10th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ကြေညာခြင်း

📌 ၂။ မဟာဗျူဟာမြောက် ပစ်မှတ်ထောက်လှမ်းရေး သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

📌 ၃။ CDM မူဝါဒ ကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံးအတည်ပြုပေးရေး အတွက် ကျန်းမာရေး အင်အားစုများ စုပေါင်းပြီး ကြေညာချက်ထုတ်ပြန်လိုက်တဲ့သတင်း

📌 ၄။ အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေ ကို အရေးယူမယ်လို့ (CDF) အသိပေး

📌 ၅။ မင်းဘူး၊ ပွင့်ဖြူ၊ ချောက်မြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံရ

📌 ၆။ ရေးမြို့နယ်တွင် တော်လှန်ရေး ရဲဘော်များကို  ထောက်လှမ်းနေသည့် ဗိုလ်ကြီး ညီညီ ကို YGF က ပစ်ခတ်ရှင်းလင်းလိုက်တဲ့သတင်း

📌 ၇။ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ  ပါဝင်နေတဲ့ ဝန်ထမ်းတွေ ဆက်လက်လုပ်ဆောင်နေရင် လိုအပ်သလိုအရေးယူမယ်လို့ တနင်္သာရီ - ပအဖ သတိပေးလိုက်တဲ့သတင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ကြေညာခြင်း


အမိန့်ကြေညာစာမှတ် (/၂၀၂၃) ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်ပါတယ် ကြေငြာချက်အပြည့်အစုံမှာ


၁။ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စုသည် တရားမဝင် အတု အယောင် ရွေးကောက်ပွဲအတွက် ဇန်နဝါရီလ () ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာတစ်အိမ်တက်ဆင်းလူဦးရေစာရင်း ကောက်ယူသွားရန် ဆောင်ရွက်လျှက်ရှိသော်လည်း အချို့သောနေရာများတွင် ဇန်နဝါရီလ ရက်နေ့ ကတည်းက စစ်ကောင်စီ၏ လက်ကိုင်တုတ် ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် လဝကအဖွဲ့များက လူဦးရေနှင့် သန်းခေါင်စာရင်းများကို အတင်းအကျပ်ကောက်ခံနေပြီဖြစ်ကြောင်း သိရှိရပါသည်။


၂။ အဆိုပါ အကြမ်းဖက်,ဖက်ဆစ် စစ်အုပ်စု၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်_

(က) ပြည်သူများအနေဖြင့် ဇန်နဝါရီလ () ရက်နေ့မှ (၃၁) ရက်နေ့အထိ အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စု၏ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်၍  မပူးပေါင်းကြရန် မေတ္တာရပ်ခံ အပ်ပါသည်။

( ) တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက်, ဖက်စစ်စစ်အုပ်စု၏ အုပ်ချုပ် ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို  အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။


(ပုံ)လွင်ကိုလတ်

ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ ဟူ၍ ထုတ်ပြန်ကြေငြာချက်မှာ ပါရှိပါတယ်။


========================


📌📌 ၂။ မဟာဗျူဟာမြောက် ပစ်မှတ်ထောက်လှမ်းရေး သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


၂၀၂၃ ခုနစ် ဇန်နဝါရီလ ရက် တနင်္လာနေ့ နေ့လယ်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးပို့သော မဟာဗျူဟာမြောက် ပစ်မှတ်ထောက်လှမ်းရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် အတွင်းဝန်၊ ဗဟိုထောက်လှမ်းရေးအဖွဲ့ဝင်များ၊ သင်တန်းဆရာများနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ထောက်လှမ်းရေးအဖွဲ့ဝင်သင်တန်းသားများ စုံစုံလင်လင်တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက မဟာဗျူဟာမြောက်ပစ်မှတ်ထား ထောက်လှမ်းခြင်းများကို ဦးစားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကိုလည်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီကို ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်နိုင်သည့် အဆင့်အတန်းပြည့်ဝသော intel Product များစွာ ကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများကလည်း အကြမ်းဖက်စစ်ကောင်စီ၏ အချက်အလက်များ အသင့်ရှိနေပြီဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် intel Product များ ဖြစ်လာစေရန် အဆင့်မြှင့်တင်ကြမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီကို ထိုးနှက်ရန်အချိန်ပြည့် ကြိုးစားအားထုတ်နေမည်ဖြစ်ကြောင်း ပြန်လည်တင်ပြဆွေးနွေးခဲ့ပါသည်။ 

အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ကျင်းပသော  မဟာဗျူဟာမြောက် ပစ်မှတ်ထောက်လှမ်းရေး သင်တန်းသည် (..၂၃) ရက်နေ့မှ (..၂၃) ရက်နေ့အထိ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန၊ တိုင်းနှင့် ပြည်နယ်အဖွဲ့ဝင်များ၊ ခရိုင်အဖွဲ့ဝင်များ၊ မြို့နယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး စုစုပေါင်းသင်တန်းသား ဦးရေ (၁၀၀) ကျော် တက်ရောက်ပါတယ်။


========================


📌📌 ၃။ CDM မူဝါဒ ကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံးအတည်ပြုပေးရေး အတွက် ကျန်းမာရေး အင်အားစုများ စုပေါင်းပြီး ကြေညာချက်ထုတ်ပြန်လိုက်တဲ့သတင်း


စစ်အာဏာရှင်ကို တွန်းလှန်ရာမှာ ရှေ့တန်းမှပါဝင်ခဲ့တဲ့ ပြည့်သူ့ဝန်ထမ်းကောင်းများအတွက် နိုင်ငံဝန်ထမ်း CDM မူဝါဒ (CDM policy) ကို အတည်ပြုချမှတ်ဖို့ရှိရာမှာ  နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံးလုပ်ဆောင်ဖို့အတွက် ကျန်းမာရေးအင်အားစု ဖွဲ့က ပူးပေါင်းပြီးတော့ ဇန်နဝါရီ ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ကိုထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ  CDM ဝန်ထမ်းများကို အလုပ်အကိုင်အခွင့်အလမ်းများအပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိရောက်သော ကူညီထောက်ပံ့မှုများ ပေးအပ်ကြရန် ပြည်သူလူထုကို အထူးတိုက်တွန်းထားတာ တွေ့ရပါတယ်။ တော်လှန်ရေးကို ဦးဆောင်လျက်ရှိကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း နိုင်ငံဝန်ထမ်း CDM မူဝါဒ (CDM policy) ကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံး ဆုံးဖြတ်အတည်ပြု ပေးကြရန် အလေးအနက်တိုက်တွန်းလိုတယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုက CDM ကျန်းမာရေးဝန်ထမ်းများကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လျက်ရှိရာမှာစစ်အုပ်စုအလိုကျ ပူးပေါင်းနေတဲ့  Non-CDM တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျန်းမာရေးမိသားစု မန္တလေး၊ CDM ဆေးပညာကွန်ရက်၊ ရန်ကုန်ဆေးပညာကွန်ရက်၊ ချင်းတွင်းဆေးပညာကွန်ရက်၊ ကရင်နီ သားဖွားဆရာမများရပ်ဝန်း၊ ကရင်နီ သူနာပြု အစည်းအရုံး၊ ကရင်နီဆရာဝန်များရပ်ဝန်း၊ CDM ကွန်ရက် ချင်းပြည်နယ် အစရှိတဲ့ အဖွဲ့ ဖွဲ့က ပူးပေါင်းပြီး ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Non CDM များဟာ စစ်ကောင်စီအလိုကျ CDM ကျန်းမာရေးဝန်ထမ်းများအပေါ် ဖိနှိပ်နေတာက သက်သေသာဓကများနဲ့တကွ အထင်အရှားဖြစ်ကြောင်း အခုလို အကြမ်းဖက်လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ခဲ့မှုအဆင့်အလိုက် Non-CDM ဝန်ထမ်းများကို ပြည်သူ့တရားစီရင်ရေး ဥပဒေများနဲ့အညီ ပြစ်မှုပြစ်ဒဏ်များ ချမှတ်သွားမှာ ဖြစ်တဲ့အတွက် Non-CDM များအနေနဲ့ ချက်ချင်းရပ်တန့်ကြရန် ပြင်းထန်စွာ သတိပေးထားပါတယ်။ သတိပေးနေလျက်က  CDM ကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ ဆက်လက်ဖိနှိပ်နေမယ်ဆိုပါက  အကြမ်းဖက်စစ်အုပ်စုထောက်တိုင် Non-CDMဝန်ထမ်းများကို  အပြင်းထန်ဆုံး တုံ့ပြန်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ အသိပေး ထားတာတွေရပါတယ်။ တော်လှန်ရေးကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း နိုင်ငံဝန်ထမ်း CDM မူဝါဒ (CDM policy) ကို နှောင့်နှေးခြင်းမရှိဘဲအမြန်ဆုံး ဆုံးဖြတ်အတည်ပြု ပေးကြဖို့အတွက် ပူးပေါင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေ ကို အရေးယူမယ်လို့ (CDF) အသိပေး


မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ပြီး တရားဝင်အစိုးရဖြစ်နိုင်ရေးကြိုးစားမှုကို လုံး၀ကန့်ကွက်တယ်လို့ ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ကောင်စီ က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို   ဟားခါးမြို့နယ်အတွင်းမှာ ကျင်းပခွင့်ပေးမှာ မဟုတ်သလို အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖြစ်မြှောက်ရေး အတွက် ပါဝင်ဆောင်ရွက်သူတွေကိုလည်း   ပြည်သူလူထုရဲ့ ရန်သူများအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာအရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

အကြမ်:ဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦးအား ထိခိုက်မှုတစ်စုံတစ်ရာရှိပါက တာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဟားခါး CDF ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သူ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြည်သူတွေကို အသိပေးထားပါတယ်။

စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အဘက်ဘက်က အထိနာနေတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအသက်သွင်းဖို့၊ သူတို့ရဲ့ အာဏာကို ဆက်လက်ထိန်းထားဖို့ ကြိုးပမ်းနေတာဖြစ်လို့  အကြမ်းဖက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ပြည်သူလူထုတွေကို တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။ လက်ရှိမှာ စတင် ဆောင်ရွက်နေတဲ့  ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူခြင်းများကိုလည်း ပူးပေါင်း ဆောင်ရွက်ခြင်းမပြုရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၅။ မင်းဘူး၊ ပွင့်ဖြူ၊ ချောက်မြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံရ


မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ ချောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းတင်တို့ကို ဇန်နဝါရီလ ရက်နေ့က စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးသွားကြောင်း သိရှိရပါတယ်။ အဖမ်းဆီးခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဟာပွင့်ဖြူမြို့နယ် ရှားတောကျေးရွာမှ နေအိမ်တစ်ခုတွင် တိမ်းရှောင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဦးဝင်းဝင်းအပါအဝင် ဇနီးဖြစ်သူ၊ သားသမီးသုံးဦးနှင့်အတူ စလင်း NLD အလုပ်အမှုဆောင် ဦးဖိုးကျော်၊ ချောက်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းတင်တို့ကို နံနက် နာရီခန့်တွင် ဖမ်းဆီး သွားခြင်းဖြစ်ပြီး ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းမှာ နေ့လည်ပိုင်းတွင် ရွာမှ ရှောင်တိမ်းနေစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ရွာကလူငယ်တွေကိုလည်း ရိုက်နှက်ပြီးတော့ ခေါ်သွားတာ။ ဖုန်း အလုံး ၇၀ လည်းပါသွားတယ်။ ဖမ်းသွား တာအများကြီးပဲ မဆိုင်တဲ့သူတွေလည်း ပါတယ်။ ပြီးတော့ ရှောင်တိမ်းတာကိုလက်ခံတဲ့ အိမ်ကအိမ်ရှင် ကိုလည်း ဖမ်းသွားတယ်လို့ ရွာသားတဦးကပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူများအနက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းဟာ  ၂၀၁၅ ရွေးကောက်ပွဲတွင် မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေး ကောက်တင်မြောက်ခံခဲ့ရသလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အဆိုပါမဲဆန္ဒနယ်မှပင် ထပ်မံအနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် မိသားစုဝင်များကို မည်သည့် နေရာသို့ခေါ်ဆောင်သွားသည်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် လွှတ်တော်ကိုယ်စား လှယ်များကို ပြည်သူ့ခုခံတော် လှန်စစ်စတင်ချိန်ကတည်းက  PDF နှင့်ပတ်သက်ဆက်နွှယ်ကာ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နေသည်စွပ်စွဲကာ အာဏာသိမ်းစစ်ကောင်စီက  လိုက်လံ ဖမ်းဆီးထောင်ချမှုများကို ကျူးလွန်နေတာ ဖြစ်ပါတယ်။


========================


📌📌 ၆။ ရေးမြို့နယ်တွင် တော်လှန်ရေး ရဲဘော်များကို  ထောက်လှမ်းနေသည့် ဗိုလ်ကြီး ညီညီ ကို YGF က ပစ်ခတ်ရှင်းလင်းလိုက်တဲ့သတင်း


မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်  စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို  ထောက်လှမ်း ဒုက္ခပေးနေသည့် ဗိုလ်ကြီး ညီညီ ကို YGF က ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေးပျောက်ကျား တပ်ဖွဲ့-YGF မှ ဗိုလ်ကျန်ရစ်က အသိပေးပြောဆိုခဲ့ပါတယ်။ ဖြစ်စဉ်မှာ  ဇန်နဝါရီလ ရက်နေ့ နံနက် နာရီ ၂၅ မိနစ်အချိန်တွင် မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ လက်ဝှေ့ရုံ အနီး တွင် ရေးမြို့နယ် အထူးထောက်လှမ်းရေး ဗိုလ်ကြီး ညီညီကို  ရေးပျောက် ကျား တပ်ဖွဲ့ -YGF က ပြန်လည်ထောက်လှန်း  ရှင်းလင်းရာမှ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးလည်းမတော်တဆ ကျည်ဆန် ထိမှန် မှုရှိကြောင်း သိရပါတယ်။

"သူက အဓိကမိန်းပဲ့ပေါ့ ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီ ပါ။ သူ့ကို ကျနော်တို့လိုက်နေတာ တစ်ပတ်ရှိပြီ။ သူ့ မှာ ဘော်ဒီဂတ်ကများတယ်။ အခုက အမြန်လုပ်ရတာဆိုတော့ ပြည်သူတစ်ဦးလည်း ထိသွားတယ်။ ကျည် ဆန် က ဗိုလ်ကြီး ညီညီ ခေါင်းကိုပေါက်ပြီး အခြားပြည်သူ ဦးကို ထိတာ။  ပတ်ပတ်လည် သူ့လူကများနေတော့။ လမ်းမှာပစ်တာ။ သူက ရေးမြို့နယ်ရဲ့ ထောက်လှမ်းရေး စစ်ဘက်ကော ရဲဘက်ကော တာဝန်ယူထားရတယ်။ ရေးမြို့ မှာ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို သူဒုက္ခပေးနေတာ" ဖြစ်တယ်လို့တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူ  ဗိုလ်ကျန်ရစ်ကဆိုပါတယ်။

မတော်တဆ ကျည်ထိမှန် သော ပြည်သူ အမျိုးသမီး ဦးမှာ လတ်တလော ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရပြီး ရေးပျောက်ကျားတပ်ဖွဲ့-YGF အနေဖြင့် အခုလိုမတော်တဆထိခိုက်မိခြင်းကို လွန်စိတ်မကောင်း ဖြစ်ရကြောင်း အနူးအညွတ်တောင်းပန်ပါကြောင်း လိုအပ်သည့် ကိစ္စများအားလုံးကိုလည်းကျနော်အပြည့်အဝ တာဝန်ယူဖြေရှင်းပေးပါမယ်လို့ ဗိုလ်ကျန်ရစ် ကပြောထားပါတယ်။ ရှင်းလင်းခံလိုက်ရတဲ့ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးဟာ CDMတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို အဓိကဒုက္ခပေးနေတဲ့သူတစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၇။ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ  ပါဝင်နေတဲ့ ဝန်ထမ်းတွေ ဆက်လက်လုပ်ဆောင်နေရင် လိုအပ်သလိုအရေးယူမယ်လို့ တနင်္သာရီ - ပအဖ သတိပေးလိုက်တဲ့သတင်း


အကြမ်းဖက်အာဏာသိမ်းလိုက်ပြီးနောက်မှာ တိုင်းပြည်အနှံ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတဲ့ စစ်အုပ်စုဟာတရားဝင် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို မျက်ကွယ်ပြုပြီး အတုအယောင်ရွေးကောက်ပွဲတရပ်ကို ကျင်းပဖို့ ဆက်လက်ကျူးလွန်လျက်ရှိပါတယ်။

အခုလို စစ်အုပ်စုက ကျူးလွန်လျက်ရှိတဲ့ ဥပဒေမဲ့ လုပ်ငန်းစဉ် ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ဝန်ထမ်းတွေ ဆက်လက်လုပ်ဆောင်ရင် လိုအပ်သလိုအရေးယူဆောင်ရွက်သွားမယ်လို့ တနင်္သာရီမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပါတယ်။စစ်ကောင်စီဟာ တနင်္သာရီမြို့နယ်အတွင်းက ရပ်ရွာတွေမှာ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူတာအပါအဝင် တခြားရွေးကောက်ပွဲလုပ်ငန်းစဥ်တွေကို သူတို့ရဲ့လက်ပါးစေတွေက စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။အဲဒီလုပ်ငန်းစဥ်တွေမှာ ထွေအုပ်၊ လဝကနဲ့ ဆက်စပ်နေတဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေပူပေါင်းလုပ်ဆောင်နေတာကြောင့် ဆက်လက်ပူးပေါင်းမလုပ်ဆောင်ဖို့ အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။စစ်ကောင်စီဟာ ပြည်သူတွေအပေါ် ဖမ်းဆီး၊ နှိပ်စက်၊  သတ်ဖြတ်တာတွေ အပြင်မီးရှို့ဖျက်ဆီးတာတွေကြောင့် ပြည်တွင်းပြည်ပက ဆန့်ကျင်တဲ့ဖိအားကိုရင်ဆိုင်နေရချိန် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး ထွက်ပေါက်ရှာတာဖြစ်တယ်လို့ တနင်္သာရီ - ပအဖ  သတိပေးစာထဲမှာ ရေးသားထားပါတယ်။

လက်ရှိမှာ တနင်္သာရီမြို့နယ်ဟာ ပြည်သူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ စည်းစည်းလုံးလုံးကြိုးပမ်းအားထုတ်မှုကြောင့် အတိုင်းအတာတစ်ခုအထိ နယ်မြေစိုးမိုးမှုတွေရရှိနေပြီလို့ ဆိုပါတယ်။အဲဒါကြောင့် စစ်ကောင်စီကျင်းပတဲ့အတုအယောင်ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ပဲ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို ဝန်ကြီးဌာနများနှင့် မိတ်ဖက်သတင်းရင်းမြစ်တွေကို အခြေခံပြီး ရေဒီယိုသတင်းထောက်လွတ်လပ်နွေဦးကပေးပို့တာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment