16th JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တောင်သူလယ်သမားကြီးများ လိုအပ်သော စိုက်ပျိုးရေရရှိရေးနှင့် စစ်ဘေးရှောင်ဒေသများအတွက် သောက်သုံး ရေရရှိရေး နည်းပညာပေးခြင်း၊ ပံ့ပိုးလုပ်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်နေ

📌 ၂။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၀.၅၁)ဘီလီယံကျပ်ကို ထောက်ပံ့ပေးနိုင်ခဲ့

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၄။ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီ နှင့် ရန်ကုန်တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့က ရေးတောင်ပိုင်းရှိ ဒေါနစစ်ကြောင်းသို့ မြေပြင်ကွင်းဆင်း၍ရဲဘော်များနှင့် တွေ့ဆုံခဲ့

📌 ၅။ သိန်းပေါင်းနှစ်သောင်းနှစ်ထောင်ကျော်အား ဝန်ကြီးဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်း CDM ဦးရေ လေးသောင်းကျော်အား ထောက်ပံ့မှုပေးနိုင်ခဲ့

📌 ၆။ နတ်တလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ကြောင့် မီးဘေးသင့်ခဲ့သူများကို တော်လှန်ရေးအင်အားစုများက ကျပ် ၁ဝ သိန်း ထောက်ပံ့

📌 ၇။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ တွင်   စစ်ကောင်စီနှင့် လက်အောက်ခံ ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသော အမိန့်၊ စစ်အုပ်ချုပ်ရေးများ အားလုံးကို  ဖျက်သိမ်းကြောင်း MNDAA က ကြေညာ  


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) အခြေခံစစ်ပညာသင်တန်း၊အပတ်စဉ်()ကျင်းပ

🚩 ၂။ စစ်ကောင်စီသည် အပစ်ခတ်ရပ်စဲရေးလက်မှက်ကို နေ့စဉ် အကြိမ်ကြိမ်ချိုးဖောက်နေဟု TNLA ပြော

🚩 ၃။ ဆမီးမြို့တွင် ရခိုင်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ တိုက်ခိုက်

🚩 ၄။ ဟံလင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်များတိုက်ခိုက်

🚩 ၅။ အင်းစိန်CIDရုံးဂိတ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ

🚩 ၆။ ထီးချိုင့်မြို့ရဲ့နေရာအများစုက အရပ်သားနေအိမ်များကို စကစတပ်များမီးရှို့ထား

🚩 ၇။ စစ်တွေမြို့ တောကန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တောင်သူလယ်သမားကြီးများ လိုအပ်သော စိုက်ပျိုးရေရရှိရေးနှင့် စစ်ဘေးရှောင်ဒေသများအတွက် သောက်သုံး ရေရရှိရေး နည်းပညာပေးခြင်း၊ ပံ့ပိုးလုပ်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်နေ


ဇန်နဝါရီလ ၁၅ရက်။

တောင်သူလယ်သမားကြီးများ လိုအပ်သော စိုက်ပျိုးရေရရှိရေးနှင့် စစ်ဘေးရှောင်ဒေသများအတွက် သောက်သုံးရေရရှိရေး နည်းပညာပေးခြင်း၊ ပံ့ပိုးလုပ်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။


ဇန်နဝါရီလ ၁၅ရက်မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် အကြမ်းမဖက် အာဏာဖီဆန်ကြသော စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၊ မြေပြင် ပံ့ပိုးကူညီကြသူများ၊ ကျေးလက်နေတောင်သူနှင့် ပြည်သူလူထုတို့ အတူတကွ ပေါင်းစည်းကြိုးပမ်းမှုအင်အားများနှင့်အတူ တော်လှန်ရေးအရှိန်အားကောင်းပြီး စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေများ၌ စားနပ်ရိက္ခာဖူလုံရေး၊ လက်လှမ်းမီ ရရှိစေရေးနှင့် အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ရေး တို့ကို ရည်ရွယ်ပြီး တောင်သူ၊ မွေးမြူသူများ အကျိုးရှိစေမည့် မျိုးစေ့ထုတ်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ ဖော်ဆောင်ခြင်းတို့ကိုလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။


ထို့အပြင် သဘာဝမြေဩဇာများ ထုတ်လုပ်ဖြန့်ဝေခြင်း၊ ကျရောက်တတ်သော ပိုးမွှားရောဂါများကို တားဆီးကာကွယ်ခြင်း၊ တောင်သူလယ်သမားကြီးများ လိုအပ်သော စိုက်ပျိုးရေရရှိရေးနှင့် စစ်ဘေးရှောင်ဒေသများအတွက် သောက်သုံး ရေရရှိရေး နည်းပညာပေးခြင်း၊ ပံ့ပိုးလုပ်ဆောင်ပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးကထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၀.၅၁)ဘီလီယံကျပ်ကို ထောက်ပံ့ပေးနိုင်ခဲ့


ဇန်နဝါရီလ ၁၅ရက်။

လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၀.၅၁)ဘီလီယံကျပ်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက တရားဝင်အသိပေးဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆)မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)အထိ ဒေသအလိုက် လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၀.၅၁)ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ .၀၁သန်း)ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ လူသားချင်းစာနာမှု အကူအညီများကို အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ မီးရှို့ဒဏ်ခံ ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည့် နေရပ်စွန့်ခွာပြည်သူများ၊ တော်လှန်ရေး၌ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ အာဏာဖီဆန် CDM နိုင်ငံ့ဝန်ထမ်းများပါဝင်တယ်လို့သိရပါတယ်။


လူသားချင်းစာနာမှုအကူအညီ အမှန်တကယ်လိုအပ်နေသည့် ပြည်သူများအတွက် တော်လှန်ရေး၏ နှစ်နီးပါးကာလအတွင်း အဖက်ဖက် အကျပ်အတည်းများကြားမှ တော်လှန်အောင်စိတ်ဖြင့် ပါဝင်လှုပ်ရှားလှူဒါန်းပေးလျက်ရှိကြသော အလှူရှင်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်အထူးတင်အပ်တယ်လို့ လူသားစာနာဝန်ကြီးဌာနကဆိုပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ


ဇန်နဝါရီလ ၁၅ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄)ကို ဇန်နဝါရီလ ၁၅ရက်ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊အတွင်း‌ရေးမှူးအဖွဲ့ဝင်၊  ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီ နှင့် ရန်ကုန်တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့က ရေးတောင်ပိုင်းရှိ ဒေါနစစ်ကြောင်းသို့ မြေပြင်ကွင်းဆင်း၍ရဲဘော်များနှင့် တွေ့ဆုံခဲ့


ဇန်နဝါရီလ ၁၅ရက်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏   ဒု-ဝန်ကြီး ဦးကျော်နီနှင့် ရန်ကုန်တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ‌‌ပြည်သူကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဒေါနစစ်ကြောင်းသို့ မြေပြင်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ကာ ရဲဘော်များနှင့် တွေ့ဆုံခဲ့ပါတယ်။


 တွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံပြောကြားရာ"ရန်သူတွေက တစ်နေ့တစ်နေ့ အင်အားယုတ်လျော့လာတာမြင်နေရပြီး  မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့က ဒီလို မဟာမိတ်တပ်ပေါင်းစုတွေ ဖြစ်ပေါ်မှုကို မြင်ရတာဟာကျွန်‌တော် အင်မတန်ဝမ်းသာမိပါတယ်" လို့ ဒုဝန်ကြီး က ပြောကြားခဲ့ပါတယ်။


ထို့နောက် တော်လှန်ရေးမှာ ၃နှစ်နီးပါးကာလအတွင်း အောင်မြင်မှု၊ ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရသည့် ရဲဘော်များ၏ စိတ်ဓါတ်ခွန်အားတက်ကြွစေရန်လည်း အားပေးစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ သိန်းပေါင်းနှစ်သောင်းနှစ်ထောင်ကျော်အား ဝန်ကြီးဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်း CDM ဦးရေ လေးသောင်းကျော်အား ထောက်ပံ့မှုပေးနိုင်ခဲ့


ဇန်နဝါရီလ ၁၅ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM Success Committee အနေဖြင့် ဆောင်ရွက်ထားရှိသည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြရာမှတဆင့်သတင်းရရှိပါတယ်။


CDM Success Committee မှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဥက္ကာက ကော်မတီ၏ လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာတွင် "၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း သိန်းပေါင်းနှစ်သောင်းနှစ်ထောင်ကျော်အား ဝန်ကြီးဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်း CDM ဦးရေ (၄၀,၂၈၄) ဦးအား ထောက်ပံ့မှုပေးနိုင်ခဲ့ပြီး CDM Success Committeeနှင့် ချိတ်ဆက်ထားသော CDM နိုင်ငံ့သူရဲကောင်း (၂၁၀,၆၃၉)အနက်မှ (၂၀%) ခန့်ကိုသာ အရေးပေါ်လိုအပ်ချက်အတွက်  မြန်မာ ကျပ်ငွေ သန်း(၄၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်း"ပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ CDM Success Committee မှ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဥက္ကာနှင့် Taskforce အသီးသီးမှ တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ နတ်တလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ကြောင့် မီးဘေးသင့်ခဲ့သူများကို တော်လှန်ရေးအင်အားစုများက ကျပ် ၁ဝ သိန်း ထောက်ပံ့


ဇန်နဝါရီလ ၁၅ ရက်။ 

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့ရသူတွေကို တော်လှန်ရေးအင်အားစုများက ကျပ် ၁ဝ သိန်း ထောက်ပံ့ခဲ့ တယ်လို့ Phoenix D F က ထုတ်ပြန်ထားပါတယ်။ 


နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေက မီးဘေးသင့်ဒေသခံတွေကို  တောင်ညိုတော်လှန်ရေးအထောက်အကူပြုအဖွဲ့က ဇန်နဝါရီ ၁၄ ရက်မှာ ထောက်ပံ့လှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။ 


အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် တောင်ညိုတော်လှန်ရေးအထောက်အကူပြုအဖွဲ့ရဲ့ လှူဒါန်းငွေကို နတ်တလင်းမြို့နယ်အခြေစိုက်‌ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Phoenix DF တပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်မိုးကြိုး နဲ့  MRF - Nattalin တပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်နေ တို့ဟာ ရဲဘော်များနဲ့အတူ သွားရောက်ထောက်ပံ့ခဲ့‌တာလည်း ဖြစ်ပါတယ်။ 


စစ်ကောင်စီတပ်က နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံ‌များရဲ့ နေအိမ် တွေနဲ့ စစ်ရှောင်တဲတွေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီး မီးရှိဖျက်ဆီးခဲ့သလို ဒေသခံစစ်ရှောင် ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 


စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နတ်တလင်းမြိုနယ် တောင်ညိုဆည်အထက်ပိုင်းနဲ့ တောင်ညိုဆည်အနီးတဝိုက်မှာနေထိုင်တဲ့ အိမ်ခြေ ၃၅၆ စုက မိသားစု၀င် ၁၁၂၁ ဦး အိမ်ခြေမဲ့ဘဝကို ရောက်ရှိခဲ့တာကြောင့် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ တွင်   စစ်ကောင်စီနှင့် လက်အောက်ခံ ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသော အမိန့်၊ စစ်အုပ်ချုပ်ရေးများ အားလုံးကို  ဖျက်သိမ်းကြောင်း MNDAA က ကြေညာ  


ရန်ကုန်၊ ဇန်နဝါရီ ၁၅ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် အပါအဝင် ရှမ်းပြည်နယ် အထူးဒေသ တွင်   စစ်ကောင်စီနှင့် လက်အောက်ခံ ကိုးကန့်အဖွဲ့ က ထုတ်ပြန်ထားသော   အမိန့်၊ စစ်အုပ်ချုပ်ရေးများအားလုံးကို MNDAA က ဖျက်သိမ်းလိုက်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။   


စစ်အာဏာသိမ်းအဖွဲ့ နှင့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့တို့က အထူးဒေသ   အတွင်း ထုတ်ပြန်ထားသော နိုင်ငံရေးအမိန့်၊ အုပ်ချုပ်ရေး အမိန့်များနှင့် စစ်အုပ်ချုပ်ရေး အားလုံးကို ဖျက်သိမ်းလိုက်ပြီး အထူးဒေသ မူလဥပဒေ နှင့် နည်းဥပဒေများကို အပြည့်အဝ ပြန်လည် ကျင့်သုံးလိုက်ကြောင်း၊  အကယ်၍ မရှင်းမလင်းသည်များ ရှိပါက ဒေသဆိုင်ရာ အစိုးရဌာနများတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း MNDAA က ယမန်နေ့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။  


"ဒါကတော့ စစ်ကောင်စီ လက်ခံသည် ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ အသိအမှတ်ပြုသည် ဖြစ်စေ မပြုသည်ဖြစ်စေ လွတ်လပ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ တစ်ရပ် ပေါ်ထွန်းလာတာပါပဲ။ သမိုင်းဝင် နေ့ရက် သမိုင်းဝင် အဖြစ် အပျက်ပါ" ဟု တရုတ်-မြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ 


ကိုးကန့် MNDAA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ရရှိထားသော နယ်မြေများကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ () အဖြစ် အခြေခံဥပဒေဖြင့် ထူထောင် မည်ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်း ပြည်နယ် အထူးဒေသ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖုန်တဲရင်က ဇန်နဝါရီလ ရက်နေ့တွင် တရား ဝင်  ကြေညာခဲ့သည်။


မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ() အာဏာပြန်လည်ရရှိရေးသည် မိမိတို့အမျိုးသားရေးလုပ်ငန်းစဉ်၏ ပထမခြေလှမ်းမျှသာဖြစ်သည်။မိမိတို့ အနေဖြင့် အထူးဒေသ()ကို ပြန်လည်ထူထောင်ရန်အတွက် ပါတီ အုပ်ချုပ်ရေး ကော်မတီနှင့် တပ်မတော်တည်ဆောက်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ် နှင့် ကေဒါသင်တန်းများစသည်ဖြင့် ပြင်ဆင်မှုများ ပြုခဲ့ပြီးဖြစ်သော်လည်း စစ်ပွဲအပြီး ကိုးကန့်ဒေသပြန်လည် ကောင်းမွန်လာစေရန် အတွက် ရဲဘော်တို့အနေ ဖြင့် ရှေးတော်လှန်ရေးသမား၊ လူကြီးတို့၏ ချွေတာတတ်သော အစဉ်အလာ၊ လုပ်ပုံကိုင်ပုံ၊ အမွေများကိုဆက်ခံပြီး မိမိ‌ဒေသတည်ဆောက်ရေးအပေါ်ကို အစွန်းကုန် အပင်ပန်းခံ ကြိုးစားအားထုတ်သောလုပ်ဟန်ဖြင့်အထူးဒေသ () အခြေခံဥပဒေကို အခြေခံပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပြည်သူ လူထုနှင့်တကွ ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူး ဒေသ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖုန်တဲရင်က ပြောဆိုခဲ့သည်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================


========================


🚩🚩 ၁။ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) အခြေခံစစ်ပညာသင်တန်း၊အပတ်စဉ်()ကျင်းပ


ဇန်နဝါရီလ ၁၅ရက်။

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) အခြေခံစစ်ပညာသင်တန်း၊ အပတ်စဉ်()ကို သင်တန်းသားဦးရေ (၂၇)ဦးဖြင့် ၂၀၂၃ခုနစ်၊ စက်တင်ဘာလ ၂၁ရက်နေ့ မှ ၂၀၂၄ခုနစ်၊ ဇန်နဝါရီလ ၈ရက်နေ့ အထိ ရက်ပေါင်း (၁၀၀)ကြာ သင်တန်းပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို PRDFနောက်တန်းစခန်းတွင် ၂၀၂၄ခုနစ်၊ ဇန်နဝါရီလ၊ ၁၃ရက်နေ့ မွန်းလွဲ ၂နာရီအချိန်၌ ပြုလုပ်ခဲ့ပါတယ်။


သင်တန်းဆင်းပွဲအခမ်းအနားသို့ တပ်မဟာ() တပ်ရင်း()မှ တပ်ရင်းမှူး၊ KNDO တပ်ခွဲ () တပ်ခွဲ () ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုလောစစ်ကြောင်း () ပုလောဒေသ KNU အုပ်ချုပ်ရေး ပဒိုများ၊ ပုလောစစ်ဘေးရှောင်ကော်မတီနှင့် လွတ်မြောက်နယ်မြေအတွင်းရှိ နီးစပ်ရာပြည်သူများ စသည်တို့မှ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။


သင်တန်းဆင်းကာလအတွင်း မဟာမိတ်တပ်ဖွဲ့များမှ မိန့်ခွန်းပြောကြားခြင်း၊ ဆုရသင်တန်းသားများအား ဆုများချီးမြှင့်ပေးခြင်း၊ KNDO အလံတော်အား သစ္စာခံခြင်း၊ သစ္စာရေသောက်ခြင်းအား ဂုဏ်ပြုပေးခြင်းနှင့် သင်တန်းဆင်းရဲဘော်များအား နွေးထွေးစွာ ကြိုဆိုခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီသည် အပစ်ခတ်ရပ်စဲရေးလက်မှက်ကို နေ့စဉ် အကြိမ်ကြိမ်ချိုးဖောက်နေဟု TNLA ပြော


ဇန်နဝါရီလ ၁၅ရက်။

အကြမ်းဖက်စစ်ကောင်စီဟာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို နေ့စဉ် အကြိမ်ကြိမ်ချိုးဖောက်နေတယ်လို့ တအာင်းတပ် TNLA က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 


ဇန်နဝါရီလ ၁၅ ရက်နေ့က တအာင်းပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ 


တပ်မဟာ၂ စစ်ဒေသ ကျောက်မဲမြိုနယ်မှာ စစ်ကောင်စီရဲ့ ၅၀၂ တပ်စခန်းကနေပြီး မွန်းလွဲ ၃နာရီဝန်းကျင် အချိန်မှာ ပါးပုတ်ကျေးရွာကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို မွန်းလွဲ နာရီအချိန်ကလည်း စစ်ကောင်စီတပ်က သံဘိုရွာအနီးတဝိုက်ကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် နောင်ချိုမြိုနယ် အုမ္မတီးလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း မွန်းတည့် ၁၂ နာရီ ကျော်အချိန်မှာ သုံးဆယ်ရွာကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အလားတူ တပ်မဟာ စစ်ဒေသဖြစ်တဲ့ ကွတ်ခိုင်မြိုနယ် မိုင်းယုလေး၊ လွယ်ကန်၊ လွယ်ကုန်ရွာအနီး တဝိုက် ကိုလည်း စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ တကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အသိပေးထားပါတယ်။ 

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို နေ့စဥ်အကြိမ်ကြိမ် ပေါ်ပေါ်တင်တင်ချိုးဖောက် နေခြင်းဖြစ်တယ်လို့ တအာင်းတပ်မတော် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဆမီးမြို့တွင် ရခိုင်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ တိုက်ခိုက်


ဇန်နဝါရီလ ၁၅ရက်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့မှာ ရခိုင်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေဆီက သိရပါတယ်။ 


ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းကစပြီး AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်က လေကြောင်းက တိုက်ခိုက်နေတာလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Zalen မှာ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ပွဲကြောင့် ဆမီးမြို့ပေါ်ကို AA က သွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ 


 ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး ရခိုင်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတာ ကြောင့် မြို့ခံပြည်သူတွေဟာ မြို့လုံးကျွတ် ဘေးလွတ်ရာကျေးရွာတွေနဲ့ တောတောင်တွေကြား ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။ 


ပလက်ဝမြို့နယ်ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်သွားပြီလို့ ရခိုင်တပ်တော် AA က ကြေညာထားပေမယ့် ဆမီးမြို့မှာ စစ်ကောင်စီရဲ့ ဆမီးဗျူဟာကုန်း ကျန်ရှိနေသေးတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။  


ပလက်ဝမြို့နယ်အရှေ့ခြမ်းဟာ စစ်ရေးအရ အရေးပါတဲ့နယ်မြေတခုဖြစ်ပြီး ဆမီးမြို့မှာရှိတဲ့ သံထောင် အခြေစိုက် စစ်ကောင်စီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ၂ဝ၂၃ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်ကတည်းက စခန်းကို စွန့်ခွာသွားခဲ့ကြပြီးဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဟံလင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်များတိုက်ခိုက်


ဇန်နဝါရီလ ၁၅ရက်။

ဇန်နဝါရီလ ၁၅ရက်မှာ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ ဝက်လက်ကအတည်ပြုပါတယ်။


ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့သည် ဟံလင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို နေလယ်ပိုင်းတွင် Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ညပိုင်းအချိန်တွင်လည်း ဟံလင်းတိုက်နယ် ပကဖနှင့် ရပ်ကျေးပကဖများနှင့် ပူးပေါင်းကာ လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပြီး လတ်တလောမှာ စကစတပ်များထိခိုက်သေဆုံးမှုရှိ၊ မရှိကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ အင်းစိန်CIDရုံးဂိတ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ


ဇန်နဝါရီလ ၁၅ရက်။

အင်းစိန်CIDရုံးဂိတ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇန်နဝါရီလ ၁၅ရက် ည၇နာရီ ၅မိနစ်အချိန်ရုံးရှေ့ရှိဂိတ်အားတိုက်ခိုက်ခဲ့တယ်လို့ YA(Yangon Army)ကအတည်ပြုဆိုထားပါတယ်။


အကြမ်းဖက်စကစလက်အောက်ခံ မှုခင်းရဲတပ်ဖွဲရုံး(CID)ကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ အနောက်ပိုင်းခရိုင်ပကဖနဲ့ YA(Yangon Army)တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ဆိုထားပါတယ်။


ထိထိရောက်ရောက်တိုက်ခိုက်ခဲ့အတွက် စကစတပ်ဖွဲ့ဝင်များထိခိုက်နိုင်တယ်လို့သိရပါတယ်။


ထို့အပြင်နောက်ထပ်စစ်ရေးပစ်မှတ်နေရာများကိုလည်းထပ်မံတိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူများ စကစတပ်နဲ့ ဝေးရာနေထိုင်ပေးကြရန်အသိပေးဆိုထားပါတယ်။


========================


🚩🚩 ၆။ ထီးချိုင့်မြို့ရဲ့နေရာအများစုက အရပ်သားနေအိမ်များကို စကစတပ်များမီးရှို့ထား


ဇန်နဝါရီလ ၁၅ရက်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ရဲ့နေရာအများစုက အရပ်သားနေအိမ်များကို စကစတပ်များမီးရှို့ထားကြောင်း ဇန်နဝါရီလ ၁၅ရက်မှာ ထီးချိုင့်မြို့အခြေအနေကို ထီးချိုင့်TR Teamကအတည်ပြုဖော်ပြပါတယ်။


စကစတပ်များ မီးရှို့ထားမှုအခြေအနေကို ဝေဟင်မှတ်တမ်းများအရသိရှိရပြီး နေအိမ်များမှာ မီးလောင်၍ ပြာပုံအတိသာကျန်ရှိတော့ကြောင်းတွေ့ရှိရပါတယ်။


ဇန်နဝါရီလ ၃ရက်နေ့ကလည်း တံတားဦးတက်ဂျက်ဖိုက်တာ()စီးဖြင့် ထီးချိုင့်မြို့နယ်ဝဲကြီး(တောမ)ရွာသို့ ဗုံး()ကြိမ် ချရာ အရပ်သား()ဦး သေဆုံးပြီး ()ဦး ဒဏ်ရာရကြောင်း သိရပါတယ်။


========================


🚩🚩 ၇။ စစ်တွေမြို့ တောကန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး


ဇန်နဝါရီလ ၁၅ရက်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မနက် နာရီအချိန်မှာ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့  တောကန်းရွာကို မီးရှို့ ဖျက်ဆီးခဲ့တာလို့ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။ 


အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် မီးလောင်ခဲ့သော တောကန်းရွာမှာ ရွာဟောင်းဘက်ဖြစ် ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း မီးရှို့ဖျက်ဆီးခဲ့ဘူးတယ်လို့ သိရပါတယ်။ 


တောကန်းရွာဟာ အိမ်ခြေ ၁ဝဝ ကျော်ရှိတဲ့ ကျေးရွာတခုဖြစ်ပြီး စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ဘေးလွတ်ရာနေရာကို တိမ်းရှောင်နေကြတယ်လို့ ဒေသတွင်း သတင်းတွေကိုဖော်ပြနေတဲ့ Western News မှာ ဖော်ပြထားပါတယ်။ 


ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေရာမှာ စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ကုန်းကြောင်း၊ရေကြောင်း၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့  AA က အသိပေးထားပါတယ်။ 


အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့က လည်း ပေါက်တောမြို့နယ်က အိမ်ခြေ ၃ဝဝ ကျော်ရှိတဲ့ တောင်ဖူးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆ဝ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment