1st FEB 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်ကို အသက်ရှုပေါက်ပိတ်အောင် အစွမ်းကုန် ကြိုးစားနေတယ်လို့ ယာယီသမ္မတသတင်းစကားပါး

📌 ၂။ မြေပြင်မှာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လျော့ရဲနေမှုကို သက်ဆိုင်ရာများ ဖိဖိစီးစီး ဖြေရှင်းကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

📌 ၃။ (၇၅) နှစ်မြောက် (စိန်ရတု) ကရင့်တော်လှန်ရေး နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့

📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် နှင့်  ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့ တွေ့ဆုံဆွေးနွေး

📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး၊ နိုင်သုဝဏ္ဏတက်ရောက်

📌 ၆။ အကြမ်းဖက်စစ်တပ်၏ လူနည်းစုဘာသာဝင်များအပေါ် ပစ်မှတ်ထားကာ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရန်အတွက် International Religious Freedom Summitတွင် လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဆွေးနွေး

📌 ၇။ "မြို့သိမ်းရွာသိမ်း တိုက်ပွဲတွေမှာတတ်နိုင်တဲ့ ဘက်ကနေ စိတ်ပိုင်း၊ ရုပ်ပိုင်း ထောက်ပံ့ကြဖို့" ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၈။ အာဏာသိမ်းကာလ သုံးနှစ်ပြည့်ချိန်မှာ စစ်ကောင်စီသက်တမ်း ထပ်တိုး

📌 ၉။ နွေဦးထီ version 2.0 မှာ အမြင့်ဆုံး ဆုကြေးများနှင့်အတူ ဆုမဲပေါင်းနှစ်သောင်းကျော်အထိ စီစဥ်ထား


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပြန်ပေါင်းကြရန် KNU ဥက္ကဋ္ဌ ဖိတ်ခေါ်

🚩 ၂။ ဆီဆိုင်မြို့နယ်တွင် လုံခြုံရေးဆိုင်ရာကိစ္စကို ဆောင်ရွက်စဉ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့်စကစတပ်တို့ မြို့မြောက်ဘက် တနေရာတွင် တိုက်ပွဲထပ်မံဖြစ်ပွားပြီးစစ်ကောင်စီအလောင်း ၅၀ခန့်နှင့်လက်နက် ၅၀ ခန့်ကိုလည်း သိမ်းပိုက်ရရှိခဲ့

🚩 ၃။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာမှ စစ်သား နှင့် ရဲ အင်အား (၃၀) ကျော်ရှိ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးရဲဘော်များပစ်ခတ်တိုက်ခိုက်

🚩 ၄။ ကော့ကရိတ်မြို့နယ် ၈တိုင်နှင့် ၉တိုင်ကြားတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် လာရောက်ထောက်လှမ်းသော ရဲတပ်ဖွဲ့ဝင် () ဦးနှင့် စကခ   (၁၂) မှ စစ်သား () ဦးအား ဖမ်းဆီးရမိခဲ့

🚩 ၅။ ခင်ဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် လမ်းပိုင်း ခု ယာယီပိတ်ထား

🚩 ၆။ ချင်းပြည်နယ် ဟားခါးမြို့ မှ ရဲတပ်သား တစ်ဦးCDF - KKG ထံသို့ခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

Share:

Radio NUG -1st February, 2024 Morning 8:30 AM LIVE @ 16 Meter Band, 17.79 MHz




Radio NUG -1st February, 2024 Morning

8:30 AM LIVE @ 16 Meter Band, 17.79 MHz

ON-AIR & Internet Podcast


📌 Radio NUGစစ်ရေးသတင်းကောက်နုတ်ချက်-စောဒဲလူနေး(06:20)

📌 ပြည်တွင်းသတင်းများ -နွေဦးနိုင်(Radio NUG)(10:21)

📌 အရုပ်ကြိုးပြတ်သတင်းရုပ်သံ(တော်လှန်ရေးကဗျာ)-နေသွင်နိုင်း၊ ဖတ်-နွေဦးမိုး(01:04)

📌 နေ့စဉ်သတင်းများ-Nay Chi(PVTV)(04:37)

📌 အလိုမရှိ(တော်လှန်ရေးတေးဂီတ)-တေးဆို-နွေဦးပြည်သူများ(03:44)


Internet Archivehttps://archive.org/details/@pv_radio 

Podcast Channels-

(GOOGLE)  https://tinyurl.com/3y7hrp9u

(TUNEIN)https://tinyurl.com/u3ktjbr6 

(APPLE)https://tinyurl.com/5fx2d3tj

(SPOTIFY)  https://open.spotify.com/show/3pXPmpjaNZqbpDUmWf0PDy

(RadioNUG YouTube)https://www.youtube.com/c/RadioNUGMyanmar

(RadioNUG website)https://www.radionug.org/

(TELEGRAM)https://t.me/RadioNUGMyanmar


Radio NUG နေ့စဉ် လေလှိုင်းနဲ့ အွန်လိုင်းက ထုတ်လွှင့်နိုင်အောင် PVTV က အားဖြည့်ကူညီကြပါတယ်။ 

#RadioNUG

#MoCIT

#Springrevolution

#SpringRevolutionMyanmar

Share:

31st JAN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မအောင်မြင်သော စစ်အာဏာသိမ်းမှု၃နှစ်ပြည့် နယူးယောက်မြို့လူထုလှုပ်ရှားဖော်ဆောင်မှု့အခမ်းအနားပွဲအား NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်မည်

📌 ၂။ စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့အတွက်ထွက်ပေါက်ရှာမှာကို သတိပြုဖို့ နိူင်ငံခြားရေးဝန်ကြီးဆို

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှ ဂျပန်နိုင်ငံ၊ The Constitutional Democratic Party, Member of House of Representatives ဖြစ်သူ HIROYUKI MORIYAMA  အား တွေ့ဆုံခဲ့

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံသို့ ယနေ့နံနက်ပိုင်းရောက်ရှိ

📌 ၅။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာကျင်းပလျက်ရှိတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF Summit ကို နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးအတူ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်

📌 ၆။ အီတလီနိုင်ငံ ရောမမြို့တွင် နွေဦးတော်လှန်ရေးရံပုံငွေနေ့လယ်စာနှင့် လူထုဆန္ဒထုတ်ဖော်ခြင်းအစီအစဥ်မှ အလှူငွေစုစုပေါင်း ယူရိုငွေတစ်ထောင်ကျော်ရရှိ

📌 ၇။ တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ကျားဖြန့်ခေါင်းဆောင်များကိုအကြမ်းဖက်စစ်‌ကောင်စီက လွှဲပေး


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နမ့်ဖက်ကာ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၃ဝဝ ခန့် သိမ်းဆည်းရရှိ

🚩 ၂။ ချင်းပြည် (Chinland) ဒိုင်ရ်ဒေသ၊ ဟုမ်းကျေးရွာကို စကစကလေကြောင်းတိုက်ခိုက်မှု စစ်ရေးအရပြန်လည် တုံ့ပြန်မှုများလုပ်ဆောင်သွားမယ်လို့ပြောကြား

🚩 ၃။ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး

🚩 ၄။ စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ () လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက်ရယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မအောင်မြင်သော စစ်အာဏာသိမ်းမှု၃နှစ်ပြည့် နယူးယောက်မြို့လူထုလှုပ်ရှားဖော်ဆောင်မှု့အခမ်းအနားပွဲအား NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်မည်


ဇန်နဝါရီ၃၁ရက်


မအောင်မြင်သော စစ်အာဏာသိမ်းမှု၃နှစ်ပြည့် နယူးယောက်မြို့လူထုလှုပ်ရှားဖော်ဆောင်မှု့အခမ်းအနားပွဲအား NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်မယ်လို့ ဇန်နဝါရီ၃၁ရက် New York City Burmese Community (NYCBC)ကအသိပေးဆိုထားပါတယ်။


"အောင်မြင်သော စစ်အာဏာသိမ်းမှု့ သုံးနှစ်ပြည့် နယူးယောက်မြို့လူထုလှုပ်ရှားဖော်ဆောင်မှု့အခမ်းအနားပွဲအား NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက်အားပေးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အခမ်းအနားအား ဖေဖေါ်ဝါရီလ ရက် ( စနေနေ့ )နေ့လည် နာရီမှ နာရီထိကျင်းပသွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့အတွက်ထွက်ပေါက်ရှာမှာကို သတိပြုဖို့ နိူင်ငံခြားရေးဝန်ကြီးဆို


ဇန်နဝါရီ၃၁ရက်


စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့အတွက်ထွက်ပေါက်ရှာမှာကို သတိပြုဖို့ နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဇန်နဝါရီနောက်ဆုံးပတ် အမေရိကန်နိူင်ငံ ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဝန်ကြီးကပြောပါတယ်။


"(စကစ) ရှုံးနေတဲ့အတွက် ထွက်ပေါက်ရှာလိမ့်မယ်။ ဒီထွက်ပေါက်က တစုတဖွဲ့ တယောက်ရဲ့ ထွက်ပေါက် ဖြစ်ဖို့ မသင့်ဘူး။ ကျွန်မတို့ တတိုင်းတပြည်လုံး နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ပိတ်ဆို့ဖိနှိပ်ခံနေရတဲ့ စနစ်ဆိုးက လွတ်မြောက်တဲ့ ထွက်ပေါက်ဖြစ်ဖို့ လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ်စက်တင်ဘာ၇ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ကြေညာခဲ့ပြီး လက်ရှိအချိန်မှာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ မြို့သိမ်းတိုက်ပွဲများဆင်နွှဲလျက်ရှိပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှ ဂျပန်နိုင်ငံ၊ The Constitutional Democratic Party, Member of House of Representatives ဖြစ်သူ HIROYUKI MORIYAMA  အား တွေ့ဆုံခဲ့


ဇန်နဝါရီ၃၁ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်ဇန်နဝါရီ   ၂၉ ရက်နေ့ ဂျပန်နိုင်ငံ၊ The Constitutional Democratic Party, Member of House of Representatives ဖြစ်သူ HIROYUKI MORIYAMA  အား  ၎င်း၏ ရုံးခန်းမှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။


ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၌ မတရား စစ်အာဏာ သိမ်းခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအခြေအနေများ၊ စစ်အာဏာရှင်များမှ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် အနိုင်ကျင့်ခြင်း၊ တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ပြည်သူများအား လေကြောင်းမှတိုက်ခိုက်ခြင်း၊ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းအစရှိသည်တို့ကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များ တိုးပွားလာနေမှုအခြေအနေများ၊ အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေး လုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ 


အလားတူ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားသောအားဖြင့် အကူအညီများပေးအပ်ရာတွင် စစ်ကောင်စီမှတဆင့် ပေးအပ်ခြင်းမပြုဘဲ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရဖြင့်လည်းကောင်း၊ တိုင်းရင်းသားအင်အားစုများဖြင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေး စသည်တို့ကို ဂျပန်နိုင်ငံ၊ လွှတ်တော်မှတဆင့် ဂျပန်နိုင်ငံအစိုးရအား တိုက်တွန်းပြောကြားပေးနိုင်ရေး စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။


ထို့နောက်အမှတ်တရဓာတ်ပုံတို့ကိုရိုက်ကူးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံသို့ ယနေ့နံနက်ပိုင်းရောက်ရှိ


ဇန်နဝါရီ၃၁ရက်


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံသို့ ယနေ့နံနက်ပိုင်းရောက်ရှိခဲ့တယ်လို့ ဇန်နဝါရီ၃၁ရက် ကိုရီးယားနိူင်ငံ NUGကိုယ်စားလှယ်ရုံးကအသိပေးဆိုပါတယ်။


"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံသို့ ယနေ့နံနက် ဆိုက်ရောက်ပါတယ်။ဝန်ကြီးအား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်နှင့် ရုံးအဖွဲ့ဝင်များ၊ တော်လှန်ရေးမောင်နှမများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်"လို့ဆိုပါတယ်။


လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းသည် ကိုရီးယားနိုင်ငံမှ လွှတ်တော်အမတ်များ၊ လူ့အခွင့်အရေးကော်မရှင် နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ စည်းဝေးပွဲများကျင်းပရန်အလုပ်သဘော ရောက်ရှိလာခြင်း ဖြစ်ပါတယ်။


ဝန်ကြီးနှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ရက်နေ့တွင် ဘူဆန်မြို့၌ ကျင်းပမှာဖြစ်ပါတယ်။


========================


📌📌 ၅။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာကျင်းပလျက်ရှိတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF Summit ကို နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးအတူ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်


ဇန်နဝါရီ၃၁ရက်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာကျင်းပလျက်ရှိတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF Summit ကို နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးအတူ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်ခဲ့ကြောင်းကို ဇန်နဝါရီ၃၁ရက်မှာ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကအသိပေးဆိုထားပါတယ်။


"အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ဇန်နဝါရီ ၂၉ မှ  ၃၁ ရက်နေ့အထိ ကျင်းပလျက်ရှိတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF Summit ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးအတူတက်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမြန်မာနိူင်ငံတွင်အကြမ်းဖက်စကစမှ လူ့အခွင့်ရေးချိုးဖောက်မှုအပါအဝင် နယ်မြို့များရှိဘုရား၊စေတီနှင့်ဘာသာရေးအဆောက်အအုံများကိုပါ မီးရှို့ဖျက်ဆီးလျက်ရှိနေပါတယ်။


========================


📌📌 ၆။ အီတလီနိုင်ငံ ရောမမြို့တွင် နွေဦးတော်လှန်ရေးရံပုံငွေနေ့လယ်စာနှင့် လူထုဆန္ဒထုတ်ဖော်ခြင်းအစီအစဥ်မှ အလှူငွေစုစုပေါင်း ယူရိုငွေတစ်ထောင်ကျော်ရရှိ


ဇန်နဝါရီ၃၁ရက်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့၊ အီတလီနိုင်ငံ ရောမမြို့တွင် နွေဦးတော်လှန်ရေးရံပုံငွေနေ့လယ်စာနှင့် လူထုဆန္ဒထုတ်ဖော်ခြင်းအစီအစဥ်ကို ရောမရှိမြန်မာပြည်ဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကျင်းပခဲ့ရာအလှူငွေစုစုပေါင်း ယူရိုငွေတစ်ထောင်ကျော်ရရှိခဲ့ပါတယ်။


ကမ္ဘာအနှံ့ မြန်မာ့အရေးအတွက် တောင်းဆိုလျက်ရှိသော အကြမ်းဖက် ဖက်ဆစ်စစ်တပ်ထံ လေယာဥ်ဆီဖြတ်တောက်ရေး၊ ပြည်သူများထံမှ မတရားကောက်ခံရန်ကြိုးစားနေသည့် သွေးစွန်းခွန်များဖြတ်တောက်ရေး၊ နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ရေးတို့အတွက် အတူဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ရံပုံငွေနေ့လယ်စာအတွက် မတည်ငွေ ပါဝင်လှူဒါန်းကြသူများ၊ လုပ်အားဖြည့် ကူညီပေးကြသူများ အားလုံးကို အထူးလေးစားစွာ ကျေးဇူးတင်ရှိကြောင်းဆိုထားပြီးအလှူငွေစုစုပေါင်း Euro 1350 ကိုလည်း နွေဦးတော်လှန်ရေးအတွက် ပါဝင်လှူဒါန်းသွားကြမယ်လို့သိရပါတယ်။


========================


📌📌 ၇။ တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ကျားဖြန့်ခေါင်းဆောင်များကိုအကြမ်းဖက်စစ်‌ကောင်စီက လွှဲပေး


ဇန်နဝါရီ၃၁ရက်


တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ကျားဖြန့်ခေါင်းဆောင်များကိုအကြမ်းဖက်စစ်‌ကောင်စီက လွှဲပေးလိုက်တယ်လို့သတင်းရရှိပါတယ်။


ဇန်နဝါရီလ ၃၀ရက်ညပိုင်းမှာတရုတ်ရဲတပ်ဖွဲ့ကအထူးလေယာဥ်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။


လေယာဥ်ပေါ်သို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။


ဖမ်းဆီးသွားသူများကို ခေါင်းအားအဝတ်မည်းအုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်တွင် ခေါင်းစွပ်များဖွင့်ပြီးတရုတ်သတင်းဌာနများသို့ချပြခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

Share: