8th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ အဆုံးသတ်ပြီး ပြည်သူ့ဓားနဲ့ အမြစ်ဖြတ်ရမယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ စစ်အာဏာရှင်တွေကြောင့် မြန်မာနိုင်ငံဟာကမ္ဘာ့အလယ်တွင် အကြမ်းဖက်စစ်အာဏာသိမ်းတိုင်းပြည်ဆိုသော နာမည်ဆိုးဖြင့် ရပ်တည်နေရတယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၃။ နှစ်တာကာလအတွင်းတွင် ရန်သူ့အင်အား ၁၂ ဒသမ ရာခိုင်နှုန်းစစ်မြေပြင်တွင် ပြုန်းတီးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၄။ အမျိုးသား ညီညွှတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းမှ ဦးဆောင်ဆွေးနွေးတင်ပြ

📌 ၅။ ထားဝယ်ထောင်ပိုင်သစ်မှ နိုင်ငံရေး အကျဥ်းသားတွေအပေါ် ဖိနှိပ် နှိပ်ကွပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ

📌 ၆။ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ၍ KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မှ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်

📌 ၇။ တော်လှန်ရေးရုပ်ရှင်ဇာတ်ကားများကို ထိုင်းနိုင်ငံဘန်ကောက်မှာ စက်တင်ဘာ ၁၇ရက် အခမဲ့ ပြသမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ အဆုံးသတ်ပြီး ပြည်သူ့ဓားနဲ့ အမြစ်ဖြတ်ရမယ်လို့ ယာယီသမ္မတပြောကြား


စက်တင်ဘာ၇ရက်

စက်တင်ဘာ၇ရက် ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း နှစ်ပြည့်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရနိုင်ဖို့အတွက် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တက်စွမ်းသမျှ ပါဝင်ကြပါ၊ ငွေကြေးတတ်နိုင်သူ ငွေကြေး၊ ငွေကြေး မတတ်နိုင်သူတွေအနေနဲ့ သတင်းအချက်အလက်ပေးပြီး ကူညီတာ၊ စစ်တပ်ပိုင် စီးပွားရေးတွေကို ဆန့်ကျင်တာ၊ စစ်တပ်ထုတ်ကုန် ပစ္စည်းတွေကို အသုံးမပြုတာ စသည်ဖြင့် ကိုယ်တတ်နိုင်တဲ့ နည်းလမ်းများနဲ့ တော်လှန်ရေးကို ပံ့ပိုးကူညီနေကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို ပြည်သူ့အားနဲ့ အဆုံးသတ်ရပါလိမ့်မယ်၊ ပြည်သူ့ဓားနဲ့ အမြစ်ဖြတ်ရပါလိမ့်မယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး တစ်သံတည်းညီ တစ်ချီတည်းရုန်းချိန်တန်ပါပြီ"လို့ဆိုပါတယ်။


၂၀၂၁ခု ခုနှစ်စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတော်လှန်စစ်များ စတင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပြီး ၂၀၂၃ခု နှစ်ဟာတော်လှန်ရေးအဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ကြေညာထားပါတယ်။


"မင်းအောင်လှိုင်နဲ့တကွ အပေါင်းအပါ အကြမ်းဖက်စစ်အုပ်စုကို ပြောလိုတာက ပြည်သူတွေ ကျွေးတာကိုစား၊ ပြည်သူ့ဘဏ္ဍာသုံးပြီး ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပါ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါလူတစ်စုရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ဖျက်ဆီးနေကြတဲ့ စစ်ကောင်စီ တပ်သားတွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အဖြစ်မခံဘဲ အခြေအနေအမှန်ကို လက်တွေ့ကျကျ ရှု့မြင်ကာ အကြမ်းဖက် စစ်တပ်ကို စွန့်ခွာကြပါ၊ ပြည်သူ့ထံမှာ အလင်းဝင်ပြီးတော့ အမှန်တရားဘက်မှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ကြပါ၊ တိုင်းပြည်ရဲ့ အာဏာဟာ ပြည်သူ့ ထံကသာ ဆင်းသက်တာဖြစ်ပါတယ်"လို့ ယာယီသမ္မတက ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်တွေကြောင့် မြန်မာနိုင်ငံဟာကမ္ဘာ့အလယ်တွင် အကြမ်းဖက်စစ်အာဏာသိမ်းတိုင်းပြည်ဆိုသော နာမည်ဆိုးဖြင့် ရပ်တည်နေရတယ်လို့ ဝန်ကြီးချုပ်ဆို


စက်တင်ဘာ၇

စက်တင်ဘာ၇ရက်မှာ ပြုလုပ်တဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၆/၂၀၂၃)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအခုလိုပြောပါတယ်။


" ပြည်သူတစ်ရပ်လုံး၏ တော်လှန်ရေးသည် အတိုင်းအတာတစ်ခုထိ အောင်မြင်မှုများစွာဖြင့် ခရီးပေါက်ခဲ့ပြီဖြစ်ကြာင်း၊ သို့သော် စစ်အာဏာရှင်တို့၏ အသိဉာဏ်နုံနဲ့မှုနှင့် အတ္တကြီးမားမှုများက လူထုအား နေ့စဉ် စိတ်မလုံခြုံမှုနှင့် စီးပွားရေး အခြေအနေဆိုးများကို ဖြစ်ပေါ်စေပြီး တိုင်းပြည်မှာလည်း ကမ္ဘာ့အလယ်တွင် အကြမ်းဖက်စစ်အာဏာသိမ်းတိုင်းပြည် ဆိုသော နာမည်ဆိုးဖြင့် ရပ်တည်နေရကြောင်း၊ တော်လှန်ရေး အောင်မြင်ပြီးလျှင်ပင် တကျော့ပြန်ခေါင်းထောင်နိုင်ရန် အတော်ကြိုးစားရမည်ဖြစ်သောကြောင့် လူထုနှင့်အတူ တိုက်ပွဲဝင်နေသော မိမိတို့အစိုးရအနေဖြင့် စီမံဆောင်ရွက်ဖွယ်ကိစ္စများနှင့် ပြင်ဆင်စရာရှိသည်များကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်ဆောင်သွားကြရန် "ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နှစ်တာကာလအတွင်းတွင် ရန်သူ့အင်အား ၁၂ ဒသမ ရာခိုင်နှုန်းစစ်မြေပြင်တွင် ပြုန်းတီးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်


စက်တင်ဘာ၇ရက်

နှစ်တာကာလအတွင်းတွင် ရန်သူ့အင်အား ၁၂ ဒသမ ရာခိုင်နှုန်း စစ်မြေပြင်တွင် ပြုန်းတီးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ စက်တင်ဘာလ () ရက်နေ့ ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ်၏ ကြည်းတပ်တွင် ခြေလျင်တပ်ရင်း ၂၁၄ ရင်းနှင့် ခြေမြန်တပ်ရင်း ၃၀၇ ရင်းရှိ၍ အဓိက မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅၀၀၀ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်းဖော်ပြပါတယ်။


လေတပ် ရေတပ်နှင့် လက်ရုံးတပ်များ အပါအဝင် စစ်တပ် အင်အားမှာ စုစုပေါင်း ၂၂၅၀၀၀ - ၂၄၀၀၀၀ ခန့် ရှိနိုင်ပြီး ခုခံတွန်း လှန်စစ် နှစ်တာကာလအတွင်း တိုက်ပွဲ ကြိမ်ရေ ၉၉၀၀ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်သား၃၀၀၀၀ခန့် ချေမှုန်းနိုင်ခဲ့ပါတယ်။


စစ်ကောင်စီ၏ အင်အားအခြေအနေကို သုံးသပ်ပါက၂ နှစ်အတွင်း၁၂ ဒသမ ရာခိုင်နှုန်းသည်  စစ်မြေပြင်တွင် ပြုန်းတီးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ အမျိုးသား ညီညွှတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းမှ ဦးဆောင်ဆွေးနွေးတင်ပြ


စက်တင်ဘာ၇ရက်

စက်တင်ဘာ၇ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက အခုလိုအသိပေးဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို ၂၀၂၃ ခုနစ်၊ စက်တင်ဘာလ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းမှ ဦးဆောင်ကာ ရုံးအဖွဲ့ဝင်များမှ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ဆိုပါတယ်။


အဆိိုပါ တွေ့ဆုံပွဲသို့ ဂျပန်ရောက် မြန်မာနိင်ငံသားများအပြင် ဂျပန် NGO/NPO မှ တာဝန်ရှ်သူများ၊ ဂျပန်မီဒီယာများ၊ မြန်မာ့အရေးအားပေးသော ဂျပန်နိုင်ငံသားများလည်း တက်ရောက်ခဲ့ကြပါတယ်။


အမေး/အဖြေ ကဏ္ဍတွင်လည်း မြန်မာနိုင်ငံသားအများစု လက်ရှိကြုံတွေ့နေရသော နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များ နိုင်ငံကူး လက်မှတ်သက်တမ်းကုန်ဆုံးနေသူများအနေဖြင့် အရေးပေါ် နိုင်ငံခြားခရီးစဉ်များ ပေါ်လာခဲ့လျှင် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊ အလုပ်သမားရေးရာ အကြောင်းအရာများနှင့် အခြားသော အကြံပြုဆွေးနွေးချက်များကို ရယူကာ သက်ဆိုင်ရာ တာဝန်ခံများမှ ရှင်းလင်းဖြေကြားပေးခဲ့ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။


နောက်ဆုံး အစီအစဉ်အဖြစ် သံအမတ်ကြီးဦကျော်မိုးထွန်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ် ဆက်လက်အတည်ပြုခွင့် ရရှိရေးအတွက် ထောက်ခံလက်မှတ်ရေးထိုး လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ကြပေးကြရန်နှင့် စက်တင်ဘာလတွင်း ပြုလုပ်သော လှုပ်ရှားမှုများတွင် ပူးတွဲထည့်သွင်းဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ထားဝယ်ထောင်ပိုင်သစ်မှ နိုင်ငံရေး အကျဥ်းသားတွေအပေါ် ဖိနှိပ် နှိပ်ကွပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ


စက်တင်ဘာ၇ရက်

စက်တင်ဘာ ၇ရက်မှာ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ထားဝယ်ထောင်တွင်းမှ အိတ်ဖွင့်ပေးစာကို အသိပေးဆိုပါတယ်။


လက်ရှိ ထားဝယ်ထောင်ပိုင်သစ် ဥာဏ်လင်းအောင်သည် နိုင်ငံရေး အကျဥ်းသား/အကျဥ်းသူတွေနဲ့ အခြားအကျဥ်းသားတွေအပေါ် ဖက်ဆစ်တပ်အလိုကျ အာဏာရှင် အသက်ဆိုးရှည်စေဖို့ ဖိနှိပ် နှိပ်ကွပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်"လို့ဖော်ပြပါတယ်။


 အကျဥ်းသားများ၏ အခက်အခဲများကို မိမိတို့ တတ်နိုင်သည့်ဘက်မှ စာနာကူညီပေးခဲ့သော ထောင်မှူးကြီး၊ ဆေးမှူးကြီးတို့ကို ရာထူးမှ ဖယ်ရှား၍ ထောင်သွင်းအကျဥ်းချ တိုက်ပိတ်ထားခြင်းတို့ကိုလုပ်ဆောင်ခဲ့ပါတယ်။


ဒါ့အပြင်အကျဥ်းသားများ၏ လွတ်လပ်စွာ စာပေရေးသားခွင့်၊ ပန်းချီ‌ရေးဆွဲခွင့်များ မပေးတော့ဘဲ စာရေးကိရိယာများ သိမ်းဆည်းလိုက်ခြင်း၊အကျဥ်းသားများ၏ အိပ်ရာလိပ်များ၊ စောင်များကို အကြောင်းမဲ့ သိမ်းဆည်းခြင်း၊ ထောင်ဝင်စာပါဆယ် အစားအသောက်များကို ကန့်သတ်ပိတ်ပင်လိုက်ခြင်းတို့ကို အကြမ်းဖက်နှိပ်ကွပ် လုပ်ဆောင်နေပါသဖြင့် လိုအပ်သလို ထိရောက်စွာ အပြစ်ပေး အရေးယူပေးကြရန် ထောင်တွင်း နိုင်ငံရေးအကျဥ်း သား/သူ တွေက တော်လှန်ရေး အဖွဲ့များထံ အကူအညီတောင်းခံ ထားတယ်လို့ဆိုပါတယ်။


အောင်ချိုဦး ဆိုသော ထောင်အရာရှိက နိုင်ကျဥ်းတွေကို ပစ်မှတ်ထားပြီး  သီးခြားအကြမ်းဖက် ရိုက်နှက်နှိပ်စက်တယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၆။ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ၍ KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မှ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်


စက်တင်ဘာလ ရက်

ခလရ-၃၂ တပ်ရင်း မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ၍KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မှ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့ ကေအဲန်ယူ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်က စက်တက်ဘာ၇ရက်မှာ အသိပေးဆိုပါတယ်။


"စက်တင်ဘာလ ရက်နေ့တွင် ကေအဲန်ယူ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ တပ်သား စိုင်းဖြိုးအောင် ၂၂ နှစ်သည် လက်နက်ခဲယမ်းနှင့်အတူ KNU - တပ်မဟာ () KNLA - တပ်ရင်း (၁၇) တပ်ခွဲ ()ထံသို့ လာရောက် ပူးပေါင်းခဲ့တယ်"လို့ဆိုပါတယ်။


၎င်းနှင့်အတူ ပါလာသော လက်နက်ခဲယမ်းများမှာ MA-1 () လက်၊ ၎င်းကျည်ဘောက် () ဘောက်၊ .၅၆ ကျည်တောင့် (၇၅) တောင့် နှင့် အီကွေးမင့် () စုံ တို့ဖြစ်ပါတယ်။


အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား မနှစ်သက်သဖြင့် ၎င်း၏ တပ်မှ ကြိုးစားရုန်းထွက် လွတ်မြောက်ကာ နွေးထွေးသော ပြည်သူ့ရင်ခွင်သို့ ခိုလုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင်ကူညီသွားမည်ဖြစ်ကြောင်းသိရပါတယ်။


 KNU - ကရင်အမျိုးသားအစည်းအရုံး ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာသော အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ တပ်သား စိုင်းဖြိုးအောင် ၂၂ နှစ်သည်လည်း KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်မှ ထောက်ပံ့ငွေအဖြင့် မြန်မာငွေ (,၀၀၀,၀၀၀) သိန်းငါးဆယ် ကျပ်တိတိ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။


========================


📌📌 ၇။ တော်လှန်ရေးရုပ်ရှင်ဇာတ်ကားများကို ထိုင်းနိုင်ငံဘန်ကောက်မှာ စက်တင်ဘာ ၁၇ရက် အခမဲ့ ပြသမယ်


စက်တင်ဘာ၇ရက်

မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် ရုပ်ရှင်ပြသရေးအဖွဲ့မှ တော်လှန်ရေးရုပ်ရှင်ဇာတ်ကားများကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံဘန်ကောက်မှာ အခမဲ့ ပြသသွားမယ်လို့ အသိပေးဆိုထားပါတယ်။


"မဟာချိုင်မှာ ပြသွားသလိုမျိုးလေး ကြည့်ချင်ပါတယ်လို့တောင်းဆိုထားကြတဲ့ ဖက်ပဒျဲ တခွင်က ညီအကိုမောင်နှမတို့အတွက် ​"နွေဦးရံပုံငွေ ရုပ်ရှင်ပြပွဲ" လာပါပြီ။ "မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" "ရှိခဲ့သည်" ​တော်လှန်ရုပ်ရှင်တို့နဲ့အတူ "နိုင်ငံပျောက်သူ" ကိုပါ တပါတည်း ပြသသွားမှာပါ။ အခမဲ့ ပြသမှာဖြစ်ပြီး မိမိတို့တတ်နိုင်သလောက် ကူညီအားဖြည့်နိုင်ဖို့လည်း စီစဥ်ထားပါတယ်။ ရုပ်ရှင်အမှတ်တရ Merchandise ​တွေကို အထူးစျေးနှုန်းနဲ့ဝယ်ယူနိုင်ဖို့လည်း စီစဥ်ထားသလို ရုပ်ရှင်မစခင် ရုပ်ရှင်အဖွဲ့သားတွေနဲ့လည်း Zoom ကတဆင့် ​​​တွေ့ဆုံခွင့်ရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါတော်လှန်ရေးရုပ်ရှင်များကို ဘန်ကောက်မြို့ရှိ စူစဝပ် ၇၄ လမ်း၊ ဝပ်ချုံးဘုန်းကြီးကျောင်း နောက် ပန်းခြံခန်းမမှာ စက်တင်ဘာ ၁၇ရက်မှာ နေ နာရီမှ နာရီထိပြသသွားမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment