16th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ /၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသလို၊ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးသဘောထားကိုလည်း ချမှတ်ထားတယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM Success Committee အနေဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (/၂၀၂၄)ကျင်းပ

📌 ၃။ NUG လူသားစာနာဝန်ကြီးဌာနက CDM များနှင့် စစ်ဘေးသင့်သူများကို ကန်ဒေါ်လာ သန်းကျော် ထောက်ပံ့ထား

📌 ၄။ မအူပင်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသူများကို လုံခြုံရေး အကြောင်းပြပြီး လိင်အင်္ဂါများကို စမ်းသပ်စစ်ဆေးမှုများလုပ်ဆောင်နေ


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရသေ့တောင် ရေစိုးချောင်းဗျူဟာကုန်းမှ တပ်ဆုတ်လာသည့် စစ်ကောင်စီအဖွဲ့ကို AA ကြားဖြတ်တိုက်ခိုက်၊  ဗျူဟာမှူးအပါအဝင် ၁ဝဝ ကျော် အရှင်ဖမ်းမိ

🚩 ၂။ ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က ဒေသခံများကို ပစ်မှတ်ထားတိုက်ခိုက်

🚩 ၃။ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိုင်းငင်းစစ်ကောင်စီစခန်းကို သိမ်းပိုက်

🚩 ၄။ ဘီးလင်းမြို့နယ် အခြေစိုက် ဝင်းတာပန် တပ်စခန်းမှ စစ်ကောင်စီ တပ်သားတစ်ဦး KNU တပ်မဟာ () ထံ လက်နက်ချ 



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ /၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသလို၊ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးသဘောထားကိုလည်း ချမှတ်ထားတယ်လို့ ယာယီသမ္မတပြောကြား


ဇန်နဝါရီ ၁၆ ၂၀၂၄


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက 

ယာယီသမ္မတ ဒူဝါလရှီးလက  အခု ၂၀၂၄ ခုနှစ်မှာ ပြည်တွင်း နိုင်ငံရေးနဲ့ စစ်ရေး ဖြစ်ပေါ် တိုးတက်မှုတွေဟာ အပြောင်းအလဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော် တို့ဟာ ပြောင်းလဲဖြစ်တည်လာတဲ့ စစ်ရေးနဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မျက်ခြေပြတ်လို့ မရပါဘူး။


 အခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနအသီးသီးမှာ ဆိုင်ရာဆိုင်ရာ နယ်ပယ်အလိုက် မဟာဗျူဟာ အစီအမံတွေကို ထပ်မံအကောင်အထည် ဖော်နေပြီလို့ ယုံကြည်ပါတယ်။ 

 ကျွန်တော်တို့အနေနဲ့ မဟာမိတ်ညီညွတ်ရေးတပ်ပေါင်းစု စိတ်ဓာတ်ဟာ တစ်နေ့တစ်ခြား ပိုပြီး အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်လာနေတယ်ဆိုတာ သတိချပ်ဖို့ လိုပါတယ်။ အခုဆိုရင် ဒေသတွင်း ပထဝီနိုင်ငံရေး အားပြိုင်မှုတွေကိုလည်း ကျွန်တော်တို့ ကြုံနေရပါတယ်။ 


 နွေဦးတော်လှန်ရေးမှာ ရရှိထားတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဟာ သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေး အင်အားစု အသီးသီးရဲ့ ဆုံချက် တစ်ခု ဖြစ်တာ ထင်ရှားပါတယ်။ ဒါ့ကြောင့်ခွင့်သာ ခိုက်မှာ အတူတကွ ရုန်းကြဖို့ကျွန်တော်တို့အားလုံး မပေါ့မလျော့ဘဲ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ဖို့ လိုပါတယ်။ တော်လှန်ရေးခရီးဆိုတာ အစဉ်အမြဲ တစ်ဖြောင့်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ အတက်အဆင်းတွေ ရှိမှာ ဖြစ်သလို၊ အချိုးအကွေ့တွေကိုလည်း ကြုံကြရမှာ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေမျိုးနဲ့ပဲ ကြုံသည်ဖြစ်စေ၊ ကျွန်တော်တို့ဟာ မူလပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးကို လျစ်လျှူရှုပြီး လုပ်ဆောင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော့်အနေနဲ့ ရဲရဲဝံ့ဝံ့ ယုံကြည်ပါတယ်လို့ ပြောကြားပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးမူကို ထိပါးစေ တဲ့ နိုင်ငံရေး ထောင်ချောက်တွေကို သတိထား ရှောင်ရှားကြဖို့ အလေးအနက်ထား ပြောကြားလို ပါတယ်။  လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM Success Committee အနေဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (/၂၀၂၄)ကျင်းပ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ၁၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM Success Committee အနေဖြင့် ဆောင်ရွက်ထားရှိသည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခြင်းအစီအစဥ်တစ်ရပ် ထည့်သွင်းကျင်းပခဲ့သည်။


အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး CDM များနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်မည့် အလားအလာများအား သိရှိခွင့်ရမည်ဖြစ်၍ ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။


တစ်ဆက်တည်းမှာပဲ CDM Success Committee မှ အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး ချမှတ်ထားသည့် ရည်ရွယ်ချက်များနှင့်အညီ ဝင်ငွေတိုးလုပ်ငန်းပံ့ပိုးရေး ၊ကျန်းမာရေးကူညီစောင့်ရှောက်ရေး စိတ်လူမှုကျန်းမာရေးအထောက်အကူပေးရေး၊ ဘဏ္ဍာရေးထောက်ပံ့ရေးစသည့်အဖွဲ့များကို ဖွဲ့စည်းထားရှိ၍ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း သိန်းပေါင်းနှစ်သောင်းနှစ်ထောင်ကျော်အား ဝန်ကြီးဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်း CDM ဦးရေ (၄၀,၂၈၄) ဦးအား ထောက်ပံ့မှုပေးနိုင်ခဲ့ပြီး CDM Success Committeeနှင့် ချိတ်ဆက်ထားသော CDM နိုင်ငံ့သူရဲကောင်း (၂၁၀,၆၃၉)အနက်မှ (၂၀%) ခန့်ကိုသာ အရေးပေါ်လိုအပ်ချက်အတွက်  မြန်မာ ကျပ်ငွေ သန်း(၄၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။


 ထို့နောက် တက်ရောက်လာသူများက သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပို့ချပြီးနောက် ဝင်ငွေရရှိမှုတိုးတက်လာခြင်းအား စိစစ်ထားရှိမှုအခြေအနေ၊ နွေဦးထီ၏ လုပ်ငန်းစဥ်များ၊ အလင်းဝင် Non-CDM နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာတာဝန်ခံများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု စသည်တို့အား မေးမြန်းဆွေးနွေးအကြံပြုကာ ကော်မတီမှ ဝာာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား၍ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့သည်။


========================


📌📌 ၃။ NUG လူသားစာနာဝန်ကြီးဌာနက CDM များနှင့် စစ်ဘေးသင့်သူများကို ကန်ဒေါ်လာ သန်းကျော် ထောက်ပံ့ထား


အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ CDM များနှင့် စစ်ဘေးသင့်သူများအပါအဝင် လူသားချင်းစာနာမှု အကူအညီလိုအပ်သူများကို ကန်ဒေါ်လာ သန်း ကျော် ထောက်ပံ့ပေးထားတယ်လို့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။


 NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ အထိ ဒေသအလိုက် လူသားချင်းစာနာမှု အကူအညီ အဖြစ် ငွေကျပ် ၁၀ ဒသမ ၅၁ ဘီလီယံကျပ်နဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ ဒသမ ၀၁သန်း  ထောက်ပံ့ ပေးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 


အဆိုပါ လူသားချင်းစာနာမှု အကူအညီများကို အကြမ်းဖက်စစ်တပ်၏ မီးရှို့ဒဏ်ခံ ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် နေရပ် စွန့်ခွာပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ ကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် အာဏာဖီဆန် CDM နိုင်ငံ့ဝန်ထမ်းများ၊ သဘာဝဘေး အန္တရာယ်ဒဏ်ခံရသူများ၊ အသိပညာ ပေးလုပ်ငန်းများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများ လက်ဝယ်ရောက်ရှိအောင် ဒေသခံမိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ လူသားစာနာတာဝန်ခံများ၊ စေတနာ့ဝန်ထမ်းပြည်သူများနှင့် လက်တွဲချိတ်ဆက်ပြီး ကြိုးစား ပံ့ပိုးကူညီပေးစီစဉ်ဆောင်ရွက်ပေး ခဲ့တယ်လို့ ဆိုပါတယ်။ 


========================


📌📌 ၄။ မအူပင်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသူများကို လုံခြုံရေး အကြောင်းပြပြီး လိင်အင်္ဂါများကို စမ်းသပ်စစ်ဆေးမှုများလုပ်ဆောင်နေ


ဇန်နဝါရီ ၁၆။


ဧရာဝတီတိုင်း မအူပင်အကျဉ်းထောင်မှာ နိုင်ကျဉ်းအမျိုးသမီးများကို ရုံးထွက်ရုံးပြန် ချိန်များမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနှင့် ဖိနှိပ်မှုများကို ကျူးလွန်လျှက် ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် (PPNM) က ဇန်နဝါရီ ၁၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထား ပါတယ်။


လုံခြုံရေးကို အကြောင်းပြကာ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများကို တရားရုံးထုတ်သွားချိန်နဲ့ ပြန်လာချိန်များတွင် ရုပ်ရင်းကြမ်းတမ်းစွာပြောဆိုပြီး အဆောင်ရှေ့ လူမြင်ကွင်းတွင် အင်္ကျီ၊ ထမီများနဲ့ အတွင်းခံများကိုပါ ချွတ်ခိုင်းကာ  အဝတ်ဗလာမဲ့ထား ရှာဖွေမှုများကို အမြဲတစေ ဆောင်ရွက်နေတယ် လို့ PPNM က ဆိုပါတယ်။


ထို့အပြင် ပိုမိုဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုဖြစ်တဲ့ အမျိုးသမီး လိင်အင်္ဂါနဲ့ စအို အတွင်းထဲ အထိကို လက်ဖြင့်နှိုက်၍ ရှာဖွေခြင်းများကိုပါ ကျူးလွန်နေကြပြီး အပျိုအရွယ် နိုင်ကျဉ်း အမျိုးသမီးငယ်များကိုပင်  ဓမ္မတာလာနေချိန်မှာတောင် အဝတ်ဗလာချွတ်ခိုင်းပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့ အသိပေး ထားပါတယ်။


 အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါကို ရှာဖွေစစ်ဆေးတာတွေ သူတို့ကို အဝတ်ဗလာမဲ့နဲ့ လူမြင်ကွင်းမှာ ထားတာတွေက လုံးဝကို မဖြစ်သင့်ဘူးလို့  PPNM မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။


  လျှို့ဝှက်ရေးသားထားတဲ့ စာများပါမပါ စစ်ဆေးသည် ဆိုသော အကြောင်းပြချက်ဖြင့် နိုင်ကျဉ်း အမျိုးသမီးများ၏ အရှက်သိက္ခာနှင့် လူ့ဂုဏ်သိက္ခာကို ထိခိုက်အောင်အထိ ပြုမှုဆောင်ရွက်မှုများကို အမျိုးသမီး အဆောင်မှုး ဒေါ်မေဇင်ထွန်းက ဦးဆောင်ပြီး အကျဉ်းထောင်ဝန်ထမ်း (အမျိုးသမီး) များက ပူးပေါင်းကျူးလွန် နေကြတာ ဖြစ်ပါတယ်။


အမျိုးသမီး အချင်းချင်းမို့သာ ကျွန်တော်တို့ လျော့ပေါ့ပြီး ပြောနေတာဖြစ်တယ်၊ တကယ်ဆို အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲ ဖြစ်ဖြစ် ဒီလိုမျိုးအလိုမတူဘဲ လိင်အင်္ဂါကိုနှိုက်တာက အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်။လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။


ယခုကျူးလွန်မှုများကို စေခိုင်းသူများ၊ ပါဝင်ပတ်သက်သူများနဲ့ ကျူးလွန်ခဲ့ကြတဲ့ သူများကို အကူးအပြောင်းကာလ တရားမျှတမှု ဖော်ဆောင်ရာတွင် ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးများအတွက် တရားမျှတမှုရရှိစေဖို့ ပြည်သူ့တရားရုံးများမှတဆင့် ပြန်လည်တရားစွဲဆိုနိုင်ရန် လုပ်ဆောင်သွားမယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်က အသိပေး ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ရသေ့တောင် ရေစိုးချောင်းဗျူဟာကုန်းမှ တပ်ဆုတ်လာသည့် စစ်ကောင်စီအဖွဲ့ကို AA ကြားဖြတ်တိုက်ခိုက်၊  ဗျူဟာမှူးအပါအဝင် ၁ဝဝ ကျော် အရှင်ဖမ်းမိ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာရှိတဲ့ ရေစိုးချောင်းဗျူဟာကုန်းကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ရခိုင့်တပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗျူဟာမှူးအပါအဝင် အင်အား ၁ဝဝ ကျော် အရှင် ဖမ်းဆီးရမိထားတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ရသေ့တောင်မြို့နယ်မှာရှိတဲ့ ရေစိုးချောင်းဗျူဟာကုန်းကို ရခိုင့်တပ်တော် AA က ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


စစ်ကောင်စီအတွက် အချက်အချာကျတဲ့ ဗျူဟာကုန်းတွေကို ရခိုင့်တပ်တော်က တခုပြီးတခုသိမ်းပိုက်နေတာ ကို တောင့်မခံနိုင်တော့တာကြောင့် ရေစိုးချောင်းဗျူဟာကုန်းက ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာလို့ ဆိုပါတယ်။ 


အဲဒီလို စခန်းစွန့်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ လက်နက်ချအညံ့ခံတာမဟုတ်ဘဲ ၎င်းတို့ကိုလာခေါ်တဲ့ စစ်ရေ ယာဉ် စင်းထံသွားဖို့ မညှင်းတောင်ကျေးရွာကနေ ထွက်လာချိန်မှာ AA က လေးဘက်လေးတန် ပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 


အဆိုပါဗျူဟာကုန်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရခိုင့်တပ်တော် AA က  လိုက်လံရှင်းလင်းခဲ့ရာမှာ မောင်တောမြို့မြောက်ဘက် ခမောင်းဆိပ်ရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ဝ ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ AA က ထုတ်ပြန် ထားပါတယ်။


========================


🚩🚩 ၂။ ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က ဒေသခံများကို ပစ်မှတ်ထားတိုက်ခိုက်


ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA တို့ကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က ရခိုင်ဒေသခံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ညီနောင် မဟာမိတ် ဖွဲ့က ထုတ်ပြန်ပါတယ်။ 


၁၀၂၇ စစ်ဆင်ရေး ၈၁ ရက်မြောက် တိုက်ပွဲသတင်းတွေကို ထုတ်ပြန်ရာမှာ အသိပေးဖော်ပြထားတာ ဖြစ်ပါတယ်။ 


ကျောက်တော်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ စကခ - နဲ့ မဟာမုနိဘုရားမှာ ယာယီအခြေချတပ်စွဲ နေတဲ့စခန်းက အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မဟာမုနိကျေးရွာက အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အနီးအနား‌ကျေးရွာတွေမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ကြောင့် နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်


ထို့အတူ မင်းပြားမြို့မှာလည်း စစ်ကောင်စီရဲ့ ခမရ -၃၇၉ တပ်ရင်းက အရပ်သားပြည်သူများနေထိုင်ရာ အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ဆင်ကြီးပြင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် နှစ်အရွယ် မွတ်ဆလင်‌ယောကျာ်းလေးတဦး ပြင်းထန်ဒဏ်ရာ ရခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ 


ထို့အပြင် အင်အား ၅ဝ ကျော်ပါတဲ့စစ်ကောင်စီတပ်ဖွဲ့က လက်နက်အပြည်အစုံနဲ့ စစ်တွေမြို့နယ် တောကန် ကျေးရွာကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်အလုံး ၈ဝ မီးလောင်ပျက်စီးခဲ့သလို ကျန်းမာရေး မကောင်းတဲ့ အသက် ၇ဝ ကျော်အရွယ်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးကို သတ်ဖြတ်ပြီး မီးလောင်တိုက် သွင်းခဲ့တယ်လို့ အသိပေးထားပါတယ်။


အလားတူ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ ၃၇၇ နဲ့ ၃၇၈ တပ်ရင်းများကလည်း အနီးမှာရှိတဲ့ ဘောင်းဒွတ်ကျေးရွာက လူနေအိမ်အများအပြားကိုလည်း ရည်ရွယ်ချက်ရှိရှိ မီးရှိဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်တိုမှာလည်း စစ်ကောင်စီက ကုန်းလမ်းပိတ်ဆိုထားပြီး လေကြောင်း၊ ရေကြောင်းတို့ကနေ လက်နက်အင်အားနဲ့လူအင်အား ဖြည့်တင်းနေတဲ့အကြောင်းလည်း ညီနောင် ၃ဖွဲ့ က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိုင်းငင်းစစ်ကောင်စီစခန်းကို သိမ်းပိုက်


ချင်းပြည်နယ် တီးတိန်မြို့နယ်မှာရှိတဲ့ သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ CDF-CDM (Siyin) က ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။


စစ်ရေးနဲ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ သိုင်းငင်း စစ်ကောင်စီစခန်းကို ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။


သိုင်းငင်းမှာ စစ်ကောင်စီတပ်စခန်း ခုရှိပြီး ခုကို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကာ နောက်ဆုံးကျန်နေတဲ့စခန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 


တိုက်ပွဲအတွင်းမှာ စခန်းမကျစေရေးအတွက် စစ်ကောင်စီဘက်က ကလေးမြို့နယ်ဘက်ကနေ လက်နက်ကြီး တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းကနေလည်း နေ့စဉ်ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။  


ပေးဆပ်မှုများစွာနဲ့ သိမ်းယူခဲ့ရတဲ့စခန်းတခုဖြစ်တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ 


တိုက်ပွဲအတွင်း ချင်းတော်လှန်ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ဦးထက်မနည်း ကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ လည်းရှိတယ်လို့ သိရပါတယ်။ 


သိုင်းငင်းစစ်ကောင်စီစခန်းကို ချင်းတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ CNA CDF CDM (Siyin) CDF KKG CDF Thantlang CDF Hakha PDA နဲ့ CDF Hualngoram တို့က ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေက စပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဘီးလင်းမြို့နယ် အခြေစိုက် ဝင်းတာပန် တပ်စခန်းမှ စစ်ကောင်စီ တပ်သားတစ်ဦး KNU တပ်မဟာ () ထံ လက်နက်ချ 


ဇန်နဝါရီ ၁၆။


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၁၀ မှ စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့ အတူ KNU တပ်မဟာ () ထံမှာ လက်နက်ချ CDM ပြုလုပ်ခဲ့တယ်လို့ သထုံခရိုင် တပ်မဟာ () PDF တာဝန်ခံ ကိုအေးမင်းထွန်းထံက သိရပါတယ်။


ဇန်နဝါရီလ ၁၁ ရက်က စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - (စကခ ) လက်အောက်ခံ ခြေမြန်တပ်ရင်း - (ခမရ ၄၁၀) ဆက်သွယ်ရေးတပ်က တပ်သား စိုးနိုင်ဝင်းဟာ လက်နက်ခဲယမ်းများ နှင့်အတူ KNU တပ်မဟာ () KNDO တပ်ရင်း () ထံဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


သူက ဒီအာဏာသိမ်းပြီး နောက်ပိုင်းမှာ CDM ဝင်ဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့တယ်ပေါ့၊ လက်ရှိစစ်အာဏာရှင် အုပ်ချုပ်မှုစနစ်တွေကိုလည်း သူမကြိုက်ဘူးပေါ့နော်၊ အာဏာသိမ်းတာကိုလည်း မကြိုက်ဘူးပေါ့၊ အဲ့ဒါကြောင့်ထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်၊ ဒီတစ်ကြိမ်မှပဲ ထွက်ဖြစ်တာပေါ့ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပြပါတယ်။


CDM စစ်သား ဝင်းနိုင်စိုးက သူနဲ့အတူ MA-3 သေနတ် တစ်လက်၊ ကျည်အိမ် ခု၊ ကျည်ဆန် ၂၅၃ တောင့်၊ လက်ပစ်ဗုံး လုံး၊ အီနာဂါဗုံးသီး လုံး တို့ကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။


အခုလို လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ CDM စစ်သား ဝင်းနိုင်စိုးကို KNU က ဂုဏ်ပြုငွေတစ်ချို့ ထောက်ပံပေးအပ်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ချီးမြှင့်ငွေ ရရှိဖို့ ကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေး ထားတယ်လို့ ဆိုပါတယ်။


NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ စက်တင်ဘာ ရက်မှာ ထုတ်ပြန်ထားတဲ့ စာရင်းအရ အာဏာသိမ်းကာလ နှစ်ခွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ စစ်သား နဲ့ ရဲ ၁၄,၀၀၀ ကျော် CDM ပြုလုပ်ထားတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment