13th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ ကျင့်ဝတ်သိက္ခာမဲ့ပြီး ပြည်သူလူထုတစ်ရပ်လုံးက ရွံရှာမုန်းတီးတဲ့စစ်တပ်ဖြစ်ကာ မကြာခင်မှာပျက်သုဥ်းပြီး အဆုံးသတ်သွားတော့မယ်လို့ယာယီသမ္မတပြော

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်

📌 ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင်ကလေးငယ်များအားစာရေးကိရိယာများထောက်ပံ့

📌 ၄။ စစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား လက်နက်သဖွယ်အသုံးပြုနေ

📌 ၅။ စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုများသည် NCAပျက်ပြယ်မှုကိုပိုမိုခိုင်စေတယ်လို့  ABSDF KNU နှင့် CNF တို့ကပူးတွဲသဘောထားထုတ်ပြန်

📌 ၆။ သုံးလတာအတွင်း အကြမ်းဖက်စစ်တပ်ကြောင့်  အမျိုးသမီး သေဆုံးသူ  (၅၆) ဦးထိ ရှိခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး  () ဦးနှင့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူအမျိုးသမီး (၃၀) ဦးပါဝင်

📌 ၇။ နင်းမိုင်းများ ဝင်ရောက်ထောင်နေတဲ့စကစတပ်များနဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)တို့ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား

📌 ၈။ အကြမ်းဖက်စစ်ကောင်စီ၏ အမာခံ အကြီးစားထောက်တိုင် ပျူ‌စောထီးခေါင်းဆောင် စိုးအောင်ကို သဲကုန်းမြို့လယ်ခေါင် စျေးအနီးတွင်ပစ်ခတ်ရှင်းလင်း

📌 ၉။ အကြမ်းဖက်စစ်အုပ်စုက မျက်ကွယ်သေဒဏ်ပေးထားသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်များချမှတ်ခြင်းခံထားရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ ကျင့်ဝတ်သိက္ခာမဲ့ပြီး ပြည်သူလူထုတစ်ရပ်လုံးက ရွံရှာမုန်းတီးတဲ့စစ်တပ်ဖြစ်ကာ မကြာခင်မှာပျက်သုဥ်းပြီး အဆုံးသတ်သွားတော့မယ်လို့ယာယီသမ္မတပြော


အောက်တိုဘာ၁၂ရက်

အောက်တိုဘာ၁၀ရက်အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများနှင့် မြေပြင်တွင် ဦးဆောင်နေသော စစ်ရေးတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောပါတယ်။


"မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ ကျင့်ဝတ်သိက္ခာမဲ့ပြီး ပြည်သူလူထုတစ်ရပ်လုံးက ရွံရှာမုန်းတီးတဲ့စစ်တပ်ဖြစ်တယ်။ ဒါကဒီအကြမ်းဖက်စစ်တပ်ဟာ မကြာခင်မှာ ပျက်သုဥ်းပြီး အဆုံးသတ်သွားတော့မယ်လို့ ခိုင်မာတဲ့ရှေ့ပြေးလက္ခဏာပဲ ဖြစ်ပါတယ်။ ကျနော်တို့ရည်မှန်းထားတဲ့ အနာဂတ်တပ်မတော်ဟာ အရည်အချင်းပြည့်ဝတဲ့၊အမိန့်နာခံမှုအားကောင်းတဲ့ ဥပဒေစည်းမျဥ်း၊စည်းကမ်းတွေကို အပြည့်အဝလိုက်နာတဲ့ပရော်ဖက်ရှင်နယ်တွေဖြစ်တယ်။ နိုင်ငံနဲ့ပြည်သူအပေါ် မြဲမြန်တဲ့သစ္စာနဲ့ကာကွယ်စောင့်ရှောက်မယ့်တပ်မတော်ဖြစ်တယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ လူပေါင်းလေးထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ် တာဝန်ရှိသူများနှင့်အတူ စစ်ဒေသ၊ စစ်တိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဌာနများမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူများ၊ တိုင်း/ပြည်နယ်၊ ခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူများ စသည်ဖြင့် စုစုပေါင်း ၁၄၀ ခန့် ပါဝင် တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်


အောက်တိုဘာလ  ၁၂  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၁/၂၀၂၃) ကို အောက်တိုဘာ၁၂ရက် မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

 "အကြမ်းဖက်စစ်တပ်အနေနဲ့ ပိုပြီးအကြပ်အတည်းတွေ့လာလေလေ ပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုပြီးလုပ်ဆောင်လာလေလေ ဖြစ်တာကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူတွေ ဘေးကင်း/လုံခြုံစေရေးကိုတော့ နည်းနည်းလေးမှ ပေါ့ဆလို့ မဖြစ်ဘဲ ပြည်သူတွေ ထိခိုက်မှု နည်းစေရေးက ကျွန်တော်တို့ရဲ့ အဓိက အရေးကြီးလုပ်ငန်းစဉ်အဖြစ် စဉ်းစားပြီး စီမံ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း စစ်တပ်က လက်နက်ကိုင်ပြီး ပြည်သူကို အကြောက်တရားတွေနဲ့ အုပ်ချုပ်တာကို မလိုလားတဲ့အတွက် အခုလို အကြပ်အတည်းကာလမှာတောင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်နေတာဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် ပြည်သူတွေ စစ်အာဏာရှင်များလက်မှ လွတ်မြောက်ရေးအတွက် ဖြစ်တယ် ဆိုတဲ့စိတ်၊ ပြည်သူကို ရက်စက်ရိုင်းစိုင်းလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရန်ကနေ အကာအကွယ်ပေးရမယ်ဆိုတဲ့စိတ်၊ ပြည်သူ့အကျိုးကိုသာ ရှေ့တန်းတင်ပြီး လက်နက်ကိုင်ကြရမယ်ဆိုတဲ့ ကျင့်ဝတ်တွေ ပြည်သူ့ ရဲဘော်တွေရဲ့ ရင်ထဲမှာ စွဲမှတ်သွားစေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေမှ အသေအချာ တိုက်တွန်းပြောကြားပေးစေလိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၀/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင်ကလေးငယ်များအားစာရေးကိရိယာများထောက်ပံ့


အောက်တိုဘာ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင် ကလေးငယ်များအားစာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပါတယ်။


၂၀၂၃ အောက်တိုဘာ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင်ကလေးငယ်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် MOWYCA တာဝန်ခံများနှင့် ရပ်/ကျေးတာဝန်ခံများက ဗလာစာအုပ်များအပါအဝင် စာရေးကိရိယာများသွားရောက်ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ဖော်ပြပါတယ်။


အောက်တိုဘာ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ထီးလင်းမြို့နယ်တွင်းရှိစစ်ဘေးရှောင်ပြည်သူများအားလိုအပ်သောကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ကျောင်းသားကျောင်းသူများအားကြက်သားဆန်ပြုတ်အာဟာရတိုက်ကျွေးခြင်းများပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌 ၄။ စစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား လက်နက်သဖွယ်အသုံးပြုနေ


အောက်တိုဘာ၁၂ရက်

စစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား လက်နက်သဖွယ်အသုံးပြုနေတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပဉ္စမကော်မတီအစည်းအဝေး၌ ၂၀၂၄ ခုနှစ် အတွက် ကုလသမဂ္ဂပုံမှန်ဘဏ္ဍာငွေအဆိုပြုမှု ခေါင်းစဉ်အောက်မှ ကျင်းပပြုလုပ်သည့် အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


"စစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား လက်နက်သဖွယ်အသုံးပြုနေခြင်းကို လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်များ အားလုံးက အရေးကြီးသောအချက်အဖြစ် အာရုံစိုက်စဉ်းစားစေလိုပြီး အကူအညီများ ပေးအပ်ရာတွင် လိုအပ်သည့်သူများထံ ရောက်ရှိရေး ထိရောက်သောနည်းလမ်းများကို ရှာဖွေရန် တောင်းဆိုလိုကြောင်း၊ အရေးကြီးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ပိုင်ခွင့်များကို ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းများမှ တစ်ဆင့်ဆောင်ရွက်ခြင်းဖြင့်သာ အဓိပ္ပါယ်ရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


မြန်မာနိုင်ငံ၏ ကဏ္ဍတိုင်းတွင် အခြေအနေများ ဆိုးရွားနေပြီး၊ ယနေ့အထိ အပြစ်မဲ့ပြည်သူ ၄၁၀၀ ကျော် ကို စစ်တပ်မှ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်း စစ်ဘေးသင့်ပြီး နေရပ်စွန့်ခွာနေရသူ ပြည်သူဦးရေ သန်း နီးပါးရှိနေပြီး၊ ပြည်သူ ၁၈ သန်းသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ဖြစ်နေကြောင်း သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုများသည် NCAပျက်ပြယ်မှုကိုပိုမိုခိုင်စေတယ်လို့  ABSDF KNU နှင့် CNF တို့ကပူးတွဲသဘောထားထုတ်ပြန်


အောက်တိုဘာ၁၂ရက်

စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများသည် NCAပျက်ပြယ်မှုကိုပိုမိုခိုင်စေတယ်လို့  ABSDF KNU နှင့် CNF တို့မှ  ပူးတွဲသဘောထားထုတ်ပြန်ချက်တစ်ရပ်ကို အောက်တိုဘာ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။


စစ်ကောင်စီက NCA အခြေပြု အတုအယောင် ဆွေးနွေးပွဲများနှင့် NCA  နှစ်မြောက် အထိမ်းအမှတ် ကျင်းပခြင်းနှင့်ပတ်သက်ပြီး ဘုံသဘောထားကိုထုတ်ပြန်လိုက်တယ်လို့ဆိုပါတယ်။


ဘုံသဘောထားတွင် စစ်အာဏာသိမ်းယူခြင်းသည် NCA အခြေခံမူနှင့်ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA အခြေခံသည့်လုပ်ငန်းစဉ်များနှင့် ဆွေးနွေးပွဲ လမ်းကြောင်းများ ရပ်တန့်သွားခဲ့ပြီဖြစ်ကြောင်းဆိုထားပါတယ်။


စစ်တပ်အနေဖြင့် ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကိုပြုလုပ်နေသည့်အတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်စာနာထောက်ထားသည့် ဥပဒေများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်သည့်အတွက် NCA ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေပြီး စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်ကြောင်း ပေါ်လွင်စေတယ်လို့ဆိုထားပါတယ်။


ဒါ့ပြင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် စစ်တပ်၏ လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းမပြုဘဲ ချမှတ်ထားသော ဘုံနိုင်ငံရေးရည်မှန်းချက်များနှင့် ရပ်တည်ချက်များ ဖော်ဆော်ရေး လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီရန်လည်းတိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ သုံးလတာအတွင်း အကြမ်းဖက်စစ်တပ်ကြောင့်  အမျိုးသမီး သေဆုံးသူ  (၅၆) ဦးထိ ရှိခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး  () ဦးနှင့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူအမျိုးသမီး (၃၀) ဦးပါဝင်


အောက်တိုဘာ ၁၂ရက်

သုံးလတာအတွင်း အကြမ်းဖက်စစ်တပ်ကြောင့်  အမျိုးသမီး သေဆုံးသူ  (၅၆) ဦးထိ ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး  () ဦးနှင့်လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူအမျိုးသမီး (၃၀) ဦးပါဝင်တယ်လို့ အောက်တိုဘာ ၁၂ရက်မှာ မြန်မာ့အမျိုးသမီးသမဂ္ဂကအသိပေးဆိုပါတယ်။


၂၀၂၃ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလ (၂၈) ရက်နေ့အထိ သုံးလတာအတွင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အချက်အလက်များအပေါ် အခြေခံ၍ မြန်မာ့အမျိုးသမီးသမဂ္ဂမှ စာရင်း ပြုစုမှုများအရ  အမျိုးသမီး သေဆုံးသူ စုစုပေါင်း (၅၆) ဦးထိ ရှိခဲ့တယ်လို့ဆိုပါတယ်။


ထို ၅၆ ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး စုစုပေါင်း () ဦး၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူ (၃၀) ဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသမီး () ဦး၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ () ဦးနှင့် ပစ်သတ်ခံရသည့် အမျိုးသမီး စုစုပေါင်း (၁၃) ဦး၊ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ () ဦးနှင့် ရိုက်နှက်ခြင်း ခံရ၍ သေဆုံးသူ () ဦး ရှိခဲ့ပါတယ်။


========================


📌📌 ၇။ နင်းမိုင်းများ ဝင်ရောက်ထောင်နေတဲ့စကစတပ်များနဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)တို့ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား


အောက်တိုဘာ၁၂ရက်

မင်းကင်းနယ်အတွင်း နင်းမိုင်းများ ဝင်ရောက်ထောင်နေတဲ့ စကစတပ်များနဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)တို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။


အောက်တိုဘာလ (၁၁)ရက် မနက်(၁၀)နာရီခန့်အချိန်တွင်  ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ပြောက်ကျားတပ်စုသည် မိမိတို့နယ်မြေထဲသို့ စကစများက နင်းမိုင်းများ ဝင်ရောက်ထောင်နေကြောင်းသတင်းရရှိ၍ နယ်မြေကင်းလှည့်ရာ စကစတပ်များနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားဖြစ်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ပွဲကြာမြင့်ချိန် နာရီဝက်ခန့်တွင် ရန်သူများပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် ရန်သူ့ဘက်မှ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်သဖြင့် ကာကွယ်ရေးရဲဘော်များဖက်မှ ၆၀မမစိန်ပြောင်းများနှင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ပျူစောထီးရွာဖြစ်သော အင်ကြင်းတောင်ရွာထဲနှင့် ၎င်းရွာစောင့်ကင်းစခန်းသို့ ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။


ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးသော်လည်း ရန်သူ၏နင်းမိုင်း()လုံး သိမ်းဆည်းရရှိခဲ့ပြီးရဲဘော်တစ်ယောက် မိုင်းနင်းမိ၍ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်ကောင်စီ၏ အမာခံ အကြီးစားထောက်တိုင် ပျူ‌စောထီးခေါင်းဆောင် စိုးအောင်ကို သဲကုန်းမြို့လယ်ခေါင် စျေးအနီးတွင်ပစ်ခတ်ရှင်းလင်း


အောက်တိုဘာ ၁၂ရက်

အကြမ်းဖက်စစ်ကောင်စီ၏ အမာခံ အကြီးစားထောက်တိုင် ပျူ‌စောထီးခေါင်းဆောင် စိုးအောင်ကို သဲကုန်းမြို့လယ်ခေါင် စျေးအနီးတွင်ပစ်ခတ်ရှင်းလင်းခဲ့‌တယ်လို့အောက်တိုဘာ၁၂ရက်မှာ ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးဆိုပါတယ်။


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အမာခံ အကြီးစားထောက်တိုင် ပျူ‌စောထီးခေါင်းဆောင် စိုးအောင်ကို သဲကုန်းမြို့လယ်ခေါင် စျေးအနီးတွင် အောက်တိုဘာ (၁၂)ရက်နေ့ နံနက်(:၃၀)နာရီခန့်၌ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ တပ်စု (Wisdomအဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ်ဖြင့် ()ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။


၎င်းပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင် စိုးအောင်မှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး စစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်အန္တရာယ်မရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။


စိုးအောင်မှာ အကြမ်းဖက်စစ်ကောင်စီ၏ အမာခံအကြီးစား ထောက်တိုင်တစ်ဦးဖြစ်ရုံမက ပျူ‌စောထီး ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ် ပါတယ်။ 


========================


📌📌 ၉။ အကြမ်းဖက်စစ်အုပ်စုက မျက်ကွယ်သေဒဏ်ပေးထားသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်များချမှတ်ခြင်းခံထားရ


အောက်တိုဘာ၁၂ရက်

အကြမ်းဖက်စစ်အုပ်စုက မျက်ကွယ်သေဒဏ်ပေးထားသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်များချမှတ်ခြင်းခံထားရပါတယ်။


အောက်တိုဘာ၁၂ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍AAPPကဖော်ပြပါတယ်။


အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၃) ဦး ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။


မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီးသေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၆) ဦး ရှိပြီဖြစ်ပါတယ်။ 


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၂၉၈) ဦးရှိပြီး ထိုအထဲမှ (၁၉၆၈၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၇၂၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment