6th JAN 2024 - Evening Daily News by Radio NUG


 ၂၀၂၄ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကျားဖြန့်အွန်လိုင်းလောင်းကစားကိစ္စအပါအဝင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတွေကို တိုက်ဖျက်ဖို့ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးအလုပ်အဖွဲ့ NUGမှာဖွဲ့စည်းထား

📌 ၂။ လူသားစာနာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ရေစကြိုမှရဲဘော်များနှင့်မြေပြင်ကွင်းဆင်းတွေ့ဆုံ

📌 ၃။ ပြည်သစ်တည်မယ့်စိတ်ပိုင်းဖြတ်မှုနဲ့ တစ်နိူင်ငံလုံးကပြည်သူများဟာ တော်လှန်ရေးကိုပါဝင်နေတာဖြစ်တယ်လို့ဆို

📌 ၄။ ချင်းပြည်နယ်မှာ ထိန်းချုပ်နယ်မြေကြောင့် အချင်းချင်းပစ်တာ ခတ်တာမရှိသေးဘူးလို့ချင်းညီနောင်အဖွဲ့မှရှင်းလင်း

📌 ၅။ ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ()ဦး လက်နက်များနှင့်တကွ KNDF ထံဘက်ပြောင်းခိုလှုံလာ

📌 ၆။ လောက်ကိုင် ဒကစ တစ်ခုလုံးလက်နက်ချတဲ့မြင်ကွင်းဟာ ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့ဆို

📌 ၇။ ပြည်သူ့အုပ်ချုပ်ရေးယန္တရား လုံခြုံစိတ်ချစွာ စီမံဆောင်ရွက်နိုင်ဖို့အတွက်ဖက်ဒရယ်နက်ကမ်ပိန်း"က ကြိုးစားဆောင်ရွက်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကျားဖြန့်အွန်လိုင်းလောင်းကစားကိစ္စအပါအဝင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတွေကို တိုက်ဖျက်ဖို့ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးအလုပ်အဖွဲ့ NUGမှာဖွဲ့စည်းထား


ဇန်နဝါရီ၆ရက်


ကျားဖြန့်အွန်လိုင်းလောင်းကစားကိစ္စအပါအဝင်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတွေကို တိုက်ဖျက်ဖို့ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးအလုပ်အဖွဲ့NUGမှာဖွဲ့စည်းထား တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီလအတွင်း မေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။


"ကျားဖြန့်အွန်လိုင်းလောင်းကစားကိစ္စတွေ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု ဒါတွေကတော့ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးအလုပ်အဖွဲ့ဆိုပြီး ကျမတို့ NUG မှာ ဖွဲ့ထားတာရှိပါတယ်။ ဒီအဖွဲ့က ကျမတို့ လုပ်ရကိုင်ရတဲ့အခါမှာ အကန့်အသတ်တွေ ရှိနေတာတော့မှန်တယ်။ ဒီ Task Force ဖွဲ့ရတဲ့ အကြောင်းအရင်းကိုက ခုနကပြောတဲ့ Issue တွေပေါ့။ အွန်လိုင်းလောင်းကစားကိစ္စတွေ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုဆိုင်ရာကိစ္စတွေက ကျမတို့ တိုင်းပြည်ပတ် ပတ်လည်မှာ ကျမတို့တိုင်းပြည်ရဲ့ Territory (ပိုင်နက်) ထဲမှာ အခြေခံပြီးတော့ တိုးပွားလာနေတယ်။ ဒါကလည်း ဒေသတွင်းတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတဲ့ အနေအထားမျိုးတွေရှိတယ်။ ဒါကို လုံးဝ မျက်ကွယ်ပြုထားလို့ မရဘူး"လို့ဝန်ကြီးကဆိုပါတယ်။


အဆိုပါကိစ္စရပ်များအတွက်နယ်စပ်ဒေသတွေနဲ့ ထိန်းချုပ်ဒေသတွေမှာ  မဖြစ်ပွားအောင် ကာကွယ်တားဆီး၊ တိုက်ဖျက်ရေး နယ် ပယ် ခုကိုလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။


"နယ်ပယ် ခုကို အခြေခံပြီး ကျမတို့ သက်ဆိုင်ရာ ဒေသတွင်းနိုင်ငံတွေနဲ့ ရော၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ရော NUG အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ဆိုပြီး ဒီ Task Force ကို ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ကျားဖြန့် အွန်လိုင်းလောင်းကစားကိစ္စနဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုကိစ္စတွေကလည်း ဒီအတိုင်းပါပဲ။ TOC လို့ခေါ်တဲ့ Transactional Organize Crime ခေါင်းစဉ်အောက်ထဲမှာ ဝင်သွားမှာ ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၂။ လူသားစာနာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ရေစကြိုမှရဲဘော်များနှင့်မြေပြင်ကွင်းဆင်းတွေ့ဆုံ


ဇန်နဝါရီ၆ရက်


ဇန်နဝါရီလအတွင်းမှာ လူသားစာနာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ငိုင်တန်းမောင်က ရေစကြိုမှရဲဘော်များနှင့်မြေပြင်ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ ရဲဘော်ဝေကြီးရေစကြိုက အသိပေးဆိုထားပါတယ်။


"မြေပြင်ထိဆင်းလာတွေ့ပေးတဲ့ ဒုဝန်ကြီးနဲ့ အတွင်းရေးမှူးအပါအဝင် ရဲဘော်ရဲဘက်တွေကိုကျေးဇူးတင်ပါတယ်။အဲလိုမြေပြင်ထိ ခက်ခက်ခဲခဲ လာရောက်ပေးတဲ့ တာဝန်ရှိသူ တာဝန်ယူထားသူတွေဆို အသိအမှတ်ပြုသလို ချစ်လည်းချစ်ရပါတယ်။မြေပြင်ကလူတွေရဲ့အခက်အခဲ ဒီကာလကြုံရတဲ့စိတ်ဒဏ်ရာတွေဆိုတာ အများသားလား။ဒါတွေကို ဆင်းကြည့်မှ ကိုယ်တိုင်ကြုံရမှစာနာ နားလည်ပေးနိုင်မှာ မဟုတ်လား"လို့ဆိုထားပါတယ်။


လက်ရှိမှာ ယာယီသမ္မတ၊ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးစတဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးများမှာ မြေပြင်မှာ လုပ်ငန်းတာဝန်များထမ်းဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ ပြည်သစ်တည်မယ့်စိတ်ပိုင်းဖြတ်မှုနဲ့ တစ်နိူင်ငံလုံးကပြည်သူများဟာ တော်လှန်ရေးကိုပါဝင်နေတာဖြစ်တယ်လို့ဆို


ဇန်နဝါရီ၆ရက်


ပြည်သစ်တည်မယ့်စိတ်ပိုင်းဖြတ်မှုနဲ့ တစ်နိူင်ငံလုံးကပြည်သူများဟာ တော်လှန်ရေးကိုပါဝင်နေတာဖြစ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဇန်နဝါရီ၆ရက်ကျင်းပတဲ့ ၇၆ နှစ်မြောက်  မြန်မာနိုင်ငံလွပ်လပ်ရေးနေ့ အထူးအစီအစဉ်မှာပြောဆိုထားပါတယ်။


"ပြည်သူတွေက မြေကြီးသာကျန်ခဲ့ အိမ်ပြန်ဆောက်မယ်။ တော်လှန်ရေးသာ ငါ့သား၊ငါ့သမီးများနိူင်အောင်လုပ်ကြ။ပြည်သစ်တည်မယ်ဆိုပြီး တစ်နိူင်ငံလုံးကပြည်သူများက ပါဝင်နေတာဖြစ်တယ်။ အဲဒီလောက်ထိပိုင်းဖြတ်တဲ့စိတ်ဗျာ။အဲဒီလောက်အထိ ပြည်သူတွေကပါဝင်နေတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ဟာတိုင်းပြည်ကို ဒုက္ခမျိုးစုံပေးခဲ့ပြီးယခုအချိန်မှာတော့ နိဂုံးချုပ်ချိန်တန်ပြီလို့ ဒေါက်တာတေဇာဆန်းကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ ချင်းပြည်နယ်မှာ ထိန်းချုပ်နယ်မြေကြောင့် အချင်းချင်းပစ်တာ ခတ်တာမရှိသေးဘူးလို့ချင်းညီနောင်အဖွဲ့မှရှင်းလင်း


ဇန်နဝါရီ၅ရက်


ချင်းပြည်နယ်မှာ ထိန်းချုပ်နယ်မြေကြောင့် အချင်းချင်းပစ်တာ ခတ်တာမရှိသေးဘူးလို့ချင်းညီနောင်အဖွဲ့မှဇန်နဝါရီ၅ရက်မှာ ချင်းညီနောင်အဖွဲ့မှ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ CNOမှ Salai peterThang ကပြောပါတယ်။


"အခုလက်ရှိကတော့ ထိန်းချုပ်နယ်မြေကြောင့် အချင်းချင်းပစ်တာ ခတ်တာမရှိသေးပါဘူး။နောက်ထပ်မရှိလာဖို့လည်းမျှော်လင့်ပါတယ်။ကျနော်တို့ အကုန်လုံးက ချင်းပြည်ကို ကိုယ်ရှိတဲ့နေရာကတက်လာတာဖြစ်ပါတယ်။သူ့နေရာနဲ့သူ၊ သူ့ဦးဆောင်မှုနဲ့သူဆိုရင် လက်နက်နဲ့ဖြေရှင်းစရာဘယ်လိုမှ ရှိမလာနိူင်ပါဘူး"လို့ဆိုပါတယ်။


လက်ရှိမှာ ချင်းပြည်နယ်အတွင်း နိူင်ငံရေးဝိဝါဒ မည်သို့ပင်ကွဲပြားစေကာမူ စကစကို တော်လှန်ရာမှာ တော်လှန်ရေးညီအကိုအချင်းချင်း ပူးပေါင်းတော်လှန်နေတာရှိတယ်လို့ ဆလိုင်းယောမောင် မင်းတပ်ကပြောပါတယ်။


ဇန်နဝါရီ၅ရက်ချင်းညီနောင်အဖွဲ့မှ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ချင်းပြည်နယ်အတွင်း နိူင်ငံရေးအရ ကွဲပြားခြားနားမှုများကို အဓိကရှင်းလင်းပြောကြားခဲ့ပါတယ်။


ချင်းလင်း ထူထောင်ပြီးနောက် ဒေသခံချင်းအမျိုးသား အစုအဖွဲ့များထဲက ချင်းညီနောင် ၃ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီမင်းတပ်၊ဇိုမီးဖက်ဒရယ်အစည်းအရုံးတို့က လက်ရှိ အခြေအနေများကို သတင်းဌာနများကို ဖိတ်ခေါ် အသိပေးတာ ဖြစ်ပါတယ်။


========================


📌📌 ၅။ ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ()ဦး လက်နက်များနှင့်တကွ KNDF ထံဘက်ပြောင်းခိုလှုံလာ


ဇန်နဝါရီ၆ရက်


"ကရင်နီပြည်နယ် ဘောလခဲမြို့ရှိ စစ်ကောင်စီ၏ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ()ဦးမှာ  နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း လက်နက်အပြည့်အစုံဖြင့် မိမိတို့ KNDF တပ်ရင်းများထံ ဘက်ပြောင်းခိုလှုံလာခဲ့ပါတယ်"လို့ ဇန်နဝါရီ၆ရက်မှာ KNDF ဗဟိုကတရားဝင်အသိပေးဖော်ပြပါတယ်။


နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အမျိုးသား ()ဦး အမျိုးသမီး () ဦးတို့မှာ လက်နက် ()လက်နှင့် ကျည်ဆန်များ ဖြင့်လည်းကောင်း ဒီဇင်ဘာလ () ရက်နေ့တွင် ရဲတပ်သား အမျိုးသားတစ်ဦး မှာ မိသားစုနှင့်အတူ လက်နက် () လက်ဖြင့်လည်းကောင်းKNDF ထံဘက်ပြောင်းခိုလှုံခဲ့လာခဲ့ပါတယ်။


KNDF ထံဘက်ပြောင်းခိုလှုံလာခဲ့သူများအား  ၎င်းတို့၏ ဆန္ဒများအတိုင်း သွာလာနေထိုင်ခွင့်များပေးထားပြီး ခံစားခွင့်ရရှိမည့် ဆုကြေးများကို ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ လောက်ကိုင် ဒကစ တစ်ခုလုံးလက်နက်ချတဲ့မြင်ကွင်းဟာ ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့ဆို


ဇန်နဝါရီ၆ရက်


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲ့ဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတို့မှခွေးတစ်ကောင်၊ ကြောင်တစ်မြီးပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည်စစ်ကောင်စီ ကင်းစင်သည့်နယ်မြေဖြစ်ခဲ့ပြီ ဖြစ်တယ်လို့MNDAAက ဆိုပါတယ်။


လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) အား စစ်ကူပေးရန်ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံ့ရှိ တပ်မ၊ တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန်ပါဝင်ခဲ့ပြီး ၎င်းတို့ပြောကြားချက်အရ မိမိတို့ထံ လက်နက်ချအညံ့ခံသူများအားလုံးထဲတွင် အရာရှိ (၂၂၈) ဦးပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ () ဦးပါဝင်ကာ ရဲဘော်မှ အခြားအဆင့်ရှိသူ (၁၈၉၅) ဦး ပါဝင်ကြောင်း သိရှိရပါတယ်။


 ထို့အတူ ၎င်းတို့၏ မိသားစုဝင်အားလုံး စုစုပေါင်း (၁၆၀၁) ဦး လည်း ပါဝင်ခဲ့ကာ  ၎င်းတို့အားလုံးကို ၎င်းတို့သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို့ ပို့ဆောင်ထားခဲ့ပြီလည်း ဖြစ်တယ်လို့ဆိုပါတယ်။


နောက်ဆက်တွဲအနေဖြင့် ပွိုင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ်နမ်ထင်းမိန်ရှန်း  မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆) ဦးတို့သည်လည်း မိမိတို့ထံ နောက်ဆုံးအသုတ်အနေဖြင့် လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂၃၈၉) ယောက်အထိရှိခဲ့ပြီး ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကဆိုပါတယ်။


========================


📌📌 ၇။ ပြည်သူ့အုပ်ချုပ်ရေးယန္တရား လုံခြုံစိတ်ချစွာ စီမံဆောင်ရွက်နိုင်ဖို့အတွက်ဖက်ဒရယ်နက်ကမ်ပိန်း"က ကြိုးစားဆောင်ရွက်နေ


ဇန်နဝါရီ၆ရက်


"တော်လှန်ပြည်သူတွေအနေနဲ့  ၂၀၂၄ နှစ်ဦးမှာ အဓိက လှူရကူရမဲ့နေရာလေးရှိပါတယ်။ တော်လှန်ရေးအရှိန်ကောင်းလာတာနဲ့အတူ အကြမ်းဖက်စစ်တပ်က ယုတ်မာစွာ ဖြတ်တောက်ထားတဲ့ အင်တာနက်ဆက်သွယ်ရေးကို ပြည်သူတွေအတွက် ကျန်းမာရေး အထောက်အကူပြုနိုင်ဖို့၊တော်လှန်ရဲဘော်တွေ သတင်းအချက်အလက်မပြတ်လပ်စေဖို့နဲ့ နည်းပညာတွေ သင်ယူလေ့လာနိုင်ဖို့ ၊အနာဂတ်ကလေးတွေ ပညာဆက်လက်သင်ယူခွင့်ရဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့၊ပြည်သူ့အုပ်ချုပ်ရေးယန္တရား လုံခြုံစိတ်ချစွာ စီမံဆောင်ရွက်နိုင်ဖို့အတွက်ဖက်ဒရယ်နက်ကမ်ပိန်း"က ကြိုးစားဆောင်ရွက်နေပါတယ်"လို့ ဇန်နဝါရီလတွင်း ဖက်ဒရယ်နက်ကမ်ပိန်းက အသိပေးဆိုပါတယ်။


ဖက်ဒရယ်နက် ကမ်ပိန်းကာလကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပြီးကမ်ပိန်းသတ်မှတ်ချက်၃၂.၇ရာခိုင်နှုန်းလိုအပ်နေပါသေးတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment