8th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ သုညကနေ စခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက်အုပ်စုကို ကဏ္ဍပေါင်းစုံကနေ ရင်ဆိုင်နိူင်ပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးဆို

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန်မာသထက် သန်မာအောင် ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ် ကတိပေးပြောကြား

📌 ၃။ နောင်မျိုးဆက်တွေအားလုံးအတွက် အာမခံချက်ရှိတဲ့ နိုင်ငံရေးစနစ်မျိုးကို မျိုးစေ့ချသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၄။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာပင် စစ်တပ်က ကလေးငယ် စုစုပေါင်း (၁၆၅) ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားခဲ့

📌 ၅။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားအရေအတွက်  ၉၄ ဦးထိရှိလာ

📌 ၆။ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ မူးယစ်ဆေးသတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်ရှာဖွေရာ ရောင်းဝယ်ဖောက်ကားသူက ငှက်ကြီးတောင်ဓါးနဲ့ဆီးခုတ်၍ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရ

📌 ၇။ မြင်းမူမြို့ မြန့်မာ့စီးပွားရေးဘဏ်တွင် အုပ်စုဖွဲ့စောင့်နေသောစကစတပ်ဖွဲ့များဗုံးပစ်ခံရ၍ ငါးဦးသေဆုံး

📌 ၈။ နွေဦးတော်လှန်ရေး အထောက်အပံ့အဖြစ်  နွေဦးသင်္ကြန်ကိုဂျပန်နိူင်ငံ တိုကျိုမြို့ရှိ ဟိဘိရပန်းခြံတွင် ကျင်းပမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သုညကနေ စခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက်အုပ်စုကို ကဏ္ဍပေါင်းစုံကနေ ရင်ဆိုင်နိူင်ပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးဆို


ဖေဖော်ဝါရီ


ဖေဖော်ဝါရီ ၇ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏အဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကအခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ သုညကနေ စတင်ခဲ့ရာက ဒီနေ့ဆိုရင် အကြမ်းဖက်အုပ်စုကို ကဏ္ဍပေါင်းစုံကနေ ရင်ဆိုင်နေနိုင်ပြီဖြစ်ပြီး အခြားကဏ္ဍတွေမှာဆို ပိုမိုသာလွန်အောင် လုပ်ဆောင်နိုင်နေပြီဖြစ်တယ်ဆိုတာ အားလုံးအသိပင် ဖြစ်ပါတယ်။ အခုလို အချိန်တိုအတွင်း အောင်မြင်မှုတွေ စွမ်းဆောင်လာနိုင်တာဟာ တိုင်းရင်းသား ပြည်သူအပေါင်းရဲ့ ညီညွတ်မှုနဲ့ အာဏာရှင်စနစ်ကို ပြတ်သားစွာ လက်မခံ မလိုလားမှုကြောင့် ဖြစ်ပါတယ်"လို့ ယာယီသမ္မတ ကဆိုပါတယ်။


လက်ရှိမှာ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာနသို့ မှတ်ပုံတင်ထားတဲ့ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ ရင်း၊ မြို့နယ်ပကဖအဖွဲ့ပေါင်း ၂၆၀ ကျော်ရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် သံတမာန်ရေးရာတွင် ဂျပန်၊ ကိုရီးယား၊ ချက်သမ္မတ နိုင်ငံ၊ ပြင်သစ်နိူင်ငံ၊ အမေရိကန်နိူင်ငံတို့တွင် NUGကိုယ်စားပြု ကိုယ်စားလှယ်ရုံးများ ဖွင်လှစ်ထားရှိနိူင်ပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန်မာသထက် သန်မာအောင် ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ် ကတိပေးပြောကြား


ဖေဖော်ဝါရီ


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန်မာသထက် သန်မာအောင် ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၇ရက်တွင် ကျင်းပပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ /၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးတွင် ကတိပေးပြောကြားလိုက်ပါတယ်။


" အမျိုးသားညီညွတ်ရေးအစိုးရရဲ့ one year plan အောင်မြင်နိုင်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိလို့ စိတ်အားတက်ရသလို တစ်ဖက်ကလည်း ဒီလို project တွေ အောင်အောင်မြင်မြင်ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ခံယူချက်၊ ယုံကြည်ချက်တွေဟာ တစ်စက်ကလေးမှ မလျော့သွားဘဲ ပါဝင်ပေးနေကြတာကို သိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုတွေအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန်မာသထက် သန်မာအောင် ကြိုးစားသွားမယ်လို့လည်း ကတိပေး ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်တော်လှန်ရေးရဲ့ နှစ်မြောက် နှစ်ပတ်လည်ဆိုတာမျိုး မရှိစေရအောင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးအနေနဲ့ တော်လှန်ရေးအစုအဖွဲ့များ အားလုံးနှင့်အတူ တညီတညာတည်း ဝိုင်းဝန်းကြိုးစားပေးကြဖို့ကိုလည်းဝန်ကြီးချုပ်ကတိုက်တွန်းဆိုခဲ့ပါတယ်။


========================


📌📌 ၃။ နောင်မျိုးဆက်တွေအားလုံးအတွက် အာမခံချက်ရှိတဲ့ နိုင်ငံရေးစနစ်မျိုးကို မျိုးစေ့ချသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


ဖေဖော်ဝါရီ ရက်


ဖေဖော်ဝါရီ ရက်နေ့ ပင်လုံသဘောတူစာချုပ်နဲ့ ပတ်သက်လို့ သုံးသပ်ပြောကြားရင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က နောင်မျိုးဆက်တွေအားလုံးအတွက် အာမခံချက်ရှိတဲ့ နိုင်ငံရေးစနစ်မျိုးကို မျိုးစေ့ချသွားမယ်လို့ ထည့်သွင်းပြောပါတယ်။


"ပင်လုံသဘောတူစာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်မှာ အရေးအကြီးဆုံးဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေးအာဏာ ကို ဖက်ဒရယ်ယူနစ် ပြည်နယ်တွေထံခွဲဝေ ပေးခြင်းမျိုးဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ ခေတ်မှာ ရွေးကောက်ခံအမတ်တွေဦးဆောင်တဲ့ ဖဆပလ ပါတီခေါင်းဆောင်တွေက ဒီသဘောတရားတွေကို အကောင်အထည်မဖေါ်ခဲ့ဘူး။ ဗဟိုအစိုးရမှာပဲ အာဏာတွေ စုထားချင်ကြတယ်။ ဒါကြောင့် အာဏာလုယူချင်သူတွေအတွက်လွယ်သွားတယ်။ ဒီတော်လှန်ရေးမှာတော့ ဆက်ပြီး အမှားခံလို့မရပါဘူး။ နောင်မျိုးဆက်တွေအားလုံးအတွက် အာမခံချက်ရှိတဲ့ နိုင်ငံရေးစနစ်မျိုးကို မျိုးစေ့ချသွားမှာပါ"လို့ဝန်ကြီးကဆိုပါတယ်။


အဆိုပါ ငြိမ်းချမ်းသာယာသော နိုင်ငံကိုထူထောင်ရာတွင် အာမခံချက်ရှိသော နိူင်ငံရေးစနစ်အတွက်အချိန် ကာလ ကြာကောင်းကြာနိုင်သော်လည်း ကျဆုံးသွားတာမျိုးကို အဖြစ်မခံဘူးလို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာပင် စစ်တပ်က ကလေးငယ် စုစုပေါင်း (၁၆၅) ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားခဲ့


ဖေဖော်ဝါရီ ရက်


ဖေဖော်ဝါရီ၇ရက်   နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၃ ခုနှစ်အတွက် UNICEF Executive Board ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာကလေးငယ်တွေ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အခုလိုဆိုခဲ့ပါတယ်။


"စစ်တပ်သည် စစ်ကိုင်းတိုင်းနှင့် ကရင်နီပြည်နယ်တို့အတွင်းရှိ ကိုယ်ပိုင်ကျောင်း တစ်ခုနှင့် ရခိုင်ပြည်နယ်တွင် ကလေးငယ်တစ်ဦး၏ နာမည်ပေး ကင်ပွန်းတပ် အခမ်းအနား၌ လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁၁) ဦး အသက်သေဆုံးခဲ့ပါတယ်။၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာပင် စစ်တပ်က ကလေးငယ် စုစုပေါင်း (၁၆၅) ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ယင်းကိန်းဂဏာန်းမှာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထို့ပြင် စစ်တပ်အနေဖြင့် ကလေးငယ်များနှင့် စာသင်ကျောင်းများအပေါ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်ရုံသာမက ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ငြင်းဆန်လျက်ရှိတယ်လို့သံအမတ်ကြီးက ဆိုပါတယ်။


OCHA အစီရင်ခံစာများအရ . သန်းသော ကလေးငယ်များအနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု၊ သန့်ရှင်းသော သောက်ရေ သုံးရေ၊ ကာကွယ်ဆေးနှင့် ပညာသင်ကြားမှုတို့ကို အကန့်အသတ် ဖြင့်သာ ရရှိသောကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အထူးလိုအပ်လျက်ရှိနေပါတယ်။


========================


📌📌 ၅။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားအရေအတွက်  ၉၄ ဦးထိရှိလာ


ဖေဖော်ဝါရီ


အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားအရေအတွက်  ၉၄ ဦးထိရှိလာတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီလအတွင်း ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကပြောပါတယ်။


"နေ့ထိ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားအရေအတွက် စုစုပေါင်း ၉၄ ဦးရှိပါပြီ။ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးထိန်း သိမ်းတာဖြစ်ပြီး၊ အခြားမည်သည့် ကြောင်းမှတော့ မရှိဘူးလို့သိရှိရပါတယ်။ ဥပဒေကြောင်း အရ ခုခံလျှောက်လဲဖို့ရှေ့နေလည်း ငှားရမ်းထားပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။


စစ်တပ်အာဏာလုယူပြီးနောက် မြန်မာနိူင်ငံအတွင်းမှ စစ်ရှောင်ပြည်သူများနဲ့ နိူင်ငံရေးအရ တိမ်းရှောင်ပြည်သူများဟာ အိမ်နီးချင်းနိူင်ငံ နယ်စပ်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေနေရပါတယ်။


========================


📌📌 ၆။ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ မူးယစ်ဆေးသတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်ရှာဖွေရာ ရောင်းဝယ်ဖောက်ကားသူက ငှက်ကြီးတောင်ဓါးနဲ့ဆီးခုတ်၍ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရ


ဖေဖော်ဝါရီလ ရက်နေ့တွင် ကလေးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF-Kalay) တပ်ရင်း()မှ တပ်ဖွဲ့ဝင်()ဦးနှင့် CDF-KKG တပ်ဖွဲ့မှ ဒုတပ်ခွဲမှူးပါတပ်ဖွဲ့ဝင်()ဦး စုစုပေါင်း တပ်ဖွဲ့ဝင်(၁၀)ဦးတို့မှ မူးယစ်ဆေးဝါးသတင်းအရ  ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ နေထိုင်သော ဦးလှရွှေ၏ လယ်တောသို့ သွားရောက်ရှာဖွေဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။


ထိုသို့ ရှာဖွေဖမ်းဆီးရာ ဦးလှရွှေမှာ အဖမ်းမခံဘဲ ၎င်းထံတွင်ပါလာသည့် အရိုးအသွား(၂၇)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးဖြင့် ပြန်လည်ခုခံ၍ သေနတ်ဖြင့်()ချက်ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ ပလပ်စတစ်ဗူးခွံအတွင်းထည့်လျက် မူးယစ်ဆေးဝါးဟုယူဆရသည့် အဝါရောင်ဖောက်အမှုန့်ရောရာ ()ဂရမ်ခန့်နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား စစ်ဆေးရှာဖွေတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါတရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ဦးလှရွှေအား ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(မြောက်ပိုင်း)တွင် မူးယစ်‌ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ တရားစွဲဆိုနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၇။ မြင်းမူမြို့ မြန့်မာ့စီးပွားရေးဘဏ်တွင် အုပ်စုဖွဲ့စောင့်နေသောစကစတပ်ဖွဲ့များဗုံးပစ်ခံရ၍ ငါးဦးသေဆုံး


ဖေဖော်ဝါရီ ရက်


စစ်ကိုင်းတိုင်း မြင်းမူမြို့ မြန့်မာ့စီးပွားရေးဘဏ်တွင် အုပ်စုဖွဲ့စောင့်နေသောစကစတပ်ဖွဲ့များဗုံးပစ်ခံရ၍ ငါးဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ရက်ည နာရီ ၄၆ မိနစ်ခန့်က မြင်းမူမြို့ မြန့်မာ့စီးပွားရေးဘဏ်တွင် အုပ်စုဖွဲ့စောင့်နေသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့တယ်လို့ TRUE FIGHTER အဖွဲ့ကဆိုပါတယ်။


"ဖေဖော်ဝါရီ ရက်နေ့ နာရီ ၄၆ မိနစ်ခန့်က မြင်းမူမြို့ မြန့်မာ့စီးပွားရေးဘဏ်တွင် အုပ်စုဖွဲ့စောင့်နေသော စကစတပ်များ အား ကျွန်ုပ်တို့True Fighterအဖွဲ့မှဗုံးပစ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် စကစတပ်ဘက်က ၅ဦးသေဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ဖော်ပြပါတယ်။


========================


📌📌 ၈။ နွေဦးတော်လှန်ရေး အထောက်အပံ့အဖြစ်  နွေဦးသင်္ကြန်ကိုဂျပန်နိူင်ငံ တိုကျိုမြို့ရှိ ဟိဘိရပန်းခြံတွင် ကျင်းပမယ်


ဖေဖော်ဝါရီ


နွေဦးတော်လှန်ရေး အထောက်အပံ့အဖြစ်  နွေဦးသင်္ကြန်ကို ဂျပန်နိူင်ငံ တိုကျိုမြို့ရှိ ဟိဘိရပန်းခြံတွင် ကျင်းပမယ်လို့ဖေဖော်ဝါရီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ သတင်းထုတ်ပြန်ဖော်ပြပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ဦးစီး၍ နွေဦးတော်လှန်ရေး အထောက်အပံ့အဖြစ်  နွေဦးသင်္ကြန်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ရက်နေ့တွင် တိုကျိုမြို့ရှိ ဟိဘိရပန်းခြံတွင် ကျင်းပပြုလုပ်သွားရန် စီစဥ်လျာထားလျှက်ရှိပါတယ်"လို့ဆိုပါတယ်။


သို့ဖြစ်၍ဂျပန်နိုင်ငံရှိအဖွဲ့အစည်းများ မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုများနှင့်တကွ တော်လှန်ရေးအင်အားစုများအားလုံး ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် ကြိုတင်အသိပေးလှုံ့ဆော်ထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment