အာလူးမျိုးတင်သွင်းစရိတ်ကြီးမြင့်လာလို အာလူးစိုက်ဧကတွေလျော့ကျလာ…
နိုဝင်ဘာ - ၃၀ မကြေးမုံ (Radio NUG)
ဆောင်းရာသီ အာလူးစိုက်ပျိုးချိန်ကိုရောက်လာပေမယ့် အာလူးမျိုးဈေးအပါအဝင်အာလူး စိုက်ပျိုးထုတ်လုပ်တဲ့ စရိတ်တွေမြင့်တက်လာလို စိုက်ဧကတွေလျော့ကျလာတာဖြစ်ပါ တယ်။ ဒီအခြေနေကို ဆင်ဖြူကျွန်းဒေသက အာလူးစိုက်ပျိုးသူတောင်သူတစ်ဦးကအခုလို ပြောပါတယ်။
“ အဲ့ဒါကတော့ အာလူးစိုက်ပျိုးမှုအကြီးအကျယ်ကျဆင်းသွားတာပေါ့။ ကျဆင်း သွားတယ် ဆိုတာက တရုတ်မျိုးက မျိုးကိုမရတော့ဘူးလေ”
မူဆယ်လမ်းကြောင်းကပုံမှန်တင်သွင်းနေတဲ့ အာလူးမျိုးတွေ လမ်းပိတ်လိုက်ပြီးတဲ့နောက် ပိုဝေးတဲ့ မိုင်းလား - တာလော့နယ်စပ်ဘက်ကနေတင်သွင်းရလို အာလူးမျိုးဈေးတွေ တစ်ပိ သာကို ကျပ် ၂၀၀၀လောက်မြင့်တက်သွားပါတယ်။ အာလူးတစ်ဧကစိုက်ပျိုးစရိတ်တွေ က လည်း တစ်ဧကကို မူလအရင်းအနှီးထက် ထက်ဝက်မကမြင့်တက်လာလို အရင်းအနှီး များ တဲ့ အာလူး အစား အရင်းအနှီးနည်းတဲ့ ငရုတ်သီးနှံကိုပြောင်းလဲစိုက်ပျိုးလာကြပါတယ်။ အာလူးအဓိကစိုက်ပျိုးတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဒေသမှာလည်း အားလူးစိုက် ပျိုးစရိတ် တွေကြီးမြင့်လာတာတဲ့အခြေနေကို အာလူးတောင်သူတစ်ဦးကအခုလိုပြောပါတယ်။
“ အခုကတော့ ပြောမယ်ဆိုရင် ဓာတ်မြေဩဇာတွေလည်း ဈေးတက်သွားတာ ပေါ့လေ၊ လုပ်သား ကလည်း ဒီကနေ ရွှေ့ပြောင်းလုပ်သားတွေ ကိစ္စနဲ့နည်းနည်းရှားပါးမှု ဖြစ်သွားတယ်။ သူကတော့ ကုန်ကျစရိတ်မြင့်သွားတာတစ်ခုပဲ။ ကျွန်တော်တို အရင်တုန်း က တစ်ဧကကို ၃၀၊ ၃၅ သိန်းလောက်ပဲ ကုန်တဲ့ဥစ္စာမှာ အခုအခြေနေက လက်ရှိငွေဈေးနဲ့ တစ်ဧကကို သိန်း ၆၅နဲ့ ၇၀ ကြားကိုကျသွားတယ်။ အဲ့ဒါကတော့ လက်ရှိကုန်ကျတဲ့ဟာ ပေါ့နော်။ တစ်ဧကကုန်ကျစရိတ်မြင့်သွားတော့ တစ်ပိသာကိုအနည်းဆုံး အာလူးက ၂၀၀၀ လောက်ရောင်းရရင်အဆင်ပြေတာပေါ့။ တစ်ထောင်ကျော်ရောင်းရင်တော့ရှုးတယ်။ ၁၄၀ ၀၊ ၁၅၀၀ ဆိုရင်လေ။ လက်ရှိက အဲ့လိုခင်ဗျ ”
အာလူးစိုက်ပျိုးထုတ်လုပ်ပေမယ့် အာလူးမျိုးအလုံအလောက်မရှိတာက အာလူး မျိုးတွေ ကို အအေးခန်းတွင်းသိမ်းဆည်းသိုလှောင်မှသာ မျိုးအဖြစ်ပြန်လည် စိုက်ပျိုးနိုင်မှာဖြစ်ပါ တယ်။ ရှမ်းပြည်တောင်ပိုင်းက အာလူးမျိုးထိန်းသိမ်းတဲ့ အအေးခန်း တွေက အာလူးမျိုး တန်ချိန် ၆၅၀၀ လောက်သာသိုလှောင်နိုင်ပြီး ဒီပမာဏက အာလူးစိုက် ဧက ၅၀၀၀ လောက်အတွက်ပဲ သိုလှောင်သိမ်းဆည်းနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် အာလူးမျိုးကို တရုတ်နိုင်ငံအပြင် နယ်သာလန်နိုင်ငံကပါတင်သွင်းစိုက်ပျိုးနေတာဖြစ်ပါတယ်။ တစ်နိုင်ငံ လုံးမှာအာလူး စိုက်ဧက ကိုးသောင်းနီးပါးရှိပြီး ရှမ်းပြည်နယ်နဲ့မကွေးတိုင်းဒေသကြီး ၂ခုရဲ့ စိုက်ဧကက ဧကငါးသောင်းလောက်ရှိပါတယ်။ ဒါ့အပြင်အာလူးကို ကချင်ပြည်နယ်၊ က ယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်စတဲ့ဒေသတွေမှာလည်းစိုက်ပျိုး စားသုံးကြပါ တယ်။
No comments:
Post a Comment