၂၀၂၃ မေလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေး အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ အစိုးရအဖွဲ့ဝင်များအားလုံးကို ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
📌 ၂။ မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေး လုပ်သားအင်အားစုအတွက် လစဉ်ချီးမြှင့်ငွေ ပံ့ပိုးပေးရန် အစိုးရအဖွဲ့အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနတင်ပြ
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၄။ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူး၀င်း ဖြစ်လာ
📌 ၅။ ကန့်ဘလူမြို့နယ် မလည်တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည့်အတွက် ပဇီကြီးကျေးရွာဝန်းကျင်ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ တစ်သောင်းနီးပါးမှာ ထွက်ပြေးတိမ်းရှောင်နေရ
📌 ၆။ ယင်းမာပင်ခရိုင်ပုလဲမြို့နယ် ဇီးဖြူကုန်းပျူရွာအား မဟာမိတ်ပူပေါင်းအဖွဲ့တို့က လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်
📌 ၇။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားရိုးကုန်းရွာအနီး စကစတပ်များနဲ့ တော်လှန်ရေး မဟာမိတ်အဖွဲ့ပေါင်းစုံတို့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က နှစ်ဦးသေဆုံး
📌 ၈။ နွားထိုးကြီးမြို့နယ် ရဲစခန်း ဒရုန်းနဲ့ဗုံးကြဲချခံရ၍ ရဲများအသုံးပြုနေသည့် Mark-2ကားတစ်းစီး မီးလောင်ပျက်စီးကာ ရဲတစ်ဦးသေဆုံး
📌 ၉။ ပေါက်မြို့နယ်မှာ ဖမ်းမိသွားတဲ့ တော်လှန်ရေးရဲဘော်နှစ်ဦး စကစတပ်သားများကို လုံးထွေးသတ်ပုတ်၍ ကနဦးလက်နက်လုယူလာနိူင်သော်လည်း လမ်းခုလတ်တွင် ရဲဘော်တစ်ဦးကျည်ထိမှန်ကျဆုံးခဲ့
📌 ၁၀။ ဘုတလင်မြို့၊ မိုးကိုယ်ပိုင်အထက်တန်းကျောင်းနှင့် စီးပွားရေးဘဏ်အကြား စကစတပ်များ ဘဏ်ကင်းစောင့်ချိန်းသည့်အချိန် ပဒေသာမိုင်းဖောက်ခွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေး အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ အစိုးရအဖွဲ့ဝင်များအားလုံးကို ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေး အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ အစိုးရအဖွဲ့ဝင်များအားလုံးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အစိုးရအဖွဲ့ကိုမှာကြားလိုက်ပါတယ်။ မေလ၂ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
"အခုဆိုရင် ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း အခွန်စနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်တဲ့အတွက် အဲဒီ့ကောက်ခံရရှိတဲ့ အခွန်နဲ့ ဒဏ်ကြေးငွေတွေကနေလည်း မြို့နယ်အတွင်း လိုအပ်နေတဲ့ ဒေသကာကွယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ လူသားစာနာလုပ်ငန်းတွေမှာ ပြန်လည်ခွဲဝေသုံးစွဲနေပြီ ဖြစ်တာမို့ ပြည်သူတွေရဲ့ အဘက်ဘက်က ထည့်ဝင်လာကြတဲ့ ဘဏ္ဍာငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိစွာနဲ့ အသုံးချပြီး ပြည်သူတွေ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ရန် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်များအားလုံးကိုလည်း မှာကြားလိုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ ချွေးနှဲစာတွေနဲ့ လှူဒါန်းကူညီကြတဲ့ ဘဏ္ဍာငွေတွေကို အလေအလွင့်မရှိ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ကိုလည်း အမြဲတမ်းကြိုးစားဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေး လုပ်သားအင်အားစုအတွက် လစဉ်ချီးမြှင့်ငွေ ပံ့ပိုးပေးရန် အစိုးရအဖွဲ့အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနတင်ပြ
မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေး လုပ်သားအင်အားစုအတွက် လစဉ်ချီးမြှင့်ငွေ ပံ့ပိုးပေးရန် အစိုးရအဖွဲ့အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနတင်ပြခဲ့ပါတယ်။ မေလ ၂ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ တင်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။
အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနက မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေး လုပ်သားအင်အားစုအတွက် လစဉ်ချီးမြှင့်ငွေ ပံ့ပိုးပေးပါရန် တင်ပြခဲ့ပါတယ်။
အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ တင်ပြလာတာတွေကိုပြည်ထောင်စု ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မေလ၂ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၉/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူး၀င်း ဖြစ်လာ
ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူး၀င်း ဖြစ်လာတယ်လို့သတင်းရရှိပါတယ်။ မေလ၂ရက်နေ့ ညနေပိုင်းမှာ (၁၀) ဦးမြောက် (KNU) ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူး၀င်း ရွှေးကာက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။
(၁၇) ကြိမ်မြောက် (KNU) ကွန်ကရက်ကိုကျင်းပရာမှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ စတင်ခဲ့တာဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးနှင့်သာသနာရေးဌာန၊ တရားရေးဌာန၊ သစ်တောဌာန၊ အပါအ၀င် ဌာနကြီး (၁၄) ခုပါဝင်ဖွဲ့စည်းထားပါတယ်။
========================
📌📌 ၅။ ကန့်ဘလူမြို့နယ် မလည်တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည့်အတွက် ပဇီကြီးကျေးရွာဝန်းကျင်ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ တစ်သောင်းနီးပါးမှာ ထွက်ပြေးတိမ်းရှောင်နေရ
ကန့်ဘလူမြို့နယ် မလည်တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည့်အတွက် ပဇီကြီးကျေးရွာဝန်းကျင်ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ တစ်သောင်းနီးပါးမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ မေလ၂ရက် နေ့စဉ်ထုတ်ပြန်ချက် မှာ AAPPက ဖော်ပြအသိပေးပါတယ်။
ဧပြီလ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်အုပ်စု၏ ခမရ-၃၆၁နှင့် တပ်မ-၈၈ လက်အောက်ခံ စစ်ကြောင်းက ၎င်းတို့ စစ်ကြောင်းထိုးရာလမ်းကြောင်းရှိ စကျင်ကျေးရွာမှ ဒေသခံပြည်သူ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အဆိုပါ စစ်ကြောင်းများသည် ဧပြီလ ၁၈ ရက်နေ့မှ စတင်ပြီး မလည်တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည့်အတွက် ပဇီကြီးကျေးရွာဝန်းကျင်ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ တစ်သောင်းနီးပါးမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
========================
📌📌 ၆။ ယင်းမာပင်ခရိုင်ပုလဲမြို့နယ် ဇီးဖြူကုန်းပျူရွာအား မဟာမိတ်ပူပေါင်းအဖွဲ့တို့က လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်
ယင်းမာပင်ခရိုင်ပုလဲမြို့နယ် ဇီးဖြူကုန်းပျူရွာအား မဟာမိတ်ပူပေါင်းအဖွဲ့တို့က လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မေလ၂ရက်နေ့ မနက်၅:၃၀မှ ၇:၀၀ထိ ပျူရွာအားတိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDFက အသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ပုလဲမြို့နယ် ဇီးဖြူကုန်းပျူရွာအား မနက်၅:၃၀မှ ၇:၀၀ထိ ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ပူပေါင်းအဖွဲ့တို့က ၆၀မမ ၈၀မမ ၉၀မမ လက်နက်ကြီး များ ၊ ကာပစ်လက်နက်ငယ်များဖြင့် စည်းလုံးညီညွတ်စွာ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စုစုပေါင်း ကာကွယ်ရေးတပ် ၂၂ဖွဲ့ က တိုက်ခိုက်ခဲ့ပြီး ရန်သူ့စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံး မသိရှိရသေးဘူးလို့ဆိုပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားရိုးကုန်းရွာအနီး စကစတပ်များနဲ့ တော်လှန်ရေး မဟာမိတ်အဖွဲ့ပေါင်းစုံတို့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က နှစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားရိုးကုန်းရွာအနီး စကစတပ်များနဲ့ တော်လှန်ရေး မဟာမိတ်အဖွဲ့ပေါင်းစုံတို့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က နှစ်ဦးသေဆုံးခဲ့ပါတယ်။ မေလ၂ရက်နေ့မှာ စစ်ရေးသတင်းကို ဘုတလင်အခြေစိုက် GM Local PDFကအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားရိုးကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲကို ဘုလင်မြို့နယ် ဒေသတွင်းအာဏာရှင် တော်လှန်ရေး မဟာမိတ်အဖွဲ့ပေါင်းစုံတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။ မဟာ မိတ်တပ်ပေါင်းစု အဖွဲ့က ရဲဘော်တစ်ယောက်မစိုးရိမ်ရ ပေါင်ကျည်ထိဒဏ်ရာရရှိ ခဲ့ပါတယ်။
========================
📌📌 ၈။ နွားထိုးကြီးမြို့နယ် ရဲစခန်း ဒရုန်းနဲ့ဗုံးကြဲချခံရ၍ ရဲများအသုံးပြုနေသည့် Mark-2ကားတစ်းစီး မီးလောင်ပျက်စီးကာ ရဲတစ်ဦးသေဆုံး
နွားထိုးကြီးမြို့နယ် ရဲစခန်း ဒရုန်းနဲ့ဗုံးကြဲချခံရ၍ ရဲများအသုံးပြုနေသည့် Mark-2ကားတစ်းစီး မီးလောင်ပျက်စီးကာ ရဲတစ်ဦးသေဆုံးခဲ့ပါတယ်။ မေလ၂ရက်နေ့မှာ စစ်ရေးသတင်းကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်၄တပ်ရင်းမှ အသိပေးဆိုပါတယ်။
"မေလ၁ရက်နေ့ မွန်းလွဲပိုင်း နွားထိုးကြီးမြို့ မြို့မရဲစခန်းကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်၄တပ်ရင်းမှ Droneဖြင့် ဗုံးကြဲတိုက်ခိုက်ရာ (ရဲ)များ အမြဲတမ်းအသုံးပြုနေသည့် Mark-2ကားတစ်းစီး မီးလောင်ပျက်စီး၍ ရဲတစ်ဦးသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ရဲလေးဦးပါ ထိခိုက်ဒဏ်ရာရခဲ့ပြီး မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းရဲ့ စစ်ဆင်ရေးအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ ပေါက်မြို့နယ်မှာ ဖမ်းမိသွားတဲ့ တော်လှန်ရေးရဲဘော်နှစ်ဦး စကစတပ်သားများကို လုံးထွေးသတ်ပုတ်၍ ကနဦးလက်နက်လုယူလာနိူင်သော်လည်း လမ်းခုလတ်တွင် ရဲဘော်တစ်ဦးကျည်ထိမှန်ကျဆုံးခဲ့
မကွေးတိုင်း ၊ပေါက်မြို့နယ်မှာ ဖမ်းမိသွားတဲ့ တော်လှန်ရေးရဲဘော်နှစ်ဦး စကစတပ်သားများကို လုံးထွေးသတ်ပုတ်၍ ကနဦး လက်နက်လုယူလာနိူင်သော်လည်း လမ်းခုလတ်တွင် ရဲဘော်တစ်ဦးကျည်ထိမှန်ကျဆုံးခဲ့တယ်လို့သိရပါတယ်။ မေလ၂ရက် စကစ စစ်ကြောင်းအား ဒရုန်းနဲ့တိုက်ခိုက်ရန် ထွက်လာစဥ် ရဲဘော်နှစ်ဦးကို စကစကင်းပုန်းကဖမ်းမိခဲ့တာလို့ မြိုင်ပကဖကအတည်ပြုဆိုပါတယ်။
"မြိုင် ပကဖ ရင်း-၁ နှင့်ပေါက် ပကဖတို့ပူးပေါင်း၍ မေ၂ ရက်နေ့တွင် စကစစစ်ကြောင်းအား ဒရုန်းဖြင့် တိုက်ခိုက်ရန်အတွက် ပေါက်မြို့နယ် ဆူးလေကုန်းရွာသို့ ဖြတ်သန်းစဉ် စကစများမှ ရွာအဝင်တွင် နှစ်ဦးကင်းပုန်းဝပ်နေပီး မြိုင် ပကဖရင်းတစ်နှင့် ပေါက်ပကဖအဖွဲ့တို့မှ ဒရုန်းရဲဘော်နှစ်ဦးတို့အား ဖမ်းဆီး၍ ဒူးထောက်ခိုင်းထားခဲ့ပါတယ်။ ရဲဘော်၂ဦးမှ စကစ များအားလုံးထွေးသတ်ပုတ်ခါ ၎င်းတို့ထံ မှ MA1တစ်လက် MA4တစ်လက် အား လုယူ၍ စကစတစ်ဦးအား အနီးကပ်ပစ်သတ်ပြီး ရဲဘော်နှစ်ဦးစလုံးထွက်ပြေးခဲ့တယ်"လို့ဆိုပါတယ်။
ထိုအချိန်တွင် ၎င်းအနီးအနား ချက်ပြုတ်စားသောက်နေသော စကစအင်အား ၃၈ယောက် ကျော်မှ လိုက်လံပစ်၍ ရဲဘော်များ ထွက်ပြေးစဉ် တစ်ယောက်မှာ ကျည်ထိမှန်ကျဆုံးခဲ့ပြီး ရဲဘော်တစ်ယောက်မှာ သေနတ်ချ၍ ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်လို့ မြိုင် ပကဖကဆိုပါတယ်။
========================
📌📌 ၁၀။ ဘုတလင်မြို့၊ မိုးကိုယ်ပိုင်အထက်တန်းကျောင်းနှင့် စီးပွားရေးဘဏ်အကြား စကစတပ်များ ဘဏ်ကင်းစောင့်ချိန်းသည့်အချိန် ပဒေသာမိုင်းဖောက်ခွဲ
ဘုတလင်မြို့၊ မိုးကိုယ်ပိုင်အထက်တန်းကျောင်းနှင့် စီးပွားရေးဘဏ်အကြား စကစတပ်များ ဘဏ်ကင်းစောင့် ချိန်းသည့်အချိန် ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေလ၂ရက်နေ့မှာ စစ်ဆင်ရေးကို အောင်ဆန်းမျိုးဆက် တပ်ဖွဲ့ကအသိပေးဆိုပါတယ်။
"မေလ၂ရက်မနက်၁၁နာရီ၄၅မိနစ်အချိန်ခန့်တွင် ဘုတလင်မြို့၊ မိုးကိုယ်ပိုင်အထက်တန်းကျောင်းနှင့် စီးပွားရေးဘဏ်အကြားတွင် စကစများ ဘဏ်ကင်းစောင့် ချိန်းသည့်အချိန်၌ မိမိတို့မုံရွာခရိုင်အမှတ်(၁၃)တပ်ရင်း၊ အောင်ဆန်းမျိုးဆက်ရဲဘော်တို့မှ ပဒေသာမိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုတွင် မိုင်းထိ၍ စကစဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျအား စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment