28th MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်စစ်အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ  အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့် ကြောက်ရွံ့နေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို

📌 ၂။ နွေဦးတော်လှန်ရေးဟာ  ကမ္ဘာ့တော်လှန်ရေး သမိုင်းမှာ ဖြစ်ပေါ်တိုးတက်မှု အမြန်ဆန်ဆုံးတော်လှန်ရေးတစ်ရပ်လို့ ဝန်ကြီးချုပ်ပြောကြား

📌 ၃။ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ခါးထာ့ စကစတပ်စခန်းအား သိမ်းပိုက်ရရှိ

📌 ၄။ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာတွင်တပ်စွဲထားသော စကစတပ်နဲ့ပျူများကို Pale Jokers PDF မှ တာဝေးပစ် ROCKET ၆လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

📌 ၅။ ကျိုက်ထိုမြို့နယ်၊ မရမ်း ချောင်ကျေးရွာရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၍ ရဲသုံးဦးသေဆုံး

📌 ၆။ DMO-Local PDF မှဒရုန်းစစ်ဆင်ရေးအတွက် Boung Khu ခေါ် ဌက်ပျောဖူးများထုတ်လုပ်အောင်မြင်

📌 ၇။၂၁ ရက်အတွင်း သိန်း သောင်း ရည်မှန်းထားတဲ့ စည်းရိုးပရော့ဂျက်တွင် မြန်မာနိူင်ငံကအများဆုံးပါဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်စစ်အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ  အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့် ကြောက်ရွံ့နေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို


မတ်လ၂၈ ရက်


မတ်လ (၂၈) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားလိုက်ပါတယ်။


"ဖက်စစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ လက်၀ေခံ လက်နက်ကိုင် အဖွဲ့ကို ကောင်းစွာ မထိန်းချုပ်နိုင်တော့တဲ့အပြင်၊ လက်တွေ့မှာလည်း ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့် ကြောက်ရွံ့လျက်ရှိတာကို တွေ့ရပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်လုပ်ငန်းတွေကို အင်အားချိနဲ့အောင် လုပ်ဆောင်သွားကြရမယ်လို့ ယာယီသမ္မတက ဆိုပါတယ်။


မတ်လအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာလည်း ယာယီ သမ္မတဒူဝါလရှီးလက "ရွေးကောက်ပွဲ မဖြစ်အောင် တားဆီးသွားဖို့က ကျွန်တော်တို့ရဲ့ ဒီနှစ် အစီအစဉ်ထဲမှာ ပါပြီးသားပါ. မင်းအောင်လှိုင်က ရွေးကောက်ပွဲ လုပ်နိုင်မှ သူ သမ္မတ ဖြစ်မယ် ဆိုတဲ့ မဟုတ်တမ်းတရား အတွေး က ရှိနေပြီ၊ သူ အာဏာသိမ်း လုပ်ရပ်ကလည်း နေရာအနှံ့ ဆန့်ကျင်နေတာကြောင့် မအောင်မြင် ခဲ့ဖူးဆိုတော့ သူ့အတွက် နိုင်ငံတကာ အသိအမှတ် ပြု ခံရအောင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာလာတာပဲ၊ ဒီလိုမျိုး ဖြစ်မလာအောင် ကျွန်တော်တို့ တားဆီးရမယ်၊ ပြည်သူတွေ သိလာအောင် နဲ့ နိုင်ငံတကာ က အသိအမှတ် ပြုတာမျိုး၊ ထောက်ခံတာမျိုး ဖြစ်မလာအောင် ကျွန်တော်တို့ လုပ်နေတယ်"လို့‌ ပြောကြားခဲပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးဟာ  ကမ္ဘာ့တော်လှန်ရေး သမိုင်းမှာ ဖြစ်ပေါ်တိုးတက်မှု အမြန်ဆန်ဆုံးတော်လှန်ရေးတစ်ရပ်လို့ ဝန်ကြီးချုပ်ပြောကြား


မတ်လ၂၈ ရက်


မတ်လအတွင်း ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ၁၂/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။


''ကျွန်တော်တို့တော်လှန်ရေးဟာ ကမ္ဘာ့တော်လှန်ရေး သမိုင်းမှာ ဖြစ်ပေါ်တိုးတက်မှု အမြန်ဆန်ဆုံးတော်လှန်ရေးတစ်ရပ်လို့ ပြောလို့ရပါတယ်။ ဒီလိုဖြစ်ပေါ်တိုးတက်မှု မြန်ဆန်ပေမယ့်လည်း စနစ်ကျတဲ့ စုစည်းမှုနဲ့ အားကောင်းတဲ့ ခေါင်းဆောင်မှု ကသာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။''လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူခဲ့ပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၃။ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ခါးထာ့ စကစတပ်စခန်းအား သိမ်းပိုက်ရရှိ


မတ်လ၂၈


 မတ်လ၂၈ ရက် မနက်အစောပိုင်းမှာ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ခါးထာ့အကြမ်းဖက်စခန်း အား KNLA အဖွဲ့မှ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာ အကြမ်းဖက်စစ်ကောင်စီတပ်၏မယ်ခါးထာ့ စခန်း မီးလောင်နေသည့် သတင်းဓာတ်ပုံကို ထုတ်ပြန်မှုများရှိသော်လည်း အသေးစိတ် စစ်ရေးသတင်းကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


ဒါ့အပြင် စစ်ဘေးရှောင်များပါ တိမ်းရှောင်နေရပြီး တိုက်ပွဲ ဖြစ်ပွားသောနေရာမှာ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ()ရဲ့နယ်မြေအတွင်း ဖြစ်တယ်လို့သိရှိရပါတယ်။


========================


📌📌 ၄။ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာတွင်တပ်စွဲထားသော စကစတပ်နဲ့ပျူများကို Pale Jokers PDF မှ တာဝေးပစ် ROCKET ၆လုံးဖြင့် ပစ်ခတ်တိုက်ခိုက်


မတ်လ၂၈ ရက်


မတ်လ၂၈ ရက်မှာ စစ်ရေးသတင်းကို Pale Jokers PDF မှအခုလို အသိပေးဆိုပါတယ်။


"မတ်လ ၂၇ရက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာတွင်တပ်စွဲထားသော ဖက်ဆစ်စစ်တပ်နှင့် ပျူစောထီးများအား  Pale Jokers PDFမှ မတ်လ ၂၇ရက်နေ့ ညနေ၆နာရီ၁၃မိနစ်တွင် တာဝေးပစ် ROCKET ၆လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ကာကွယ်ရေးတပ်ဘက်မှ ဒုတိယမြောက် ROCKET ပစ်လွှတ်တိုက်ခိုက်ပြီးချိန်တွင်စစ်တပ်များဘက်မှ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ကောင်တာပြန်၍ပစ်ခတ်ခဲ့သော်လည်းအထိအခိုက်မရှိဆုတ်ခွာနိူင်ခဲ့ပါတယ်။ စကစတပ်များဘက်မှ အထိအခိုက်၊ အကျအရှုံးသတင်းကို ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။


========================


📌📌 ၅။ ကျိုက်ထိုမြို့နယ်၊ မရမ်း ချောင်ကျေးရွာရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၍ ရဲသုံးဦးသေဆုံး


မတ်လ၂၈


မတ်လ၂၈ ရက်မှာ စစ်ရေးသတင်းကို သထုံTPDFကအခုလို အသိပေးဆိုပါတယ်။


"မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ မရမ်း ချောင်ကျေးရွာ ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်ကို KNLAPDFTPDF ပူးပေါင်းစစ်ကြောင်းမှ ဒရုန်းဖြင့် ဗုံး ကျဲချရာ  မရမ်းချောင်းစစ်ရေး ဂိတ် အမှတ် နေရာတွင် လုံး၊ မူးယစ်တပ်ဖွဲ့အိပ်ဆောင် တွင်  ၁လုံး၊ ဂိတ် အမှတ် အနီးတွင် လုံး  စုစုပေါင်း လုံးကျရောက် ပေါက်ကွဲခဲ့ပါတယ်"လို့ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့်  ဂိတ်တာဝန်ကျ ရဲ ဦး သေဆုံးပြီး ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။


မတ်လ ၂၇ ရက်နေ့ ညနေ နာရီခန့်တွင်လည်း ကျိုက်ထိုမြိုနယ် လက်ပံပင်သုတ်သာန်‌၌ စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့များကို KNLAPDF+TPDF ပူးပေါင်းစစ်ကြောင်းမှ ဒရုန်းဖြင့် ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ဦးခန့် ထိခိုက်မှုရှိခဲ့ပါတယ်။


========================


📌📌 ၆။ DMO-Local PDF မှဒရုန်းစစ်ဆင်ရေးအတွက် Boung Khu ခေါ် ဌက်ပျောဖူးများထုတ်လုပ်အောင်မြင်


DMO-Local PDF မှဒရုန်းစစ်ဆင်ရေးအတွက် Boung Khu ခေါ် ဌက်ပျောဖူးများထုတ်လုပ်အောင်မြင်ခဲ့တယ်လို့မတ်လ၂၇ ရက်မှာ DMO-Local PDF ကအသိပေးဆိုပါတယ်။


"DMO-Local PDF မှ စမ်းသပ်ထုတ်လုပ်အောင်မြင်ပြီးစီးပြီဖြစ်တဲ့ အသီးလေးနှင့် မိတ်ဆက်ပါရစေ။တိုက်ပွဲအတွင်း လက်နက်အားလုံးအသုံးဝင်သည့်အထဲမှ မိမိတို့အတွက် ပိုပြီး ထိခိုက်နစ်နာမှုလျှော့နည်းစေဖို့အတွက် ဒရုန်းစစ်ဆင်ရေးဟာ အလွန်အရေးပါတဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ဒရုန်းစစ်ဆင်ရေးလို့ပြောတာနဲ့ အဓိက လိုအပ်နေတာလေးက လိပ်ပြာလေးနဲ့ အသီးလေးတွေပါ"လို့ဆိုပါတယ်။


Boung Khu ခေါ် ငှက်ပျောဖူးများအတွက် DMO-PDF ဒရုန်းတပ်ဖွဲ့ page မှာ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ၂၁ ရက်အတွင်း သိန်း သောင်း ရည်မှန်းထားတဲ့ စည်းရိုးပရော့ဂျက်တွင် မြန်မာနိူင်ငံကအများဆုံးပါဝင်


မတ်လ၂၈


မတ်လ၂၈ ရက်မှာ စည်းရိုးပရောဂျက်က အခုလိုအသိပေးဖော်ပြပါတယ်။


"စည်းရိုးပရောဂျက်မှာ အခုအချိန်ထိ ထိပ်ဆုံးကနေ ဦးဆောင်နေတာ Myanmar (MMK, DMMK ) ပဲဖြစ်ပါတယ်။ပြည်ပရောက် မြန်မာထောက်ပို့တပ်သားတွေကလဲ မခေပါဘူး နိုင်ငံတကာအလိုက် ဝုန်းပေးနေကြပါတယ်

ဒီပရောဂျက်ကို run နေရင်းနဲ့ NUGpay ကနေလည်း ပြည်သူတော်တော်များများက ထည့်ဝင် ပေးလာကြတာကို တွေ့ရတာကတော့ စစ်သုံးစစ်အမြစ်ဖြုတ်ရေးရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောရမှာပဲ။ ဒါကြောင့် စစ်သုံးစစ်ထဲက တစ်ခုဖြစ်တဲ့ စစ်အုပ်စုရဲ့ စီးပွားရေးကိုသာမကဘဲ စစ်ဗျူရိုကရက်ယန္တရားနဲ့ စစ်တပ်ကိုပါ စည်းရိုးကမ်ပိန်းမှာ ပါဝင်ရင်း အမြစ်ဖြုတ်ကြမယ်ဗျို့"လို့ဆိုပါတယ်။ 


"စည်းရိုး− The Fence” ပရောဂျက်ဟာဆိုရင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ ()အတွက်၂၁ ရက်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းရန် မြန်မာကျပ်ငွေ သိန်း သောင်းကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်တဲ့ ပရောဂျက်ဖြစ်ပါတယ်။


၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ကနေ ဧပြီလ ရက်နေ့အထိ ၂၁ ရက်ကြာပြုလုပ်မယ့် ပရောဂျက်ဖြစ်ပြီးကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဗျူဟာ ()ကို တာဝန်ရှိသူထံမှတစ်ဆင့် တိုက်ရိုက်ပေးအပ်မှာဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment