9th JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပုသိမ်ထောင်တွင်းအကြမ်းဖက်ခံရမှုဖြစ်စဉ်နဲ့ပက်သက်ပြီး NUG က ဖြစ်စဉ်အကျဉ်းချုပ်ကို ထုတ်ဖော်တင်ပြခဲ့တဲ့သတင်း

📌 ၂။ နည်းပညာ ကျောင်းသား/ကျောင်းသူများကို NUGရဲ့အစိုးရနည်းပညာ စီမံကိန်းများတွင်  အလုပ်သင်ဝန်ထမ်းအဖြစ် စိစစ် ခန့်အပ်သွားမယ့်သတင်း

📌 ၃။ Zomi Federal Union (ZFU) က ဦးစီးကျင်းပသည့် ZFU Information Session ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့တဲ့သတင်း

📌 ၄။ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးလျက်ရှိတဲ့  ဆန်ဖရန်ဘေးဧရိယာက အလှူငွေ ဒေါ်လာတသောင်းခွဲဝန်းကျင် လက်ခံရရှိတဲ့သတင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပုသိမ်ထောင်တွင်းအကြမ်းဖက်ခံရမှုဖြစ်စဉ်နဲ့ပက်သက်ပြီး NUG က ဖြစ်စဉ်အကျဉ်းချုပ်ကို ထုတ်ဖော်တင်ပြခဲ့တဲ့သတင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေငြာချက်အမှတ်(၂၄/၂၀၂၂) ဖြင့် မတရားအကျဉ်းကျခံအကျဉ်းသားများရဲ့ အကြမ်းဖက်ခံရမှုဖြစ်စဉ်ကို ထုတ်ပြန်ခဲ့ပြီး တဆက်တည်းမှာပဲ ဖြစ်စဉ်အကျဉ်းချုပ်ကို ရေးသားဖော်ပြလိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့နှင့် () ရက်နေ့တွင် စတင်ပြီး ပုသိမ်ထောင်အတွင်းတွင် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ထောင်ဝန်ထမ်းများ၏ အကြမ်းဖက်မှုကြောင့် မတရား အကျဉ်းချခံနေရသည့် ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ (၇၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူထားသည့် အချက်အလက်များအရ ဖော်ပြထားပါတယ်။

သေဆုံးသူမှာ ကိုဝေယံဖြိုး (ခေါ်) ရာစု အသက် (၃၃) နှစ်  ဖြစ်ပြီး ကိုဝင်းမင်းထက် (ခေါ်) မဲကြီး အသက်(၃၁) နှစ်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား (၇၀) ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး () ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

ဖြစ်စဉ်အကျဉ်းချုပ်မှာ CDM ကျောင်းဆရာ ကိုကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်ခံရတယ်လို့ သတင်းကြားတာကြောင့် ဇန်နဝါရီ ရက်နေ့က ကိုဝင်းမင်းထက်() မဲကြီးမှ စတင်ကာ အကျဉ်းသား ဦးနှင့်အတူ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ထို့နောက်တွင် ကိုဝင်းထွန်းနိုင်ဆိုသူထံမှ ဖုန်းသိမ်းဆည်းမိသည်ဟုဆိုကာ ဆန္ဒပြသူ ဦးလုံးကို လာရောက်ခေါ် ဆောင်ပြီး တညလုံး ရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ်။

မိုးလင်းသည့်အချိန်တွင် ကိုဝင်းမင်းထက် ပြန်ပါမလာဘဲ အခြား ဦးစလုံးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် ပြန်လည်ရောက်ရှိလာကြောင်း၊ နောက်တနေ့ ဇန်နဝါရီလ ရက်နေ့တွင် ကိုဝင်းမင်းထက်ကို ပြန်ထုတ်ပေးရန် တောင်းဆိုနေကြရာမှ ထောင်ဝန်ထမ်းများက အကြမ်းဖက် တိုက်ပိတ်ခဲ့ကြပါတယ်။ နံနက် ၁၀ နာရီတွင် ရဲအင်အား ၃၀ ခန့်ရောက်ရှိလာပြီး အခန်းတွင်း အော်ဟစ်တောင်းဆိုနေသော

နိုင်ငံရေးအကျဉ်းသားများကို ကိုးလုံးကျည်ဖြင့် စတင်ပစ်ခတ်ပါတယ်။ ထို့နောက် တယောက်ချင်းစီကို အခန်းတွင်းမှ ဆွဲထုတ်ကာ စင်္ကြန်တွင် ရိုက်နှက်တာကြောင့် ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ကြပါတယ်။ နေ့လည် ၁၂ နာရီတွင် သေနတ်သံ ချက်ကြားရပီး ကိုဝေယံဖြိုး () ရာစုသစ်မှာ ဦးခေါင်းကို သေနတ်ကျည် ချက်ထိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ နှင့် မတရားသတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မှတ်တမ်းတင် ထိန်းသိမ်းလျက် သက်ဆိုင်ရာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဇန်နဝါရီလ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ နည်းပညာ ကျောင်းသား/ကျောင်းသူများကို NUGရဲ့အစိုးရနည်းပညာ စီမံကိန်းများတွင်  အလုပ်သင်ဝန်ထမ်းအဖြစ် စိစစ် ခန့်အပ်သွားမယ့်သတင်း


နည်းပညာ ကျောင်းသား/ကျောင်းသူများကို အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့အစိုးရနည်းပညာစီမံကိန်းများတွင်  အလုပ်သင်ဝန်ထမ်းအဖြစ် စီစစ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။

အခုလို အလုပ်သင်ဝန်ထမ်းအဖြစ်ခန့်အပ်မယ့် သတင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ အသိပေးဖော်ပြခဲ့တာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှာတော့ ပြန်လည်ဖော်ပြခဲ့တာ တွေ့ရပါတယ်။ အသိပေးဖော်ပြရာမှာ "နည်းပညာဝန်ကြီးဌာနသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာ မိတ်အဖွဲ့အစည်းများနှင့် ပြည်သူများအတွက် လိုအပ်သည့် နည်းပညာစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ တော်လှန်ရေးကာလနှင့်ကိုက်ညီသည့် နည်းပညာစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းမြစ်ဖြည့်တင်းနိုင်ရေးသည် အရေးကြီးသည့် ကဏ္ဍတရပ်ဖြစ်ပါကြောင်း၊ ထို့အပြင် အနာဂတ် ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ရာတွင် လိုအပ်သည့် နည်းပညာအရင်းမြစ်ရပ်ဝန်း ပေါ်‌ပေါက်လာစေရန်မှာ နည်းပညာအခြေပြုတော်လှန်ရေးကာလအတွင်းမှ စတင်၍ အခြေခံအုတ်မြစ် တည်ဆောက်ပေးရန် လိုအပ်ပါကြောင်းဖြင့် ဖော်ပြပါရှိပါတယ်။

အကြမ်းဖက်စစ်တပ်အား ဆန့်ကျင်သည့် အာဏာဖီဆန်လှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့ကြသည့် နည်းပညာ ကျောင်းသား/ကျောင်းသူများသည် တော်လှန်ရေးကာလနှင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းမြစ်များ ဖြစ်ပါတယ်။

ကျောင်းသား/ကျောင်းသူများအနေဖြင့် တတ်မြောက်ထားသည့် နည်းပညာစွမ်းရည်များဖြင့် ပညာရှင်အဖြစ်ရပ်တည် အနာဂတ်ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် အကျိုးဖြစ်ထွန်းစေရန်အလို့ငှာ အာဏာဖီဆန် လှုပ်ရှားမှုတွင်ပါဝင်ကြသည့် နည်းပညာတတ်မြောက်ကျောင်းသားများအား ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် အစိုးရနည်းပညာစီမံကိန်းများတွင်  အလုပ်သင်ဝန်ထမ်းအဖြစ် စိစစ်ခန့်အပ်သွားမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။

အလုပ်သင်ကျောင်းသားများ စိစစ်ခန့်အပ်ရေးအတွက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် Quokka Studio နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါတယ်လို့ ရေးသားထားပါတယ်။


========================


📌📌 ၃။ Zomi Federal Union (ZFU) က ဦးစီးကျင်းပသည့် ZFU Information Session ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့တဲ့သတင်း


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များအနေဖြင့်  Zomi Federal Union (ZFU) က ဦးစီးကျင်းပတဲ့ Information Session ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွင် Member of Supreme Council, ZFU မှ U Pau Khat Suan က ချင်းဘာသာစကားဖြင့် အဖွင့်ဆုတောင်းစကားပြောကြားပေးခဲ့ပြီး ချင်းပြည်နယ်၊ တီးတိန်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ခန့်လျန်းက ယခု မိမိတို့တိုက်ယူ နေခြင်းသည် သာမန်ငြိမ်းချမ်းရေးအတွက်မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ပျက်ပြားစေရန် လုပ်ဆောင်နေသည့် စစ်မိစ္ဆာ၊ မကောင်းဆိုးဝါးဟူသမျှကို  မြန်မာပြည်ကြီး၏ မျက်နှာပြင်ကနေ မောင်းထုတ်ပြီး မြန်မာပြည်ကြီးအတွက် ခေတ်သစ်ငြိမ်းချမ်းရေး၊ အစစ်အမှန်ငြိမ်းချမ်းရေးရရှိရန်အတွက် ဖြစ်ပါ ကြောင်းနှင့် တောင်ပေါ်မြေပြန့် သွေးမကွဲဘဲ၊ မည်သူ့ကိုမျှ နောက်ချန်ထားခဲ့ခြင်းမရှိဘဲ အားလုံးအတူတကွ ချီတက်ပြီး ခေတ်သစ်ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းက အကြမ်းဖက်စစ်အာဏာ ရှင်အုပ်စုကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသည့် အလွှာအသီးသီးမှ ပြည်သူများ၊ နိုင်ငံတစ်ဝှမ်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ဘဝနှင့် အသက်ကို စွန့်လွှတ်သွားခဲ့ကြသည့် အာဇာနည်များအားလုံးကို လေးစားဦးညွှတ်ပါကြောင်း၊ ပြည်သူ့ဆန္ဒ အစစ်အမှန်ဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ၏ကိုယ်စားပြုခွင့်တာဝန်ကို အပ်နှင်းခြင်းခံထားရသည့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံနှင့်ပြည်သူ အတွက် ကတိပြု၊ သစ္စာဆိုထားပြီး တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေကြသကဲ့သို့ လွှတ်တော်နည်းလမ်းအားဖြင့်လည်း နိုင်ငံတကာကို ချဥ်းကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လုံးဝတရားဝင်မှုမရှိသည့်အပြင် ပြည်တွင်းနှင့်နိုင်ငံတကာဥပဒေများကို ချိုးဖောက် ကျူး လွန်နေသည့် စစ်အုပ်စုသည် အကြမ်းဖက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိပြီး တစ်ဖက်တွင် ကျင်းပရန် ကြိုးပမ်းနေသည့် အတုအယောင် ရွေးကောက်ပွဲဆိုသည်မှာလည်း စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက် ဖြစ်လာမည် မဟုတ်ဘဲ နိုင်ငံအတွင်း ပဋိပက္ခများသာ ဖြစ်ပွားစေပြီး ပိုမိုဆိုးရွားသည့် အခြေအနေဖြစ်စေပါကြောင်း၊ စစ်ကောင်စီနှင့်ပူးပေါင်းရန် ကြံရွယ်နေကြသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူကို မျက်နှာမူရန်နှင့် စစ်အာဏာရှင်၏ ယန္တရားတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်နေကြသည့် Non-CDM များအနေဖြင့်လည်း ပြည်သူအားလုံး၏ အနာဂတ်များကို အမှောင်ထုထဲသို့ ဆွဲသွင်းနေသည့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားနိုင်ရန်အတွက် ပြည်သူလူထုနှင့်အတူ အမြန်ဆုံးလာရောက် ပူးပေါင်းကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသွားပါတယ်။

တွေ့ဆုံဆွေးနွေးပွဲသို့ Zomi Federal Union (ZFU) မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်မြတ်သီတာထွန်း၊ ဦးရောဘတ်ညေးရယ်၊ ဦးဝင်းနိုင်၊ ဦးဇေလတ်၊ ဦးနေမျိုး၊ ဦးဇော်မင်းသိန်း၊ ဦးစည်သူမောင်နှင့် အခြားဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးလျက်ရှိတဲ့  ဆန်ဖရန်ဘေးဧရိယာက အလှူငွေ ဒေါ်လာတသောင်းခွဲဝန်းကျင် လက်ခံရရှိတဲ့သတင်း


အမေရိကန်နိုင်ငံကနေ လစဥ် တော်လှန်ရေးရန်ပုံငွေရှာဖွေပေးလျက်ရှိတဲ့  ဆန်ဖရန်စစ္စကိုဘေးဧရိယာက နွေဦးလက်ဖက်ရည်ဝိုင်းမှာ ဇန်နဝါရီ ရက်နေ့က ဟင်းလျာများ ချက်ပြုတ်ရောင်းချရာမှ အလှူငွေ ၁၄,၆၇၂ ဒေါ်လာ လက်ခံရရှိခဲ့ကြောင်းသိရပါတယ်။ တော်လှန်ရေးတွက် ပါဝင်နေဖြစ်ပုံနဲ့ပက်သက်လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှ အဖွဲ့ဝင်တဦးက Radio NUG ကို အခုလို ပြောပါတယ်။


... အသံကုဒ် ... 


ဆန်ဖရန်စစ္စကိုရှိ ဘေးအေရိယာမှ အမေရိကန်ရောက် မြန်မာမိသားစုဟာ နွေဦးတော်လှန်ရေးစတင်တဲ့အချိန်မှစလို့ ယနေ့ထက်တိုင် ကျရာတာဝန်ကို ကျေပွန်စွာ ဝိုင်းဝန်းထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို ဝန်ကြီးဌာနများနှင့် မိတ်ဖက်သတင်းရင်းမြစ်တွေကို အခြေခံပြီး ရေဒီယိုသတင်းထောက် လွတ်လပ်နွေဦးက ပေးပို့တာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment