4th JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အာဏာရှင်အား အမြစ်ဖြတ်၍ ဒုတိယလွတ်လပ်ရေးကို အရယူပြီး နိုင်ငံသစ်ထူထောင် နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရတိုက်တွန်း

📌 ၂။ ဆိုးရွားရက်စက်လွန်းသည့် အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုမှ အပြီးတိုင်လွတ်မြောက်နိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရမှ ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ ပင်လုံရဲ့ကတိကဝတ်တွေကို စစ်အာဏာရှင် အဆက်ဆက်ဟာ နှစ်ပေါင်းများစွာချိုးဖောက်ခဲ့တယ်လို့ဆို

📌 ၄။ ပြည်သူ့အစိုးရလက်ထက် သာသနာရေးဝန်ကြီးနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်တို့ အကျဥ်းထောင်မှ လွတ်မြောက်

📌 ၅။ အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲ (BECA) အတွက် အွန်လိုင်း စာရင်းသွင်းခြင်းနောက်ဆုံးရက်ကို ပညာရေးဒုတိယဝန်ကြီး သတိပေး

📌 ၆။ ဒီမိုကရေစီတိုးတက်ပြောင်းလဲမှုနှင့် ပြည်သူများ၏ ဆန္ဒအတွက် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အဆီးအတားပြုလျက်ရှိတယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်ကန်ဆို

📌 ၇။ နွေဦးအောင်လံ' Campaignမှာ ဒရုန်းအထောက်အကူအတွက် Camera နဲ့ပန်ကာထောက်ပို့လှူဒါန်းမှု အများဆုံးရရှိထား

📌 ၈။ PTTကိုထိုင်းနိုင်ငံမှာပါသပိတ်မှောက်မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အာဏာရှင်အား အမြစ်ဖြတ်၍ ဒုတိယလွတ်လပ်ရေးကို အရယူပြီး နိုင်ငံသစ်ထူထောင် နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရတိုက်တွန်း


အမျိုးသားညီညွတ်ရေးအစိုးရက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာမှာ အခုလိုဖော်ပြပါရှိပါတယ်။


ယနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ () ရက်နေ့သည် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ အင်အားကြီးသောနိုင်ငံများက အင်အားနည်းသောနိုင်ငံများကို နယ်ချဲ့ခြင်း၊ ကိုလိုနီပြုခြင်းများ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့စဉ်ကာလဖြစ်သဖြင့် မြန်မာနိုင်ငံသည်လည်း တိုင်းတစ်ပါးသားတို့၏ ကျူးကျော်နယ်ချဲ့မှုဒဏ်ကို ခံခဲ့ရပြီး နှစ်ပေါင်း (၆၀) ကျော် သူ့ကျွန်ဘဝဖြင့် နေထိုင်ခဲ့ကြရပါတယ်။သို့သော် လွတ်လပ်ရေးကို မြတ်နိုးသောစိတ်ဖြင့် ပြည်သူလူထုတစ်ရပ်လုံး ကြိုးစားအားထုတ်ခဲ့မှုကြောင့် မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ ပြာသိုလဆုတ် ()ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ရက်)တနင်္ဂနွေနေ့တွင် ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ခဲ့ပြီဟု ကြေညာနိုင်ခဲ့ပေတယ်လို့ဆိုပါတယ်။


ပြည်သူလူထုတစ်ရပ်လုံး၏ အင်အားဖြင့် မြန်မာ့လွတ်လပ်ရေးကို အရယူခဲ့သည့်သမိုင်းတွင် အဓိကကျသည့် အခန်းကဏ္ဍကပါဝင်ခဲ့သော မြန်မာ့တပ်မတော်သည် မိမိတို့၏ အကျိုးစီးပွားကိုရှေ့တန်းတင်သော၊ အာဏာယစ်မူးသော စစ်ခေါင်းဆောင်တို့၏  စနစ်တကျ ဖျက်ဆီးမှု၊ ယင်းတို့လိုလားသည့် ပုံသဏ္ဍာန် ရိုက်သွင်းကာ ပြည်သူလူထုတစ်ရပ်လုံးကို လက်နက်အားကိုး အနိုင်ကျင့်သည့် အလေ့အထကို စတင်ခဲ့မှုများ ကြောင့် သမိုင်းခေတ် အဆက်ဆက်တွင် စစ်အာဏာသိမ်းမှုများပေါ်ပေါက်ကာ ပြည်သူလူထု တစ်ရပ်လုံးသည် စစ်ကျွန်ဘဝကို ကျရောက်ဖြတ်သန်းခဲ့ရသည့် ကာလသည်လည်း ထပ်မံရှည်ကြာခဲ့ရပေတယ်လို့ဆိုပါတယ်။


ယခုကာလသည်လည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်များထက် ပိုမို သိမ်ဖျင်းသော၊ ရိုင်းစိုင်းယုတ်မာသော၊ အသိဉာဏ်ဆင်ခြင်တုံ့တရားကင်းမဲ့သော စစ်အာဏာရှင်တစ်စုတို့က ပြည်သူ့အာဏာကို မတရားလုယူ သိမ်းပိုက်ပြီး တိုင်းပြည်၏ အနာဂတ်တစ်ခုလုံးအား နင်းခြေဖျက်ဆီးရန် ကြိုးစားနေခြင်းကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက ခေါင်းငုံ့မခံပဲ ရင်ဆိုင်တုံ့ပြန်နေကြသည့် အချိန်ကာလလည်းဖြစ်တယ်လို့ဖော်ပြပါတယ်။


တစ်နိုင်ငံလုံးရှိ ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ပြည်သူများ အားလုံး၏ နှစ်သစ်ကူးထုတ်ပြန်ချက်များ၊ ပြောကြားချက်များတွင် ထင်ရှားပေါ်လွင်လျက်ရှိသော စစ်အာဏာရှင်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ဘုံရည်မှန်းချက်ပန်းတိုင်ကို မျက်ချေပြတ်မခံပဲ လူအင်အား၊ လက်နက်အင်အား မိမိထက် အဆပေါင်းများစွာသာလွန်သော တိုင်းတပါးနယ်ချဲ့များကို တော်လှန်စိတ်ဓာတ်များ လက်ဆင့်ကမ်းသယ်ဆောင်ပြီး ဇွဲခတ်ကာ မြန်မာ့လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည့် သမိုင်းအောင်ပွဲ၏ အောင်စိတ်ကို နှလုံးသွင်းလျက် အကြမ်းဖက်စစ်အာဏာရှင်အား အမြစ်ဖြတ်၍ ဒုတိယလွတ်လပ်ရေးကို အရယူပြီး နိုင်ငံသစ်ကိုထူထောင် နိုင်ကြရန် လက်ရှိ ရရှိလျက်ရှိသော စည်းလုံးညီညွတ်မှုဖြင့် ရှေ့ဆက်ချီတက်သွားကြပါစို့ဟု အလေးအနက် တိုက်တွန်းရင်း ဤသဝဏ်လွှာကိုပေးပို့ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။


========================


📌📌 ၂။ ဆိုးရွားရက်စက်လွန်းသည့် အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုမှ အပြီးတိုင်လွတ်မြောက်နိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရမှ ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ဇန်နဝါရီ ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများ‌ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအခုလို ထည့်သွင်းဆိုပါတယ်။


"ထိခိုက်နာကျင်သော  ပြည်သူများအတွက် အထောက်အပံ့ ဖြစ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ထိခိုက်ပျက်စီးမှုတွေ ထပ်မံမဖြစ်ပွားရန်နှင့် ဆိုးရွားရက်စက်လွန်းသည့် အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုမှ အပြီးတိုင်လွတ်မြောက်နိုင်အောင် ဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြား လိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအစိုးရဖြစ်သည်နှင့်အညီ ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက် ရာတွင် မူဝါဒများ ပြောင်းလဲသင့်သည်များကို ပြောင်းလဲစီမံနေသလို လိုအပ်သည့် စီမံပံ့ပိုးမှုများကို တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တစ်နှစ်မဟာဗျူဟာကို စီမံချမှတ်ပြီး ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ယခုဆိုလျှင် နိုင်ငံတကာမှအားပေးထောက်ခံမှုသည်လည်း ယခင် ကထက် ပိုမို အားကောင်း လာပြီဖြစ်သည့်အတွက် အောင်မြင်မှုပန်းတိုင်သည် မဝေးတော့ကြောင်း ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ ပင်လုံရဲ့ကတိကဝတ်တွေကို စစ်အာဏာရှင် အဆက်ဆက်ဟာ နှစ်ပေါင်းများစွာချိုးဖောက်ခဲ့တယ်လို့ဆို


ဇန်နဝါရီ ရက်ကျင်းပတဲ့"လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့" စကားဝိုင်းဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါ်ခင်မမမျိုးကအခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"လွတ်လပ်ရေးမရခင်တည်းကပေးထားတဲ့ ပင်လုံရဲ့ ကတိကဝတ်တွေကို စစ်အာဏာရှင်အဆက်ဆက်ဟာ နှစ်ပေါင်းများစွာ ချိုးဖောက်ခဲ့တဲ့ အနေအထားကို တွေ့ရတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် တိုင်းပြည်အတွင်း သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်များကိုလည်း ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။


========================


📌📌 ၄။ ပြည်သူ့အစိုးရလက်ထက် သာသနာရေးဝန်ကြီးနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်တို့ အကျဥ်းထောင်မှ လွတ်မြောက်


ပြည်သူ့အစိုးရလက်ထက် သာသနာရေးဝန်ကြီးနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်တို့သည် ဇန်နဝါရီ ရက်နေ့ညက လွတ်မြောက်ခဲ့တာ ဖြစ်ပြီးတော့ ဇန်နဝါရီ ရက်နေ့မှာလည်း အကျဥ်းထောင်အသီးသီးကနေ ထောင်နဲ့ချီတဲ့အကျဥ်းသားတွေကို အကြမ်းဖက် စစ်ကောင်စီက လွတ်ပေးခဲ့တယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတချို့ကအတည်ပြုပါတယ်။


သို့သော် ပြည်သူ့အစိုးရလက်ထက်က နိုင်ငံတော်အကြီးအကဲ အများစုပါဝင်သေးခြင်းမရှိသလို နိုင်ငံရေးအကျဥ်းသားအများစုလည်းပါဝင်လာခြင်းမရှိဘူးလို့ နိုင်ငံရေးအကျဥ်းသားဟောင်းများကအတည်ပြုဆိုပါတယ်။


စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ဖိအားကိုလျှော့ချလိုတဲ့ အရိပ်အယောင်များတွေ့ရသော်လည်း အကျဥ်းထောင်တွင်းရှိ နိုင်ငံရေးအကျဥ်းသားအများစုကို ထိန်းသိမ်းချုပ်နှောင်ထားဆဲ ဖြစ်ပါတယ်။


========================


📌📌 ၅။ အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲ (BECA) အတွက် အွန်လိုင်း စာရင်းသွင်းခြင်းနောက်ဆုံးရက်ကို ပညာရေးဒုတိယဝန်ကြီး သတိပေး


အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲ (BECA) အတွက် အွန်လိုင်း စာရင်းသွင်းခြင်းနောက်ဆုံးရက်ကို ဇန်နဝါရီ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဂျာထွယ်ပန်က အခုလိုအသိပေး ဆိုလိုက်ပါတယ်။


"အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲ (BECA) အတွက် အွန်လိုင်း စာရင်းသွင်းခြင်း (online registration) ဟာ ဇန်နဝါရီ ၂၀၂၃ မှာစာရင်းပိတ်မှာဖြစ်တဲ့အတွက် ဖြေဆိုလိုသူများ စာရင်းမသွင်းသေးသူများ ကို remind လုပ်ပါတယ်။ အခုစာရင်းသွင်းခြင်းဟာ 2023 မှာ ဖေဖော်ဝါရီ နဲ့ ဩဂုတ် ကြိမ်စလုံးအတွက် တခါတည်းစာရင်းသွင်းရခြင်းဖြစ်တာမို့ ဖြေဖို့အစီအစဉ်ရှိသူများအခုတခါတည်း စာရင်းသွင်းနောက်မကျရအောင် ပါ။ မြေပြင်စာရင်းသွင်းခြင်းကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြုလုပ်ပြီးပါပြီ"လို့ဆိုပါတယ်။


BECA နဲ့ပါတ်သက်တဲ့သတင်းအချက်အလက်တွေကို ပညာရေးဝန်ကြီးဌာန Myanmar Basic Education Home မှာလေ့လာနိုင်ပြီး page messenger မှာလည်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ BECA ဟာ အခုနှစ်မှာတော့ အသက် (၁၇) ပြည့်ပြီး Grade 11 တက်ရောက်လေ့လာထားပြီး၊ စကစရဲ့ စာမေးပွဲမဖြေပဲနေနေတဲ့ ကျောင်းသူ/သားများအတွက် အဓိကပြုလုပ်ပေးတာဖြစ်ပါတယ်။


========================


📌📌 ၆။ ဒီမိုကရေစီတိုးတက်ပြောင်းလဲမှုနှင့် ပြည်သူများ၏ ဆန္ဒအတွက် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အဆီးအတားပြုလျက်ရှိတယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်ကန်ဆို


မြန်မာနိုင်ငံလွတ်လပ်ရေးနေ့နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်ကန်၏ ပြောကြားချက်ကို အမေရိကန်သံရုံးရန်ကုန်က ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


"ဇန်နဝါရီ ရက်တွင် ကျရောက်သော ၇၅ နှစ်မြောက်မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာပြည်သူများအပေါ်ထားရှိသည့် မိမိတို့၏ ကတိကဝတ်ကို အမေရိကန်ပြည်ထောင်စုကိုယ်စား ထပ်လောင်းအတည်ပြုအပ်ပါတယ်။ မိမိတို့၏ အနာဂါတ်ကို ကိုယ်တိုင်ပုံဖော်လိုကြသည့် မြန်မာပြည်သူများကို အမေရိကန်ပြည်ထောင်စုက ကာလရှည်ကြာကတည်းက အားပေးထောက်ခံလာခဲ့ပါတယ်။ ယခုအခါ ဒီမိုကရေစီတိုးတက်ပြောင်းလဲမှုနှင့် ပြည်သူများ၏ ဆန္ဒအတွက် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အဆီးအတားပြုလျက်ရှိပါတယ်"လို့ဆိုပါတယ်။


သို့သော်ငြားလည်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အကြမ်းဖက်လုပ်ရပ်များသည် အများပါဝင်နိုင်သည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံထူထောင်လိုကြသည့် မြန်မာပြည်သူများ၏ ပြင်းပြသောကတိကဝတ်ကို တားဆီးနိုင်ခြင်းမရှိခဲ့ဘူးလို့ ကန်နိုင်ငံခြားရေးဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


ဒါ့အပြင် မိမိတို့နိုင်ငံအတွက်ဒီမိုကရေစီဆောင်ကြဉ်းရန် သံန္နဋ္ဌာန်ချထားသည့် မြန်မာပြည်သူများနှင့်အတူ အမေရိကန်နိုင်ငံဟာတစ်သားတည်း ရပ်တည်တယ်လို့လည်းဖော်ပြထားပါတယ်။


========================


📌📌 ၇။ နွေဦးအောင်လံ' Campaignမှာ ဒရုန်းအထောက်အကူအတွက် Camera နဲ့ပန်ကာထောက်ပို့လှူဒါန်းမှု အများဆုံးရရှိထား


နွေဦးအောင်လံ' Campaign မှာ ဒရုန်းအထောက်အကူအတွက် Camera နဲ့ပန်ကာထောက်ပို့လှူဒါန်းမှု အများဆုံးရရှိထားတယ်လို့ ဇန်နဝါရီလအတွင်းမှာ နွေဦးအောင်လံ Campaignမှအသိပေးဆိုထားပါတယ်။


"နွေဦးအောင်လံ Drone parts လှူဒါန်းမှူ Campaign မှာပါဝင် ကြတဲ့ ပြည်သူတယောက်ချင်းစီကို အထူးပဲကျေးဇူးတင်ရှိ ပါတယ် ခင်ဗျ။ Miss Camera လေးနဲ့ ကိုကိုပန်ကာတို့အဖွဲ့က အကူအညီအများဆုံးရရှိထား ပီး Campaign ကို ဦးဆောင်နေပါတယ်"လို့အသိပေးဆိုထားပါတယ်။


နွေဦးအောင်လံ' Campaign ဟာ နိုင်ငံ တစ်ဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို Federal Wings မှ 'Drone' နည်းပညာအရ ထောက်ပံ့ကူညီပေးနိုင်ရန်  ပြုလုပ်တဲ့ 'Fundraising Campaign' ဖြစ်ပါတယ်။


Drone တခု တည်ဆောက်ဖို့အတွက် အခြေခံကျတဲ့ ပစ္စည်းတွေဖြစ်တဲ့ Propeller (ပန်ကာ) Camera Circuits တွေ Battery တွေ စတာတွေကို မိမိကြိုက်နှစ်သက်ရာလှူဒါန်းထောက်ပို့နိုင်မှာဖြစ်ပါတယ်။


'Campaign' ရဲ့ အထူးအစီအစဥ် အနေနဲ့ $၁ဒေါ်လာဖိုးကို ပွိုင့်တခုအဖြစ်သတ်မှတ်ပီး $၅၀ ဖိုး ပွိုင့် ၅၀ နဲ့အထက် ဝယ်ယူလှူဒါန်းသူတိုင်း ကို ကံစမ်းမဲတစောင် ပေးသွားမှာပဲဖြစ်ပါတယ်။


ကံစမ်းမဲရဲ့ အထူးဆု အနေနဲ့ ' အမေ စု ' နိုဗယ်ဆု ကိုယ်တိုင် သွားယူတဲ့ ဥရောပ ခရီးစဥ်မှာ တောက်လျှောက်စီးခဲ့ တဲ့ လေဒီရှူးလေး ကို 'နွေဦးအောင်လံ' Campaign ရဲ့သတ်မှတ်ထားတဲ့ရက် တရက်မှာ မဲဖောက်ရွေးချယ်ပေးမှာလည်းဖြစ်ပါတယ်။


ကံစမ်းမဲ အစီအစဉ်ကတော့ ပထမဆု ၃၅ သိန်းတန် ခရမ်းဆွဲလည်ဆွဲ ဒုတိယ ဆု သိန်း၂၀ ခန့်တန် ကြေးရှိ ကျပ်သား ရွှေဆွဲကြိုး   တတိယဆု ၁၅ သိန်း တန် မြလော့ကတ်၊ စတုတ္ထဆု ၁၁ သိန်းတန် ခရမ်းဆွဲလက်စွပ် အစရှိတဲ့ ရတနာပစ္စည်း မျိုးစုံ မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၈။ PTTကိုထိုင်းနိုင်ငံမှာပါသပိတ်မှောက်မယ်


သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအနေနဲ့ PTT ကိုထိုင်းနိုင်ငံမှာပါသပိတ်မှောက်မယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ YangonDroneကဖော်ပြအသိပေးပါတယ်။


"သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအနေနဲ့ ..၂၀၂၃ မှစတင်ပြီး ..၂၀၂၁အထိ PTT Facebook Page တွေမှာ သူတို့ရဲ့ Customers တွေမြင်အောင် Photos တွေနဲ့ Comments ပေးတဲ့လှုပ်ရှားမှုလေးပြုလုပ်သွားဖို့ရှိပါတယ်။ ရယ်ရွယ်ချက်ကတော့ထိုင်းလူမျိုး PTTရဲ့ Customers တွေကို PTT ဟာ မြန်မာနိုင်ငံသားတွေအပေါ်လူအခွင့်အရေးချိုးဖောက်နေမှုမှာ ဘယ်လိုပုံစံမျိုးနဲ့ပါဝင်နေလဲ မြင်စေချင်တာဖြစ်ပါတယ်။ထိုင်းလူမျိုးတော်တော်များများအခုလက်ရှိမှာ PTTအုပ်စုက မြန်မာနိုင်ငံနဲ့ဘယ်လိုပတ်သက်နေလဲ မသိကြသေးပါဘူး။မကြာခင်မှာလည်းသွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအနေနဲ့ ထိုင်းလူမျိုး တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ပူးပေါင်းပြီး PTT ကိုထိုင်းနိုင်ငံမှာပါသပိတ်မှောက်နိုင်အောင်ကြိုးစားသွားမှာပါ" လို့ဆိုထားပါတယ်။


ထိုင်းနိုင်ငံပိုင် PTT အုပ်စုရဲ့လက်အောက်မှာ လုပ်ငန်းခွဲတွေအများကြီးရှိပြီးတော့ PTT အုပ်စုကိုတော့ ထိုင်းအစိုးရက ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပါတယ်။ PTTEP ဟာ မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတဲ့ ရေနံလုပ်ကွက်တွေဖြစ်တဲ့ ရတနာ၊ ရဲတံခွန် နဲ့ ဇောတိက စတဲ့ ရေနံတူးဖော်တဲ့ Projectသုံးခုလုံးမှာရှယ်ယာရှင်အဖြစ်ပါဝင်လုပ်ကိုင်နေပြီး ထိုgasများကိုဝယ်ယူတဲ့ဝယ်ယူသူလည်းဖြစ်ပါတယ်။ 


ဒီအတွက် PTT အုပ်စုက အကြမ်းဖက်စစ်တပ်ကို ပေးနေတဲ့ပိုက်ဆံတွေကတော့နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ (၂၀၂၁ခုနှစ်မှာ ၄၅၈.၉သန်း)ရှိနေပြီး ပြီးခဲ့တဲ့ 2022 ခုနှစ်မှာတော့ သန်းတစ်ထောင်ခန့်ရှိနိုင်တယ်လို့ခန့်မှန်းတွက်ချက်ထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment