1st OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာသိမ်းမှုနှင့် ပြည်သူများအပေါ် စစ်မက်ပြုနေမှုများကြောင့် လူအများသည် ရင်နင့်ဖွယ် အခြေအနေများကို ယနေ့တိုင် နေ့စဉ်ရင်ဆိုင်နေကြရကြောင်း  သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ ပြောကြား

📌 ၂။ ကိုယ်ဝန်ဆောင်မိခင်နှင့် တနှစ်အောက် ကလေးငယ် ၇၃ ဦးကို NUG အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ကူညီထောက်ပံ့

📌 ၃။ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီအုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်မှု ဆရာမတဦးအပါအဝင် ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့

📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန CDM ဝန်ထမ်းများအတွက် ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်

📌 ၅။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စုရဲ့ ပစ်ခတ်မှုကြောင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံများထွက်ပြေးခဲ့ရ 

📌 ၆။ ဒီပဲယင်းနယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က လက်တီးရွာမှ ဒေသခံတဦးကို သတ်ဖြတ်ခဲ့

📌 ၇။ စစ်ကောင်စီရဲ့ သစ်ချဆိပ်စခန်းကို သိမ်းနိုင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြု

📌 ၈။ ရေးအခြေစိုက် ခမရ (၅၉၁) ဒုတပ်ရင်းမှူးကို ပစ်ခတ်ရှင်းလင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာသိမ်းမှုနှင့် ပြည်သူများအပေါ် စစ်မက်ပြုနေမှုများကြောင့် လူအများသည် ရင်နင့်ဖွယ် အခြေအနေများကို ယနေ့တိုင် နေ့စဉ်ရင်ဆိုင်နေကြရကြောင်း  သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ ပြောကြား


စက်တင်ဘာလ ၃၀။

စက်တင်ဘာလ ၂၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်သော ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) အစည်အဝေး လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အထွေထွေ ဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  မိန့်ခွန်းပြောကြားရာမှာ အထက်ပါအတိုင်း ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။


ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြောပြ၍ပင် မရနိုင်အောင် ဆိုးရွားသော ကြေကွဲဖွယ် အခြေအနေများကို အပြီးတိုင် ရပ်တန့်ရန် ထိရောက်ပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် တောင်းဆိုထား သည်ကို မိမိအနေဖြင့် ၎င်း၏ ပြောဆိုချက်ကို အပြည့်အဝ ထောက်ခံကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံအရေးကိစ္စသည် ပြည်တွင်းရေး မဟုတ်ကြောင်း၊ ရှုပ်ထွေးခက်ခဲလှသည့် အခြေအနေများသည် ဒေသတွင်းနိုင်ငံများသို့ ရိုက်ခတ်လျက်ရှိကြောင်း အဆိုပါ အကျပ်အတည်းကို ဖြေရှင်းရန်မှာ စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ခြင်းတို့က သာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအား ချန်လှပ်မထားဘဲ၊ ခိုင်မာ၍ ထိရောက်သော ကူညီထောက်ပံ့မှုများကို မြန်မာပြည်သူများ ထံသို့ ပေးအပ်ရန်လိုကြောင်းကိုလည်း သံအမတ်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။


========================


📌📌 ၂။ ကိုယ်ဝန်ဆောင်မိခင်နှင့် တနှစ်အောက် ကလေးငယ် ၇၃ ဦးကို NUG အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ကူညီထောက်ပံ့


စက်တင်ဘာလ ၃၀။

အမျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ကန့်ဘလူမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် တနှစ်အောက် ကလေးငယ် ၇၃ ဦးကို ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


စက်တင်ဘာ ၂၈ ရက်နေ့က ကန့်ဘလူမြို့နယ် MOWYCA တာဝန်ခံနှင့် သက်ဆိုင်ရာ ရပ်ကျေးတာဝန်ခံများမှ မြို့နယ်တွင်းမှာ ၎င်းကူညီထောက်ပံမှုကို ဆောင်ရွက်ခဲ့တာလည်း ဖြစ်တယ်လို့ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ထို့အပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်းနှင့် အဟာရကျွေးမွေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။


ယင်းသို့ ကူညီထောက်ပံ့များ ပြုလုပ်ရာတွင် မြို့နယ်ပအဖ၊ ပလဖနှင့် ဒေသခံလုံခြုံအဖွဲ့များက လိုအပ်သည်များ ပံ့ပိုးကူညီခဲ့ကြတယ်လို့လည်းသိရပါတယ်။


========================


📌📌 ၃။ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီအုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်မှု ဆရာမတဦးအပါအဝင် ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့


ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီအုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်မှု ဆရာမတဦးအပါအဝင် ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG က စက်တင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။    


ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ဘူတာစုရပ်မှာရှိတဲ့ ခန္တီဝံသာရာမကျောင်းတိုက်ကို ဝန်းသိုမြို့ပေါ်က စစ်ကောင်စီရဲ့   တမခ ၃၃ လက်အောက်ခံ ခမရ ၁၂ဝ တပ်ရင်းက စက်တင်ဘာလ ၂၇ ရက်နေ့ နေလည် ၁၂ နာရီခွဲအချိန်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါ။


အဲဒီလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ကပ်ရပ်မှာရှိတဲ့ ကျေးရွာအခြေပြု ပြည်သူ့ပညာရေးကျောင်းက စာသင်ဆောင်မှာ စာသင်နေတဲ့ ဆရာမတဦးနဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၂ဝ ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာတွေရခဲ့တာလို့ဆိုပါတယ်။


ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှု ရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေအတိုင်း အကြမ်းဖက်စစ်အုပ်စုကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့  အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန CDM ဝန်ထမ်းများအတွက် ဒုတိယအကြိမ် စိတ်ခွန်အားဖြည့်အစီစဉ်ပြုလုပ်


စက်တင်ဘာလ ၃၀။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် ဌာနလက်အောက်ရှိ CDM ဝန်ထမ်းများ ဒုတိယအကြိမ် စိတ်ခွန်အားဖြည့် အစီစဉ် ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ ၂၉ ရက်နေ့က အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ 


၎င်းဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားအဖြင့်အဆင်မပြေမှုတွေ ကြားထဲမှ ယနေ့ထိ ကြံ့ကြံ့ခံပေးနေသော သူရဲကောင်း CDM များကို ဦးစွာ ကျေးဇူးတင်ကြောင်း၊ စားဝတ်နေရေးအပြင် စစ်ကောင်စီမှ လိုက်လံဖမ်းဆီးမှုများကို ရင်ဆိုင်နေကြရကြောင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်မှုနှင့် စံနမူနာ စိတ်ဓတ်များကို ဥပမာပေးကာ ကိုယ်တွေ့ ဖြစ်ရပ်များနှင့် ယျဉ်တွဲ၍ ပြောကြားခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှု အခြေအနေများကို အချင်းချင်း ဖေးမကာ ဆက်လက် တိုက်ပွဲဝင်ကြရမည်ဟု အားပေးစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး CDM ဝန်ထမ်းများ၏ ကဗျာရွတ်ဆိုမှု၊ သီချင်းသီဆိုမှုအစီအစဉ်နှင့် ဝန်ကြီးဌာနနှင့် ဝန်ထမ်းများ အချင်းချင်း ရင်းရင်းနှီးနှီး စိတ်ခွန်အားဖြည့် စကားများပြောကြားတဲ့ အစီအစဉ်များကို ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးအစီအစဉ်အဖြစ် ကံစမ်းမဲများ၊ နွေဦးထီလက်မှတ်များနှင့် လက်ဆောင်ပစ္စည်းတို့ကို မဲဖောက်ကာ အစီအစဉ်ကို ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စုရဲ့ ပစ်ခတ်မှုကြောင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံများထွက်ပြေးခဲ့ရ 


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဆင်ဖြူရှင်တံတားကနေ ချင်းတွင်းမြစ်အတိုင်း အထက်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မြစ်ကမ်းနားတလျှာက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 


အဲဒီစစ်ရေယာဉ်အုပ်စုဟာ ဒီမနက် (စက်တင်ဘာ ၃ဝ) နာရီခွဲလောက်ကစပြီး ဆင်ဖြူရှင်တံတားကနေ ချင်းတွင်းမြစ် အတိုင်း အထက်ဘက်ကို ဆန်တက်လာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး စုစုပေါင်း ၁ဝဝ ခန့်ပါဝင်တဲ့ အဲဒီစစ်ရေယာဉ်အုပ်စုမှာ စစ်သင်္ဘောတစင်းနဲ့ ဖလက်ခွံ ရေယာဉ် စင်း ပါဝင်ပြီး မုံရွာ-အမြင့်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးထားပါတယ်။

ဒီစစ်ရေယာဉ်အုပ်စုမှာပါတဲ့ စစ်အုပ်စုဟာ မြစ်ကမ်းတလျှာက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်လာတာကြောင့် ကျေးရွာဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ရေယာဉ်အုပ်စုဟာ ဒီမနက် ၁၁ နာရီ ဝန်းကျင်မှာ မုံရွာဆပ်ကမ်းကိုရောက်ရှိလာခဲ့တယ်လို့ အညာဒေသ လူငယ်အကျိုးပြု အဖွဲ့တခုဖြစ်တဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က အသိပေးထားပါတယ်။ 

 

ချင်းတွင်းမြစ်အတွင်း စုန်ဆန်သွားလာနေတဲ့ စစ်ရေယာဉ်အုပ်စုတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိတာမှာ ဒီလ ၂၈ ရက်နေ့ကလည်း စစ်အုပ်စုက ရေယာဉ်တစင်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


📌📌 ၆။ ဒီပဲယင်းနယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က လက်တီးရွာမှ ဒေသခံတဦးကို သတ်ဖြတ်ခဲ့


ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အေးသာယာ (ပျံကျရွာ) မှာ တပ်စွဲနေပြီး လက်တီးရွာက အမျိုးသား ဦးကိုဖမ်းဆီးခဲ့ပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

 ဒါအပြင် ပျံကျရွာကိုဝင်လာချိန်မှာ လက်နက်ကြီးတွေပစ်ခတ်ဝင်ရောက်လာခဲ့တာကြောင့် အသက် ၄ဝ အရွယ် အမျိုးသားတဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။ 

ညနေ နာရီဝန်းကျင်လောက်မှာလည်း Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်က လေကြောင်းကနေလည်း လေကြောင်းတိုက်ခိုက်မှုတခု ပြုလုပ်သွားတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က အသိပေးထားပါတယ်။ 

ဒီပဲယင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် သောင်းချီရှိတဲ့ ကျေးရွာဒေသခံတွေ ဟာ ဒီနေ့ (စက်တင်ဘာ ၃ဝရက်) မနက်ပိုင်းကစပြီး မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

အဲဒီလို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေဟာ ကုန်းတတန် ရေတတန်နဲ့ ခက်ခက်ခဲခဲကူညီပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပျံကျရွာမှာ တပ်စွဲထားတဲ့အတွက် ဒေသခံတွေ စစ်ဘေးရှောင်နေရဆဲဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီရဲ့ သစ်ချဆိပ်စခန်းကို သိမ်းနိုင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြု


ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ နယ်မြေ ညောင်လေးပင်ခရိုင်ထဲက သစ်ချဆိပ်စခန်းကို ဒီလ စက်တင်ဘာ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ 

စခန်းသိမ်းတိုက်ပွဲမှာ အသက်ပေးလှူသွားခဲ့ရတဲ့ တပ်စုမှူး တက်တူးနဲ့ရဲဘော်ဂျက်တို့ကိုသာ မဆုံးရှုံးခဲ့ရရင် အခုလို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုနေချိန်မှာ ပိုပြီးပျော်ရွှင်စရာ ကြည်နူးစရာကောင်းမှာလို့ Spring Warriors Column က စက်တင်ဘာ ၃၀ (ဒီကနေ့)မှာ ထုတ်ပြန်ထားပါတယ်။ 


ဩဂုတ်လ ၃၁ ရက်နေ့မနက်အစောပိုင်းကနေ စက်တင်ဘာလ ရက်နေ့ ညနေ နာရီအထိတိုက်ခိုက်ခဲ့ရတဲ့ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ပြီး ကွန်မန်ဒိုစိန်ပြောင်း ၂လက်အပါအဝင် လက်နက်မျိုးစုံ ၁၉ လက် သိမ်းဆည်းရရှိခဲ့သလို တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ဦးလည်း အသက်ပေးလှူခဲ့ရတယ်လို့ KNU ဗဟိုက အသိပေးထားပြီးဖြစ်ပါတယ်။


========================


📌📌 ၈။ ရေးအခြေစိုက် ခမရ (၅၉၁) ဒုတပ်ရင်းမှူးကို ပစ်ခတ်ရှင်းလင်း


စက်တင်ဘာလ ၃၀။

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၉၁) တပ်မှ ဒုတပ်ရင်းမှူးဖြစ်သူကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင်  ခမရ (၅၉၁) တပ်ရင်းမှ အပြင်ကို ထွက်လာသော ၎င်းဒုတပ်ရင်းမှူးအား တပ်ရင်းနှင့် မီတာ ၅၀၀ ခန့်အကွာတွင် တောင်ပိုင်းတိုင်း၊ အမှတ် စစ်ဒေသခွဲ J.O.C လက်အောက်ရှိ  ရေးဘီလူးအဖွဲ့မှ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


၎င်းပစ်ခတ်မှုတွင် ဒုရင်းမှူးနှင့် အတူပါလာသော စစ်သားနှစ်ဦးကိုပါ တစ်ပါတည်း ပစ်ခတ် ရှင်းလင်းခဲ့ပြီး ၎င်းဒုရင်းမှူးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲဘော် တစ်ဦးက ပြောပါတယ်။


ပစ်ခတ်မှုပြုလုပ်ခဲ့သည့်နေရာက  ခမရ (၅၉၁) တပ်နှင့် အလွန်နီးကပ်နေတာကြောင့် စစ်လက်နက်နဲ့ အသုံးအဆောင် ပစ္စည်းများကို သိမ်းယူနိုင်ခဲ့ခြင်း မရှိဘဲ မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ရေးမြို့လယ်ရှိ မြ၀တီဘဏ်စောင့် စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းနှင့် ရဲသတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးအား ရေးမြို့လယ်မှာပင် ပစ်ခတ်ရှင်းလင်းခြင်းများကို ရေးဘီလူးအဖွဲ့က ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment