၂၀၂၃ မတ်လ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိူင်ငံတကာရောက် ပြည်သူလူထုအနေနဲ့NUGအစိုးရရဲ့နိူင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို အခုထက်ပိုမိုအားကောင်းအောင် ဝေဖန်အကြံပြုဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြောကြား
📌 ၂။ တော်လှန်ရေးရဲ့ လိုအပ်ချက်အရ စီမံဆောင်ရွက်ရမှာတွေကို မလစ်ဟင်းစေဖို့ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်မှာကြား
📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီချာတာကို နိူင်ငံတကာ အစိုးရက သိပ်မသိကြ၍ မိတ်ဆက်ရှင်းလင်းပြောကြားဖို့လိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌 ၄။ NDAA Budget Proposal ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်အား CRPH ကကျင်းပ
📌 ၅။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှဒုဝန်ကြီး ခူးထဲဘူး ပြည်သူ့ဝန်ထမ်း CDMer များနှင့် တွေ့ဆုံ၍ စိတ်ခွန်အားပေး တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ
📌 ၆။ ရွှေဘိုခရိုင်ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စကစတပ်စစ်ကြောင်းကမီးပတ်ရှို့နေ
📌 ၇။ အိမ်ပြန်လမ်း android ကြော်ငြာတက်နေပြီမို့လို ပြည်သူလူထုက ဝိုင်းဝန်းကလစ်ပေးဖို့ Click2donate အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိူင်ငံတကာရောက် ပြည်သူလူထုအနေနဲ့NUGအစိုးရရဲ့နိူင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို အခုထက်ပိုမိုအားကောင်းအောင် ဝေဖန်အကြံပြုဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြောကြား
မတ်လ ၁ ရက်
ဖေဖော်ဝါရီ ၂၈ ရက်ကကျင်းပတဲ့ MFDMC -ပြည်ပထောက်ပို့တပ် တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျနော်တို့ဟာ လက်တွေ့ကျတဲ့ရလဒ်တွေထွက်အောင်လည်း ရုန်းကန်ကြိုးစားနေကြပါတယ်။အခုဆိုရင် နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အောင်ပွဲအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်းပြောချင်ပါတယ်။နိူင်ငံတကာရောက် ပြည်သူလူထုအနေနဲ့လည်း ကျနော်တို့ရဲ့နိူင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို အခုထက်ပိုမိုအားကောင်းအောင် ဝေဖန်အကြံပြုကြပါ"လို့ ယာယီသမ္မတ ကဆိုပါတယ်။
လက်ရှိမှာ ပြည်ပရောက် မြန်မာပြည်သူလူထုများဟာ တစ်နေ့ဝင်ငွေများထဲမှ နွေဦးတော်လှန်ရေးအတွက် ထောက်ပို့ လှူဒါန်းမှုများလည်းရှိနေပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးရဲ့ လိုအပ်ချက်အရ စီမံဆောင်ရွက်ရမှာတွေကို မလစ်ဟင်းစေဖို့ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်မှာကြား
မတ်လ ၁ ရက်
တော်လှန်ရေးရဲ့ လိုအပ်ချက်အရ စီမံဆောင်ရွက်ရမှာတွေကို မလစ်ဟင်းစေဖို့ အစိုးရအဖွဲ့ကိုပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၂၈ ရက်အစိုးရအဖွဲ့အစည်းအဝေးမှာမှာကြားခဲ့ပါတယ်။
"ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးအစိုးရဖြစ်တာကြောင့် တစ်ဖက်ကလည်း တော်လှန်ရေးရဲ့ လိုအပ်ချက်အရ စီမံဆောင်ရွက်ရမှာတွေကို မလစ်ဟင်းစေဘဲ တစ်ဖက်ကလည်း အစိုးရတစ်ရပ် ပီသစွာ ယန္တရားတွေကို ကောင်းမွန်စွာ လည်ပတ်နိုင်အောင် ဝိုင်းဝန်းကြိုးစားပေးကြဖို့ တိုက်တွန်းပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေး မဟာမိတ်များနဲ့လည်း ပိုမိုနားလည်မှုတွေ ယူပြီး ရှေ့ဆက်သွားကြဖို့ အရေးကြီးကြောင်း ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ ဖက်ဒရယ် ဒီမိုကရေစီချာတာကို နိူင်ငံတကာ အစိုးရက သိပ်မသိကြ၍ မိတ်ဆက်ရှင်းလင်းပြောကြားဖို့လိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
ဖေဖော်ဝါရီ ၂၈ ရက်မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက သံတမန်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မူ လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြဆွေးနွေးရာမှာဖက်ဒရယ် ဒီမိုကရေစီချာတာကို ရှင်းလင်းပြောကြားဖို့လိုအပ်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ဖက်ဒရယ် ဒီမိုကရေစီချာတာဟာ နိူင်ငံတကာ အစိုးရက သိပ်မသိကြဘူး။သူတို့ကို ဒါမိတ်ဆက်ဖို့လိုတယ်။ဒီ့ထက်မကလည်း မြန်မာနိူင်ငံအကြောင်းကို ထပ်ပြီးတော့ ပြောဖို့လိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်း လျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့လည်း တွေ့ဆုံဆွေးနွေးလျက်ရှိပါတယ်။
========================
📌📌 ၄။ NDAA Budget Proposal ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်အား CRPH ကကျင်းပ
NDAA Budget Proposal ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်အား CRPH ကကျင်းပခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီများဖြစ်သည့် ပြည်သူ့ရေးရာ ကော်မတီ၊ ဘဏ္ဍာရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီတို့သည် NDAA Budget Proposal ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် တွေ့ဆုံ၍ဖေဖော်ဝါရီလ ၂၈ ရက်ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီများမှ Budget Proposal တွင် ပါဝင်ရေးဆွဲထားသည့် ခေါင်းစဥ်များ၊ ရေးဆွဲထားသည့် မူဝါဒများအား ရှင်းလင်းတင်ပြကာ ဝန်ကြီးဌာနများက စီစဥ်ရေးဆွဲနေသည့် လုပ်ငန်းစဥ်များနှင့်လည်း ကိုက်ညီမှုရှိစေရန်နှင့် လစ်လပ်မှုမရှိစေရန်တို့အတွက် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက "စီမံချက်များရေးဆွဲရာတွင် Project Management များကို ဆက်သွယ်ပေါင်းစပ်ရေးဆွဲကြရန်၊ CRPH ရေးရာကော်မတီများနှင့် မိမိတို့ဝန်ကြီးဌာနများမှ မြေပြင်တွင် ဆောင်ရွက်နေသူများအနေဖြင့် ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်းညှိနှိုင်း အကောင်အထည် ဖော်ကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက အစိုးရ၊ လွှတ်တော်နှင့်တရားရေးတို့ ဟန်ချက်ညီညီ အလုပ်လုပ်ရမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနများမှ ချမှတ်ထားသည့် မူဝါဒများကို မြေပြင်တွင် လွှမ်းမိုးမှုရှိနိုင်စေရေး၊ ပြည်သူများအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ကုန်ကျမှုအနည်းဆုံးဖြင့် မြန်ဆန်စွာ မြေပြင်သို့ ရောက်ရှိစေရေးတို့ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှဒုဝန်ကြီး ခူးထဲဘူး ပြည်သူ့ဝန်ထမ်း CDMer များနှင့် တွေ့ဆုံ၍ စိတ်ခွန်အားပေး တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ
ဖေဖော်ဝါရီလ ၂၈ ရက်
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီး ခူးထဲဘူးနှင့် စိတ်လူမှုထောက်ပံ့ရေးအဖွဲ့ (Psychosocial Support Taskforce-PSSTF) တို့ပူးပေါင်း၍ ပြည်သူ့ဝန်ထမ်း CDMer များနှင့်တွေ့ဆုံ၍ စိတ်ခွန်အားပေး တွေ့ဆုံပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက်ည (၇:၀၀) နာရီအချိန်တွင်ကျင်းပခဲ့ပါတယ်။
" CDMer တော်လှန်ရေး ရဲဘော် တစ်ဦး ဖြစ်ရသည်မှာ အင်မတန်မှ ခက်ခဲပြီး ပေးဆပ်မှုများစွာရှိပါကြောင်း၊ CDMer ပြုလုပ်သည့် ဝန်ထမ်းများ၊ အရပ်သားများ အားလုံးသည် အမာခံ တော်လှန်ရေး ရဲဘော်များ ဖြစ်ပါကြောင်း၊ အားလုံး ပါဝင်ပေးကြသည်ကို များစွာကျေးဇူးတင်ပြီး ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ တော်လှန်ရေးမှာ ရဲဘော်တစ်ယောက် ဖြစ်ရသည်မှာ အခက်အခဲများစွာကို ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုသို့အခက်အခဲများကြားမှပင် ပါဝင်ပေးနေကြသူများကို များစွာ လေးစားပါကြောင်း၊ မြန်မာနိုင်ငံမှာ တခါမှ မတွေ့ကြုံဖူးသည့် တော်လှန်ရေးကိုတွေ့ရသဖြင့် တော်လှန်ရေးသည် မလွဲမသွေ အောင်မြင်မည်ဖြစ်ကြောင်း၊ တော်လှန် ရေးတွင် ပါဝင်နေကြသည့် CDMer များကို မှတ်တမ်းတင်ထားပါကြောင်း"ပြည်ထဲရေးဒုဝန်ကြီး ကဆိုပါတယ်။
ထို့နောက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး၊ စိတ်လူမှုထောက်ပံ့ရေးအဖွဲ့(Psychosocial Support Taskforce-PSSTF)မှ အဖွဲ့၏ ဖွဲ့စည်းပုံကို မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပြီးနောက် စိတ်ခွန်အားပေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသော CDMerများမှ သိရှိလို သည်များကို မေးမြန်းကြကာ စိတ်လူမှုထောက်ပံ့ရေးအဖွဲ့၏ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပါတယ်။
အခမ်းအနားသို့ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ခူးထဲဘူး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီး ဌာနမှတာဝန်ရှိသူများ၊ ပြည်သူ့ဝန်ထမ်း CDMer များ၊ စိတ်လူမှုထောက်ပံ့ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ရွှေဘိုခရိုင်ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စကစတပ်စစ်ကြောင်းကမီးပတ်ရှို့နေ
မတ်လ ၁ ရက်
စစ်ကိုင်းတိုင်း"ရွှေဘိုခရိုင်ဝက်လက်မြို့နယ် မုဆိုးချုံကျေးရွာနဲ့လယ်ကိုင်းကျေရွာအား ဖေဖော်ဝါရီ၂၈ရက်နေ့မနက်ပိုင်းတွင်လည်းကောင်း၊ဘင်တဲကုန်းကျေးရွာအား မတ်လ၁ရက် ယနေ့မနက် လက်နက်ကြီးလက်နတ်ငယ်များဖြင့်ပစ်ခတ်ကာဝင်ရောက်မီးတိုက်နေပါတယ်"လို့ဝက်လက်တော်လှန်ရေးအင်အားစုများကအတည်ပြုဆိုပါတယ်။
လတ်တလောမှာ အသေးစိတ်အခြေအနေအားအတည်ပြုနေပြီး ဒေသခံရွာသားများထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မုဆိုးခြုံရွာမှပြည်သူလယ်သမားတစ်ဦးအားစကစစစ်ကြောင်းမှရက်စက်စွာ သတ်ဖြတ်ခဲ့ပါသေးတယ်။
========================
📌📌 ၇။ အိမ်ပြန်လမ်း android ကြော်ငြာတက်နေပြီမို့လို ပြည်သူလူထုက ဝိုင်းဝန်းကလစ်ပေးဖို့ Click2donate အသိပေး
မတ်လ ၁ ရက်
မတ်လ ၁ ရက်နေ့မှာ ကလစ်နှိပ်ဖို့ အရှိန်မြင့်တင်ရန် Click2donate ကအသိပေးဆိုပါတယ်။
"အိမ်ပြန်လမ်း android လည်း ကြော်ငြာတက်နေပါပြီခင်ဗျာ။Eain Pyan Lann ဟာ ios ရော android ရော ၂ ခုလုံးကြော်ငြာတွေတက်နေပြီမို့ သေချာလေး ကလစ်ကြပါစို့ခင်ဗျာ"လို့ဆိုပါတယ်။ Click2donate ဟာ ပြည်သူလူထုများ ကလစ်နှိပ်၍ ရရှိသော ဝင်ငွေများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည်ပေးပို့ခြင်းဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment