27th FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်တွင်း၊ ပြည်ပ CDM များအနေနဲ့ အခက်အခဲရှိမှုများရှိပါက  ရဲရဲဝံ့ဝံ့တင်ပြ ပေးကြဖို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ တော်လှန်ရေးရဲ့ အဆုံးသတ် အမြန်ဆုံးသွားနိုင်ရေး အားလုံးရဲ့အင်အားတွေနဲ့ အတူချီတက်ကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၃။ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ FATF က အမည်ပျက်စာရင်းသွင်းပြီး တစ်ရက်တည်းမှာပင် NUG အစိုးရရဲ့ ငွေစာရင်းအကောင့်လေးခု အပိတ်ခံခဲ့ရပြီး နှစ်ခုမှာ ယနေ့ထက်တိုင် ဘဏ်နဲ့ဖြေရှင်းနေရဆဲဖြစ်တယ်လို့ ဆို

📌 ၄။ UK နိုင်ငံ၏ Universal Juridiction ဥပဒေအရ အကြမ်းဖက်စစ်ခေါင်းဆောင်များကို တရားစွဲဆိုဖို့ ဝန်ကြီး ဒေါက်တာဆာဆာတိုက်တွန်း

📌 ၅။ ဖက်ဒရယ်တရားစီရင်‌ရေးစနစ်နှင့် ကိုက်ညီသော တရားရုံးများ ပြင်ဆင်နေပြီလို့ တရားရေးဝန်ကြီးအသိပေး

📌 ၆။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ တိုင်းရင်းသားအချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေး

📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၈။ တစ်နှစ်စာ အသုံးပြုခ ၅၀၀၀ ကျပ်တည်းနဲ့ ငွေလွှဲခ ပေးစရာမလိုဘဲ ကြိုက်သလို ငွေလွှဲငွေထုတ်နိုင်မယ့် NUG Pay အကောင့်များဖွင့်နိုင်ပြီလို့ဆို

📌 ၉။ ဖြူးမြို့နယ်တွင် အလှူအိမ်မှ ဆက်ကြေးယူ၍ ပြန်လာသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ရာ နယ်ထိန်းနဲ့ရဲသုံးဦးထိခိုက်

📌 ၁၀။ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူရွာအား ရက်ဆက်တိုက် ပြည်သူ့ကာကွယ်ရေးတပ်များ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်

📌 ၁၁။ CDF-Hakha ထံစစ်ကောင်စီရဲတပ်ကြပ်တစ်ဦး လက်နက်နဲ့ အတူလင်းဝင်ခိုလှုံလာ၍ ငွေကျပ် သိန်း ၃၀ ဆုချီးမြှင့်ပြီး လုံခြုံတဲ့နေရာသို့ပို့ဆောင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်တွင်း၊ ပြည်ပ CDM များအနေနဲ့ အခက်အခဲရှိမှုများရှိပါက  ရဲရဲဝံ့ဝံ့တင်ပြ ပေးကြဖို့ ဝန်ကြီးချုပ်ပြောကြား


ပြည်တွင်း၊ ပြည်ပ CDM များအနေနဲ့အခက်အခဲရှိမှုများရှိပါက  ရဲရဲဝံ့ဝံ့တင်ပြ ပေးကြဖို့ စီဒီအမ်အောင်မြင်ရေးကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။


" ပြီးခဲ့တဲ့ နှစ်တာအတွင်းမှာ ကျွန်တော်တို့ CDM အောင်မြင်ရေး ကော်မတီဟာ  တတ်စွမ်းသမျှ CDMer များရဲ့ လိုအပ်ချက်များ၊ အသံများကို နားထောင်ပြီး CDM ဆိုင်ရာ အထောက်ပံ့ကူညီရေးအစီအစဉ်များ၊ လုံခြုံရေး၊ လှုမှုရေး၊ လေ့လာသင်ယူမှု မရပ်တန့်စေရေးစီမံကိန်းများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားဖြည့်အကူအညီပေးရေး အစီအစဉ်များကို ကျွန်တော်ကိုယ်တိုင် လမ်းညွှန်ဦးဆောင်မှုပေးပြီး ဝန်ကြီးဌာနအသီးသီးနဲ့ မိတ်ဖက်အဖွဲ့များမှ လုပ်ငန်းများဖော်ဆောင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။ မည်သို့ပင်ဖြစ်စေ လိုအပ်ချက်များ၊ အကန့်အသတ်များကတော့ ရှိနေမှာမလွဲပင်ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ CDM များအနေနဲ့ မိမိရဲ့ အခက်အခဲရှိမှုများရှိပါကလည်း ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ Focal များအနေနဲ့ ရဲရဲဝံ့ဝံ့တင်ပြပေးကြပါ"လို့ဆိုပါတယ်။


ဒါ့အပြင် CDM ဝန်ထမ်းများ လိုအပ်ချက်များကို အရေးကြီးရင်ကြီးသလို တတ်စွမ်းတဲ့ဘက်က ကူညီလုပ်ဆောင်ပေးကြဖို့ကိုလည်း လမ်းညွှန်မှာကြားပြင်ဆင်ထားတယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးရဲ့ အဆုံးသတ် အမြန်ဆုံးသွားနိုင်ရေး အားလုံးရဲ့အင်အားတွေနဲ့ အတူချီတက်ကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


"တော်လှန်ရေးရဲ့ အဆုံးသတ် အမြန်ဆုံးသွားနိုင်ရေး အားလုံးရဲ့အင်အားတွေနဲ့ အတူချီတက်ကြရမှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် မှာကျင်းပါတဲ့ "ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ"  စတုတ္ထအကြိမ် fundraising ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက ပြောပါတယ်။


"တော်လှန်ရေးရဲ့အဆုံးသတ် အမြန်ဆုံးသွားနိုင်ရေး အားလုံးရဲ့ အင်အားတွေနဲ့ အတူချီတက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာရှင်ကို တွန်းလှန်ရင်း နွေဦးတော်လှန်ရေးအတွက် အသက်ပေးသွားကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အာဇာနည်များကို ဒီနေရာကပဲ ဂုဏ်ပြုအလေးပြုပါကြောင်းနဲ့ အာဏာရှင်တွန်းလှန်ရင်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့ရဲဘော်တွေ ဘေးကင်းကင်းနဲ့ အောင်ပွဲအလီလီဆွတ်ခူးနိုင်ကြပါစေ"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ KNU KIA နဲ့အတူ တော်လှန်ရေးအင်အားစုများနဲ့ နွေဦးတော်လှန်ရေးကို NUG အစိုးရဟာ ဆင်နွှဲလျက်ရှိနေပါတယ်။


========================


📌📌 ၃။ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ FATF က အမည်ပျက်စာရင်းသွင်းပြီး တစ်ရက်တည်းမှာပင် NUG အစိုးရရဲ့ ငွေစာရင်းအကောင့်လေးခု အပိတ်ခံခဲ့ရပြီး နှစ်ခုမှာ ယနေ့ထက်တိုင် ဘဏ်နဲ့ဖြေရှင်းနေရဆဲဖြစ်တယ်လို့ ဆို


ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ FATF က အမည်ပျက်စာရင်းသွင်းပြီး တစ်ရက်တည်းမှာပင် NUG အစိုးရရဲ့ ငွေစာရင်းအကောင့်လေးခု အပိတ်ခံခဲ့ရပြီး နှစ်ခုမှာ ယနေ့ထက်တိုင် ဘဏ်နဲ့ဖြေရှင်းနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက် (One Day Challenge) နှင့် မြေပြင် အခင်းအကျင်း မေးမြန်းတွေ့ဆုံပွဲမှာ စီမံဘဏ္ဍာ ဝန်ကြီး ဦးတင်ထွန်းနိူင်ကပြောပါတယ်။


"FATF က အမည်ပျက်စာရင်းသွင်းပြီးနောက် တစ်ရက်တည်းမှာကိုပဲ ကျနော်တို့ အကောင့်လေးခု ပိတ်ခံရပါတယ်။ နောက်ထပ် အကောင့်နှစ်ခုကလည်း ဒီနေ့ဆိုလို့ရှိရင် KYC အစ်သျူးခေါ်တယ်။ ဒီနေ့ဒီအချိန်အထိ ဖြေရှင်းနေရပါတယ်။ ပြောချင်တာ နိုင်ငံတကာက တော်လှန်ရေး ရန်ပုံငွေတွေ စီးဝင်လာတာမှာ ကျနော်တို့က ပြည်တွင်းက ကိုယ့်ခြေ ကိုယ့်လက်နဲ့ ငွေရေးကြေးရေးကို မစီမံနိုင်ပါဘူး"လို့ဆိုပါတယ်။


NUG အစိုးရရဲ့ ငွေစာရင်းအကောင့်များဟာ သက်ဆိုင်ရာ ဘဏ်အလိုက် တည်ဆဲဥပဒေများအရ လိုက်နာနေရပြီး တော်လှန်ရေးအတွက် ငွေကြေးများကို လှုပ်ရှားနေရတာဖြစ်တယ်လို့ စီမံဘဏ္ဍာဝန်ကြီးကဆိုပါတယ်။ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက် စာရင်း ထည့်သွင်းလိုက်‌ကြောင်း ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၁ရက် ညပိုင်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၄။ UK နိုင်ငံ၏ Universal Juridiction ဥပဒေအရ အကြမ်းဖက်စစ်ခေါင်းဆောင်များကို တရားစွဲဆိုဖို့ ဝန်ကြီး ဒေါက်တာဆာဆာတိုက်တွန်း


UK နိုင်ငံ၊ London မြို့တွင်ကျင်းပသည့် (၇၅) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ဖေဖော်ဝါရီ ၂၅ ရက် မိန့်ခွန်းပြောကြားရာမှာ ဝန်ကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။


"UK နိုင်ငံ၏ Universal Juridiction ဥပဒေအရ အကြမ်းဖက်စစ်ခေါင်းဆောင်များကို တရားစွဲပြီး သူတို့ကျူးလွန်ထားသော လူ့အခွင့်အရေးချိုးဖောက်ခြင်း အများအပြား၊ လူမျိုးတုံးသတ်ဖြတ်ခြင်းနှင့် စစ်ရာဇဝတ်မှုများ အားလုံးအတွက် ဥပဒေအရ အရေးယူပေးပြီး မြန်မာပြည်သူများ တရားမျှတမှုရရှိစေရေးကိုလည်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံလိုပါတယ်"လို့ဝန်ကြီးက ဆိုပါတယ်။


အရေးကြီးဆုံးမှာ UK နိုင်ငံအနေဖြင့် NUG NUCC CRPH တို့ကို မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားပြု အစိုးရအဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုပေးသည်သာမက မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် NUGနှင့် တရားဝင် ပူးပေါင်းပြီး ဆောင်ရွက်ပေးနိုင်ရန်လည်း ဝန်ကြီးက ဆိုထားပါတယ်။


========================


📌📌 ၅။ ဖက်ဒရယ်တရားစီရင်‌ရေးစနစ်နှင့် ကိုက်ညီသော တရားရုံးများ ပြင်ဆင်နေပြီလို့ တရားရေးဝန်ကြီးအသိပေး


ဖေဖော်ဝါရီ၂၆ရက် ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီ အစည်းအဝေး (/၂၀၂၃) မှာ ဖက်ဒရယ်တရားစီရင်‌ရေးစနစ်နှင့် ကိုက်ညီသော တရားရုံးများ ပြင်ဆင်နေပြီလို့  တရားရေးဝန်ကြီး ဦးသိန်းဦးက အသိပေးဆိုပါတယ်။


"မြေပြင်တရားစီရင်ရေးအတွက် သင်တန်းများ ထဲထဲဝင်ဝင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်တရားစီရင်‌ရေးစနစ်နှင့် ကိုက်ညီသော တရားရုံးများအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း"ဆိုခဲ့ပါတယ်။


ကြားကာလ ပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ - ၁၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒုတိယဥက္ကဋ္ဌ - ၂၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခူးထဲဘူး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်းနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ တိုင်းရင်းသားအချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေး


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ တိုင်းရင်းသားအချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင် အသိပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်မှာ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆိုပါတယ်။


"Multi Ethnic March အပြီး တိုင်းရင်းသားအချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်"လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း US Capitol မှာ တာဝန်ရှိသူအချို့နဲ့ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟာ တွေ့ဆုံခဲ့ပါသေးတယ်။


========================


📌📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (//၂၀၂၃) ကို ဖေဖော်ဝါရီလ ၂၆ ရက်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး() ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ဌာနနှင့် သက်ဆိုင်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဘက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၈။ တစ်နှစ်စာ အသုံးပြုခ ၅၀၀၀ ကျပ်တည်းနဲ့ ငွေလွှဲခ ပေးစရာမလိုဘဲ ကြိုက်သလို ငွေလွှဲငွေထုတ်နိုင်မယ့် NUG Pay အကောင့်များဖွင့်နိုင်ပြီလို့ဆို


တစ်နှစ်စာ အသုံးပြုခ ၅၀၀၀ ကျပ်တည်းနဲ့ ငွေလွှဲခ ပေးစရာမလိုဘဲ ကြိုက်သလို ငွေလွှဲငွေထုတ်နိုင်မယ့် NUG Pay အကောင့်များ ဖွင့်နိုင်ပြီလို့  NUG Pay က ဖေဖော်ဝါရီ ၂၆ ရက်မှာ အသိပေးဆိုပါတယ်။


"သုံးလို့လည်း လွယ်ရမယ်။ လုံခြုံမှုလည်း ရှိရမယ်။ ဒီလိုအပ်ချက်တွေအတွက် ဘလော့ချိန်း နည်းပညာသုံးထားတဲ့ NUGPay ရှိပါတယ်။ တစ်နှစ်စာ အသုံးပြုခ ၅၀၀၀ ကျပ်တည်းနဲ့ ငွေလွှဲခ ပေးစရာမလို၊ ကြိုက်သလို ငွေလွှဲငွေထုတ်လို့ရ၊ ကိုယ်ပိုင်သုံးလည်းရ၊ တော်လှန်ရေးအတွက်လည်း ထောက်ပို့လို့ရ။ ကဲဘာလိုသေးလဲ? ခုပဲ NUGPay အကောင့်ဖွင့်လိုက်ရအောင်"လို့ဆိုထားပါတယ်။ NUG Payဟာ သုံးစွဲသူ သောင်းနဲ့ချီရှိနေပြီး စစ်အာဏာရှင် လက်အောက်က လွတ်ကင်းတဲ့ တစ်ခုတည်းသော ဘဏ္ဍာရေးစနစ်လည်းဖြစ်ပါတယ်။


========================


📌📌 ၉။ ဖြူးမြို့နယ်တွင် အလှူအိမ်မှ ဆက်ကြေးယူ၍ ပြန်လာသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ရာ နယ်ထိန်းနဲ့ရဲသုံးဦးထိခိုက်


ဖေဖော်ဝါရီလ (၂၆) ရက်မွန်းတည့်(၁၂:၀၀)နာရီ‌ခန့်တွင် ကညွတ်ကွင်းမြို့အရှေ့ဘက် ခင်ကြီးရွာနှင့် သရက်ကုန်းရွာအကြား၌ ဖြူးမြို့နယ်ပကဖမှ ဗိုလ်ကျားကြီးဦးဆောင်သော အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


"ဘုရားလဟာကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ၎င်း၏အလှူအား လုံခြုံရေးယူပေးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ()သိန်းကျပ်၊ ရဲတပ်ဖွဲ့ဝင်များအား ()သိန်းကျပ် ဆက်ကြေး‌ပေးသွင်းကာ ငှားရမ်းခဲ့ပြီး ထိုသို့ အလှူအိမ်မှ ဆက်ကြေးယူ၍ ပြန်လာသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား ဖြူးမြို့နယ်ပကဖမှ ဗိုလ်ကျားကြီးအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်"လို့ Bago PDFက ဖော်ပြပါတယ်။


အဆိုပါစစ်ဆင်ရေးတွင် မိုင်းဆွဲတိုက်ခိုက်ပြီးနောက်   တိုက်ပွဲငယ်တစ်ခုအဖြစ် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး အချိန်အနည်းငယ် ကြာမြင့်ခဲ့ပါတယ်။ ၎င်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဘက်မှ နယ်ထိန်းသန့်စင်အောင်မှာ ဦးခေါင်းကျည်ထိမှန်၍ အရေးပေါ်အတွင်းလူနာ (စိုးရိမ်ရ)ဖြင့် နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်()ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၁၀။ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူရွာအား ရက်ဆက်တိုက် ပြည်သူ့ကာကွယ်ရေးတပ်များ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်


ဖေဖော်ဝါရီလအတွင်း စစ်ရေးသတင်းကို မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုပါတယ်။


"မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူရွာအား ဖေဖော်ဝါရီ ၁၇၊ ၁၈၊ ၁၉ () ရက်ဆက်တိုက် မိမိတို့နှင့် မဟာမိတ်ညီနောင် တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အလားတူ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ် စကစ လက်အောက်ခံ ကုက္ကိုစု ပျူရွာအား ပခုက္ကူ၊ မြိုင်၊ ပေါက် မဟာမိတ် ညီနောင်တပ်ဖွဲ့များ စုပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် စီးနင်းခဲ့ရာ စီးနင်းမှုအောင်မြင်ခါနီးတွင် လေကြောင်းပစ်ကူ ရောက်လာ၍ ပြန်လည် ဆုတ်ခွာခဲ့ရပြီး စကစဘက်က ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၁၁။ CDF-Hakha ထံစစ်ကောင်စီရဲတပ်ကြပ်တစ်ဦး လက်နက်နဲ့ အတူလင်းဝင်ခိုလှုံလာ၍ ငွေကျပ် သိန်း ၃၀ ဆုချီးမြှင့်ပြီး လုံခြုံတဲ့နေရာသို့ပို့ဆောင်


CDF-Hakha ထံ စစ်ကောင်စီရဲတပ်ကြပ်တစ်ဦး လက်နက်နဲ့အတူလင်းဝင်ခိုလှုံလာ၍ ငွေကျပ်သိန်း ၃၀ ဆုချီးမြှင့်ပြီး လုံခြုံတဲ့နေရာသို့ ပို့ဆောင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် မှာ CDF-Hakha က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲတပ်ကြပ်တစ်ဦးဟာ လက်နက်များနဲ့အတူ CDF-Hakha တပ်ဖွဲ့ထံ ဖေဖော်ဝါရီ ၂၅ ရက်က အလင်းဝင်လာတယ်လို့ CDF-Hakha ကဖော်ပြပါတယ်။


စစ်ကောင်စီရဲတပ်ကြပ်ဟာ ၎င်းနဲ့အတူ G3 သေနတ်တစ်လက်၊ ကျည်အိမ် ခု၊ ကျည်ဆံအနည်းငယ်နဲ့အတူအလင်းဝင်လာပါတယ်။ ၎င်းကို CDF-Hakha တပ်ဖွဲ့က သိန်း ၃၀ ဆုချီးမြှင့်ပြီးနောက် လုံခြုံတဲ့နေရာသို့ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment