5th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်ကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် ၄၉ဝ ကျော် သေဆုံးခဲ့ရပြီး စာသင်ကျောင်း ၁၁၉ ကျောင်း ထိခိုက်ပျက်စီး

📌 ၂။ နိုင်ငံရေးကဏ္ဍနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတို့တွင် အမျိုးသမီးနှင့် လူငယ်တို့ ပါဝင်မှုအခန်းကဏ္ဍအား  မြှင့်တင်နိုင်ရေး CRPH နှင့် MWPN ဆွေးနွေး

📌 ၃။ ဆောမြို့နယ်တွင် ကျောင်းသား/သူများနှင့်၊ ဆရာ/မများအား MOWYCA မှ  ကြက်သားဆန်ပြုတ် အာဟာရဒါနပြု

📌 ၄။ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လူမှုဘဝထိခိုက်ခဲ့သူ၁၂၆ ဦးကို ကရင်လူမှုအဖွဲ့အစည်းများ ထောက်ပံ့

📌 ၅။ ရွှေဘိုခရိုင်ထဲမှာ မွေးလူနာနဲ့အသေးစားခွဲစိတ်မှုအပါအဝင် ပြည်သူ ၄ဝဝ ကျော်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

📌 ၆။ Freedom House ရဲ့  အင်တာနက်လွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာ ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်လာ

📌 ၇။ ကော့ကရိတ်အခြေစိုက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် အိမ် လုံး ပျက်စီးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

📌 ၈။ ယင်းမာပင်-ဆားလင်းကြီး နယ်စပ်တွင် စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများကို ရဟတ်ယာဥ်ဖြင့်ပစ်ခတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်ကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် ၄၉ဝ ကျော် သေဆုံးခဲ့ရပြီး စာသင်ကျောင်း ၁၁၉ ကျောင်း ထိခိုက်ပျက်စီး


အောက်တိုဘာလ ၄။

မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ် အာဏာသိမ်းယူပြီးချိန်ကနေ လက်ရှိအချိန်အထိ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့်သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ်အရေအတွက်ဟာ ၄၉၁ ဦးအထိ ရှိလာပြီး စာသင်ကျောင်းပေါင်း ၁၁၉ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ 

စစ်ကိုင်းတိုင်း ကောလင်းခရိုင်ထဲက ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ဘူတာစုရပ်ကို အကြမ်းဖက်စစ်တပ် တမခ-၃၃ လက်အောက်ခံ ခမရ ၁၂ဝ အထိုင်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ခန္တီဝံသာရမ ကျောင်းတိုက်ဘေးမှာရှိတဲ့ ကျေးရွာအခြေပြု ပြည်သူ့ပညာရေးစာသင်ကျောင်းဝင်းထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာနဲ့ ပတ်သက်လို့ အသိပေးထုတ်ပြန်လိုက်တာပါ။

ဒီတိုက်ခိုက်မှုကြောင့် စာသင်နေတဲ့ ဆရာမတစ်ဦးနဲ့ အသက် နှစ်ကနေ ၁၄ နှစ်ကြားအရွယ်ရှိတဲ့ ကလေးငယ် ၂၂ ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဖျက်အားပြင်းတဲ့ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်ခဲ့တဲ့ အကြိမ်ကလည်း ၂၅၃၁ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက် ချက်၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တို့ကို အကြမ်းဖက်စစ်‌အုပ်စုက လေးစားလိုက်နာမှုမရှိတာကို ပြသလိုက်တာလည်းဖြစ်ပါတယ်။

အကြမ်းစစ်တပ်ဟာ ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်းနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများနဲ့စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသဆိုင်ရာလူ့အခွင့်အရေးသဘောတူစာချုပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာသဘောတူစာချုပ် Rome Statue တို့ကို ဖောက်ဖျက်ကာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများ ပြောင်ပြောင်းတင်းတင်းကျူးလွန်နေတာကို တွေ့ရတယ်လို့လည်း NUG ရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အဲဒီကျူးလွန်မှုတွေမှာပါဝင်နေတဲ့ တာဝန်ရှိသူ၊ ကိုယ်တိုင်ကျူးလွန်သူနဲ့ အားပေးအားမြှောက်ပြုသူအားလုံးကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်သလို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်အုပ်စုကို ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုများ လေယာဉ်ဆီအပါအဝင် စစ်လက်နက်များတင်ပို့ရောင်းချမှုများအား ပိတ်ဆို့မှုတို့ ပါဝင်သော ဆုံးဖြတ်ချက်သစ်တွေနဲ့ အရေးယူဆောင်ရွက်မှုများထွက်ပေါ်လာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ အချိန်ရောက်နေပြီလို့လည်း ဆိုပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်အုပ်စုကိုအရေးယူနိုင်မယ့် နိုင်ငံတကာ၊ဒေသဆိုင်ရာနဲ့တနိုင်ငံခြင်း တရားစွဲဆို အရေးယူနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြဖို့ NUG က တောင်းဆိုထားပါတယ်။


========================


📌📌 ၂။ နိုင်ငံရေးကဏ္ဍနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတို့တွင် အမျိုးသမီးနှင့် လူငယ်တို့ ပါဝင်မှုအခန်းကဏ္ဍအား  မြှင့်တင်နိုင်ရေး CRPH နှင့် MWPN ဆွေးနွေး


အောက်တိုဘာလ၊ ၄ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH အမျိုးသမီး၊ လူငယ်နှင့်၊ ကလေးသူငယ် ရေးရာကော်မတီနှင့် မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက် (MWPN) တို့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


အောက်တိုဘာလ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၎င်းဆွေးနွေးပွဲတွင်  နိုင်ငံရေးကဏ္ဍနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတို့တွင် အမျိုးသမီးနှင့် လူငယ်တို့ ပါဝင်မှုအခန်းကဏ္ဍအား  မြှင့်တင်နိုင်ရေး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကော်မတီအနေဖြင့် အကူအညီလိုအပ်နေသည့် စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်များနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ၊ နိုင်ငံရေးအကျဉ်းသားများအား  အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီများ၊ ပြင်ပအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ချိတ်ဆက်၍  အကူအညီ ပေးအပ်နေမှုများကို  ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများ အပေါ် သုံးသပ်ဆွေးနွေးနေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။


ဆက်လက်ပြီး မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက်မှ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ် ရပ်နဲ့ ရှေ့ဆက်ဆောင်ရွက်ရန် ချမှတ်ထားသည့် လုပ်ငန်းစဉ် ရပ်တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများက အမျိုးသမီးနှင့် လူငယ်များအတွက် ဖက်ဒရယ် အသိပညာပေးရေးဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများ ဖွင့်လှစ်နိုင်ရေးနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ ဆောမြို့နယ်တွင် ကျောင်းသား/သူများနှင့်၊ ဆရာ/မများအား MOWYCA မှ  ကြက်သားဆန်ပြုတ် အာဟာရဒါနပြု


အောက်တိုဘာ ၄။

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ မကွေးတိုင်း၊ ဆောမြို့နယ်  စာသင်ကျောင်းများမှ ကျောင်းသား/သူ များနှင့် ကျောင်းတာဝန်ခံ ဆရာ/ များအား အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA)မှ ကြက်သားဆန်ပြုတ် အာဟာရဒါန ပြုခဲ့တယ်လို့ သိရပါတယ်။


၂၀၂၃ ခုနှစ် အောက်တိုဘာလ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ အာဟာရဒါနပြုပွဲသို့ ဆောမြို့နယ် လူသားစာနာတာဝန်ခံ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာတာဝန်ခံနဲ့ ရပ်ကျေး တာဝန်ခံများမှ လိုအပ်သည်များကူညီပံ့ပိုးပေးခဲ့ကြတယ်လို့ MOWYCA ရဲ့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လူမှုဘဝထိခိုက်ခဲ့သူ၁၂၆ ဦးကို ကရင်လူမှုအဖွဲ့အစည်းများ ထောက်ပံ့


အောက်တိုဘာလ ၄။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူမှုဘဝထိခိုက်ခဲ့ရတဲ့ ဒေသခံပြည်သူ ၁၂၆ ဦးကို ကရင်လူမှုအဖွဲ့စည်းတွေက ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာရှိတဲ့ ညောင်လေးပင်၊ ရွှေကျင်၊ မူးနဲ့ကျောက်ကြီးမြို့နယ်ထဲက လူမှုဘဝ ထိခိုက်ခဲ့သူတွေကို ကရင်အမျိုးသမီးအစည်းအရုံး KWO နဲ့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဒီနှစ် စက်တင်ဘာလထဲမှာ ကူညီပေးခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေ၊ သက်ကြီးရွယ်အိုတွေနဲ့မသန်စွမ်းပြည်သူတွေကို ထောက်ပံ့ခဲ့တာပါ။

ဒီလိုထောက်ပံ့ရာမှာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းပြည်သူတွေနဲ့ အရေးပေါ်အကူအညီလိုအပ်နေသူတွေကို ကျပ်တစ်သိန်းစီထောက်ပံ့ပေးခဲ့ပြီး အကြမ်းဖက်စစ်တပ်လက်ချက်တွေကြောင့် ခင်ပွန်းသည်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေကိုတော့ ကျပ် ၂သိန်းစီထောက်ပံ့ပေးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေမှာရှိတဲ့ ညောင်လေးပင်၊ ရွှေကျင်၊ မူးနဲ့ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်လေ့ရှိတာကြောင့် ဒေသခံတွေဟာ စိုးရိမ်စိတ်တွေနဲ့ နေကြရတာပါ။


========================


📌📌 ၅။ ရွှေဘိုခရိုင်ထဲမှာ မွေးလူနာနဲ့အသေးစားခွဲစိတ်မှုအပါအဝင် ပြည်သူ ၄ဝဝ ကျော်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး


အောက်တိုဘာလ ၄။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲမှာ မွေးလူနာနဲ့ အသေးစားခွဲစိတ်မှုအပါအဝင် စစ်ဘေးရှောင်တွေနဲ့ ဒေသခံ ပြည်သူ ၄၃၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။

အမှတ်- စစ်ဒေသမှာပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် အမှတ် တပ်ရင်း ပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲက စက်တင်ဘာလထဲမှာ ကျန်းမာရေးစောက်ရှောက်မှုပေးခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာပါ။

ဒီလိုစောင့်ရှောက်မှုပေးတာမှာ မီးဘေးသင့် စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူ ၄၂၃ ဦးကို အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အသေးစားခွဲစိတ်မှုလူနာ ၁ဝ ဦး၊ ငှက်ဖျားလူနာတစ်ဦး မွေးလူနာ ၂ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင် အမှတ် တပ်ရင်းအနေနဲ့ စစ်အာဏာရှင်မှန်သမျှကို ရရာလက်နက်စွဲကိုင်ပြီး စစ်ရေးအရ တော်လှန်တိုက်ခိုက်နေသလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေနဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို တက်စွမ်းသမျှ ကြိုးစားဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ ရွှေဘိုခရိုင် အမှတ် တပ်ရင်းက လုပ်ဆောင်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေ နဲ့ ပြည်သူ့အကျိုးပြလုပ်ငန်းတွေမှာ အားဖြည့်ပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၆။ Freedom House ရဲ့  အင်တာနက်လွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာ ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်လာ


အောက်တိုဘာလ ရက်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက် Freedom House ရဲ့ အောက်တိုဘာလ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်မှု အဆိုးဆုံးနိုင်ငံက တရုတ်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယအဆိုးဆုံး  ဖြစ်တယ်လို့ Freedom House ရဲ့  ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။


စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့် အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိနေခဲ့တာပါ။


စစ်ကောင်စီအနေနဲ့ ၎င်းတို့အပေါ် ဆန့်ကျင်သူတွေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ဖိနှိပ်နိုင်ဖို့ အင်တာနက် ပိတ်ပင်တာအပြင် ဆက်သွယ်ရေးကုမ္ပဏီတွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ပြီး အင်တာနက်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရယူဖို့ အတင်းအကြပ် ဖိအားပေးတာ ကြားဖြတ်ထောက်လှမ်းခိုင်းတာတွေကိုလည်း အာဏာသိမ်းစစ်တပ်က လုပ်ဆောင်ခဲ့ပါတယ်။


ဆက်သွယ်ရေး ကုမ္ပဏီတွေအပေါ် ဖိအားပေးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် Telenor နဲ့ Ooredoo တို့လို့ နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ လုပ်ငန်းတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေထံ လက်လွှဲရောင်းချခဲ့ရပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ရတယ်လို့ Freedom House က ဆိုပါတယ်။


စစ်ကောင်စီအနေနဲ့ အင်တာနက်ကို ထိန်းချုပ်တဲ့အပြင် အင်တာနက်ပေါ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်သူတွေ နဲ့ ဝေဖန်မှုပြုလုပ်သူတွေကိုလည်း နှစ်ရှည်ထောင်ဒဏ် ချတာတွေ ရှိခဲ့တယ်လို့ Freedom House ရဲ့ အစီရင်ခံစာမှာ ထည့်ပြောထားပါတယ်။


========================


📌📌 ၇။ ကော့ကရိတ်အခြေစိုက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် အိမ် လုံး ပျက်စီးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရ


အောက်တိုဘာလ ၄။

ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ရင်းက ပြည်သူလူထုနေထိုင်ရာနေရာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် KNU တပ်မဟာ နယ်မြေက ဒေသခံတွေရဲ့နေအိမ် ၃လုံး ပျက်းစီးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ရက်နေ့ နာရီ ၁၅ မိနစ် အချိန်မှာ ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးနဲ့ ကြိမ် ပစ်ခဲ့တာမှာ အံဖကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလက်နက်ကြီးကျည်တွေကြောင့် အံဖကြီးရွာက အသက် ၅၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးရဲ့နေအိမ် ထိမှန်ခဲ့ပြီး ဝမ်းဗိုက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက် ၅၅ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၆ဝ အရွယ်အမျိုးသားတို့ရဲ့နေအိမ်တွေလည်း လက်နက်ကြီးစထိမှန်ပျက်စီးခဲ့တာရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ရက်နေ့ည ၁ဝ နာရီခွဲလောက်ကလည်း ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၃၂ တပ် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမှတ် ရပ်ကွက် အောင်တေဇလမ်းမှာရှိတဲ့ အိမ်၂ လုံး ပျက်စီးခဲ့ပါသေးတယ်။  

KNU တပ်မဟာ နယ်မြေအတွင်းမှာလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာ၊ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူပိုင်နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းတွေယူဆောင်သွားတာနဲ့ ပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ဒူးပလာခရိုင် သတင်းနှင့်ပြန်ကြားရေးကလည်း အသိပေးထားပါတယ်။


========================


📌📌 ၈။ ယင်းမာပင်-ဆားလင်းကြီး နယ်စပ်တွင် စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများကို ရဟတ်ယာဥ်ဖြင့်ပစ်ခတ်


အောက်တိုဘာ ၄။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီး နယ်စပ် ဗိုက်သရက်ကျေးရွာ အနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ​​ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ရက်နေ့ မနက် နာရီခန့်က ကား ၁၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


မြေပြင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က  နံနက် ၁၀ နာရီခန့်တွင် အနီးဝန်းကျင်ရှိကျေးရွာများကို Mi35 ရဟတ်ယာဉ်ဖြင့် တစ်နာရီနီးပါး ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။


လတ်တလောတွင် စစ်တပ်က ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှု​​နှင့် တိုက်ပွဲများကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီး နယ်စပ်ရှိ မတောင့်တ၊ တဲစု၊ လည်ငေါက်၊ ရွှေသမင်နှင့် ဗိုက်သရက် ကျေးရွာများမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment