(ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ ဒီဇင်ဘာလ ( ၃၁ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
၁။ မင်းတပ်မြို့နယ် ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့သတ်ဖြတ်
မင်းတပ်မြို့အနောက်ဘက် ၅ မိုင်ပတ်ဝန်းကျင် တက္ကသိုလ်ကျောင်းဝန်းအနီးမှာ ဒေသခံပြည်သူ အမျိုးသား ၃ ဦးကို ၂၇၄ တပ်ရင်း စစ်ကောင်စီတပ်က အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ မြေပြင်သတင်းသိရှိထားတဲ့ ဒေသခံတစ်ဦးက The Mindat Post ကို ပြောပါတယ်။
“ဘာတိုက်ပွဲမှ မရှိဘူး၊ သူတို့ ဆိုင်ကယ်စီးလာတဲ့ချိန် ကင်းလှည့်တဲ့ စစ်ခွေးတွေနဲ့ ဆုံတော့ ပလိုင်းကြီးအဖမ်းခံရတာ၊ ရုပ်အလောင်းတွေ ပြန်ရပြီလို့တော့ထင်တယ်၊ အမျိုးသား ၃ ဦးဆိုတာ သေချာပါတယ်” လို့ ပြောပါတယ်။ မင်းတပ်မြို့ပေါ် နယ်မြေခံတပ်ရင်း ၂၇၄ မှာ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး နေ့တိုင်းလမ်းမပေါ် ကင်းလှည့် စစ်ဆေးမေးမြန်းတာမျိုးရှိနေတယ်လို့လည်း သူကဆက်ပြောပြပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channel တွေမှာတော့ မင်းတပ်မြို့နယ် ပန်းအော့ကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့ ပစ်ခတ်မှုရှိပြီးတဲ့နောက် ကာကွယ်ရေးတပ်ဘက်က ကျဆုံးမှုရှိကြောင်းနဲ့ လက်လုပ်တူမီးသေနတ် သိမ်းဆည်း ရမိတယ်လို့ ဝါဒဖြန့် စွပ်စွဲထားပါတယ်။
သတ်ဖြတ်ခံထားရတဲ့ မင်းတပ်ဒေသခံပြည်သူ အမျိုးသား ၃ ဦးနဲ့ပတ်သက်ပြီး CDF မင်းတပ်ဘက်က တစုံတရာ ထုတ်ပြန်ထား တာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ မင်းတပ်မြို့ခံ လူငယ် ၂ ဦး စစ် ကောင်စီရဲ့ ဖမ်းဆီးခံထားရပါတယ်။ အဲဒီ လူငယ် ၂ ဦးဟာ ပခုက္ကူမြို့မှာ မိသားစု ဆေးကုဖို့ သွားတာဖြစ်ပြီး မင်းတပ်ကြားစခန်းမှာ ဝင် ရောက်ဖမ်း ဆီးခံရတာ လို့ သိရပါတယ်။
=====================
၂။ ဆောမြို့နယ်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ပစ်လို့ အသက်ဆုံးရှုံးတဲ့ ဒေသခံပြည်သူ ၄ ဦးထိရှိလာ
မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ လေယာဥ်က ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်မှာ လာရောက်ပစ်ခတ်လို့ ပြည်သူသေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှု ရှိတယ်လို့ သိရပါတယ်။
ဆောမြို့နယ်က ကျေးရွာတစ်ရွာမှာ စစ်ကောင်စီ ဂျက်တိုက်လေယာဥ်နဲ့ ပစ်လို့ ဒေသခံပြည်သူ ၄ ဦးအထိသေဆုံးပြီး လက်ရှိချိန်ထိ ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိနေပြီလို့ ပစ်ခတ်ခံရတဲ့ ကျေးရွာဒေသခံတစ်ဦးက The Mindat Post ကို ပြောပါတယ်။
“ရွာထဲကို တမင်လာပစ်တာပါ၊ လောလောဆယ် ၄ ယောက်ဆုံးပြီလို့ အတည်ပြုလို့ရတယ်၊ ဒဏ်ရာရတဲ့သူ ၅ ယောက် ရှိပါတယ်၊ ဒဏ်ရာက အရမ်းကြီးမစိုးရိမ်ရဘူး” လို့ သူက ပြောပြပါတယ်။
အသက်ဆုံးရှုံးရတဲ့ ဒေသခံပြည်သူ ၄ ဦးထဲမှာ ၃ ဦးက အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး တစ်ဦးက အသက် ၅၅ ဝန်းကျင် အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် နေအိမ် အနည်းဆုံး ၄ လုံးခန့် ပျက်စီးပြီး နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေ ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာ မကွေးတိုင်းအတွင်းမှာ နေ့စဥ်ဆိုသလို ခပ်စိတ်စိတ်လှုပ်ရှားနေတာကြောင့် ဒေသခံပြည်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ကိုလည်း ဒေသခံ ကာကွယ်ရေးတပ်တွေက အသိပေးထားပါတယ်။
=====================
၃။ ရဲတပ်ဖွဲ့ဝင် တစ်ဦး CDF - Daai ထံသို့ အလင်းဝင်
ဒီဇင်ဘာလ ၁၉ ရက် နေ့က ရဲတပ်ဖွဲ့ဝင် တစ်ဦး အလင်းဝင် ရောက်လာ တယ်လို့ CDF Daai က ဒီဇင်ဘာ ၂၄ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။ အဆိုပါ ရဲတပ်ဖွဲ့ဝင် တစ်ဦးဟာ မန္တ လေးတိုင်း ဒေသကြီး အမရပူရ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား လေဆန်း (ကိုင်ပိုင် အမှတ် လ/၂၇၈၅၁၃) ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
စစ် ကောင်စီ လက် အောက်မှာ ဆက်လက်တာဝန်ထမ်း ဆောင်လိုခြင်း မရှိတာ ကြောင့် အခုလို အလင်းဝင်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက် ယူ ဆောင်လာခြင်း ရှိမရှိကို တော့ ထုတ်ပြန်ချက်မှာ မ တွေ့ရပါဘူး။ CDF Daai အ နေနဲ့ ယင်းရဲတပ်သားကို နွေး ထွေးစွာ ကြိုဆိုခဲ့ပြီး လွတ် မြောက်နယ် မြေ တစ် နေရာကို ပို့ ဆောင်ပေးနိုင်ခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ် ကောင်စီလက် အောက်မှာ တာဝန်ထမ်း ဆောင်လိုခြင်းမရှိ တော့တဲ့ ပြည်သူ့ရဲများကို ကြိုဆိုလက်ခံသွားမယ်လို့လည်း CDF Daai က ဆိုပါတယ်။ အလားတူပဲပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက် နေ့မှာလည်း စစ် ကောင်စီ စစ်သားတစ်ဦး CDF Daai ထံကို အလင်းဝင် ရောက်ခဲ့ပါ တယ်။
=====================
၄။ ဒီမိုကရေစီလှုပ်ရှားသူတွေကို ထောက်ပံ့မယ့် NDAA ဥပဒေ သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုး
မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ပေးမယ့် (NDAA) ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ထိုးလိုက်ပြီလို့ RFA Burmese ရဲ့ ရေးသားချက်အရ သိရပါတယ်။
နည်းပညာနဲ့ လူကို သေစေခြင်းမရှိတဲ့ အကူအညီမျိုး ထောက်ပံ့ပေးမယ့် အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို အမေရိကန် သမ္မတက ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်တာပါ။
အဲဒီဥပဒေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူဖို့လည်း ပါဝင်ပါ တယ်။ ဒီဥပဒေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO) တွေအပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေကို နည်းပညာနဲ့ လူကိုသေစေနိုင်တာ မရှိတဲ့ အရာတွေကို ထောက်ပံ့ ကူညီပေးသွားဖို့ ရေးသားထားပါတယ်။
NDAA ဥပဒေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာ့ဒီမိုကရေစီအရေး အင်အားစုတွေက ထောက်ခံကြိုဆို ကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလ ၁၆ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment