3rd APL 2023 - Morning Daily News by Radio NUG



၂၀၂၃ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးရောက်အောင် ဝိုင်းဝန်းမြှင့်တင်ပြီး ဖက်ဆစ် စစ်တပ်ကို အမြစ်ပြတ်တိုက်ထုတ်ကြဖို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား

📌 ၂။ လွှတ်တော်ကျင်းပခြင်းအား ဖက်ဒရယ်ဒီမိုကရေစီ ချာတာနဲ့အညီသွားနေခြင်းဖြစ်တယ်လို့ဆို

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၄။ မတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်ခဲ့သော မီးရှို့ဖျက်ဆီးမှုထဲတွင် စစ်ကိုင်းတိုင်းမှာ အများဆုံး ပျက်စီးဆုံးရှုံးခံရ

📌 ၅။  ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့

📌 ၆။ Good Government နှင့် Local Government ဟုခေါ်သည့် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်ရမယ်လို့ တရားရေးဝန်ကြီးဆို

📌 ၇။ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်သုံးခုတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့တယ်လို့ နိူင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

📌 ၈။ PROJECT စည်းရိုး တော်လှန်ထောက်ပို့ ပြည်သူတစ်ဦးကို ကျပ်ငါးသောင်း ပါဝင်ကူညီရန် Challengeဖိတ်ခေါ်ရာ လူတစ်ထောင်နှုန်းပါဝင်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးရောက်အောင် ဝိုင်းဝန်းမြှင့်တင်ပြီး ဖက်ဆစ် စစ်တပ်ကို အမြစ်ပြတ်တိုက်ထုတ်ကြဖို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား


ဧပြီလ ရက်မှာကျင်းပတဲ့ စီဒီအမ်အောင်မြင်ရေး ကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ အဖက်ဖက်ကနေ ဆုတ်ယုတ်လာပြီး ၎င်းတို့ ကျဆုံးဖို့နီးလေ ပြည်သူလူထုကို ပိုမိုပြီး ရက်စက်ပြလေ လုပ်ဆောင်လာပြီး တော်လှန်ရေးအင်အားစုများကြောင့် ပြည်သူတွေဟာ အခုလိုဒုက္ခတွေဖြစ်နေသလိုလို ခံစားလာရအောင် လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ အချင်းချင်းတွေရဲ့ ကြားမှာ နားလည်မှုတွေ မကွဲလွဲရအောင်လို့ ပြန်လည်မျှဝေ ညှိနှိုင်းကြရင်းနဲ့  တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးရောက်အောင် ဝိုင်းဝန်းမြှင့်တင်ပြီး ဖက်ဆစ် စစ်တပ်ကို အမြစ်ပြတ်တိုက်ထုတ်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေး အရှိန်ရလာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီဟာ လုပ်ရိုးလုပ်စဉ်တွေအတိုင်းNUG အစိုးရရဲ့ ဆောင်ရွက်ချက်တွေ နဲ့တော်လှန်ရေး အင်အားစုများအကြားမှာ နားလည်မှု၊ ယုံကြည်မှုတွေ ပျက်ပြားအောင် ရည်ရွယ်ချက်ချက်ရှိရှိ သွေးခွဲဆောင်ရွက်‌ခြင်းတို့လုပ်ဆောင်နေတယ်လို့လည်း ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ လွှတ်တော်ကျင်းပခြင်းအား ဖက်ဒရယ်ဒီမိုကရေစီ ချာတာနဲ့အညီသွားနေခြင်းဖြစ်တယ်လို့ဆို


ဧပြီ ၁ရက်မှာ ပြုလုပ်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့် အနာဂတ် မျှော်ရည်ချက်များဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်ကပြောပါတယ်။


"ဒီလွှတ်တော်ကို ပြန်ခေါ်တဲ့အတွက် ၂၀၀၈ကို ပြန်ကိုင်တာလားဆိုပြီးပြောကြပါတယ်။ ပြန်ကိုင်စရာအကြောင်းမရှိပါဘူး။ တကယ်တော့ ၂၀၀၈ ကစစ်တပ်အာဏာသိမ်းကတည်းကကို ပျက်သွားပြီ။ ဒီ၂၀၀၈ ကို ကျွန်တော်တို့CRPHကလည်း ပယ်ဖျက်ပြီးသားဖြစ်တယ်။ ဒါကို ကျနော်တို့ သွားနေတာက ဖက်ဒရယ်ဒီမိုကရေစီ ချာတာနဲ့အညီ သွားနေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်များကို အခါအားလျော်စွာကျင်းပလျက်ရှိပြီး အဆိုများတင်သွင်ခြင်း၊မေးခွန်းများမေးမြန်းခြင်းတို့လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဧပြီ၂ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၄/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ မတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်ခဲ့သော မီးရှို့ဖျက်ဆီးမှုထဲတွင် စစ်ကိုင်းတိုင်းမှာ အများဆုံး ပျက်စီးဆုံးရှုံးခံရ


ဧပြီ၂ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစုထုတ်ပြန်ပါတယ်။


"၂၀၂၃ခုနှစ် မတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်ခဲ့သော မီးရှို့ဖျက်ဆီးမှုထဲတွင်စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရမှုအကြိမ်  ၅၀ ရှိခဲ့ပြီး  မီးလောင်ပျက်စီးတဲ့ နေအိမ်၃၁၀၇ လုံး၊ မီးရှို့သတ်ဖြတ်ခံရသူ ၂၆ ဦး အထိရှိခဲ့ပါတယ်။


မကွေးတိုင်းထဲတွင် မီးရှို့ခံရမှုအကြိမ် ၁၁ ကြိမ်ရှိခဲ့ရာ မီးလောင်ပျက်စီးနေအိမ် ၂၄၆ လုံးရှိခဲ့ပါတယ်။ မန္တလေးတိုင်းအတွင်းမူမီးရှို့ခံရအကြိမ်   ၁၇ ကြိမ်၊ မီးလောင်ပျက်စီးနေအိမ်၂၉၄ လုံးရှိခဲ့ကာမီးရှို့သတ်ဖြတ်ခံရသူ  ဦး ရှိခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။  ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့


ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့ပါတယ်။


ဧပြီ ၂ရက် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ ကူးပြောင်း ရပ်တည်၍ပြည်သူ့ရင်ခွင်ခိုလှုံလာကြရန် အထူးတိုက်တွန်းနှိုးဆော်ချက်မှာ NUGကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


"ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာရသည်အထိ ချေမှုန်းနိုင်ခဲ့ပြီးဖြစ်ပါတယ် အကြမ်းဖက်သမားများ၊ စစ်ရာဇဝတ်ကောင်များ ဖြစ်ကြသည့် အာဏာသိမ်းစစ်တပ်ကို သစ္စာခံကာ ပြည်သူလူထု၏ ဆန့်ကျင်ဘက်တွင် ဆက်လက်ရပ်တည် နေကြသော စစ်သား၊ ရဲသားများကိုမူ ပြည်သူ့ရန်သူ၊ တော်လှန်ရေးရန်သူအဖြစ် သတ်မှတ်ရမည်ဖြစ်၍ ပြည်သူ့တော်လှန်ရေးကြီး၏ အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းခြင်းကို ခံကြရမည်ဖြစ်ကြောင်းကို တပါတည်း အသိပေးလိုပါတယ်။ အလားတူ တော်လှန်ရေးအလွန်ကာလတွင်လည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆိုပါ ပြည်သူ့ရန်သူဖြစ်ခဲ့သူအားလုံးသည် အမှန်တရားနှင့် တရားမျှတမှုအတွက် ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးခံရမည်လည်း ဖြစ်တယ်"လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်သော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များစွာသည် စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူနှင့် အတူ ရပ်တည်၍ ပြည်သူ့ရင်ခွင်သို့ ကူးပြောင်းခိုလှုံလာလျက်ရှိကြရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၁ ရက်နေ့ အထိ စစ်သည် (၃၂၃၆) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၉၀၉၁) ဦး၊ စုစုပေါင်း (၁၂၃၂၇) ဦး နှင့်မိသားစုဝင်ဦးရေ ထောင်ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။

သို့ပါ၍ အကြမ်းဖက် အာဏာသိမ်းစစ်တပ် အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ရင်ခွင်တံခါးမပိတ်ခင် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ကြရန်၊ ပြည်သူနှင့်အတူ ပူးပေါင်းလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို ပြန်လည် ခုခံတိုက်ပွဲဝင်သွားနိုင်ရန် အထူးတိုက်တွန်း နှိုးဆော်လိုက်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။


========================


📌📌 ၆။ Good Government နှင့် Local Government ဟုခေါ်သည့် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်ရမယ်လို့ တရားရေးဝန်ကြီးဆို


Good Government နှင့် Local Government ဟုခေါ်သည့် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်ရမယ်လို့တရားရေးဝန်ကြီး ဦးသိန်းဦးကပြောကြားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး (အမှတ်စဥ် /၂၀၂၃) အခမ်းအနားမှာ တရာရေးဝန်ကြီး ဦးသိန်းဦးကပြောပါတယ်။


"တင်ပြလာသည့် အမှုများကို တရားသူကြီးများက တရားရုံးရောက်သည်နှင့် စစ်ဆေး စီရင်ရကြောင်း၊ တရားရုံးမရောက်ခင်အဆင့်တွင် တရားသူကြီးများမှ ရမန်‌ပေးသည့်ကိစ္စ၊ အာမခံပေးသည့်ကိစ္စရပ်များ လုပ်ဆောင်ပြီး ကြားနာစစ်ဆေးသည့်အခါတွင်လည်း မှန်မှန်ကန်ကန် အမှုစစ်ဆေးပြီး ခိုင်မာသည့် ဥပဒေသက်သေခံချက်များ ရရှိရန်အတွက် ဥပဒေ တာဝန်ခံများမှ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြစ်မှုကျခံပြီးနောက်ပိုင်းတွင်လည်း အခြေခံအားဖြင့် တရားရုံးက တာဝန်ရှိပြီး ပြစ်မှုကျူးလွန်ထားသည့် အကျဥ်းသားများ၏ အခွင့်အရေးရရှိမှု ရှိ မရှိ၊ အနိမ့်ဆုံး လူသားဆန်စွာ ပြုမူခံရမှု ရှိ/မရှိ စသည်တို့ကို စိစစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေတာဝန်ခံများသည် ဥပဒေကို ထဲထဲဝင်ဝင်နှင့် နှံ့နှံ့စပ်စပ် သိနေရမည်ဖြစ်ကြောင်း၊ Good Government နှင့် Local Government ဟုခေါ်သည့် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။


ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များ ချမှတ်ခြင်းတို့အား တရားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး မှ အတည်ပြုပေးခဲ့ပါတယ်။


အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊  အမြဲတမ်းအတွင်းဝန်/ ဥပဒေအကြံပေးရေးနှင့် ဥပဒေစိစစ် အကြံပြုရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းနောင်ခိုင်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်/ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်အပါအဝင် တာဝန်ရှိသူများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ် (၁၆) မြို့နယ်မှ ဥပဒေတာဝန်ခံ (၂၀) ဦးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၇။ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်သုံးခုတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့တယ်လို့ နိူင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်


NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်သုံးခုတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့တယ်လို့ ဧပြီ၂ရက်နေ့မှာ NUG နိူင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးသည် မတ်လ ၂၄ရက်မှ ၂၇ရက်နေ့အတွင်း အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်သုံးခုသို့ သွားရောက်ပြီး ဆွေးနွေးပွဲအချို့သို့ တက်ရောက်ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


၂၀၂၃ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ကျင်းပပြုလုပ်သည့် Summit for Democracy ပွဲ၏ အစီအစဥ်တစ်ခုအဖြစ် United States Institute of Peace(USIP)ရုံး၏ Peace center တွင်   Rescuing Democracy in Myanmar ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သောဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးမှ တက်ရောက်ဆွေးနွေးခဲ့ကာ အဆိုပါဆွေးနွေးပွဲတွင် Johanna Kao(Regional Director, Asia, International Republican Institute )နှင့် Scot Marciel(Former U.S. Ambassador to Burma)တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး Christina Fink (Professor of Practice of International Affairs; Director, B.A. and B.S. International Affairs, George Washington University)မှ moderator အဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်။


ယင်းနောက်ဒုတိယဝန်ကြီးဦးမိုးဇော်ဦးသည် မတ်လ(၂၅)ရက်တွင် အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်၊ Philadelphia မြို့ရှိ မြန်မာcommunityမှ အမျိုးသားညီညွတ်ရေးအစိုးရသို့ ထောက်ပံ့လှူဒါန်းရန်အတွက် ပြုလုပ်သော ရံပုံငွေဈေးရောင်းပွဲနှင့် ရုပ်ရှင်ပွဲတော်သို့ သွားရောက်ကြည့်ရှု့အားပေးပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။


၎င်းအပြင် ဦးမိုးဇော်ဦးသည် မတ်လ ၂၇ရက်တွင်  ဝါရှင်တန်ဒီစီ၊  ချင်းနှစ်ခြင်းခရစ်ယာန်သာသနာ ဘုရားကျောင်း၌ ပြုလုပ်ခဲ့သော မြန်မာအသိုင်းအဝိုင်း၏ လူထုစကားဝိုင်းကို တက်ရောက်ခဲ့ပြီး  မြန်မာပြည်တွင်းစစ်နှင့် ပတ်သက်သော အကြောင်းချင်းရာများကို ပွင့်လင်းစွာ ပါဝင် ပြောဆို‌ဆွေးနွေးခဲ့ပါတယ်။


ဒုဝန်ကြီးသည် ယင်းနေ့တွင်ပင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ အီသာကာမြို့၌ People in Revolt: The State of the Anti-Military Movement in Myanmar ခေါင်းစဉ်ဖြင့် Cornell University Southeast Asia Program(SEAP)မှ ဦးစီး၍ ပြုလုပ်သော အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် panel ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၈။ PROJECT စည်းရိုး တော်လှန်ထောက်ပို့ ပြည်သူတစ်ဦးကို ကျပ်ငါးသောင်း ပါဝင်ကူညီရန် Challengeဖိတ်ခေါ်ရာ လူတစ်ထောင်နှုန်းပါဝင်လာ


PROJECT စည်းရိုး တော်လှန်ထောက်ပို့ ပြည်သူတစ်ဦးကို ကျပ်ငါးသောင်း ပါဝင်ကူညီရန် Challenge ဖိတ်ခေါ်ရာ လူတစ်ထောင်နှုန်း ပါဝင်လာတယ်လို့ ဧပြီ၂ရက်မှာ PROJECT စည်းရိုးက အသိပေးဖော်ပြပါတယ်။


"တစ်ဦးကို 50000 Challengeမှာ နှုန်းအားဖြင့် အယောက် 1000နီးပါး ပါဝင်ပေးကြတာမို့ တစ်ရက်တည်း 5%လောက် တက်လာပြီး 37%ထိ ရောက်လာတာမို့ ပျော်လိုက်ရတာဗျာ တစ်ကယ်ပါ"လို့ဆိုထားပါတယ်။


"စည်းရိုး− The Fence” ပရောဂျက်ဟာဆိုရင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ ()အတွက်၂၁ ရက်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းရန် မြန်မာကျပ်ငွေ သိန်း သောင်းကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်တဲ့ ပရောဂျက်ဖြစ်ပါတယ်။ 


၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ကနေ ဧပြီလ ရက်နေ့အထိ ၂၁ ရက်ကြာ ပြုလုပ်မယ့် ပရောဂျက်ဖြစ်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ရဲ့ ဗျူဟာ ()ကို တာဝန်ရှိသူထံမှတစ်ဆင့် တိုက်ရိုက်ပေးအပ်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment