6th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တွေဟာ ခွင့်လွှတ်နိုင်စရာတစ်ကွက်မှ မရှိဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

📌 ၂။ တိုင်းရင်းသားမဟာမိတ် ERO များနှင့် ညှိနှိုင်းဆွေးနွေး ပေါင်းစပ်ပြီး တော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မည့် နှစ်တစ်နှစ်ဖြစ်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း အသိပေးပြောကြား

📌 ၃။တမူးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးဖော်ထုတ် သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရကထိရောက်စွာ အရေးယူသွားမယ်

📌 ၄။ ဝန်ကြီးဌာနများအနေဖြင့် မြေပြင်များတွင် အကောင်းဆုံးချိတ်ဆက်နိုင်သည့် အဖွဲ့အစည်း တခုဖြစ်ရေး စီစဉ်ဆောင်ရွက်ကြရန်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အကြံပြုဆို

📌 ၅။ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မီးဘေးသင့်ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရန် နေအိမ်များ ဆောက်လုပ်ပေးမှုကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကျေးဇူးတင်စကားဆို

📌 ၆။ စစ်အုပ်စုဟာ သေဒဏ်နဲ့အမိန့်ချမှတ်ခြင်းကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်

📌 ၇။ စစ်ကောင်စီ လူသားဆန်မှု၊ ဒီမိုကရေစီနှင့် တရားမျှတမှုဆိုင်ရာ သဘောတရားများကို ဖီဆန်နေပြီးတော့ ၄င်းတို့လုပ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်မီ ရပ်တန့်နိုင်သေးတယ်လို့ဆို

📌 ၈။ ပညာရေး၀န်ကြီးဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပမယ်

📌 ၉။ စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ဒီပဲယင်းနဲ့ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များ ယနေ့မနက် စစ်ကြောင်းထိုးဝင်ရောက်သောင်းကျန်း

📌 ၁၀။ မုံရွာ-အရာတော်လမ်းပိုင်းအား အသုံးမပြုရန် မေတ္တာရပ်ခံ

📌 ၁၁။ ဒီဇင်ဘာလ ၁၁ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုကို ဝင်ငွေအများဆုံးထောက်ပံ့ပေးနေတဲ့ ထိုင်းနိုင်ငံပိုင် PTT ၏ထုတ်ကုန်များနှင် PTT နှင့်ဖက်စပ် ပြည်တွင်းမြန်မာကုမ္မဏီများကို သပိတ်မှောက်မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တွေဟာ ခွင့်လွှတ်နိုင်စရာတစ်ကွက်မှ မရှိဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား


ဒီဇင်ဘာ () ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားလိုက်ပါတယ်။


"မြန်မာပြည်သူလူထုဟာ  အကြမ်းဖက်စစ်ကောင်စီ က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရအောင် မလုပ်နိုင်ဘဲနဲ့ စစ်မှန်တဲ့ အပြောင်းအလဲ မဖြစ် ဘူးလို့ ခံယူထားကြပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ သဘောထားနဲ့ ထပ်တူဖြစ်ကြောင်း ထပ်လောင်း ပြောကြားချင်ပါတယ်။ လူထုဟာ စစ်အုပ်စုကို သူတို့ကျူးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက စဉ်းစားခန်းထုတ်နေပြီလားလို့ ထင်မြင်နေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တွေဟာ ခွင့်လွှတ်နိုင်စရာ/ နားလည်ပေးချင်စရာ တစ်ကွက်မှ မရှိပါဘူး"လို့ဆိုပါတယ်။


ဒါ့အပြင် အစိုးရရဲ့ မူဝါဒလမ်းစဉ် ကလည်း တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်း လမ်းစဉ်ပဲဖြစ်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ တိုင်းရင်းသားမဟာမိတ် ERO များနှင့် ညှိနှိုင်းဆွေးနွေး ပေါင်းစပ်ပြီး တော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မည့် နှစ်တစ်နှစ်ဖြစ်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း အသိပေးပြောကြား


ဒီဇင်ဘာ ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုဆိုပါတယ်။


" လက်ရှိ ကြားကာလ စိုးမိုးထိန်းချုပ်နယ်မြေမှာ ဖြစ်ပေါ်နေသည့်အချက်အလက်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် အကြံပြုချက်များကို ထည့်သွင်း ပြောကြားပေးရန် အလေးအနက် တောင်းဆိုပါကြောင်း၊ ကော်မတီအနေနဲ့ ဗဟိုအစည်းအဝေးအပြင် ဒေသအလိုက် ပအဖ အစည်းအဝေးများကို တက်ရောက်ပြီး အပတ်စဉ် ကြားနာသိလာရသည့် မြေပြင်စီမံခန့်ခွဲမှု ပြဿနာများကို အဆက် မပြတ်ကြိုးစားဖြေရှင်းဆောင်ရွက်နေပါကြောင်း၊ ယခုဆိုလျှင် အမျိုးသားညီညွတ်ရေးအစိုးရ၏ တစ်နှစ်တာ မဟာဗျူဟာ အစီအမံကို ချမှတ်ပြီး ဝန်ကြီးဌာနအသီးသီး၏ ကော်မတီတို့မှာ တိုင်းရင်းသားမဟာမိတ် ERO များနှင့် ညှိနှိုင်းဆွေးနွေး ပေါင်းစပ်ပြီး တော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မည့် နှစ်တစ်နှစ်ဖြစ်ရန် စီမံဆောင်ရွက်လျက်ရှိသည်ကို အသိပေး ပြောကြား လိုကြောင်း"ဆိုပါတယ်။


 ဒါ့အပြင်တော်လှန်ရေး၏ အရေးပါဆုံး လုပ်ငန်းဖြစ်သည့် စိုးမိုးထိန်းချုပ် နယ်မြေများတွင် ဒေသန္တရအုပ်ချုပ်ရေး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်း  ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။တမူးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးဖော်ထုတ် သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရကထိရောက်စွာ အရေးယူသွားမယ်

=============


ဒီဇင်ဘာလ ရက်တမူးမြို့ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် PDF များအား သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု၌ ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံခဲ့သည်ကိုတွေ့ရှိရသည်။ အဆိုပါ ဗွီဒီယိုတွင် ပါဝင်သော လုပ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သွေဖည်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


အဆိုပါဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများအရ လုံးဝလက်သင့်မခံနိုင်သည့် ကိစ္စရပ်ဖြစ်သောကြောင့် ဖြစ်စဉ်နှင့်ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းစစ်ဆေးဖော်ထုတ် သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ဆိုပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင်ယခုဖြစ်စဉ်ကဲ့သို့သော ကိစ္စရပ်မျိုး နိုင်ငံတော်၏ မည်သည့်နေရာတွင်မှ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကအသိပေးကြေညာပါတယ်။


========================


📌📌 ၄။ ဝန်ကြီးဌာနများအနေဖြင့် မြေပြင်များတွင် အကောင်းဆုံးချိတ်ဆက်နိုင်သည့် အဖွဲ့အစည်း တခုဖြစ်ရေး စီစဉ်ဆောင်ရွက်ကြရန်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အကြံပြုဆို


ဒီဇင်ဘာ ရက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကအခုလို အကြံပြုဆိုပါတယ်။


"အဖွဲ့အစည်းများကို တည်ဆောက်ရာတွင် ဝန်ကြီးဌာနများ၌ ဆောင်ရွက်နေရသည့် ပုဂ္ဂိုလ်များသည် နိုင်ငံတကာ အခင်းအကျင်းများ၊ ဥပဒေအရ တရားဝင်ရန်နှင့် ယှဉ်ပြိုင်နေရသည့် စစ်ကောင်စီကို ယှဉ်နိုင်သည့် အုပ်ချုပ်ရေးယန္တရားကို တည်ထောင်ရန်၊ လစ်ဟင်းသွားနိုင်သည့် အုပ်ချုပ်ရေးလေဟာနယ်ကို ဖြည့်ဆည်းနိုင်ရန်အတွက် စီစဉ်ရသည့် မူဝါဒများ ဆောင်ရွက်နေရမှုများကို တွေ့မြင်ရပြီး အင်မတန် လေးစားပါကြောင်း၊ တပြိုင်နက်တည်းမှာပင် အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရသည့် ကြားထဲတွင် ကွာခြားချက် အမြင်မတူမှုများ ရှိလာမှုကို တွေ့ရကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် မြေပြင်များတွင် အကောင်းဆုံးချိတ်ဆက်နိုင်သည့် အဖွဲ့အစည်း တခုဖြစ်ရေး စီစဉ်ဆောင်ရွက်ကြရန် အကြံပြုလို ကြောင်း၊ တာဝန်ပေးအပ်ထားသောပုဂ္ဂိုလ်များနှင့် တာဝန်ယူနိုင်သော အခြေအနေနဲ့ ကိုက်ညီမှု ရှိ/မရှိ ထိရောက်စွာ ဆောင်ရွက်နိုင်မှုများကို အချိန်နှင့်တပြေးညီ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်များအပြင် စိစစ်ရသည့် ပုဂ္ဂိုလ်တို့သည် အမြင်ရှင်းရှင်းဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုး ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း"ဆိုခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၅။ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မီးဘေးသင့်ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရန် နေအိမ်များ ဆောက်လုပ်ပေးမှုကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကျေးဇူးတင်စကားဆို


ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မီးဘေးသင့်ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရန် နေအိမ်များ ဆောက်လုပ်ပေးမှုကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီဇင်ဘာ ရက် Twitter မှာ ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။


"ချောင်းဦး PDF ရဲ့ဝန်ဆောင်မှုအတွက် ကျေးဇူးတင်တယ်" လို့ဆိုထားပါတယ်။


လက်ရှိမှာချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်သည်တော်များသည် မီးဘေးသင့်ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရန် နေအိမ်များ ဆောက်လုပ်ပေးလျက်ရှိပါတယ်။ စစ်ကောင်စီတပ်များဟာ တစ်နိုင်ငံလုံးမှာ နေအိမ်နဲ့အဆောက်အဦပေါင်း လေးသောင်းနီးပါး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၆။ စစ်အုပ်စုဟာ သေဒဏ်နဲ့အမိန့်ချမှတ်ခြင်းကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်


ဒီဇင်ဘာလအတွင်း မှာ သေဒဏ်ချမှတ်တာနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုမှတ်ချက်ပေးပြောကြားခဲ့ပါတယ်။


"ဒီစစ်အုပ်စုဟာ သေဒဏ်နဲ့အမိန့်ချမှတ်ခြင်းကို လက်နက်သဖွယ်အသုံးပြုပြီး ပြည်သူတစ်ယောက်ခြင်းရဲ့ အသက်ရှင်သန်ခွင့်ကိုမသိကျိုးကျွံပြုပြီး ချိုးဖောက်နေတာဖြစ်တယ်။နိုင်ငံတကာ လူ့အခွင့်အရေးစံတွေကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီအခွင့်အရေးတွေကို ကန့်သတ်နေတာဖြစ်တယ်"လို့ဆိုပါတယ်။


ဒဂုံတက္ကသိုလ် ကျောင်းသား () ဦးနှင့်ပြည်သူ (၁၂) ဦး စုစုပေါင်း (၁၉) ဦးကို  အကြမ်းဖက် စစ်အုပ်စုမှ နိုဝင်ဘာလ (၃၀) ရက် ၂၀၂၂ ခုနှစ်တွင် သေဒဏ်ချမှတ်ခဲ့ပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီ လူသားဆန်မှု၊ ဒီမိုကရေစီနှင့် တရားမျှတမှုဆိုင်ရာ သဘောတရားများကို ဖီဆန်နေပြီးတော့ ၄င်းတို့လုပ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်မီ ရပ်တန့်နိုင်သေးတယ်လို့ဆို


စစ်ကောင်စီ လူသားဆန်မှု၊ ဒီမိုကရေစီနှင့် တရားမျှတမှုဆိုင်ရာ သဘောတရားများကို ဖီဆန်နေပြီးတော့ ၄င်းတို့လုပ်ရပ်များကို နိုင်ငံတကာအသိုင်း အဝိုင်းက အချိန်မီရပ်တန့်နိုင်သေးတယ်လို့ဒီဇင်ဘာ၆ရက် Twitter မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုခဲ့ပါတယ်။


"စစ်ကောင်စီသည် လူသားဆန်မှု၊ ဒီမိုကရေစီနှင့် တရားမျှတမှုဆိုင်ရာ သဘောတရားများကို ဖီဆန်နေပါတယ်။ကျောင်းသားသမဂ္ဂများကို တရားမ၀င် ဖမ်းဆီးခြင်း၊ စစ်ခုံရုံးတင်ကာ သေဒဏ်ပေးခြင်းတို့ကို လုပ်ဆောင်နေပြီး ဒီလူသတ်မှုတွေကို ရပ်တန့်နိုင်ပါသေးတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်ရမည့်အချိန်ဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ လူပေါင်း တစ်သောင်း ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ လူပေါင်း နှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၈။ ပညာရေး၀န်ကြီးဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပမယ်


ပညာရေး၀န်ကြီးဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပမယ်လို့ ဒီဇင်ဘာ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနကအသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်း လူ့အခွင့်အရေးဆိုင်ရာ သုသေတနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာ လူအခွင့်အရေး စံနှုန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အကြမ်းမဖက် အာဏာဖီဆန်ရေးတွင် ပါဝင်ကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ပညာရေးဝန်ထမ်းများ၏ လူမှုဘဝဖွံ့ဖြိုးရေးကို ရည်ရွယ်၍ ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ နှင့် ပူးပေါင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ရက်နေ့တွင် ခမ်းနားစွာ ကျင်းပပါမယ်"လို့ဆိုပါတယ်။


ဒီဇင်ဘာလ (၁၀) ရက်နေ့ဟာကမ္ဘာ့လူ့အခွင့်အရေးနေ့အဖြစ်  ကုလသမဂ္ဂအဖွဲ့အစည်းမှ သတ်မှတ်ထားကာနှစ်စဉ်နှစ်တိုင်းကမ္ဘာ့ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနားပွဲများကို ဆောင်ပုဒ်များသတ်မှတ်ကာ နိုင်ငံအသီးသီးတွင် ကျင်းပကြပါတယ်။


========================


📌📌 ၉။ စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ဒီပဲယင်းနဲ့ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များ ယနေ့မနက် စစ်ကြောင်းထိုးဝင်ရောက်သောင်းကျန်း


ဒီဇင်ဘာ ရက် မနက်ပိုင်းမှစတင်ကာစစ်ကိုင်းတိုင်းရှိ မြို့နယ်များကို အကြမ်းဖက်စစ်တပ်ကဝင်ရောက်သောင်းကျန်း ဖျက်ဆီး နေတယ်လို့ ဒေသသတင်းအရင်းအမြစ်များကအတည်ပြုပါတယ်။


"ဒီဇင်ဘာ၆ရက်မနက်ပိုင်းစစ်အုပ်စုဟာ ဆားလင်းကြီးမြို့နယ် တရားကျေးရွာကို အထိုင်ရှိနေပြီး ရှမ်းကိုင်းကျေးရွာနှင့် အုန်းတောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်"လို့ ဆိုပါတယ်။


အလားတူဒီပဲယင်းမြို့နယ်အရှေ့ခြမ်း နများကျေးရွာသို့ ဒုတိယအကြိမ်ဝင်ရောက်ကာ ပြည်သူ့နေအိမ်များကို အတန်းလိုက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၄င်းစစ်ကြောင်းဟာ ဒီပဲယင်းယဉ်ကျေးရွာကို ရှေ့ပြေး ဦးတည်နေတယ်လို့လည်းသတင်းရရှိပါတယ်။


ဒါ့အပြင်မနက်အစောပိုင်းအချိန်က ရေဦးတိုင်းရင်းဆေးရုံအတွင်းမှထွက်လာတဲ့ စကစတပ်ကား ၁စီးဟာ  ကြာဖူးဝိုင်းဘက်ရောက်ရှိပြီး  ကားပေါ်မှစကစတပ် ၁၅ ဦးခန့်ဟာ သံလမ်းကူးအကျော်မှ ခင်ဦးနယ်အနောက်ခြမ်း ညောင်ပင်ကြီးစုရွာတွေဘက်ကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။


========================


📌📌 ၁၀။ မုံရွာ-အရာတော်လမ်းပိုင်းအား အသုံးမပြုရန် မေတ္တာရပ်ခံ


စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်းအား ပြည်သူလူထုကအသုံးမပြုရန် ဒီဇင်ဘာ၆ရက်မှာ god_of_monyaw တပ်ဖွဲ့ကအရေးပေါ်သတိပေးထုတ်ပြန်ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။


"မုံရွာ-အရာတော်လမ်းပိုင်းတွင် စကစတပ်များ ခြေရှုပ်နေပါသဖြင့် ယခုချိန်မှစ၍ မုံရွာ-အရာတော်လမ်းပိုင်းအား အသုံးမပြုရန် မေတ္တာရပ်ခံအပ်ပါတယ်"လို့ဖော်ပြပါတယ်။ ကျန်းမာရေးနဲ့သေရေးရှင်ရေးမှလွှဲ၍မုံရွာ_အရာတော်လမ်းပိုင်းအားလုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ဆိုထားပါတယ်။


ဒါ့အပြင်အိမ်စီးကားများမှန်ချမောင်းနှင်ရန်နဲ့ဘေးကင်းစွာပြန်လည်အသုံးပြုရမည့်အချိန် ကိအဖွဲ့မှထုတ်ပြန်ကြေငြာပေးမယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၁၁။ ဒီဇင်ဘာလ ၁၁ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုကို ဝင်ငွေအများဆုံးထောက်ပံ့ပေးနေတဲ့ ထိုင်းနိုင်ငံပိုင် PTT ၏ထုတ်ကုန်များနှင် PTT နှင့်ဖက်စပ် ပြည်တွင်းမြန်မာကုမ္မဏီများကို သပိတ်မှောက်မယ်


ဒီဇင်ဘာ ရက်မှာ သွေးစွန်းငွေဖြတ်တောက်ရေးကအခုလိုထုတ်ပြန်ထားပါတယ်။


"မိဘပြည်သူများခင်ဗျာ လာမည့်ဒီဇင်ဘာလ ၁၁ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုကို ဝင်ငွေအများဆုံးထောက်ပံ့ပေးနေတဲ့ ထိုင်းနိုင်ငံပိုင် PTT ၏ထုတ်ကုန်များနှင် PTT နှင့်ဖက်စပ် ပြည်တွင်းမြန်မာကုမ္မဏီများကို သပိတ်မှောက်သည့်သွေးငွေဖြတ်ဆိုသည့် ပြည့်သူ့ဒဏ်ပေး လှုပ်ရှားမှုတွင် မိဘပြည်သူများအနေနှင့်ပါဝင်ပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါတယ်"လို့ဖော်ပြထားပါတယ်။


PTT ဟာ ထိုင်းနိုင်ငံ အခြေစိုက် ရေနံနံစွမ်းအင် လုပ်ငန်းဖြစ်ပြီးတော့ စစ်အုပ်စုထံ ဝင်ငွေများတိုက်ရိုက်စီးဆင်းနေတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment