25th JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ


📌 ၁။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လက်ရှိပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ပြီး မြန်မာပြည်သူများအတွက် ငြိမ်းချမ်းသော အနာဂတ်ကို ရရှိနိုင်ရေး လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများကို အမြန်ဆုံးပေးအပ်ရန် CRPHတောင်းဆို

📌 ၂။ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို ရပ်တန့်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က သဘောထား ထုတ်ပြန်

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့်အခြေခံအမှုစစ်သင်တန်းဖွင့်လှစ်

📌 ၄။ ရီပတ်ဘလီကန် အထက်လွှတ်တော်ခေါင်းဆောင် Sen Mitch McConnell နဲ့တွေ့ဆုံမှု မြန်မာပြည်သူပြည်သားတွေအတွက် ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ခဲ့တယ်လို့ ရှောင်တာနယ်ဆို

📌 ၅။ စစ်ဘေးရှောင်ပြည်သူများကူညီရေးအတွက် ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ်နဲ့တွေ့ဆုံဆွေးနွေး

📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH)နှင့် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများ တွေ့‌ဆုံဆွေးနွေး

📌 ၇။ ၂၀၂၃ ခုနှစ်၊ မေလ အတွင်း ဒူးပလာယာခရိုင်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဘက်မှ (၄၆) ဦး သေဆုံးပြီး (၄၀) ဦး ဒဏ်ရာရ

📌 ၈။ မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်(ကျေးရွာ)နှင့် ကိုးပင် (ကျေးရွာ) ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ဒရုန်းနဲ့ဗုံးကြဲ

📌 ၉။ဖက်ဆစ်‌ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲ‌ရဲလျှောက်ဘန်နာကိုကိုင်စွဲ၍ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လက်ရှိပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ပြီး မြန်မာပြည်သူများအတွက် ငြိမ်းချမ်းသော အနာဂတ်ကို ရရှိနိုင်ရေး လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများကို အမြန်ဆုံးပေးအပ်ရန် CRPHတောင်းဆို


ဇွန်လ၂၄


နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လက်ရှိပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ပြီး မြန်မာပြည်သူများအတွက် ငြိမ်းချမ်းသော အနာဂတ်ကို ရရှိနိုင်ရေး လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများကို အမြန်ဆုံးပေးအပ်ရန် တောင်းဆိုလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဇွန်လ၂၄ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။


မြန်မာပြည်သူများအပေါ်၌ လုပ်ဆောင်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျေးဇူးတင်စွာဖြင့် ကြိုဆိုတယ်လို့ဆိုပါတယ်။


တရားမဝင်အာဏာသိမ်းမှုနောက် တိုင်းပြည်အား လက်နက်အားကိုး ထိန်းချုပ်ထားနိုင်ရန်အတွက် မြန်မာပြည်သူများအား နေ့စဉ်သတ်ဖြတ်နေသည့် စစ်ကောင်စီအမည်ခံ အာဏာလုအကြမ်းဖက်အဖွဲ့ထံသို့ စစ်လက်နက်ပစ္စည်းများနှင့် လေယာဉ်ဆီတင်ပို့ရောင်းချခြင်းအား ပိတ်ပင်တားဆီးခြင်း၊ ယင်းလက်နက်ပစ္စည်းများနှင့် လေယာဉ်ဆီများဝယ်ယူရာတွင် အသုံးပြုနေသည့်ငွေကြေးစီးဆင်းရာ လုပ်ငန်းများအား ဒဏ်ခတ်အရေးယူပိတ်ဆို့ခြင်း၊ သံတမန်ရေးနှင့် စီးပွားရေးဖိအားများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်လုပ်ဆောင်ပေးရန် ထပ်မံတိုက်တွန်းအပ်ပါတယ်လို့ဆိုပါတယ်။


မြန်မာပြည်သူလူထုအား တရားဝင်ကိုယ်စားပြုနေကြသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပံ့ပိုးကူညီပေးမှသာ မြန်မာနိုင်ငံ၌ ထာဝရ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ရရှိနိုင်မည် ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လက်ရှိပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ပြီး မြန်မာပြည်သူများအတွက် ငြိမ်းချမ်းသော အနာဂတ်ကို ရရှိနိုင်ရေး လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများကို အမြန်ဆုံးပေးအပ်ရန် တောင်းဆိုတိုက်တွန်းအပ်ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၂။ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို ရပ်တန့်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က သဘောထား ထုတ်ပြန်


 ဇွန်လ (၂၄) ရက်

တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေ ခြင်းကို ရပ်တန့်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဇွန်လ၂၄ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။


လက်ရှိမြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်နေမှုများကို သုံးသပ်ရာ၌ အကြမ်းဖက်စစ်ကောင်စီနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုသာ တွေ့ရှိနေရပြီး ထိုသို့ဆောက်ရွက်နေခြင်းများသည် မြန်မာပြည်သူများ၏ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်သည့်အပြင်  မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေးပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ ဆင်းရဲဒုက္ခကို ကြာရှည်စေနိုင်ပါတယ်လို့ဖော်ပြပါတယ်။


ထို့အပြင် မြန်မာပြည်သူများ၏ စိတ်နှလုံးကိုထိခိုက်စေပြီး နှစ်နိုင်ငံတည်ဆောက်ထားခဲ့သည့်  ပြည်သူအချင်းချင်းကြားချစ်ကြည်ရင်းနှီးမှုနှင့်  လက်ရှိအကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားအတွက် ကြီးစွာထိခိုက်လျက်ရှိသည်ကို သတိပေးလိုပါသည်။  မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် တရုတ်နိုင်ငံ၏ ရေရှည်အကျိူးစီးပွား ဖြစ်ထွန်းမှုအတွက် မြန်မာပြည်သူများကသာ အာမခံချက် ပေးနိုင်မည် ဖြစ်ပြီး အကြမ်းဖက်  စစ်ကောင်စီက အာမခံချက်ပေးနိုင်မည် မဟုတ်သည်ကို တရုတ်နိုင်ငံအနေဖြင့် သဘောပေါက်ရန် လိုအပ်တယ်လို့ဆိုပါတယ်။


မြန်မာပြည်သူများအား စစ်ကောင်စီက နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ရာတွင် အသုံးပြုနေသည့် စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် စစ်ထောက်လှမ်းရေး ဆိုင်ရာကိစ္စရပ်များတွင်  တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို ရပ်တန့်ရန် လိုအပ်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့်အခြေခံအမှုစစ်သင်တန်းဖွင့်လှစ်


ဇွန်လ  ၂၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့်အခြေခံအမှုစစ်သင်တန်းဖွင့်လှစ်ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇွန်လ၂၄ရက်မှာ အသိပေးဖော်ပြပါတယ်။


အဆိုပါ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့်အခြေခံအမှုစစ်သင်တန်း အမှတ်စဉ်(/၂၀၂၃) အား (--၂၀၂၃) ရက်နေ့မှ (၁၉--၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသားဦးရေ (၈၈) ဦးတက်ရောက်ခဲ့ကြပါတယ်။


သင်တန်းကာလတွင် အခြေခံစစ်ရေးပြ၊ အမှုစစ်၊ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေး၊ Federal ရဲတပ်ဖွဲ့စနစ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ကျင့်ဝတ်နှင့် ဥပဒေစသည့် ဘာသာရပ်များအား သင်ကြားပို့ချခဲ့ပြီး သင်တန်းဆင်းသည့် ရဲတပ်ဖွဲ့ဝင်များအားလုံးတို့သည် ချင်းပြည်နယ်၏ လိုအပ်သည့်နေရာများတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြမှာဖြစ်ပါတယ်။


========================


📌📌 ၄။ ရီပတ်ဘလီကန် အထက်လွှတ်တော်ခေါင်းဆောင် Sen Mitch McConnell နဲ့တွေ့ဆုံမှု မြန်မာပြည်သူပြည်သားတွေအတွက် ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ခဲ့တယ်လို့ ရှောင်တာနယ်ဆို


ဇွန်လ၂၄

အမေရိကန် ရီပတ်ဘလီကန် အထက်လွှတ်တော်ခေါင်းဆောင် Sen Mitch McConnell နဲ့တွေ့ဆုံမှု မြန်မာပြည်သူပြည်သားတွေအတွက် ကောင်းမွန်တဲ့တွေ့ဆုံမှု ဖြစ်ခဲ့တယ်လို့  မစ္စတာ ရှောင်တာနယ်က ဇွန်လ၂၄ရက်မှာ Twitterမှာ အသိပေးရေးသားထားပါတယ်။


"Sen Mitch McConnell နဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ကောင်းမွန်တဲ့ တွေ့ဆုံမှု"လို့ဆိုထားပါတယ်။


မစ္စတာ ရှောင်တာနယ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ဗဟိုဘဏ်ရဲ့ အထူးအကြံပေးအဖြစ်မကြာမီက ခန့်အပ်ခြင်းခံထားရပါတယ်။


========================


📌📌 ၅။ စစ်ဘေးရှောင်ပြည်သူများကူညီရေးအတွက် ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ်နဲ့တွေ့ဆုံဆွေးနွေး


ဇွန်လ၂၄

စစ်ဘေးရှောင်ပြည်သူများကူညီရေးအတွက် ကိုရီးယားနိုင်ငံ Rainmaker Commuity Professor နှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယားNUG ကိုယ်စားလှယ်ရုံးက ဇွန်လ ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းသည်  ကိုရီးယားနိုင်ငံ Rainmaker Commuity Professor မစ္စတာ ကင်မ်ဂျင်ဟိုးအား ကိုယ်စားလှယ်ရုံးတွင် ဇွန်လ၂၄ရက် ဒေသစံတော်ချိန် မနက်(၁၁) နာရီတိတိ အချိန်တွင်  လက်ခံတွေ့ဆုံခဲ့ပြီး စစ်ဘေးရှောင်မြန်မာပြည်သူများအား ကူညီရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH)နှင့် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများ တွေ့‌ဆုံဆွေးနွေး


ဇွန်လ၂၄ရက်


"စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH)နှင့် စစ်ကိုင်းတိုင်းရှိ တော်လှန်းရေးအင်အားစုများ တွေ့‌ဆုံဆွေးနွေးပွဲကို ဇွန်လ၂၄ရက်နေ့ နံနက်၁၀၀၀နာရီတွင် စတင်ခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။


 စစ်ကိုင်းတိုင်း၏ တော်လှန်‌ရေးကာလ မူဝါဒရေးရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးအကြံပြုခဲ့ကြကာ တွေ့ဆုံပွဲကို နေ့လည်၁၂း၁၅မိနစ်တွင် အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲသို့ စစ်ကိုင်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ရေးရာကော်မတီဥက္ကဌများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၇။ ၂၀၂၃ ခုနှစ်၊ မေလ အတွင်း ဒူးပလာယာခရိုင်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဘက်မှ (၄၆) ဦး သေဆုံးပြီး (၄၀) ဦး ဒဏ်ရာရ


ဇွန်လ၂၄

၂၀၂၃ ခုနှစ်၊ မေလ () ရက်နေ့မှ (၃၁) ရက်အထိ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ ()တွင် စစ်ဘက်ဆိုင်ရာ ကြေးနန်းမှတ်တမ်းများအရ မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) လက်အောက်ခံပူးပေါင်းစစ်ကြောင်းများနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၁) ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များဘက်မှ (၄၆) ဦး သေဆုံးပြီး (၄၀) ဦး ဒဏ်ရာရကာ () ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်လို့ စစ်ရေးသတင်းကို ကေအဲန်ယူဗဟိုက ဇွန်လ၂၄ရက်မှာ ဖော်ပြပါတယ်။


တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း () ဦး ဒဏ်ရာရခဲ့ပြီး () ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့ရပါတယ်။


အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ မေလအတွင်း အပြစ်မဲ့ ပြည်သူလူထုများအား ပစ်မှတ်ထား တိုက်ခိုက်သော လေကြောင်း တိုက်ခိုက်မှု () ကြိမ်၊ လက်နက်ကြီးများဖြင့် (၁၀၂) ကြိမ် ခန့်ကို ကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၈။ မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်(ကျေးရွာ)နှင့် ကိုးပင် (ကျေးရွာ) ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ဒရုန်းနဲ့ဗုံးကြဲ


ဇွန်လ၂၄

ဇွန်လ၂၄ရက် နေ့လည် ()နာရီ ဝန်းကျင်ခန့်တွင် မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်(ကျေးရွာ)နှင့် ကိုးပင် (ကျေးရွာ) ရှိ စကစ စစ်ဆေးရေးဂိတ်များကို Drone Team မှ Drop ဗုံးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Young Force(UG) ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ()က ဆိုပါတယ်။


စကစတပ်နဲ့ပျူများ နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရပါတယ်။


ထို (စကစ)ဂိတ်များမှာ ခရီးသွားပြည်သူများအပေါ် ခြိမ်းခြောက် ငွေကောက်ခံမှုများရှိပြီး ပခုက္ကူ-မြိုင်ကားသွားလာမှုများ ပိတ်ပင်ထားသည်မှာ ()ရက်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရပါတယ်။


========================


📌📌 ၉။ဖက်ဆစ်‌ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲ‌ရဲလျှောက်ဘန်နာကိုကိုင်စွဲ၍ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား


ဇွန်လ၂၄

ဖက်ဆစ်‌ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲ‌ရဲလျှောက်ဘန်နာကိုကိုင်စွဲ၍ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဇွန်လ၂၄ရက်မှာ အသိပေးဆိုပါတယ်။


လူထုသပိတ်လှုပ်ရှားမှုကို အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်ရန် ကြံရွယ်နေသည့် ဖက်ဆစ်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့်ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်ဘန်နာကို ကိုင်စွဲ၍ ချီတက်ခဲ့ကြပြီး ဒေသခံ အမျိုးသမီးများ လူငယ်များ ကျောင်းသားများနှင့် အလုပ်သမား လယ်သမားအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


အာဏာသိမ်း အကြမ်းဖက်စစ်‌ကောင်စီသည် အထွေထွေရွေးကောက်ပွဲ ကျင်းပခွင့် နိုင်ငံရေးအခွင့်အာဏာမရှိသည့် အကြမ်းဖက်လက်နက်ကိုင်အုပ်စုမျှသာဖြစ်ပြီး နိုင်ငံတော်အာဏာကို လက်နက်အားကိုး အတင်းအဓမ္မသိမ်းယူထားသည့် နိုင်ငံတော် သစ္စာဖောက်များသာ ဖြစ်တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)ကဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment