16th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ Federal Net Campaing မှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်ကူညီဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

📌 ၂။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် NUGနိုင်ငံခြားရေး ဒုတိယဝန်ကြီး အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး တို့  တွေ့ဆုံဆွေးနွေး

📌 ၃။ တန့်ဆည်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းများဇန်နဝါရီ၁၆ရက် နောက်ဆုံးထား၍  အမျိုးသားညီညွတ်ရေး အစိုးရထံ အလင်းဝင်ရန် သတိပေး

📌 ၄။ ရက္ခိုင်ပြည်၊ မောင်တောမြို့၊  နခခ () တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြောက်လှန့်ကာ ကျေးရွာများအတွင်းမှ ရွာသားများကိုအင်အားသုံးကာ အဓမ္မနှင်ထုတ်ခဲ့

📌 ၅။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဓာတုလက်နက်သုံးကာ ထီးချိုင့်မြို့အားပစ်ခတ်သွား

📌 ၆။ မုံရွာခရိုင် အမှတ် တပ်ရင်း - Aung San Force တွင် တာဝန်ထမ်းဆောင်လိုသော အမျိုးသမီးရဲဘော်သစ်များခေါ်ယူနေ

📌 ၇။ အောင်လံလွှင့်ချီနွေဦးထီ အပတ်စဥ်၂၆ကို နိုင်ငံတကာရှိကိုယ်စားလှယ်များထံမှလည်း  ဝယ်ယူနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ Federal Net Campaing မှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်ကူညီဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။


Federal Net Campaing မှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်ကူညီဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြားလိုက်ပါတယ်။


"မြန်မာနိုင်ငံကို Federal Democracy နိုင်ငံတော်အဖြစ်ကူးပြောင်းဖို့၊ ပညာရေး၊ ကျန်းမာရေး၊ လူသားခြင်းစာနာမှုအကူအညီပေးရေး၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးရေး စသည်တို့ အဆင်ပြေချောမွေ့လွယ်ကူ‌စေဖို့ Federal Net Campaing မှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်ကူညီကြပါစို့"လို့ ဝန်ကြီးကဆိုပါတယ်။


Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


အဆိုပါကမ်းပိန်းကိုနိုင်ငံတကာ Fundraisers များမှတဆင့် ပါဝင် ကူညီနိုင်မှာဖြစ်သလို ဝန်ကြီးဌာနရဲ့ဆိုရှယ်မီဒီယာ link တွင်လည်း ကိုယ်တိုင်ဝင်ရောက်ကူညီလို့ရပြီဖြစ်ပါတယ်။


========================


📌📌 ၂။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် NUGနိုင်ငံခြားရေး ဒုတိယဝန်ကြီး အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး တို့  တွေ့ဆုံဆွေးနွေး


ဒီဇင်ဘာ၁၆ရက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု Department of State ရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။


"အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Peters ကို NUG ဒုနိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦးနှင့်အတူ ဝါရှင်တန်ဒီစီမှာ ဒီနေ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာမှာ တိုးတက်မှု၊ စိန်ခေါ်မှုများနှင့် လူ့အခွင့်အရေးအခြေနေ၊ လူသားချင်းအကူအညီလိုအပ်မှုကိစ္စ နှငိ့ ရိုဟင်ဂျာဒုက္ခသည်အရေး ( အင်းဒိုနီးရှားရောက်ရိုဟင်ဂျာများကို ကူညီပေးရေး) ကိစ္စများဆွေးနွေးခဲ့ကြပါတယ်"လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုထားပါတယ်။


တွေ့ဆုံရာမှာ Bureau of Democracy, Human Rights and Labor Acting Deputy Assistant Secretary ဖြစ်သော Allison Laura Peters ဦးဆောင်သည့် Office of Assistance for East, South, and Central Asia Bureau of Population, Refugees and Migration ဌာန၊ Office of Global Criminal Justice ဌာန၊ Bureau of Democracy, Human Rights and Labor နှင့် Office of Mainland Southeast Asia, Bureau of East Asian and Pacific Affairs ဌာနမှ အရာရှိများနှင့်လည်း တွေ့ဆုံခဲ့ပါတယ်။


ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများ၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရသည့် ပြည်သူလူထုနှင့် အကူအညီပေးရေးကိစ္စများ၊ အခြားနိုင်ငံများသို့ လှေဖြင့် ထွက်ပြေး တိမ်းရှောင်ကြသည့် ရိုဟင်ဂျာဒုက္ခသည်များ၊ ရိုဟင်ဂျာများ၏ လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့NUG နိူင်ငံခြားရေးဝန်ကြီးဌာနကလည်းဖော်ပြထားပါတယ်။


========================


📌📌 ၃။ တန့်ဆည်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းများဇန်နဝါရီ၁၆ရက် နောက်ဆုံးထား၍  အမျိုးသားညီညွတ်ရေး အစိုးရထံ အလင်းဝင်ရန် သတိပေး


ဒီဇင်ဘာ၁၆ရက်


ဒီဇင်ဘာ၁၆ရက် Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို တန့်ဆည်မြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

က အခုလို အသိပေးထုတ်ပြန်လိုက်ပါတယ်။


တန့်ဆည်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းများဟာ ဇန်နဝါရီ၁၆ ရက်နေ့ နောက်ဆုံးထား၍ မိမိတို့၏ ဆောင်ရွက်ဆဲ ရုံးလုပ်ငန်းများကို ရပ်တန့်ပြီး ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ အမျိုးသားညီညွတ်ရေး အစိုးရထံ အလင်းဝင်ရန် သတိပေးလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။


အလင်းဝင်ရောက်မည့် Non CDM ဝန်ထမ်းများသည် အစိုးရဌာနဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တို့က ပိုင်ဆိုင်သည့် သို့မဟုတ် ယင်းတို့အား လွှဲအပ်ထားသည့် သို့မဟုတ် အသုံးပြုရန် ကြံရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာပလာ သို့မဟုတ် အခြား ပစ္စည်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမယ်လို့ဆိုပါတယ်။


CDM ဝန်ထမ်းများကို ထိထိရောက်ရောက် ကူညီခြင်း၊ တော်လှန်ရေးကို ထိထိ‌ရောက်ရောက် ပါဝင်ကူညီခြင်း ပြုခဲ့သည်ဟု အထောက်အထား ခိုင်လုံသည့် Non CDM ဝန်ထမ်းများက မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် လျှောက်ထားပါကအကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု- CDM  နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းနှင့်အညီ  စနစ်တကျ စိစစ်၍ ကာလတိုစာချုပ်ဖြင့် တာဝန်ပေးခြင်းတို့ ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။


========================


📌📌 ၄။ ရက္ခိုင်ပြည်၊ မောင်တောမြို့၊  နခခ () တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြောက်လှန့်ကာ ကျေးရွာများအတွင်းမှ ရွာသားများကိုအင်အားသုံးကာ အဓမ္မနှင်ထုတ်ခဲ့


ဒီဇင်ဘာ၁၆ရက်


 ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နေ့လယ် (:၀၀) အချိန်ခန့်က ရက္ခိုင်ပြည်၊ မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် စစ်ကောင်စီလက်အောက်ခံနခခ () တပ်ရင်းသည် မောင်တောမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံရွာသားများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြောက်လှန့်ကာ ကျေးရွာများအတွင်းမှ အင်အားသုံး အဓမ္မနှင်ထုတ်ခဲ့တယ်လို့ညီနောင်သုံးဖွဲ့ကအသိပေးဖော်ပြပါတယ်။


ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်ခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့မှ ဒေသခံ () ဦးအား လက်နက်အပြည့်အစုံကိုင်ဆောင်ကာ နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။


 အလားတူပင် ညနေ (:၂၀) အချိန်ခန့်ကလည်း မောင်တောမြို့ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနတွင် တာဝန် ထမ်းဆောင်နေသော ဒု-ဦးစီး () ဦးနှင့် အထက်တန်းစာရေး () ဦးတို့အား အင်အား (၁၂) ဦးခန့်ပါ‌သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အင်အားသုံးကာ ရုံးအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဓာတုလက်နက်သုံးကာ ထီးချိုင့်မြို့အားပစ်ခတ်သွား


ဒီဇင်ဘာ၁၆ရက်


အကြမ်းဖက်စစ်ကောင်စီတပ်မှ ဓာတုလက်နက်သုံးကာ ထီးချိုင့်မြို့အားပစ်ခတ်သွားခဲ့ပါတယ်။


ဒီဇင်ဘာ၁၆ရက်မှာ ABSDFမြောက်ပိုင်းကအသိပေးဆိုထားပါတယ်။


"ဒီဇင်ဘာ၁၅ရက်နံနက် ၁၀နာရီ အချိန်တွင် မြစ်ကြီးနားမှဆင်းလာသော တိုက်လေယာဥ် စင်းသည် ထီးချိုင့်မြို့ပတ်ဝန်းကျင်သို့ ပေါင် ၅၀၀ ဗုံးများကြဲချသည့်အပြင် လေယာဥ်ပေါ်မှ စက်သေနတ်ဖြင့်ဆွဲသွားခဲ့ပါတယ်"လို့ဆိုပါတယ်။


 လေယာဥ်ဗုံးကြဲချရာမှာ မြေပြင်တွင် ပြည်သူ့တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိသော်လည်း နေ့လည်ပိုင်းအချိန်တွင် မူးဝေအော့အန်မှုများဖြစ်ပေါ်ခဲ့တယ်လို့အတည်ပြုဆိုထားပါတယ်။


ထီးချိုင့်မြို့နယ်တွင်စကစတပ်များနှင့်တော်လှန်ရေးအင်အားစုများနှစ်ဖက် တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုများကို စကစဘက်ကလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၆။ မုံရွာခရိုင် အမှတ် တပ်ရင်း - Aung San Force တွင် တာဝန်ထမ်းဆောင်လိုသော အမျိုးသမီးရဲဘော်သစ်များခေါ်ယူနေ


ဒီဇင်ဘာ၁၆ရက်


မုံရွာခရိုင် အမှတ် တပ်ရင်း - Aung San Force တွင် တာဝန်ထမ်းဆောင်လိုသော အမျိုးသမီးရဲဘော်သစ်များခေါ်ယူနေတယ်လို့ ဒီဇင်ဘာ၁၆ရက် မှာ မုံရွာခရိုင် အမှတ် တပ်ရင်း - Aung San Forceကအသိပေးဆိုပါတယ်။


"တပ်ရင်းရုံး တပ်စိတ်၊ဆေးတပ်စိတ်၊ ရိက္ခာ နှင့် ဘတ်ဂျက် ထောက်ပို့တပ်စိတ်၊ လူထုစည်းရုံးရေး တပ်စိတ် များတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသမီး ရဲဘော်များ အလိုရှိပါတယ်။မုံရွာခရိုင် အမှတ် တပ်ရင်း - Aung San Force တွင် တာဝန်ထမ်းဆောင်လိုသော အမျိုးသမီး များ အနေဖြင့်ပြင်းပြထက်သန်သော စိတ်အားထက်သန်မှု ရှိရမည်ဖြစ်ပြီး အနည်းဆုံး နှစ် တာဝန်ထမ်းဆောင်နိုင်သူနှင့်အုပ်ထိန်းသူကိုယ်တိုင် အပ်နှံရမှာ ဖြစ်တယ်"လို့ဆိုထားပါတယ်။


လျှောက်ထားလိုသူများဟာနီးစပ်ရာ ရပ်ရွာ၏ ပအဖ၊ ပကဖ သို့မဟုတ် ရပ်မိရပ်ဖ ထောက်ခံချက် များ ပါရှိရမည်ဖြစ်ပြီးအလယ်တန်း ပညာရေး အဆင့် အောင်မြင် ပြီးမြောက်ပြီးသူ အခြေခံ စစ်သင်တန်းဆင်းနိုင်သူဖြစ်ရမယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ အောင်လံလွှင့်ချီနွေဦးထီ အပတ်စဥ်၂၆ကို နိုင်ငံတကာရှိကိုယ်စားလှယ်များထံမှလည်း  ဝယ်ယူနိုင်


ဒီဇင်ဘာ၁၆ရက်မှာ အောင်လံလွှင့်ချီ နွေဦးထီမိသားစုမှ အခုလိုအသိပေးဆိုထားပါတယ်။


"ထီအပတ်စဉ် (၂၆) ဒီဇင်ဘာလအတွက် နွေဦးထီထိုးပြီးကြပြီလား။NUGPay ဖြင့် နွေဦးထီ messenger chat boxမှာ ၂၄ နာရီပတ်လုံး ဝယ်ယူလို့ရသလို နိုင်ငံတကာရှိကိုယ်စားလှယ်များထံမှလည်း  ဝယ်ယူနိုင်ပါတယ်"လို့ဆိုထားပါတယ်။


အောင်လံလွှင့်ချီနွေဦးထီ ၂၅ကြိမ် မြောက် နိုဝင်ဘာလ အတွက် ထီဆုပေါင်း 114 ဆု၊ ကျပ်သိန်း (29,500,000) ဖိုးခန့် ထီဆုမဲများ ဖွင့်လှစ်ပေးခဲ့ပြီး ထီဆုမဲပေါက်သူများအားလည်း ဆက်သွယ်၍ ဆုမဲများ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment