10th JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရပေမယ့် သက်တံ့ရောင်နွေဦးသူရဲကောင်းများဟာ ပြည်သူထဲကပြည်သူ ပီသစွာဖြင့် နွေဦးတော်လှန်ရေးမှာ တက်ကြွစွာနဲ့ ဆက်လက်ပါဝင်နေလျက်ရှိနေတယ်လို့ဆို

📌 ၂။ ရှေ့တန်းမှ ပြည်သူ့ရဲဘော်များအတွက် စားနပ်ရိက္ခာများကို ထောက်ပို့ရာတွင် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပို့ဆောင်

📌 ၃။ ပလိုင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စကစတပ်များအားထောက်ပို့ရန် ရွှေဘိုမြို့မှ ကား၂စီးဖြင့် ထွက်လာသော စကစထောက်ပို့စစ်ကြောင်း တိုက်ခိုက်ခံရ၍ စကစတပ်က ရှစ်ဦးသေဆုံး

📌 ၄။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ စစ်ကြောင်းထိုးလာပြီး ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာအထွက် စကစတပ်များ မိုင်းထိ၍ ၉ ဦးပြင်းထန်ဒဏ်ရာရ

📌 ၅။ မြောင်မြို့နယ်ကျောက်ရစ်ရဲစခန်းမှ ပရိမ္မရွာသို့ အကြမ်းဖက်ဝင်ရောက်ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်အင်အား ၆၀ကျော်ပါ စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ရာ တစ်ဦးသေ၊နှစ်ဦးထိခိုက်

📌 ၆။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာကိုဝင်စီးတဲ့ စကစတပ်များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးအပါအဝင်ဒေသခံ နှစ်ဦးကိုပါဖမ်းဆီးသတ်ဖြတ်

📌 ၇။ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာရဲစခန်း တော်လှန်ရေးအင်အားစုများ အောင်မြင်စွာ သိမ်းပိုက်နိူင်

📌 ၈။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရပေမယ့် သက်တံ့ရောင်နွေဦးသူရဲကောင်းများဟာ ပြည်သူထဲကပြည်သူ ပီသစွာဖြင့် နွေဦးတော်လှန်ရေးမှာ တက်ကြွစွာနဲ့ ဆက်လက်ပါဝင်နေလျက်ရှိနေတယ်လို့ဆို


ဇွန်လ၉ရက်


လူမဆန်တဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ရပေမယ့် သက်တံ့ရောင်နွေဦးသူရဲကောင်းများဟာ ပြည်သူထဲက ပြည်သူ ပီသစွာဖြင့် နွေဦးတော်လှန်ရေးမှာ တက်ကြွစွာနဲ့ ဆက်လက်ပါဝင်နေလျက်ရှိနေတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဇွန်လ၉ရက်မှာ ဆိုပါတယ်။


"မြန်မာနိုင်ငံမှာရှိတဲ့ LGBTIQ  များဟာ သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်စေဖို့နဲ့ တန်းတူ လူ့အခွင့်အရေးတွေရရှိဖို့အတွက် တိုက်ပွဲဝင်တောင်းဆိုနေကြသလို နွေဦးတော်လှန်ရေးစကတည်းက ပြည်သူများနဲ့အတူတူ လက်ချင်းတွဲပြီး အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ရာမှာ တက်တက်ကြွကြွရှေ့တန်းကနေ ပါဝင်နေလျက်ရှိပါတယ်။ တဖက်မှာလည်း မတရားမှုကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီက ရက်စက်ယုတ်မာတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွင်းဖမ်းဆီးနှိပ်စက်သတ်ဖြတ်လျက်ရှိပါတယ်။ ဒီလို နှိပ်စက်မှုတွေထဲမှာမှ မတူကွဲပြားတဲ့ လိင်စိတ်ခံယူချက်ရှိသူများအပေါ်  ပိုမိုလူမဆန်တဲ့ ပိုမိုပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကို ကျင့်သုံးလျက်ရှိပါတယ်။ ဒီလို လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရပေမယ့် သက်တံ့ရောင်နွေဦးသူရဲကောင်းများဟာ ပြည်သူထဲကပြည်သူ ပီသစွာဖြင့် နွေဦးတော်လှန်ရေးမှာ တက်ကြွစွာနဲ့ ဆက်လက်ပါဝင်နေလျက်ရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်ကြိုးပမ်းရင်း မြင့်မြတ်စွာကျဆုံးသွားခဲ့ကြတဲ့ သက်တံ့ရောင်နွေဦးအာဇာနည်များကို ဦးညွတ်အလေးပြုပါတယ်လို့လည်း ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ရှေ့တန်းမှ ပြည်သူ့ရဲဘော်များအတွက် စားနပ်ရိက္ခာများကို ထောက်ပို့ရာတွင် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပို့ဆောင်


ဇွန်လ၉ရက်

ရှေ့တန်းမှ ပြည်သူ့ရဲဘော်များအတွက် စားနပ်ရိက္ခာများကို ထောက်ပို့ရာတွင် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ၉ရက်နေ့မှာ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးက ပြောကြားထားပါတယ်။


"အခုဆိုရင်ဖြင့်ရှေ့တန်းမှ သူရဲကောင်းလေးတွေအတွက် ချက်ပြုတ်ကြော်လှော်ပြီး ပို့ဖို့အဆင်သင့်ဖြစ်နေပါပြီ။ တချို့ ကပြောကြတယ်။ အနောရယ်ပင်ပန်းပါတယ်။ ရယ်ဒီမိတ်တွေ ၀ယ်ပို့လဲရတာဘဲ ဆိုတာပြောကြပါတယ်။ ဟင့်အင်း...ကိုယ်ချက်တဲ့လက်ရာကို ကိုယ်မွေးထားတဲ့ သားသမီးတွေကို ကျွေးချင်တာ မိခင်များရဲ့ဆန္ဒပါ။ သားတို့သမီးတို့ စားကောင်းကြပါစေ။ ဘေးရန်ကင်းရှင်းကြပါစေကွယ်"လို့ဝန်ကြီးက ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ပေါင်း သုံးရာကျော်၊ မြို့နယ်ပကဖအဖွဲ့ပေါင်း နှစ်ရာ့ငါးဆယ်ကျော်ရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အင်အား သိန်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၃။ ပလိုင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စကစတပ်များအားထောက်ပို့ရန် ရွှေဘိုမြို့မှ ကား၂စီးဖြင့် ထွက်လာသော စကစထောက်ပို့စစ်ကြောင်း တိုက်ခိုက်ခံရ၍ စကစတပ်က ရှစ်ဦးသေဆုံး


ဇွန်လ၉ရက်


ပလိုင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စကစတပ်များအား ထောက်ပို့ရန် ရွှေဘိုမြို့မှ ကား၂စီးဖြင့် ထွက်လာသော စကစထောက်ပို့စစ်ကြောင်းတိုက်ခိုက်ခံရ၍ စကစတပ်ကရှစ်ဦးသေဆုံးခဲ့တယ်လို့ဇွန်လ၉ရက်မှာ စစ်ရေးသတင်းကို Myanmar Defense Force-Shweboက အသိပေးဆိုပါတယ်။


"ဇွန်လ၈ရက်နေ့ မနက်ပိုင်းတွင် ပလိုင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စကစတပ်များအား ထောက်ပို့ရန် ရွှေဘိုမြို့မှ ကား၂စီးဖြင့် ထွက်လာသော အင်အား(၅၀)ခန့်ပါ စကစထောက်ပို့စစ်ကြောင်းသည် ဆန်ပိုင်းများ ရိက္ခာများထမ်းလျှက် ချီပါကျေးရွာမှတဆင့် မဲတောကျေးရွာသို့ ဝင်ရောက်လာချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များမှ အသင့်စောင့်ကြို၍ မိုင်းဆွဲပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ထိတွေ့တိုက်ပွဲ ၁၅မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စကစတပ်က ငါးဦးနေရာတင်သေဆုံးခဲ့ပါတယ်။


၎င်းနောက် စကစတပ်များမှာ ဝရုန်းသုန်းကားဖြင့် လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာလာချိန် ချီပါရွာအထွက်အရောက်တွင် ၄၀(မမ)ဖြင့် ထပ်မံတိုက်ခိုက်ခံရ၍ သုံးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရပြီး လမ်းဘေးရှိ ပြည်သူ့ဆိုင်ခန်းများအား မီးရှို့ထွက်ပြေးဆုတ်ခွာသွားခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ စစ်ကြောင်းထိုးလာပြီး ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာအထွက် စကစတပ်များ မိုင်းထိ၍ ၉ဦးပြင်းထန်ဒဏ်ရာရ


ဇွန်လ၉

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ စစ်ကြောင်းထိုးလာပြီး ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာ အထွက် စကစတပ်များ မိုင်းထိ၍ ၉ဦးပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။


ဇွန်လ၉ရက်မှာ Chindwin Toe Na Yar PDF တပ်ဖွဲ့က စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။


"ဇွန်လ၉ရက် စကစတပ်စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ ထိုးလာပြီး ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာအထွက် အမှတ်၉ဆည်မြောင်းမှာ Chindwin Toe Na Yar PDF တပ်ဖွဲ့နှင့် မနက်၅:၀၅မိနစ်မှ :၃၀ထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲတွင်တစ်ဖက်ပွင့်မိုင်းများဆွဲပြီး စနိုက်ပါ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ရာ စကစဘက်မှ ၉ဦးကို ထမ်းပိုးသွားသည်ကို မြင်တွေ့ရတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ မြောင်မြို့နယ်ကျောက်ရစ်ရဲစခန်းမှ ပရိမ္မရွာသို့ အကြမ်းဖက်ဝင်ရောက်ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်အင်အား ၆၀ကျော်ပါ စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ရာ တစ်ဦးသေ၊နှစ်ဦးထိခိုက်


ဇွန်လ၉ရက်


မြောင်မြို့နယ်ကျောက်ရစ်ရဲစခန်းမှ ပရိမ္မရွာသို့ အကြမ်းဖက်ဝင်ရောက်ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်အင်အား၆၀ကျော်ပါ စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ရာ တစ်ဦးသေ၊နှစ်ဦးထိခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ ၉ရက် မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင်အမှတ်၄တပ်ရင်းကအတည်ပြုဆိုပါတယ်။


"ဇွန်လ ၉ရက် နံနက်ခင်း၆နာရီအချိန်ခန့်တွင် ကျောက်ရစ်ရဲစခန်းမှ ပရိမ္မရွာသို့ အကြမ်းဖက်ဝင်ရောက်ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ် အင်အား၆၀ကျော်ပါ စစ်ကြောင်းအား မြစံကျေးရွာအနီးတွင် အသင့်စောင့်ကြိုနေသော  စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDF ဦးဆောင်မှုနှင့်အတူ  ညီနောင်မဟာမိတ် တပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ခြုံခိုတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီမှ ()ဦး နေရာတွင် သေဆုံးပြီး ()ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ်။


နောက်ထပ် အထိအခိုက်အသေဆုံးရှိနိုင်ပြီး စုံစမ်းစစ်ဆေးဆဲဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီဖက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာကိုဝင်စီးတဲ့ စကစတပ်များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးအပါအဝင်ဒေသခံ နှစ်ဦးကိုပါဖမ်းဆီးသတ်ဖြတ်


ဇွန်လ၉ရက်


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာကိုဝင်စီးတဲ့ စကစတပ်များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးအပါအဝင်ဒေသခံ နှစ်ဦးကိုပါဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။


ဇွန်လ ၉ရက်မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကဖော်ပြပါတယ်။


ဇွန်လ ရက်နေ့၊ နံနက် နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာကို အင်အား ၈၀ ခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ကြောင်းထိုး၍ ကျေးရွာအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စခန်းတစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးအား ဖမ်းဆီး၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းအား မီးရှို့ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ပစ်ခတ်သဖြင့် ကြောက်ရွံ့ထိတ်လန့်၍ ထွက်ပြေးသည့် ဒေသခံအမျိုးသားနှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာရဲစခန်း တော်လှန်ရေးအင်အားစုများ အောင်မြင်စွာ သိမ်းပိုက်နိူင်


ဇွန်လ၉ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာ ရဲစခန်းတော်လှန်ရေးအင်အားစုများ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ၉ရက် ညပိုင်းမှာ တော်လှန်ရေးအင်အားစုမှ ရဲဘော်တစ်ဦးက အတည်ပြုဆိုထားပါတယ်။


"ကျနော်တို့ULFလက်သံရယ် ကျနော်တို့ရဲ့ဘော်တွေရဲ့လက်သံရယ် မဟာမိတ်တွေရဲ့ လက်သံရယ် ဘယ်လောက်မည်လဲဆို ရှိတဲ့အင်းအားအကုန်ရောက်လာတာပဲကြည့်။ ဟင်းချက်တော်တဲ့ ရဲဘော်တွေက ချက်လိုက်ပြီ။ ညောင်ပင်ကြီး စခန်းသိမ်းနိုင်ခဲ့ပါပြီတဲ့"လို့ဆိုပါတယ်။


ဇွန်လ ၉ရက် ညနေ ၅နာရီခွဲက နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။


အဆိုပါထိတွေ့တိုက်ပွဲမှာ စကစတပ်ဖွဲ့များ အထိနာတဲ့အတွက် လေကြောင်းပစ်ကူများပါ လာရောက်ပစ်ခတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။


========================


📌📌 ၈။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


ဇွန်လ၉ရက်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုလုပ်ဆောင်ခဲ့ပါတယ်။


ဇွန်လ ၉ရက်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က အသိပေးဆိုပါတယ်။


" ဇွန်လ ရက်နေ့ နေ့လည်တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုလှုပ်ရှားမှုကို အာဏာရှင်စနစ်ရဲ့ အဆုံးသတ်က"လူထုသာလျှင် အဓိက"စာသားပါ ဘန်နာကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ချီတက်ခဲ့ကြပြီး အမျိုးသမီး၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment