13th OCT 2023 - Evening Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မညီမျှမှုတွေ အပြီးတိုက်ဖျက်ပြီး အခြေအနေဆိုးတွေ ထပ်မကြုံစေရဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြော

📌 ၂။ မုန်လိုင်ခက်ဖြစ်စဥ်မှာ အားပေးတဲ့သူ၊ စကစ နဲ့ ပူးပေါင်းသူ အားလုံး နူရင်ဘတ် လို စစ်ခုံရုံးနဲ့ တရားစီရင်နိုင်ရမယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၃။ မြဝတီ ကော့ကရိတ် အာရှလမ်းမကြီးရှိပြည်သူအား ဆတ်ကြေးကောက်ခံနေသည့် ၅တန် တံတား ဂိတ်ကို  ပြောက်ကျားစစ်ဆင်ရေးတစ်ခုဖော်ဆောင်ခဲ့ရာ စကစသုံးဦးသေဆုံး

📌 ၄။ မြောင်မြို့နယ်မှာ ပြည်သူ့နေအိမ်များမီးရှို့ပြန်လာတဲ့ စကစစစ်ကြောင်း ပဒေသာမိုင်းထိ၍ နှစ်ဦးသေဆုံးပြီးအများအပြားဒဏ်ရာရ

📌 ၅။ အကြမ်းဖက်စစ်တပ် အမြတ်အစွန်းရရှိတဲ့မင်္ဂလာဒုံမြို့နယ်က မြန်မာဘီယာစက်ရုံ ၁၀၇ မမရှော့တိုက်ဒုံး လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ

📌 ၆။ လောင်းလုံးမြို့နယ်ထဲက ကျေးရွာဈေးတွေမှာ စစ်တပ်ထုတ် ကုန်ပစ္စည်း‌တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မညီမျှမှုတွေ အပြီးတိုက်ဖျက်ပြီး အခြေအနေဆိုးတွေ ထပ်မကြုံစေရဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြော


အောက်တိုဘာ၁၃ရက်


မညီမျှမှုတွေ အပြီးတိုက်ဖျက်ပြီး အခြေအနေဆိုးတွေ ထပ်မကြုံစေရဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောကြားလိုက်ပါတယ်။


အောက်တိုဘာ၁၃ရက်အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


"တို့အနာဂတ် တို့ တည်ဆောက်နေကြတယ်။ တရားမျှတမှု ပြန်ရရမယ်။မညီမျှမှုတွေ အပြီးတိုက်ဖျက်ရမယ်။ဒီလို အခြေအနေဆိုးတွေ ထပ်မကြုံစေရဘူး။ဒါ "နွေဦးတော်လှန်ရေး"ရဲ့ သစ္စာစကား။ဒီနေ့မှာ ထပ်ပြီးပြောတဲ့ ကတိစကား။ သွေးကွဲသွားလို့ မရဘူး တို့ညီကြမယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်ကနိူင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်း လူပေါင်းလေးထောင်ကျော်ကိုသတ်ဖြတ်ကာ လူပေါင်းနှစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၂။ မုန်လိုင်ခက်ဖြစ်စဥ်မှာ အားပေးတဲ့သူ၊ စကစ နဲ့ ပူးပေါင်းသူ အားလုံး နူရင်ဘတ် လို စစ်ခုံရုံးနဲ့ တရားစီရင်နိုင်ရမယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


အောက်တိုဘာ၁၃ရက်


မုန်လိုင်ခက်ဖြစ်စဥ်မှာ အားပေးတဲ့သူ၊ စကစ နဲ့ ပူးပေါင်းသူ အားလုံး နူရင်ဘတ် လို စစ်ခုံရုံးနဲ့ တရားစီရင်နိုင်ရမယ်လို့  ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကသုံးသပ်ပြောပါတယ်။


"တနေ့ ဒီဖြစ်စဉ်မှာ အားပေးတဲ့သူ၊ စကစ နဲ့ ပူးပေါင်းသူ အားလုံး နူရင်ဘတ် လို စစ်ခုံရုံးနဲ့ တရားစီရင်နိုင်ရမယ်"လို့ဆိုပါတယ်။


အောက်တိုဘာလ ရက် ၊ည (၁၁:၂၃)အချိန်တွင် ကချင်ပြည်နယ် လိုင်ဇာမြို့မုန်လိုင်ခက်ကျေးရွာ၌ တည်ရှိသော စစ်ဘေးရှောင်စခန်းအား  အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ထိုသို့ ပစ်ခတ်သည့် အထဲတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး  ပေါက်ကွဲသည့်တည်နေရာနှင့် ပေ ၂၀၀ ၀န်းကျင်အထိ သက်ရောက်မှုရှိခဲ့ကာ  ကလေးငယ်များအပါအ၀င် ဒေသခံနှင့် စစ်ရှောင်ပြည်သူများ ၃၀ဦး သေဆုံး ကာ၅၇ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 


========================


📌📌 ၃။ မြဝတီ ကော့ကရိတ် အာရှလမ်းမကြီးရှိပြည်သူအား ဆတ်ကြေးကောက်ခံနေသည့် ၅တန် တံတား ဂိတ်ကို  ပြောက်ကျားစစ်ဆင်ရေးတစ်ခုဖော်ဆောင်ခဲ့ရာ စကစသုံးဦးသေဆုံး


အောက်တိုဘာ၁၃ရက်


အောက်တိုဘာ၁၃ရက်မှာ စစ်ရေးသတင်းကို ဒေါနစစ်ကြောင်းမှ အခုလိုအတည်ပြုဆိုပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် () ဒေါနစစ်ကြောင်း နှင့် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့ တို့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁၁) ရက်နေ့ ညနေ ( ၃း၃၀) မိနစ် တွင် မြဝတီ ကော့ကရိတ် အာရှလမ်းမကြီးရှိ တပ်မ (၂၂) လက်အောက်ခံ (၂၀၁) တပ်ရင်း၏  စကစ (၂၀ ဦးခန့်) ရှိပြည်သူအား ဆတ်ကြေးကောက်ခံနေသည့် ၅တန် တံတား ဂိတ်ကို  ပြောက်ကျားစစ်ဆင်ရေးတစ်ခုဖော်ဆောင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ရန်သူ့တည်နေရာနှင့် လှုပ်ရှားမှုအခြေအနေအရပ်ရပ်ကို စနစ်တကျသတင်းရယူခဲ့ပြီး Sniper .338 ၄၀မမတို့ဖြင့် စစ်ရေးပစ်မှတ်အတိအကျသတ်မှတ်၍ ပစ်ခတ်ချေမှုန်းခဲ့ပြီး ရန်သူစကစ ()ဦးသေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့ကြောင်းကို သတင်းရရှိပါတယ်။


ထိုသို့ပစ်ခတ်စဥ် ရန်သူဘက်မှ လက်နက်ကြီး (၈၁မမ) စက်လက်၊ MA လက်နက်ငယ်များဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်မှထိခိုက်မှုမရှိ၊ ပြည်သူထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ မြောင်မြို့နယ်မှာ ပြည်သူ့နေအိမ်များမီးရှို့ပြန်လာတဲ့ စကစစစ်ကြောင်း ပဒေသာမိုင်းထိ၍ နှစ်ဦးသေဆုံးပြီးအများအပြားဒဏ်ရာရ


အောက်တိုဘာ၁၃ရက်


အောက်တိုဘာ၁၃ရက်မှာ စစ်ရေးသတင်းကို မြောင်ဗိုလ်တောက်ထွန်း  (MBTT) အထူးတပ်ဖွဲ့မှ အခုလို အတည်ပြုပါတယ်။


"မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာ မှ ထွက်ခွာလာသော စကစကြောင်း ခေါင်းခွဲ ကျေးရွာရောက်ရှိပြီးပြည်သူနေအိမ်များ မီးရှို့ခဲ့ပါတယ်။

အောက်တိုဘာ၁၂ ရက် ညနေ သုံး နာရီအချိန် ဇီးကျွန်းကျေးရွာ စစ်ကြောင်းထိုးရာ ကျေးရွာ နှစ်ရွာကြားအရောက်တွင် ပဒေသာ တစ်ပွိုင့် နှင့် 5နာရီ 20 မိနစ်အချိန်တွင် ပဒေသာတစ် ပွိုင့်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစဘက်ကနှစ်ဦးသေဆုံးကာ ဒဏ်ရာအများပြားရရှိအြီး မြောင်ဗိုလ်တောက်ထွန်း  (MBTT) အထူးတပ်ဖွဲ့မှ မိုင်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ် အမြတ်အစွန်းရရှိတဲ့မင်္ဂလာဒုံမြို့နယ်က မြန်မာဘီယာစက်ရုံ ၁၀၇ မမရှော့တိုက်ဒုံး လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ


အောက်တိုဘာ၁၃ရက်


အကြမ်းဖက်စစ်တပ်အမြတ်အစွန်းရရှိတဲ့မင်္ဂလာဒုံမြို့နယ်ကမြန်မာဘီယာစက်ရုံ ၁၀၇ မမရှော့တိုက်ဒုံး လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။


အောက်တိုဘာ၁၂ရက် ည၇နာရီဝန်းကျင်မှာ မြန်မာဘီယာစက်ရုံပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့များထံကစုံစမ်းသိရပါတယ်။


"ဖြစ်စဥ်ကမှန်ပါတယ်။ အသေးစိတ်အချက်အလက်ကို မကြာခင်ထုတ်ပြန်ပါလိမ့်မယ်"လို့မြို့ပြပြောက်ကျားအဖွဲ့က ရဲဘော်တစ်ဦးကဆိုပါတယ်။


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး လုံး ဖြင့် ယနေ့ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရာ စက်ရုံ အတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကလည်းဆိုပါတယ်။


လတ်တလောမှာထိခိုက်ပျက်စီးမှုအသေးစိတ်အချက်အလက်ကိုဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၆။ လောင်းလုံးမြို့နယ်ထဲက ကျေးရွာဈေးတွေမှာ စစ်တပ်ထုတ် ကုန်ပစ္စည်း‌တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်


အောက်တိုဘာလ ၁၃ ရက်နေ့


လောင်းလုံးမြို့နယ်ထဲက ကျေးရွာဈေးတွေမှာ စစ်တပ်ထုတ် ကုန်ပစ္စည်း‌တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


အောက်တိုဘာလ ၁၃ ရက်နေ့ မနက်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်ပြီး လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။


ပြည်သူလူထုတွေအနေနဲ့ စစ်တပ်ထုတ် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း ()မျိုးကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ စည်းရုံးအသိပညာပေးတဲ့လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်ထဲက ကျေးရွာဈေးတွေမှာ သွားရောက်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ ခြေခံစီးပွားထောက်တိုင်တွေကို ဖြိုချတဲ့အနေနဲ့ ပြည်သူလူထုတွေ ဆန့်ကျင်သပိတ်မှောက်ရမယ့် ကုန်ပစ္စည်းတွေထဲက ဘဏ္ဍာရေးစစ်မျက်နှာ ပထမပိုင်း လှုပ်ရှားမှုအတွက် ထုတ်ကုန် ()မျိုးကို ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလ လအတွက်ရွေးချယ်လှုပ်ရှားခဲ့ကြပါတယ်။


အခုတခါ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ လှုပ်ရှားမယ့်ဘဏ္ဍာရေးစစ်မျက်လှုပ်ရှားမှုရဲ့ ဒုတိယခြေလှမ်းအနေနဲ့ ရွေးချယ်ထားတဲ့ စစ်တပ်ပိုင် ကုန်ပစ္စည်းတချို့နဲ့ ဝန်ဆောင်မှုလုပ်ငန်း()မျိုးကတော့-

၁။ အောင်ဘာလေ ထီ

၂။ နန်းမြိုင် တံဆိပ် ကော်ဖီမျိုးစုံ

၃။ ရွှေဖီဦး တံဆိပ် အသင့်ဖျော် လက်ဘက်ရည်၊ လီမွန်တီး

၄။ ရွှေမန်းသူ အမြန်ကားလိုင်း

၅။ ရွှေမြိုင်သူ အမြန်ကားလိုင်း

၆။ ပုသိမ်သူ အမြန်ကားလိုင်း

၇။ သန်မြန်သူ အမြန်ကားလိုင်း

၈။ ရှမ်းမလေး အမြန်ကားလိုင်းတို့ပဲ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment