27th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရာမှာ စီဒီအမ်များရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားဖို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ တော်လှန်ရေးမှာပါဝင်သူအားလုံး သွေးမကွဲဖို့အရေးကြီးတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်ဆို

📌 ၃။ ပြည်သူ့ခုခံစစ်ကို သမရိုးကျသွားလို့မရဘဲ လက်ရှိ တစ်နိူင်ငံလုံးမှာ ဒရုန်းစစ်ပွဲ ဆင်နွှဲနေတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးဆို

📌 ၄။ ဝေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးယူထားသည့် စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ၍ သုံးဦးသေဆုံး

📌 ၅။ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် နှိပ်စက်ခံရသူပြည်သူလူထု ၅၀ ခန့်ရှိပြီဖြစ်ကြောင်း မြို့နယ် ပအဖ ထုတ်ပြန်

📌 ၆။ ကသာမြို့နယ်ဘက်က လာသောကားများကို အင်းတော် နဘားလမ်းဆုံတွင် စကစတပ်များ စစ်ဆေးနေပြီး ကားများကို အခကြေးငွေတောင်းယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရာမှာ စီဒီအမ်များရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားဖို့ ဝန်ကြီးချုပ်ပြောကြား


ဖေဖော်ဝါရီ ၂၇


ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော စီဒီအမ်အောင်မြင်ရေးကော်မတီ အစည်းအဝေးမှာ စီဒီအမ်များရဲ့ ဆန္ဒသဘောထားများကိုထည့်သွင်းစဥ်းစားရမည့်အ‌ကြောင်းကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။


"ရှေ့လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အခုလုပ်လို့ရနိုင်တာတွေရှိသလို ဖြစ်ပေါ်လာမယ့် အပြောင်းအလဲကာလများအတွက်လည်း ကြိုတင်တွက်ဆပြီး ပြင်ဆင်ဆောင်ရွက်ရမှာတွေ ရှိလာပါတယ်။ ကော်မတီအနေနဲ့ စီဒီအမ်များနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ မူဝါဒများကို ဆက်လက်ပြီး အသက်ဝင်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။  မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရာမှာလည်း စီဒီအမ်များရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားဖို့ အင်မတန်အရေးကြီးသလို တဖက်မှာလည်း ကျနော်တို့အစိုးရဟာ လူအခွင့်အရေးကို အာမခံတဲ့ အစိုးရတရပ်အနေနဲ့ စံတန်ဖိုးများကို လိုက်နာရမှာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို သေသေချာချာ ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစရဲ့ ဌာနများကို CDM လုပ်ထားတဲ့ နိူင်ငံ့ဝန်ထမ်းများဟာ Non CDMများကို ပြတ်ပြတ်သားသားအရေးယူဖို့ သဘောထားများရှိတယ်လို့သိရပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးမှာပါဝင်သူအားလုံး သွေးမကွဲဖို့အရေးကြီးတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်ဆို


ဖေဖော်ဝါရီ ၂၇


ဖေဖော်ဝါရီ ၂၆ ရက်ကျင်းပတဲ့ Global Town Hall Meeting မှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်ကအခုလိုဆိုလိုက်ပါတယ်။


"ကျနော်တို့နောက်ဆုံးအဆင့်က ကျနော်တို့သွေးမကွဲဖို့ဘဲ လိုပါတယ်။တစ်လျှောက်လုံး သွေးခွဲ အုပ်ချုပ်လာတဲ့ သူတို့ရဲ့လှည့်ကွက်အောက်ပြန်မရောက်ဖို့လိုပါတယ်။ဒီကနေ့ပြုပြင်ပြောင်းလဲရေးကို ပြည်သူကဘယ်လောက်အားသန်နေသလဲ နိူင်ငံတကာကသိပါတယ်"လို့ဆိုပါတယ်။


တစ်ဆက်တည်းမှာပဲ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ "ကျမတို့ တိုင်းပြည်အနေအထားအရရော၊ ပထဝီအနေအထားအရရော ဘယ်နိူင်ငံကြီးတွေနဲ့မှ ကြားမညှပ်ဖို့လိုပါတယ်။ကျမတို့ဟာ လွတ်လပ်ပြီး တက်ကြွတဲ့ နိူင်ငံခြားရေးမူဝါဒကို ကျင့်သုံးတယ်။ကျမတို့သွားနေတဲ့ တော်လှန်ရေးဟာ ဘယ်နိူင်ငံရဲ့ ကြိုးကိုင်မှုကြောင့် ဘယ်သူ့ရုပ်သေးရုပ်မှ အဖြစ်ခံမှာမဟုတ်ပါဘူး။နိူင်ငံတစ်နိူင်ငံအနေနဲ့ရော၊ အစိုးရတစ်ရပ်အနေနဲ့ရောပါ"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အမေရိကန်နိူင်ငံ ဝါရှင်တန်ဒီစီမှာ နိူင်ငံခြားရေး ရုံးခန်းဖွင့်လှစ်ထားပြီး ချက်နိူင်ငံ၊ သြစတြေးလျနိူင်ငံ၊ ပြင်သစ်နိူင်ငံ၊ကိုရီးယား၊ဂျပန် စတဲ့နိူင်ငံများမှာလည်း အစိုးရ ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ထားရှိပါတယ်။


========================


📌📌 ၃။ ပြည်သူ့ခုခံစစ်ကို သမရိုးကျသွားလို့မရဘဲ လက်ရှိ တစ်နိူင်ငံလုံးမှာ ဒရုန်းစစ်ပွဲ ဆင်နွှဲနေတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးဆို


ဖေဖော်ဝါရီ ၂၇


ပြည်သူ့ခုခံစစ်ကို သမရိုးကျသွားလို့မရဘဲ လက်ရှိ တစ်နိူင်ငံလုံးမှာ ဒရုန်းစစ်ပွဲ ဆင်နွှဲနေတယ်လို့ကာကွယ်ရေး ဒုတိယဝန်ကြီး နိူင်ကောင်းရွက်က ဖေဖော်ဝါရီ ၂၆ ရက်ပါဝင်လက်တွဲတနင်္သာရီအောင်ပွဲ project အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။


"ဒီကနေ့ စစ်ပွဲဟာ သမရိုးကျသွားလို့မရပါဘူး။တူးမီးနဲ့စတယ်ဆိုပေမယ့်လည်း ခေတ်လူငယ်တွေရဲ့ ခေတ်မီနည်းပညာနဲ့ ဒရုန်းနဲ့စပြီး တနင်္သာရီမှာ တိုက်ပွဲတွေစခဲ့တယ်။ ကျနော်တို့နဲ့ပေါင်းစပ်ပြီး သင်တန်းတွေပေးနိူင်ခဲ့တယ်။ဒရုန်းနဲ့တိုက်ခိုက်လာနိူင်တယ်။ဒါကို အကြမ်းဖက် စစ်ကောင်စီ ကိုယ်တိုင်ဝန်ခံလာတယ်။ ဒီကနေ့ PDF တွေဟာ ဒရုန်းတွေ သုံးလာနိူင်တယ်။တစ်နိူင်ငံလုံးမှာ ဒရုန်းစစ်ပွဲ ဆင်နွှဲနေပါတယ်"လို့ဆိုပါတယ်။


စကစတပ်များဟာ ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်နဲ့ ကရင်နီဒေသ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာလည်း အထိနာ ကျဆုံးနေပါတယ်။


========================


📌📌 ၄။ ဝေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးယူထားသည့် စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ၍ သုံးဦးသေဆုံး


ဖေဖော်ဝါရီ ၂၇


ဖေဖော်ဝါရီ ၂၆ ရက် (:၃၀) နာရီခန့်တွင် ဝေါမြို့နယ်ပကဖ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့အတည်ပြုဆိုထားပါတယ်။


"ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ဝေါမြို့မှ ပုရားပျိုကျေးရွာအထွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ စုပေါင်းလုံခြုံရေးယူထားသည့် စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ (၂၆)ရက်နေ့ (:၃၀) နာရီခန့်တွင် ဝေါမြို့နယ်ပကဖ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုသို့ပစ်ခတ်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ()မိနစ်ခန့်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးတွဲလုံခြုံရေးယူ‌နေသည့် ရာအိမ်မှူး()ဦးနှင့် မီးသတ်ဝန်ထမ်း()ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။


ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ()ဦး၊ ဒုရဲအုပ်()ဦးနှင့် ပျူစောထီး()ဦးတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ပို့ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။ အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က လက်ဦးမှုရယူကာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် နှိပ်စက်ခံရသူပြည်သူလူထု ၅၀ ခန့်ရှိပြီဖြစ်ကြောင်း မြို့နယ် ပအဖ ထုတ်ပြန်


 ဖေဖော်ဝါရီ ၂၇


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် နှိပ်စက်ခံရသူပြည်သူလူထု ၅၀ ခန့်ရှိပြီဖြစ်‌ကြောင်းကိုဖေဖော်ဝါရီ၂၇ရက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"အကြမ်းဖက် စကစအဖွဲ့က စစ်အုပ်ချုပ်ရေး အမိန့် တဖက်သက် ထုတ်ပြန်ပြီးသည့်နောက် အကြမ်းဖက် စကစ၏ တပ်ရင်း၊တပ်ဖွဲ့ များမှ အကြမ်းဖက်တပ်သားများက ကြာအင်းဆိပ်ကြီး မြို့ပေါ်တွင် လက်နက်နှင့် အနိုင်ကျင့်ခြင်း၊လုယက်ခြင်း၊ ဆက်ကြေးတောင်းခြင်းများ ပို၍ကျူးလွန်လာကြသည်ဟု မြို့ပေါ်နေပြည်သူများက ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ အကြောင်းကြား တိုင်တန်းလာကြပါတယ်"လို့ဆိုပါတယ်။


ထို့ပြင် မြို့နေပြည်သူများ၏ ပြောပြချက်အရ စကစ အကြမ်းအဖွဲ့များသည် မြို့တွင်း၊ရပ်ကွက် အတွင်း၊ လမ်းဆုံလမ်းဂွများမှာ ဂိတ်များဖွင့်ထားပြီး မသင်္ကာသူများကို ဖမ်းဆီးရိုက်နက်မှုများ ကျူးလွန်လျှက်ရှိရာ နှိပ်စက်ခံရသူ ၅၀ ခန့်ရှိပြီးဖြစ်ကြောင်းလည်း သိရှိရတယ်လို့ဖော်ပြပါတယ်။


အမည်မဖော်လိုသူ ပြည်သူတစ်ဦးကကျွန်တော် ဈေးဝယ်ဖို့အတွက် ဆိပ်ကြီးဈေးကို သွားတာ အသွားတုန်းကလည်း အမျိုးမျိုးနှောင့်ယှက်တယ် ပိုက်ဆံတောင်းလို့ ငါးထောင် ပေးလိုက်ရတယ်၊ ကျွန်တော့ဆိုင်ကယ်ကိုရော ကျွန်တော့ကိုရော ရှာဖွေစစ်ဆေး‌တာ ဈေးကပြန်လာတော့လည်း ကျွန်တော်ဝယ်လာတဲ့ တစ်ပိဿကျော်ရှိတဲ့ ငါးတစ်ကောင်ကို ဆွဲယူလိုက်သေးတယ်လို့ မြို့နယ်ပအဖကို တိုင်တန်းဆိုခဲ့ပါတယ်။


========================


📌📌 ၆။ ကသာမြို့နယ်ဘက်က လာသောကားများကို အင်းတော် နဘားလမ်းဆုံတွင် စကစတပ်များ စစ်ဆေးနေပြီး ကားများကို အခကြေးငွေတောင်းယူ


ဖေဖော်ဝါရီ ၂၇ ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုများက အခုလိုအတည်ပြုဆိုပါတယ်။


ဖေဖော်ဝါရီ ၂၇ ရက်ကသာဘက်မှ ဆင်းလာသော စစ်ကောင်စီတပ်များ နဘားလမ်းဆုံတွင် လာသမျှ ကား၊ဆိုင်ကယ် အကုန်လုံးကို စစ်ဆေးနေပါတယ်။ ကားတွေဆီမှလည်း ပိုက်ဆံတွေလိုက်တောင်းနေကြောင်း သိရပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ အဝေးပြေးကားများနဲ့ကုန်ကားများကို ဆတ်ကြေးသဘောမျိုး ငွေကြေးတောင်းခံမှုတို့ကို နယ်မြို့ရှိ စစ်ဆေးရေးဂိတ်မထားတွင် တရားဝင်ကောက်ခံလျက်ရှိပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment