တို့ကလေးတွေ၊ အနာဂါတ်မျိုးဆက်သစ်တွေ ဟာ အနာဂါတ်မကောင်းတာဖြစ်မှာ သေချာတဲ့အတွက် ဒါကအရေးကြီးပါတယ်"လို့ ဆိုပါတယ်။ နွေဦးတော်လှန်ရေးဟာ စတင်ကတည်းက ပညာရေးကို ချန်လှပ်ထားခြင်းမရှိဘဲ လက်ရှိမှာလည်း ဗုံးခိုကျင်း ၇၀၀ နီးပါးနဲ့ စာသင်ကြားနေရတယ်လို့ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ အမေရိကန်က ပေးတဲ့သတင်းစကား EU ကရရှိသွားပြီမို့လို့ လူသားချင်းစာနာမှုအကူအညီတွေနဲ့ နည်းပညာအကူအညီတွေ မကြာမီမှာတွေ့ရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား


အမေရိကန်က ပေးတဲ့သတင်းစကား EU ကရရှိသွားပြီမို့လို့ လူသားချင်းစာနာမှုအကူအညီတွေနဲ့ နည်းပညာအကူအညီတွေ မကြာမီမှာတွေ့ရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက ထည့်သွင်းဆိုပါတယ်။


"အမေရိကားက ပေးတဲ့ သတင်းစကားကို EUကရရှိသွားပါပြီ။ ဒါကြောင့်မို့လို့ ဒီ့ထက် ပိုမိုပြီးတော့ ကူညီမှုတွေ ၊လူသားချင်းစာနာမှု အကူအညီတွေ၊ နည်းပညာဆိုင်ရာ အကူအညီတွေနဲ့ အနာဂါတ် ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရာမှာ နည်းပညာပိုင်းအကူအညီတွေ ဆက်လက်ဖော်ဆောင်သွားမှာကို မကြာမီမှာ တွေ့ရပါလိမ့်မယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဒီဇင်ဘာလအတွင်းမှာ EU လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုကြောင်း ဖော်ပြကြေညာခဲ့ပြီးတော့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကိုလည်းလက်ခံ တွေ့ဆုံခဲ့ပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးနယ်ထဲက မီးဘေးသင့် ပြည်သူများအတွက် အထောက်အပံ့တစ်ခုအနေဖြင့် အိုးခွက်ဇလုံ ကူညီနိုင်ခဲ့


စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးနယ်ထဲက မီးဘေးသင့် ပြည်သူများအတွက် အထောက်အပံ့တစ်ခုအနေဖြင့် အိုးခွက်ဇလုံ ကူညီနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ Salingyi Subcommittee ကအတည်ပြုဖော်ပြပါတယ်။


ဆားလင်းကြီးနယ်ထဲမှ အကြမ်းဖက်စစ်အုပ်စုကြောင့် နေအိမ်နှင့် ပိုင်ဆိုင်မှုများ မီးဘေးသင့်ခဲ့ရသော ကျေးရွာငါးရွာမှ ပြည်သူများအတွက် တစ်အိမ်ထောင်လျှင်ဒန်အိုးဒယ်အိုးစတီးဇလုံ၃လုံးစတီးဇွန်း ချောင်း ကူညီလှူဒါန်းခဲ့ပါတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးနယ်ထဲက မီးဘေးသင့် ပြည်သူများအတွက် အထောက်အပံ့တစ်ခုအနေဖြင့် ၁၈ ပေပတ်လည်မိုးကာများငွေကျပ် သိန်း (၉၀) ကျော်ဖိုး ကူညီနိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ Buddy ချီတက်_စစ်တပ်ပျက်ကမ်ပိန်း Ticket ရောင်းရရငွေ သိန်း (၁၁၀၀) ကျော်ရှာဖွေရရှိ၍ တပ်ရင်းများသို့ ၇၀ ရာခိုင်နှုန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ ၃၀ ရာခိုင်နှုန်း ပို့ဆောင်ပေးသွားမယ်


Buddy ချီတက်_စစ်တပ်ပျက်ကမ်ပိန်း Ticket ရောင်းရရငွေ သိန်း (၁၁၀၀) ကျော်ရှာဖွေရရှိ၍ တပ်ရင်းများသို့ ၇၀ ရာခိုင်နှုန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ ၃၀ ရာခိုင်နှုန်း ပို့ဆောင်ပေးသွားမယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ We Love Myanmar Family ကအသိပေးဆိုပါတယ်။


သိန်း (၁၁၀၀) ကျော်တန်လည်ပတ်အဖြစ် နွေဦးတော်လှန်ရေးသမိုင်းမှတ်တမ်း ကမ္ဗည်းထိုးလိုက်ပါပြီချစ်ရတဲ့တော်လှန်ပြည်သူတွေရဲ့ တခဲနက်အားပေးပံ့ပိုးမှူတွေကြောင့် Marketing and Promotion ဘာမှထူးထူးခြားခြား မလုပ်လိုက်ရဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ဘက်ဒီကြီးအတွက် သိန်း (၁၁၀၀)ကျော်ရှာဖွေနိုင်ခဲ့ပါပြီ။ Ticket Sold (1,950) မှာ WLMF အနေနဲ့ Ticket အစောင်ရေပေါင်း (1,115) ရောင်းချပေးနိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ရရှိငွေတွေကို မူလကြေညာထားရှိသည့်အတိုင်း ကရင်နီဒေသရှိ ဒုဗိုလ်မှူးကြီးလည်ပတ်ရရှိအောင်စွမ်းဆောင်ခဲ့ကြတဲ့တပ်ရင်းများသို့ (၇၀%) နှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ (၃၀%) ပို့ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။


========================


📌📌 ၇။ ဒီဇင်ဘာ ရက်မှ ရက်နေ့အထိ ရေဦးနဲ့ ဒီပဲယင်းမှာ ကာကွယ်ရေးတပ်များတိုက်ခိုက်၍ စကစတပ်ဘက်က ၂၇ ဦးသေဆုံး


ဒီဇင်ဘာ ရက်မှ ရက်နေ့အထိ ရေဦးနဲ့ ဒီပဲယင်းမှာ ကာကွယ်ရေးများတပ်တိုက်ခိုက်၍ စကစတပ်ဘက်က ၂၇ ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ စစ်ရေးသတင်းကို Anyar Defense Force- ADF အသိပေးဆိုပါတယ်။ ဒီဇင်ဘာလ ရက်နေ့   ရေဦးမြို့မှစစ်ကြောင်းထိုးလာသော အင်အား (၈၀) ဦးခန့်ရှိတဲ့ စကစတပ်များနှင့်ပျူစောထီးများ ဆည်ကြီးရွာအတွင်းတွင် ရောက်ရှိနေစဉ် ADF မှ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်မှ () ဦးခန့် သေဆုံးပြီး () ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်" လို့ဖော်ပြပါတယ်။


အလားတူ ဒီဇင်ဘာလ ရက်နေ့ နေ့လည်ပိုင်း ဘန့်ဘွေးရွာ အား မီးရှို့ပြီး ထွက်ခွာလာသော အင်အား (၄၀) ဦးခန့် ရှိသည့် စကစတပ်များနှင့်ပျူစောထီးများအား ADF မှ ကုန်းကြီးရွာအနီးတွင် စီးကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ () ဦးခန့်ကျဆုံးပြီး () ဦး အပြင်းအထန်ဒဏ်ရာရှိသွားပြီး ၎င်း တိုက်ပွဲတွင်ရန်သူ့ဘက်မှ MA -1 () လက်၊ကျည်ဘောက် -(၁၂) ခု၊ 5.56 ကျည် - (၁၃၀) တောင့်၊လက်ပစ်ဗုံး- () လုံး၊ဦးထုပ်- () လုံး ကို ADF မှ သိမ်းဆည်းရမိခဲ့ပါတယ်။


နေ့လည်ပိုင်း ဘန့်ဘွေးရွာအား မီးရှို့ဖျက်စီးခဲ့ပြီး စစ်ကြောင်းခွဲထွက်လာသော အင်အား (၆၀) ဦးခန့်ရှိသည့် စခများနှင့် ပျူစောထီးများ အား မိမိတို့ ADF မှဒီပဲယင်းမြို့နယ် အုန်းခါးရွာအနီးတွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ (၁၀) ဦးသေဆုံးပြီး () ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပြန်ပါတယ်။ ညနေပိုင်း  မရကန်ကျေးရွာအတွင်းတွင်ရောက်ရှိနေသော အင်အား (၄၀) ဦးခန့်ရှိသည့် စခများနှင့်ပျူစောထီးများ အား မိမိတို့ ADF မှ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ () ဦးခန့်သေဆုံးပြီး () ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Forceမှ လုံခြုံရေးနှင့် လမ်းပိုင်း စစ်ဆေး


ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force မှ လုံခြုံရေးနှင့် လမ်းပိုင်း စစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၈ က်မှာ ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force မှဖော်ပြအသိပေးပါတယ်။


"စစ်ကောင်စီရဲ့စိုးမိုးနယ်မြေနဲ့ လမ်းလို့ပြောလို့ရတဲ့ နေရာဒေသတစ်ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။တော်လှန်ရေး ဒီအရွေ့ထိရောက်လာရခြင်းကလည်း၊ပြည်သူလူထုရဲ့ ကူညီထောက်ပံ့မှု၊ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကနေခုလို (စစ်ကောင်စီ)ကို လမ်းပေါ်ထွက်ပြီး ရဲရဲဝင့်ဝင့်နဲ့ ရင်ဆိုင်နိုင်ရခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Forceဟာ စကစတပ်များကို စစ်ဆင်ရေးဆင်နွှဲရာမှာ စကစတပ်များအထိနာ ကျဆုံးမှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၉။ မုံရွာမြို့ စီးပွါးရေးတက္ကသိုလ် (ECO) ကျောင်းအနီးတွင် တပ်စွဲထားသော စကစ ကင်းစခန်းအားကာကွယ်ရေးတပ်များတိုက်ခိုက်၍ စကစတပ်များထိခိုက်ကျဆုံးရှိနိုင်


မုံရွာမြို့ စီးပွါးရေးတက္ကသိုလ် (ECO) ကျောင်းအနီးတွင် တပ်စွဲထားသော စကစ ကင်းစခန်းအားကာကွယ်ရေးတပ်များတိုက်ခိုက်၍ စကစတပ်များထိခိုက်ကျဆုံးရှိနိုင်တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ စစ်ရေးသတင်းကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA ကဖော်ပြအသိပေးပါတယ်။


ဒီဇင်ဘာ ၁၆ ရက်နေ့ :၀၀ ခန့်တွင် မုံရွာမြို့ စီးပွါးရေးတက္ကသိုလ်(ECO) ကျောင်းအနီးတွင် တပ်စွဲထားသော စကစ ကင်းစခန်းအား DRPA (မုံရွာ) မြို့ပြပြောက်ကြားတပ်ခွဲ နှင့် မဟာမိတ်များဖြစ်သော MACT ပြောက်ကြားအဖွဲ့၊သပြေညို Local PDF အဖွဲ့၊ People Defence Force (East Monywa) တောကျွဲကြီး ပြောက်ကြားအဖွဲ့ တို့ပူးပေါင်း၍ ၆၀မမ ဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစ ကင်းစခန်းအားတိုက်ရိုက်ထိမှန်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ထို့နောက် စကစ ကင်းစခန်းမှ အိမ်စီးကားအသေးတစ်စီး နှင့် ဆိုင်ကယ်တစ်စီးထွက်လာခဲ့ပြီးကြိုတင်ထောင်ထားသော မိုင်းပွိုင့်အတွင်းသို့ ဝင်ရောက်လာရာပွိုင့်ဆွဲ၍တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စကစတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိနိုင်တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၁၀။ မှော်ဘီမြို့နယ် လေတပ်ဌာနချုပ်အား လက်လုပ်အဝေးပစ်ရှော့တိုက်ဒုံး () လုံးဖြင့် ပစ်ခက်တိုက်ခဲ့ရာ လေတပ်နံရံကိုနှစ်လုံး ထိမှန်ခဲ့ပြီး တစ်လုံးမှာ အဓိက နေရာကို ထိခိုက်ခဲ့တယ်လို့ People Defence Force - Hmawbi အသိပေးဖော်ပြ


ရန်ကုန်တိုင်းမှော်ဘီမြို့နယ် လေတပ်ဌာနချုပ်အား လက်လုပ်အဝေးပစ်ရှော့တိုက်ဒုံး () လုံးဖြင့် ပစ်ခက်တိုက်ခဲ့ရာ လေတပ်နံရံကိုနှစ်လုံး ထိမှန်ခဲ့ပြီး တစ်လုံးမှာ အဓိက နေရာကို ထိခိုက်ခဲ့တယ်လို့ People Defence Force - Hmawbi အသိပေးဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ စစ်ရေးသတင်းကို People Defence Force - Hmawbi အသိပေးဆိုပါတယ်။


ဒီဇင်ဘာ ၁၇ ရက် မှော်ဘီမြို့နယ် လေတပ်ဌာနချုပ်အား လက်လုပ်အဝေးပစ်ရှော့တိုက်ဒုံး () လုံးဖြင့် ပစ်ခက်တိုက်ခဲ့ရာ  ထိခိုက်မှုရှိခဲ့ပြီး နှစ်လုံးမှာလေတပ်နံရံကို ထိမှန်ခဲ့ပြီး တစ်လုံးမှာ အဓိက နေရာကို ထိခိုက်မိပါတယ်။ တစ်လုံးမှာ လုံခြုံရေးအခြေအနေအရ ထားခဲ့ရတယ်"လို့ဖော်ပြပါတယ်။


"ထိခိုက်မှုတော့ရှိပါတယ်။၄ယောက်လောက်တော့ထိခိုက်ပါတယ်"လို့ People Defence Force - Hmawbiက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ယခုပြုလုပ်မှုကို PDF-Hmawbi, YRFA, Yangon UG Group များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ယခုတိုက်ခိုက်မှုဟာ သတိပေးသည့်အဆင့်မဟုတ်တော့ပဲ အဓိက နေရာများကိုပါ တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၁၁။ ပန်းဆိုးတန်း-ဒလကူးတို့သင်္ဘောပေါ်ပေါက်ကွဲ၍လူတစ်ဒါဇင်ထက်မနည်း ထိခိုက်ဒဏ်ရာရ


ပန်းဆိုးတန်း-ဒလကူးတို့သင်္ဘောပေါ် ယခုညပေါက်ကွဲ၍လူတစ်ဒါဇင်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဇင်ဘာ ၁၈ ရက် နာရီအချိန် ရေယာဥ်ပေါ်မှာ ပေါက်ကွဲခဲ့ပြီးအနည်းဆုံးလူ ၁၇ ဦးထက်မနည်း ထိခိုက်ထားတယ်လို့ သတင်းအရင်းအမြစ်တချို့ကအတည်ပြုပါတယ်။ 

ထိခိုက်ဒဏ်ရာရ လူနာများကို လူမှုရေးအသင်းအဖွဲ့များကဆေးရုံသို့ခေါ်ဆောင်သွားပြီးတချို့မှာ စိုးရိမ်ရလူနာများလည်းပါရှိတယ်လို့ဆိုပါတယ်။ လတ်တလောမှာ ပေါက်ကွဲမှု ဖြစ်စဥ်အသေးစိတ်နဲ့ လူသေဆုံးမှုရှိမရှိကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၁၂။ ပခုက္ကူတက္ကသိုလ်နဲ့ ချောက်ကန်ရွာအကြားက ယောင်းမစွန်ဆီဆိုင်ရှေ့ရှိ စကစတပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ဦးနဲ့ ပျူ ဦးသေဆုံးပြီး သေနတ်၂ လက်နဲ့ လက်ထိပ် ခုသိမ်းဆည်းရမိ


ပခုက္ကူတက္ကသိုလ်နဲ့ ချောက်ကန်ရွာအကြားက ယောင်းမစွန်ဆီဆိုင်ရှေ့ရှိ စကစတပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ဦးနဲ့ ပျူ ဦးသေဆုံးပြီး သေနတ်၂ လက်နဲ့လက်ထိပ် ခုသိမ်းဆည်းရမိပါတယ်။ ဒီဇင်ဘာ ၁၈ ရက် နေ့လည် နာရီခွဲလောက်မှာ လက်နက်ငယ်တွေနဲ့စကစတပ်စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့တာလို့ Earthquake People's Defence Force မှအတည်ပြုထားပါတယ်။


ဖြစ်စဥ်မှာ အနောက်ဘုန်းကံရွာက ပျူ ယောက်နဲ့ တပ်မ ၁၀၁ ကစစ်သားများ စစ်ဆေးရေးပြုလုပ်နေစဥ် ပစ်ခတ်ခံရကာ ၃ဦးနေရာတင်သေဆုံး၍ ၁ဦးပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုတွင် အူစီ လက်၊ MA 3 လက်၊ ဆတ်ကြေးကောက်တဲ့စာအုပ်၊ G3 ဘောက်၊ G3 ကျည် ၅၀၀၊ ပိုက်ဆံ သိန်း၊ လက်ထိပ် ခု၊ ဦးထုပ် ခု၊ ပွိင့်ဖိနပ် ရံ၊ သူတို့မှတ်ပုံတင်၊ ဖုန်း လုံးနဲ့ ကား စီးသိမ်းဆည်းနိုင်ခဲ့တယ်လို့ Earthquake People's Defence Force အဖွဲ့ကထုတ်ပြန်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment