7th JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးပန်းတိုင် မရောက်မချင်းအသက်နဲ့ထပ်တူအတူရှိနေမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၂။ ပုသိမ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး ထောင်အာဏာပိုင်များကြောင့် သေဆုံး

📌 ၃။ မြင်းခြံခရိုင်က တပ်ရင်း () နဲ့ တပ်ရင်း ()တို့ကို ထောက်ပို့ပေးမယ့် Global Fundraiser Group(GFG) ရဲ့ Mission - 6 ထောက်ပို့ကမ်ပိန်းစတင်

📌 ၄။ မြင်းမူမြို့နှင့်ဝမ်းပြည့်ကျေးရွာကြား ယနေ့မနက်မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်ကငါးဦးသေဆုံး

📌 ၅။ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို ယနေ့မနက်လည်း အကြမ်းဖက်စစ်တပ်က မွှေနှောက်သောင်းကျန်းနေ

📌 ၆။ စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်ရဲစခန်းကို  Drone ဖြင့် ဗုံးသီးချတိုက်ခိုက်

📌 ၇။ မြင်းမူ MMDF က တာဝေးပစ် လက်နက်ကြီးနဲ့ကျည်ဖူးများ ထုတ်လုပ်အောင်မြင်

📌 ၈။ နွေဦးအောင်လံ' Campaignမှာ ဒရုန်းအထောက်အကူအတွက် Circuit နဲ့ Battery ထောက်ပို့လှူဒါန်းမှုနည်းပါးနေသေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးပန်းတိုင် မရောက်မချင်းအသက်နဲ့ထပ်တူအတူရှိနေမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


နွေဦးတော်လှန်ရေးပန်းတိုင် မရောက်မချင်းအသက်နဲ့ထပ်တူအတူရှိနေမယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇန်နဝါရီ ရက်နေ့မှာ ဆိုလိုက်ပါတယ်။


"ဒီတော်လှန်ရေးမှာ ဘယ်တုံးကမှ ကြောက်ရွံ့ စိတ်ပျက်မျှော်လင့်ချက်မဲ့၊ အားလျော့မိတဲ့ အခိုက်အတန့်ရယ်လို့ စိုးစဉ်းမျှမရှိ။နာကျည်း၊ ခံပြင်း၊ ရွံ့မုန်းစိတ်တွေသာရစ်ထပ်ဆင့်ကဲ အသွင်ပြောင်းရင်းအနိုင်တိုက်မဟေ့ဆိုတဲ့ သန္နိဋ္ဌာန်တွေထုနဲ့ထည်နဲ့ ပွားစီးခိုင်မာ။လမ်းခုလတ်မှာ ကျန်ရစ်ခဲ့သူတွေအသက်နဲ့ရင်း တွန်းတင်ပေးလိုက်တဲ့ တာဝန်ကိုလက်ဆင့်ကမ်းထမ်းရွက်ရင်း မဆုတ်မနစ် ချီတက်လျက်။ ပန်းတိုင် မရောက်မချင်းအသက်နဲ့ထပ်တူ အတူရှိနေပါ့မယ်"လို့ဆိုပါတယ်။


 စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနဟာ နွေဦးတော်လှန်ရေးအတွက် အဓိကလိုအပ်တဲ့တော်လှန်ရေး ရန်ပုံငွေများကို EODရှယ်ယာများ ရောင်းချခြင်း၊ အထူးငွေတိုက်စာချုပ်များရောင်းချပေးခြင်းတို့နဲ့ ဘဏ္ဍာရန်ပုံငွေများရှာဖွေပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ ပုသိမ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး ထောင်အာဏာပိုင်များကြောင့် သေဆုံး


ဇန်နဝါရီ ရက်နေ့တွင် ပုသိမ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများအား ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုနဲ့ ပစ်ခတ် မှုတို့ဖြစ်ပွားခဲ့ရာ  နိုင်ငံရေးအကျဥ်းသားတစ်ဦး ထောင်အာဏာပိုင်များကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါဖြစ်စဥ်မှာ ပုသိမ်အကျဉ်းထောင်၌ ထောင်ဝန်ထမ်းနှင့် ရဲအင်အားအများအပြားမှ ရိုက်နှက်မှုကြောင့် အပြင်းအထန် ထိခိုက်သူတို့လည်းရှိခဲ့ပါတယ်။


နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုမဲကြီးမှာ ဖြစ်စဥ်တွင်သေဆုံးခဲ့ပြီးတော့ လက်ရှိမှာ အကျဥ်းထောင်ကို လုံခြုံရေးတင်းကြပ်စွာချထားပြီး ထောင်ဝင်စာကိုလည်း ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်ပါတယ်။


ထိခိုက်သူ နိုင်ငံရေးအကျဥ်းသားများထဲမှ ဦး မှာ ပုသိမ်ဆေးရုံအသစ်တွင် ဆေးကုသမှုခံနေရပြီးဆေးကုသမှုခံနေရသူများမှာလည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပေါ်နေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ မြင်းခြံခရိုင်က တပ်ရင်း () နဲ့ တပ်ရင်း ()တို့ကို ထောက်ပို့ပေးမယ့် Global Fundraiser Group(GFG) ရဲ့ Mission - 6 ထောက်ပို့ကမ်ပိန်းစတင်


မြင်းခြံခရိုင်က တပ်ရင်း () နဲ့ တပ်ရင်း () တို့ကို ထောက်ပို့ပေးမယ့် Global Fundraiser Group (GFG) ရဲ့ Mission - 6 ထောက်ပို့ကမ်ပိန်းစတင်ပြီလို့ ဇန်နဝါရီ ရက်နေ့မှာ CRPH - OFPက ကမ်ပိန်းနဲ့ပတ်သက်လို့အသိပေးဖော်ပြပါတယ်။


"Individual Fundraiserတွေ စုဖွဲ့ထားတဲ့ Global Fundraiser Group(GFG) ရဲ့ Mission - 6 ရောက်လာပါပြီ။ဒီတစ်ခေါက် Mission-6 မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ လမ်းညွှန်မှုနဲ့ မြင်းခြံခရိုင်က တပ်ရင်း () နဲ့ တပ်ရင်း () တို့ကို ထောက်ပို့ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီတပ်ရင်းတွေဟာ ရှေ့တန်းမြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို လက်သံပြောင်ပြောင်နဲ့ ညီညီညွတ်ညွတ်တိုက်ခိုက်နေတာဖြစ်ပြီး မြင်းခြံခရိုင်အတွင်းမှာ နယ်မြေစိုးမိုးမှုဒီ့ထက်ပိုရယူနိုင်ပြီး အောင်မြင်တဲ့Missionတစ်ခုဖြစ်အောင် အတူလက်တွဲပေးကြပါလို့ ဖိတ်ခေါ်ပါရစေ"လို့ဆိုထားပါတယ်။


ထောက်ပို့ပမာဏ အနည်း/အများ ကန့်သတ်မထားဘဲ ကိုယ်တတ်နိုင်သလောက်ပမာဏနဲ့ Mission - 6 မှာ ပါဝင်နိုင်ပြီးပါဝင်ထောက်ပို့ကြသူတစ်ဦးချင်းစီတိုင်းကိုလည်း ဂုဏ်ပြုကတ်နဲ့အတူ အမှတ်တရပို့စ်ကတ်လေးကို Email မှတဆင့် လက်ဆောင်ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။


GFG Mission - 6 ကို ဇန်နဝါရီလ(၁၅)ရက်နေ့အထိ သတ်မှတ်ထားပြီး မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ ဩစတြေးလျ၊ အမေရိကန်၊ မလေးရှား၊ တောင်ကိုးရီးယား နိုင်ငံတို့မှာရှိတဲ့ GFG ရဲ့ Individual Fundraiser ဆီကနေ သက်ဆိုင်ရာနိုင်ငံငွေကြေးအလိုက် ပါဝင်ထောက်ပို့ပေးနိုင်ပါတယ်။


========================


📌📌 ၄။ မြင်းမူမြို့နှင့်ဝမ်းပြည့်ကျေးရွာကြား ယနေ့မနက်မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်ကငါးဦးသေဆုံး


စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ထွက်ခွာလာသော စစ်ကားနှစ်စီးအားမြင်းမူမြို့နှင့်ဝမ်းပြည့်ကျေးရွာကြား ယနေ့မနက်ပြင်းအားမိုင်းဖြင့်နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့ရာ စကစတပ်ကငါးဦးသေဆုံးခဲ့ပါတယ်။


ဇန်နဝါရီ ရက် နံနက် နာရီ ၅၆ မိနစ်အချိန်တွင်စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ထွက်ခွာလာသော စစ်ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People's Army To Fight Dictatorship ကအသိပေးဆိုပါတယ်။


စစ်ကားများကိုတော်လှန်ရေးရဲဘော်များ၏မိုင်းဆွဲတိုက်ခိုက်မှု့ကြောင့် ဦးသေးဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကြောင့်စကစတပ်များမှအပြင်းအထန်ပြန်လည်ပစ်ခတ်ခဲ့သော်လည်းတော်လှန်ရေးရဲဘော်များမှာအထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။


စစ်ဆင်ရေးကို People's Army To Fight Dictatorship (PAFD).တပ်ခွဲ DK PDF(MMU).People's Knight Defense Force Myinmu(PKDF.MMU).TAUNGTHA People  DefenseForce(TTAPDF).D.B.B.F.MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို ယနေ့မနက်လည်း အကြမ်းဖက်စစ်တပ်က မွှေနှောက်သောင်းကျန်းနေ


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို ယနေ့မနက်လည်း အကြမ်းဖက်စစ်တပ်က မွှေနှောက်သောင်းကျန်းနေတယ်လို့သတင်းရရှိပါတယ်။ဇန်နဝါရီ ရက် မနက်ပိုင်းမှာ ဆပ်ပြာကျင်းကျေးရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်ါ


"ကြည်ဘုရားထွက်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသည့် အကြမ်းဖက်များ ဆပ်ပြာကျင်းကျေးရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဦးတည်နေပါတယ်"လို့ဆိုပါတယ်။


ဒီပဲယင်းမြို့နယ်တွင်း စကစတပ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း ကျေးရွာ ပေါင်း၂၂ ရွာ၌ အိမ်ခြေ စုစုပေါင်း ၂၉၀၀ ကျော် မီးရှို့ဖျက်စီးခဲ့ပြီး ၊ယခုအချိန်တွင် ဒီပဲယင်းမြို့နယ်၌ အာဏာသိမ်းပြီးချိန်မှစ၍ နေအိမ် စုစုပေါင်း ၄၂၀၀ ကျော် မီးရှို့ခံခဲ့ရပြီဖြစ်ကာ စစ်ကိုင်းတိုင်းအတွင်း ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ် ဖြစ်လာခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်ရဲစခန်းကို  Drone ဖြင့် ဗုံးသီးချတိုက်ခိုက်


ဇန်နဝါရီ ရက် စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်ရဲစခန်းကို  Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာရဲစခန်းကိုထိမှန်ခဲ့တယ်လို့ Unicorn Guerrilla Force ကအတည်ပြုဆိုပါတယ်။


စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ်ရဲစခန်းကို  Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပါတယ်။ဗုံးသီးကွဲပြီးနောက် ၄င်းရဲစခန်းအတွင်းမှ ကြောက်အားလန့်အားဖြင့် အကြိမ်ရေများစွာပစ်ခတ်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးပါဘူး"လို့ဆိုပါတယ်။


ရဲဘော်များအနေဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်ကြားမှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကစစ်ဆင်ရေးကို Unicorn Guerrilla Force ADRF (madaya)၊ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်၊ Sky Hero (madaya)တို့မှပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၇။ မြင်းမူ MMDF က တာဝေးပစ် လက်နက်ကြီးနဲ့ကျည်ဖူးများ ထုတ်လုပ်အောင်မြင်


စစ်ကိုင်းတိုင်း မြင်းမူ MMDF က တာဝေးပစ် လက်နက်ကြီးနဲ့ကျည်ဖူးများ ထုတ်လုပ်အောင်မြင်ခဲ့ကြောင်းကို ဇန်နဝါရီ ရက်မှာ Myin Mu Defence Forceကအသိပေးဆိုပါတယ်။


"နွေဦးရောက်တော့မယ်ဆိုတော့ သဒ္ဒါတရား ထက်သန်စွာ ဆွမ်းကြီးလောင်းပွဲတွေ ကျင်းပတော့မှာမို့ MMDF ရဲ့ ညီငယ်တွေ ဆွမ်းချက်ရုံမှာ အင်တိုက်အားတိုက် ဆွမ်းချက် နေကြပါတယ်"လို့ဆိုထားပါတယ်။


စကစတပ်များကို ခုခံတွန်းလှန်စစ် ဆင်နွှဲရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်လုပ်ကျည်ဖူးများ၊ ဗုံးဆံ့များ နဲ့ ၆၀မမ၊ ၄၀မမ လက်နက်ကြီးများလည်း တီထွင်ထုတ်လုပ်အောင်မြင်လျက်ရှိပါတယ်။


========================


📌📌 ၈။ နွေဦးအောင်လံ' Campaignမှာ ဒရုန်းအထောက်အကူအတွက် Circuit နဲ့ Battery ထောက်ပို့လှူဒါန်းမှုနည်းပါးနေသေး


နွေဦးအောင်လံ' Campaignမှာ ဒရုန်းအထောက်အကူအတွက် Circuit နဲ့ Battery ထောက်ပို့လှူဒါန်းမှုနည်းပါးနေသေးတယ်လို့ ဇန်နဝါရီလအတွင်းမှာ နွေဦးအောင်လံ' Campaign ကအသိပေးဆိုပါတယ်။


"Circuit လေးနဲ့ Uncle Battery တို့ အကူအညီ  နည်းနေတာမို့ ဝိုင်းကူ ကြပါအုံး"လို့ဆိုပါတယ်။ လက်ရှိနွေဦးအောင်လံ' Campaignမှာ ဒရုန်းအထောက်အကူအတွက် Camera နဲ့ပန်ကာထောက်ပို့လှူဒါန်းမှု အများဆုံးရရှိထားတယ်လို့သတင်းရရှိပါတယ်။


နွေဦးအောင်လံ' Campaign ဟာ နိုင်ငံ တစ်ဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို Federal Wings မှ 'Drone' နည်းပညာအရ ထောက်ပံ့ကူညီပေးနိုင်ရန်  ပြုလုပ်တဲ့ 'Fundraising Campaign' ဖြစ်ပါတယ်။


Drone တခု တည်ဆောက်ဖို့အတွက် အခြေခံကျတဲ့ ပစ္စည်းတွေဖြစ်တဲ့ Propeller (ပန်ကာ) Camera Circuits တွေ Battery တွေ စတာတွေကို မိမိကြိုက်နှစ်သက်ရာလှူဒါန်းထောက်ပို့နိုင်မှာဖြစ်ပါတယ်။


'Campaign'ရဲ့ အထူးအစီအစဥ် အနေနဲ့ $၁ဒေါ်လာဖိုးကို ပွိုင့်တခုအဖြစ်သတ်မှတ်ပီး $၅၀ ဖိုး ပွိုင့် ၅၀ နဲ့အထက် ဝယ်ယူလှူဒါန်းသူတိုင်း ကို ကံစမ်းမဲတစောင် ပေးသွားမှာပဲဖြစ်ပါတယ်။


ကံစမ်းမဲရဲ့ အထူးဆု အနေနဲ့ ' အမေ စု ' နိုဗယ်ဆု ကိုယ်တိုင် သွားယူတဲ့ ဥရောပ ခရီးစဥ်မှာ တောက်လျှောက်စီးခဲ့ တဲ့ လေဒီရှူးလေး ကို 'နွေဦးအောင်လံ' Campaign ရဲ့သတ်မှတ်ထားတဲ့ရက် တရက်မှာ မဲဖောက်ရွေးချယ်ပေးမှာလည်းဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment