၂၀၂၃ ဆောင်းသီးနှံဈေးကျလို အညာတောင်သူများ ယာမြေတွေကိုစွန့်ခွာလာ… မကြေးမုံ (Radio NUG) နိုဝင်ဘာ ၁၅ဈ ၂၀၂၃။


၂၀၂၃ ဆောင်းသီးနှံဈေးကျလို အညာတောင်သူများ ယာမြေတွေကိုစွန့်ခွာလာ… မကြေးမုံ (Radio NUG) နိုဝင်ဘာ ၁၅ဈ ၂၀၂၃။

အကြမ်းဖက်စစ်တပ်က၂၀၂၁အာဏာသိမ်းပြီးတဲ့နောက် ကောက်ပဲသီးနှံ ပြည်ပဈေးကွက် တွေကျဆင်းလာသလို ပြည်တွင်းမှာလည်း ပိုကုန်ရငွေတွေကို တန်ဖိုးအတိုင်း ခံစားခွင့် မပေးပဲ ပြည့်ဝမ်းကိုဖောက်နေတာကြောင့် ပြည်ပတင်ပိုသူတွေအခက်အခဲဖြစ်လာပါ တယ်။ ဒါ့ကြောင့် သီးနှံဈေးနှုန်းကျဆင်းတဲ့ဒဏ်ကို အစဥ်ဆက်ခံစားလာရတဲ့ ခြောက်သွေ့ ရပ်ဝန်းဒေသက ခက်ခဲတဲ့ အညာတောင်သူတွေဟာ ယာမြေတွေကိုစွန့်ခွာလာကြတာဖြစ် ပါတယ်။ ဒီအခြေနေကို မကွေးမြိုနယ်မှတောင်သူဖွံဖြိုးရေးအဖွဲဝင်တစ်ဦးက အခုလို ပြောပါတယ်။

“တောင်သူတွေရဲ့ခံစားချက်က ကိုယ်ရောင်းရတဲ့ ပစ္စည်းက ၂ထောင်ကျော်နဲ့ ရောင်းရပြီးတော့ ကိုယ်ဝယ်စားရတဲ့ ပစ္စည်းက ၃ထောင်ကျော်ပေးရတယ်။ တောင်သူ့ဘဝ ကဘယ်ကပစ်ပစ်ထွန်တုံးကိုပဲလာမှန််နေတာဖြစ်လို တောင်သူယာလုပ်ဖိုအခက်အခဲတွေ့ နိုင်တယ်။ ဆက်လုပ်ဖို ဆန္ဒမရှိသူကများလာတယ်။ တစ်ချိုဆိုရင်ရွှေ့ပြောင်းလုပ်သားအ ဖြစ်နဲ့ နိုင်ငံခြားထွက်ဖိုတွေ၊ ပြည်တွင်းက ကုမ္ပဏီတွေစက်ရုံတွေသွားလုပ်ဖိုတွေ၊ အခုဆို ရင်လူငယ်၊ လူလတ်ပိုင်းသိပ်မရှိတော့သလောက်ဖြစ်သွားပြီ။ ထွက်သွားတာ ကားနှစ်စီး တိုက်လောက်ဖြစ်နေပြီ ” 

ဆီအိုးကြီးလိုတင်စားကြပြီး မြေပဲ၊ နှမ်းနဲ့ ပဲမျိုးစုံကိုစိုက်ပျိုးတဲ့ မကွေးတိုင်းဒေသကြီးမှာ အခုနှစ်ယာသီးနှံတွေပေါာလာချိန်မှာတော့ ရာသီဥတုကောင်းမွန် ခဲ့လို အထွက်နှုန်း တွေ ကောင်းခဲ့ပါတယ်။ ရာသီဥတုမျက်နှာသာပေးလို သီးနှံအထွက်နှုန်းတွေကောင်းခဲ့ပေမယ့် လည်းတရုတ်နယ်စပ်ကို အဓိက တင်ပိုနေတာဖြစ်လို လမ်းကြောင်းတွေပိတ်နေတဲ့ အခြေ နေအရ မြေပဲဈေးတွေကျသွားလို တောင်သူတွေအရှုးပေါာနေပါတယ်။

မနှစ်ကမြေပဲဆံဈေးကအနီနဲ့ အဖြူအရောင်၂မျိုးမှာ ကျပ် ၇၃၀၀ ကနေ တစ်သောင်းနဲ့ ငါး ရာအထိဈေးရခဲ့ပေမယ့် အခုနှစ်မှာတော့ ဈေးကထက်ဝက်ကျလာ တာဖြစ်ပါတယ်။ မြေပဲ တစ်ဧကကုန်ကျစရိတ်ကကျပ်၆သိန်းလောက်ရှိတာကြောင့် မြေပဲ ဈေးကျလာတဲ့အခါ တောင်သူမှာ အကျိုးမြတ်မရှိဖြစ်လာပါတယ်။ မကွေးမြိုရဲ့ လတ်တလော ဆောင်းမြေပဲ ဈေးကွက်အခြေနေကို ကုန်သည်တစ်ဦးက အခုလိုပြောပါတယ်။

“အခုဆိုရင် ကျွန်တော်တိုမကြာခင်မှာ မြေပဲအသစ်တွေပေါာတော့မယ်ပေါ့နော်။ မြေပဲအသစ်တွေကလည်းများသောအားဖြင့်တရုတ်လမ်းဘက်ကိုသွားတာအားသာတယ်ပေါ့နော်။ အဲ့တော့ ဒီဘက်မှာမြေပဲတွေကပေါာတော့မယ်၊ လမ်းကအခြေနေကမပေးဘူး ဆိုတော့ အရောင်းအဝယ်တွေ ဈေးမကောင်းတာတို၊ တောင်သူတွေအနေနဲ့ဈေးအရနည်း သွားတာရှိပါမယ်။ ဝယ်လိုအားက ပြည်တွင်းရဲ့ ဝယ်လိုအားပဲဖြစ်မှာြဖစ်တဲ့အတွက်ကြောင့် ငွေကြေးလည်ပတ်စီးဆင်းမှု နည်းနည်းလေးနှောင့်နှေးနိုင်တယ်။ လောလောဆယ်လမ်း ပန်းဆက်သွယ်ရေးမဖြောင့်ဖြူးဘူးဆိုရင်ပေါ့ ” 

ဈေးကွက်ကျွမ်းကျင်သူ တစ်ဦးကတော့ လတ်တလော သီးနှံထွက်ကုန်အရေးနဲ့ပတ်သက် ပြီး တောင်သူတွေကမဖြစ်မနေစိုက်ပျိုးနေကြပေမယ့် သီးနှံဝယ်ယူသူကုန်သည်တွေရဲ့ အခြေနေကို အခုလိုသုံးသပ်ပါတယ်။

“ဒီမှာတော့အကုန်လုံးဆက်စပ်ပြီးတော့ ထိခိုက်မှုရှိနိုင်တာပေါ့။ ပထမဆုံးကျွန် တော်တိုဆီက ကောက်ပဲသီးနှံတော်တော်များများက တရုတ်ကိုသွားတာပေါ့။ တရုတ်ကို သွားတယ်။ သွားတာကလည်း ဘော်ဒါဘက်ကသွားတာကများတယ်။ အကုန်လုံးဒါတွေက ထိခိုက်မှုကရှိတယ်ပေါ့။ နောက်တစ်ခုကတော့ တောင်သူထိခိုက်မှုရှိတယ်။ တောင်သူနဲ့ ဆက်စပ်ပြီးတော့ကုန်သည်တွေရဲ့အပိုင်းမှာလည်း ထိခိုက်မှုရှိတယ်။ ၆.၁၅.၄၃ ကုန်သည် လုပ်ငန်းနဲ့ဆက်စပ်နေတဲ့လုပ်သားတွေလည်းဆက်စပ်ပြီးတော့ ထိခိုက်မှုရှိပါတယ်။ ၆.၂၉. ၃၃ ပြောရမယ်ဆိုရင်‌တော့ ဈေးမြင့်တာနိမ့်တာက တည်တည်ငြိမ်ငြိမ် ဆိုရင်သိပ်ပြသ နာမ ရှိဘူး။ အဓိကမတည်မငြိမ်ဖြစ်တယ်ဆိုတဲ့ကိစ္စကမှန်းလိုမရတာပါ။ အဲ့တော့ အခုအ နေ ထားက ကုန်ပစ္စည်းရှားတဲ့အချိန်၊ ပေါတဲ့အချိန်လို မှန်းပြီးတော့လုပ်လိုမရတော့ဘူး။ ငွေလဲနှုန်းတွေ၊ အခွန်ကိစ္စတွေ၊ အစိုးရရဲ့ ကုန်သွယ်မှုမူ၊ဝါဒအပြောင်းလဲတွေ သူတိုလည်း ထပ်ပြီးတော့မှန်းရတာခက်သလို နောက်တစ်ခုကတော့ ခုနက လက်နက်ကိုင်ကိစ္စက လည်း တွက်ဆရ၊ မှန်းဆရခက်တာတွေဖြစ်နေတော့ စီးပွားရေးလုပ်တဲ့သူတွေရော၊ တောင်သူတွေရော ဒီကဏ္ဍထဲမှာဆက်စပ်နေတဲ့သူအကုန်လုံးကတော့ ဒီ Risk ကိုယူပြီး တော့လုပ်နေရတဲ့အနေထားမျိုးရှိတာပေါ့။ အဲ့တော့တစ်ဖြည်းဖြည်းနဲ့ လုပ်နေရတာနဲ့စာ ရင်မလုပ်ပဲထားတာကပဲ သက်သာသလိုအနေထားမျိုး ဒီလိုမျိုးလည်းစဥ်းစားနေကြတယ် ” 

မကွေးတိုင်းရဲ့စိုက်ဧက၁သိန်းလောက်ကနေထွက်ရှိလာတဲ့ ဆောင်းမြေပဲတင်း၅ သန်း ဝန်းကျင်ရဲ့ လက်ရှိ ဈေးကွက်အနေထားက တည်ငြိမ်မှုမရှိခဲ့တဲ့ မြန်မာ့စိုက်ပျိုး စီးပွား အခြေ နေကို သက်သေထူနေဆဲပါ။ မြေပဲနဲ့ အတူပေါာလာတဲ့ ပဲတီစိမ်းကလည်း ဈေးကျ ဆင်း တဲ့အတွက် ဒီဆောင်းရာသီကို ယာသီးနှံနောက်ဆုံးရာသီအဖြစ် တောင်သူတွေ ကဆုံး ဖြတ်လိုက်ကြပြီး ယာမြေကိုစွန့်ခွာနေကြတာပဲဖြစ်ပါတယ်။

Share:

No comments:

Post a Comment