4th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၂။ စစ်ကောင်စီကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် မျိုးနွယ်စုအလိုက် သတ်ဖြတ်မှုများကို စနစ်တကျ မှတ်တမ်းကောက်ယူ၊ ပြုစုသိမ်းဆည်းပြီး  (၁၇၁) မှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ထံသို့ပေးပို့ပေးပြီး ဖြစ်

📌 ၃။ CDM များအတွက်  မြန်မာကျပ်ငွေသန်း (,၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ NUGဆို

📌 ၄။ တရုတ်နိူင်ငံရဲ့ မြန်မာနိူင်ငံအပေါ် တည်ငြိမ်မှုရရှိရေးလုပ်ငန်းစဥ်ဟာ မြန်မာပြည်သူလူထု ဆန္ဒနဲ့ ကိုက်ညီဖို့ လိုအပ်တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူပြောကြား

📌 ၅။ စစ်ခေါင်းဆောင် အဆက်ဆက်ဟာ နိုင်ငံရေးအကျဉ်းသားဆိုတာတွေကို  နိုင်ငံတကာဖိအားတွေ ကျော်လွှားဖို့ အမြဲပဲ အကန့်အသတ်တွေနဲ့ ပြန်လွှတ်ပေးလေ့ရှိတယ်လို့ဆို

📌 ၆။ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးစခန်းနှင့် စိုကန်တိုက်ပျူရွာကြားတွင် ပျူများ သွားလာနေကြောင်း သတင်းရရှိ၍ မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်ကြပ်တစ်ဦးနဲ့ ပျူတစ်ဦး သေဆုံး

📌 ၇။ အုတ်ဖိုမြို့နယ် တာဝါတိုင်ရွာ စခန်းကုန်းပေါ်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား သာယာဝတီခရိုင် PDFတပ်ရင်းနဲ့ မဟာမိတ်များတိုက်ခိုက်ရာ စကစဘက်က ()ဦးသေဆုံး

📌 ၈။ တကောင်းတိုက်နယ် ရွှေကိုးပင်လမ်းပေါက်အနီးအင်းနက်မှ ဆင်းလာသော Double cup 4 wheels အဖြူရောင်တစ်စီးအား မိုင်း()လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ၃ယောက်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မေလ၃ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၂/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  တက်ရောက်လာကြသော  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပြီးနောက်  ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပညာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် မျိုးနွယ်စုအလိုက် သတ်ဖြတ်မှုများကို စနစ်တကျ မှတ်တမ်းကောက်ယူ၊ ပြုစုသိမ်းဆည်းပြီး  (၁၇၁) မှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ထံသို့ပေးပို့ပေးပြီး ဖြစ်


စစ်ကောင်စီကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် မျိုးနွယ်စုအလိုက် သတ်ဖြတ်မှုများကို စနစ်တကျ မှတ်တမ်းကောက်ယူ၊ ပြုစုသိမ်းဆည်းပြီး  (၁၇၁) မှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ထံသို့ပေးပို့ပေးပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ မေလ ၃ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း () နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။


စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများအတွက် ဤတော်လှန်ရေး ကာလအလွန်တွင် တရားမျှတ မှုရရှိရေးအတွက် ၎င်းတို့ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် မျိုးနွယ်စုအလိုက် သတ်ဖြတ်မှုများကို စနစ်တကျ မှတ်တမ်းကောက်ယူ၊ ပြုစုသိမ်းဆည်းပြီး သက်သေခိုင်လုံသော (၁၇၁) မှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ထံသို့ပေးပို့ပေးပြီး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ 


ဒါ့အပြင်အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့အကြား တရားရင်ဆိုင်နေဆဲအမှုဖြစ်သော ရိုဟင်ဂျာပြည်သူများ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ကနဦးကန့်ကွက်ခဲ့မှုအားလုံးကို ပြန်လည်ရုတ်သိမ်းကြောင်း ဖေဖော်ဝါရီလ () ရက် ၂၀၂၂ တွင် ပေးပို့အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။


ကျွမ်းကျင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာယန္တရား (universal jurisdiction) ကို အသုံးပြုကာ စစ်ကောင်စီအား ဂျာမနီ၊ အာဂျင်တီးနားနှင့် တူရကီတို့တွင် တရားစွဲဆိုထားပြီး အခြားနိုင်ငံများတွင်လည်း ဆက်လက်စွဲဆိုနိုင်ရန် ကြိုးပမ်းနေတယ်လို့လည်းသတင်းထုတ်ပြန်ဖော်ပြပါတယ်။


========================


📌📌 ၃။ CDM များအတွက်  မြန်မာကျပ်ငွေသန်း (,၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ NUGဆို


CDM များအတွက်  မြန်မာကျပ်ငွေသန်း (,၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ မေလ ၃ရက်မှာကျရောက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း () နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။


"အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသော CDM ပြည်သူ့သားကောင်းများအား ပံ့ပိုးကူညီမှု ပေးနိုင်ရေးအတွက်  ၂၀၂၁ ဧပြီလ ၂၇ ရက်နေ့တွင်  အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ CRPH ကိုယ်စားလှယ်များပါဝင်၍ CDM Success Committee အားဖွဲ့စည်းခဲ့ကာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် CDM ကွန်ယက်ချိတ်ဆက်ခြင်း၊ CDM ဆောင်ရွက်မှုအစီရင်ခံစာအား ၂၀၂၁၊ စက်တင်ဘာလတွင် UN Credential အတွက် ထုတ်ပြန်ခြင်း၊ CDM လှုပ်ရှားမှုတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် CDM အချက်အလက် အစီရင်ခံစာအား ထုတ်ပြန်ခြင်း၊ CDM စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်"လို့ဆိုပါတယ်။


ထို့အပြင်  CDM Success Committee နှင့်ချိတ်ဆက်ထားသော CDM နိုင်ငံ့သူရဲကောင်း (၂၁၀၆၃၉) အနက်မှ (၂၀%) နှုန်းခန့်၏ အရေးပေါ်လိုအပ်ချက်များအတွက်  မြန်မာကျပ်ငွေသန်း (,၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ဝန်ကြီးဌာနများအနေဖြင့်လည်း ဌာနအလိုက် CDM ဝန်ထမ်းများအား အသီးသီး ကူညီထောက်ပံ့လျက်ရှိတယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၄။ တရုတ်နိူင်ငံရဲ့ မြန်မာနိူင်ငံအပေါ် တည်ငြိမ်မှုရရှိရေးလုပ်ငန်းစဥ်ဟာ မြန်မာပြည်သူလူထု ဆန္ဒနဲ့ ကိုက်ညီဖို့ လိုအပ်တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူပြောကြား


တရုတ်နိူင်ငံရဲ့ မြန်မာနိူင်ငံအပေါ် တည်ငြိမ်မှုရရှိရေးလုပ်ငန်းစဥ်ဟာ မြန်မာပြည်သူလူထု ဆန္ဒနဲ့ ကိုက်ညီဖို့ လိုအပ်တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားပါတယ်။ မေလ၃ရက် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း () နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောပါတယ်။


"တရုတ်နိူင်ငံရဲ့ မြန်မာနိုင်ငံအပေါ် တည်ငြိမ်မှုရရှိရေး၊ မြန်မာနိုင်ငံအပေါ် အချုပ်အခြာအာဏာကို လေးစားဖို့ဆိုတဲ့ဟာကို ပြောကြားတာတွေအတွက် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းစဥ်မှာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့မကိုက်ညီတဲ့ လုပ်ငန်းစဥ် ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ အပေါင်း လက္ခဏာဆောင်တဲ့လုပ်ရပ်မဖြစ်ဘဲနဲ့ အနုတ် လက္ခဏာဆောင်သွားနိူင်တဲ့အတွက်ကြောင့် မြန်မာပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီအောင်လုပ်ဖို့အတွက် ကျနော်တို့အနေနဲ့ မျှော်မှန်းပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ ဆက်ဆံဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ လမ်းကြောင်း ဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။


"မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတာ ဒေသလုံခြုံရေးကို ခြိမ်းခြောက်နေတာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံကို ထိခိုက်နေတာ။ ဒါတွေအားလုံးတာဝန်က အကြမ်းဖက်စစ်ကောင်စီမှာပဲ တာဝန်ရှိပါတယ်"လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။


တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ မေလအတွင်း အကြမ်းဖက် စစ်ခေါင်းဆောင်နဲ့လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ဆွေးနွေးပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ စစ်ခေါင်းဆောင် အဆက်ဆက်ဟာ နိုင်ငံရေးအကျဉ်းသားဆိုတာတွေကို  နိုင်ငံတကာဖိအားတွေ ကျော်လွှားဖို့ အမြဲပဲ အကန့်အသတ်တွေနဲ့ ပြန်လွှတ်ပေးလေ့ရှိတယ်လို့ဆို


စစ်ခေါင်းဆောင် အဆက်ဆက်ဟာ နိုင်ငံရေးအကျဉ်းသားဆိုတာတွေကို  နိုင်ငံတကာဖိအားတွေ ကျော်လွှားဖို့ အမြဲပဲ အကန့်အသတ်တွေနဲ့ ပြန်လွှတ်ပေးလေ့ရှိတယ်လို့ NUG ချက်နိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်က မေလ၃ရက်နေ့မှာ ပြောကြားပါတယ်။


"စစ်ခေါင်းဆောင် အဆက်ဆက်ဟာ နိုင်ငံရေးအကျဉ်းသားဆိုတာတွေကို နှိပ်စက်ဖမ်းဆီးထားပြီး နိုင်ငံတကာ ဖိအားတွေကို ကျော်လွှားဖို့ ဖြေလျှော့စေဖို့အတွက် အမြဲပဲ အကန့်အသတ်တွေနဲ့ ပြန်လွှတ်ပေးလေ့ ရှိကြပါတယ်။ ဒါကို သတိရှိကြဖို့ပဲ။ လွတ်လာတဲ့သူတွေအတွက် ဝမ်းသာတယ်၊ ဒါပေမယ့် အပြစ်မရှိပဲ ဖမ်းထားသူပေါင်းက ထောင်ချီဖမ်းဆီထားတာပါ။ ဒီအထဲ ကြိုးပေးကွက်မျက်ပစ်လိုက်တာ ဦး၊ နှိပ်စက် ညှင်းပန်း သတ်ဖြတ်လိုက်တာ ၁၀၀ ဝန်းကျင်၊ ငြိမ်းချမ်းစွာ ဆန္ဒပြလို့ ခေါင်းကို တည့်တည့်ပစ်ခတ်တာ အပါအဝင် စုစုပေါင်း သတ်ဖြတ်ခံရသူ ထောင်ကျော်၊ နှစ်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ် ၄၀၀ ကျော်ကို စစ်အုပ်စုက သတ်ခဲ့တာတွေရယ်၊ ရပ်ထဲရွာထဲ အစုလိုက်အပြုံလိုက်သတ်တာတွေရော စုစုပေါင်း သောင်းလောက် ရှိနေပြီဖြစ်တယ်"လို့ဆိုပါတယ်။


မေလ၃ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီဟာ ၅၀၅(က)နဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၁၅၃ဦးကို အကန့်အသတ်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။


"ပြန်စရာ အိမ်မရှိတော့တဲ့ ထောင်နဲ့ ချီတဲ့ မိသားစုတွေ၊ တချို့ မိသားစုလိုက်ပါ အသက်ဆုံးရှုံးခဲ့ရတာတွေ၊ ထွက်ပြေးတိမ်းရှောင်ရင်း အတိဒုက္ခရောက်နေသူ သောင်းနဲ့ချီတဲ့ လူတွေ၊ တဖက်နိုင်ငံနယ်စပ်တွေကို အန္တရာယ်တွေကို ကျော်ဖြတ်ပြီး စိတ်လုံခြုံမှု မရှိပဲ အခက်အခဲများစွာနဲ့ နေ နေရတဲ့ ဒုက္ခသည်တွေရယ်၊ ဒါတွေကို တပြင်လုံးစာ သေချာ ကြည့်တတ်မြင်တတ်ဖို့ လိုမယ်"လို့ ဦးလင်းသန့်ကထပ်မံဆိုပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးစခန်းနှင့် စိုကန်တိုက်ပျူရွာကြားတွင် ပျူများ သွားလာနေကြောင်း သတင်းရရှိ၍ မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်ကြပ်တစ်ဦးနဲ့ ပျူတစ်ဦး သေဆုံး


မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးစခန်းနှင့် စိုကန်တိုက်ပျူရွာကြားတွင် ပျူများ သွားလာနေကြောင်း သတင်းရရှိ၍ မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်ကြပ်တစ်ဦးနဲ့ပျူတစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းကို မေလ ၃ရက်နေ့မှာ  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုပါတယ်။


"မေလ ၂ရက်   မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း   တပ်ခွဲ - တပ်ခွဲ -   (ဂဠုန်)TYKပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူ့အားမာန်တပ်ဖွဲ့တို့ ပူးပေါင်း၍ သရက်ကန်ပျူစောထီးစခန်းနှင့် စိုကန်တိုက်ပျူရွာကြားတွင် ပျူများသွားလာနေသည်ဟု ဖရဲသီးသတင်းပေးချက်အရ သွားရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တစ်ဦးနှင့် ပျူတစ်ဦးသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။


ထို့ပြင် ၄င်းအလောင်းများဘေးတွင် ပတ်လည်ဝိုင်းနေသော စကစနဲ့ပျူများကို အီနာဂါ သုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖက အတည်ပြုဆိုပါတယ်။


========================


📌📌 ၇။ အုတ်ဖိုမြို့နယ် တာဝါတိုင်ရွာ စခန်းကုန်းပေါ်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား သာယာဝတီခရိုင် PDFတပ်ရင်းနဲ့ မဟာမိတ်များတိုက်ခိုက်ရာ စကစဘက်က ()ဦးသေဆုံး 


ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် တာဝါတိုင်ရွာ စခန်းကုန်းပေါ်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား သာယာဝတီခရိုင် PDFတပ်ရင်းနဲ့ မဟာမိတ်များတိုက်ခိုက်ရာ စကစဘက်က()ဦးသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းကို ပဲခူးတိုင်း စစ်ဒေသခွဲက မေလ၃ရက်မှာ အသိပေးဆိုပါတယ်။


"အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ တာဝါတိုင်ကျေးရွာမှ စခန်းကုန်းပေါ်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီခရိုင် PDFတပ်ရင်း ၃၈၀၂၊ တပ်ခွဲ() မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က မေလ ()ရက်နေ့ ညနေ(:၄၀)နာရီ၌ မိုင်းဆွဲတိုက်ခိုက်ကာ ၄၀မမ ဗုံးသီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ()ဦး သေဆုံးသွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


တာဝါတိုင်ရွာ စခန်းကုန်းပေါ်သို့ အင်အား(၈၀)ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ချောင်းစောက်ရွာဟောင်းနှင့် ကိုင်းချိုကြီးရွာဘက်မှ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး "ပဇောက်"ပုံစံ အနေအထား ဖြန့်ကြက်၍ စစ်ကြောင်းထိုးရန် တက်လာကြခြင်းဖြစ်ပါတယ်။ 


ကိုင်းချိုကြီးရွာဘက်မှ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြိုတင် ထောင်ထားသည့် ပဒေသာမိုင်း()လုံးတွဲပါ မိုင်းကွင်းအတွင်းသို့ ဝင်လာစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


 အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဖရိုဖရဲဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၄၀မမ ဗုံးသီး()လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


========================


📌📌 ၈။ တကောင်းတိုက်နယ် ရွှေကိုးပင်လမ်းပေါက်အနီးအင်းနက်မှ ဆင်းလာသော Double cup 4 wheels အဖြူရောင်တစ်စီးအား မိုင်း()လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ၃ယောက်သေဆုံး


တကောင်းတိုက်နယ် ရွှေကိုးပင်လမ်းပေါက်အနီး အင်းနက်မှဆင်းလာသော Double cup 4 wheels အဖြူရောင်တစ်စီးအား မိုင်း()လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့တယ်လို့ တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ၃ရက်မှာ အသိပေးဆိုပါတယ်။


 "တကောင်းတိုက်နယ် ရွှေကိုးပင်လမ်းပေါက်အနီး မေ()ရက် ည၉နာရီခွဲအချိန်တွင် အင်းနက်မှဆင်းလာသော Double cup 4 wheels အဖြူရောင်တစ်စီးအား မိုင်း()လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ကားပေါ်တွင် စကစ()ယောက်ပါပြီး ၃ယောက်သေကာ ၃ယောက် ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါကားသည်လည်း ထိုးရပ်သွားကာ ပျက်ဆီးသွားခဲ့ပြီး  စကစဘက်မှ ပြန်လည်ပစ်ခတ်နိုင်မှုမရှိဘဲ နာရီဝက်ခန့်အကြာတွင်လာ‌ရောက်ပြီး တကောင်းဆေးရုံသို့ သယ်ဆောင်သွားကြတယ်လို့ဆိုပါတယ်။ စစ်ဆင်ရေးကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-Tagaung Defense Force နှင့် လျှပ်စီးပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment