6th JAN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထဲရေးဒုဝန်ကြီးတက်ရောက်

📌 ၃။ စစ်ကောင်စီတပ်သားများအနေနဲ့ လက်ရှိလောက်ကိုင်ဖြစ်စဉ်ကို ကြည့်ပြီး တကယ့်ကိုအမြင်မှန်ရသင့်ပြီလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို

📌 ၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများမှာ စကစတပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးများ ကြိမ်ဖန်များစွာအသုံးပြုတိုက်ခိုက်နေရ

📌 ၅။ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို TNLAကရှင်းလင်းသိမ်းပိုက်ခဲ့

📌 ၆။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဦးစီးကျင်းပသော  လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇာမဏီစစ်ဆင်ရေးဖြင့် ဝေဟင်မှတိုက်ခိုက်ခဲ့

📌 ၇။ ဟိုပန်မြို့ကို သိမ်းပိုက်သည့် တိုက်ပွဲတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မဟာမိတ်များနှင့်အတူ ပါဝင်ခဲ့

📌 ၈။ ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပြီး အဓမ္မငွေကြေးကောက်ခံနေကြောင်းသတင်းရရှိပြီး ကြုံတွေ့သူများအနေနဲ့ ကျောက်တံခါးမြို့နယ် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံအကြောင်းကြားပေးရန်အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို


ဇန်နဝါရီလ ၅ရက်။

တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။


ဇန်နဝါရီလအတွင်း မေးမြန်းခန်းတစ်ခုမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုပြောကြားခဲ့ပါတယ်။


"တရုတ်နိုင်ငံဆိုင်ရာ မူဝါဒကို ထုတ်ပြန်လိုက်လို့ NUG က တရုတ်နဲ့ နီးစပ်သွားမယ်ဆိုတဲ့ စိုးရိမ်ပူပန်ချက်တွေ ကတော့ ကျမအနေနဲ့ မစိုးရိမ်ပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့နိုင်ငံရေးဆိုတာ အားလုံး Balance လုပ်နေကြတာပဲဖြစ်တယ်။ ဟိုတုန်းကလည်း ကျမတို့ကို ပြောတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို အနောက်နဲ့ နီးလွန်းတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ကျတော့ ဆက်ဆံရေးမလုပ်ကြဘူးလား။ အိန္ဒိယနဲ့ရော၊ ထိုင်းနဲ့ရော၊ အာဆီယံနဲ့ ရောပေါ့။ အနောက်ဘက်ယိမ်းတယ်လို့ ဒီလူတွေပဲ ဝေဖန်ကြတာပဲ။ အခုလည်း ဒီလိုမျိုး တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ထုတ်ပြန်လို့ တခြားသောနိုင်ငံတွေနဲ့ ကင်းကွာသွားမှာလို့လည်း ပြောကြ ပြန်တယ်ပေါ့။ ကျမတို့က Balancing လုပ်ပြီး ဆက်သွယ်ဆောင်ရွက်နေကြတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်စရာမရှိပါဘူး"လို့ဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား အချက်၁၀ချက်ကိုထုတ်ပြန်ခဲ့ပြီး ၄င်းတို့ထဲတွင် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို မျှော်ရည်လျှက် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေး ကို ထိန်းသိမ်းကာကွယ်မယ်ဆိုတဲ့အချက်တစ်ချက်လည်းအပါအဝင်ဖြစ်ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထဲရေးဒုဝန်ကြီးတက်ရောက်


ဇန်နဝါရီလ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၅ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးကို  ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊အ‌ထွေထွေအတွင်း‌ရေးမှူး()  ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ တက်ရောက်ကာ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ဒုတိယဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီတပ်သားများအနေနဲ့ လက်ရှိလောက်ကိုင်ဖြစ်စဉ်ကို ကြည့်ပြီး တကယ့်ကိုအမြင်မှန်ရသင့်ပြီလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို


ဇန်နဝါရီလ ၅ရက်။

စစ်ကောင်စီတပ်သားများအနေနဲ့ လက်ရှိလောက်ကိုင်ဖြစ်စဉ်ကို ကြည့်ပြီး တကယ့်ကိုအမြင်မှန်ရသင့်ပြီလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကဇန်နဝါရီလ ရက်နေ့မှာ ဆိုရှယ်မီဒီယာကတဆင့်ပြောကြားထားပါတယ်။


"စစ်ကောင်စီတပ်မတော်သားများအနေနဲ့ လက်ရှိလောက်ကိုင်ဖြစ်စဉ်ကို ကြည့်ပြီး တကယ့်ကိုအမြင်မှန်ရသင့်ပြီ။တစ်စုံတစ်ရာ ခုခံတိုက်ခိုက်ခြင်းမပြုပဲ တော်လှန်ရေးမဟာမိတ်အဖွဲ့ကို လက်နက်ချ အညံ့ခံမယ်ဆိုရင် ထိခိုက် သေကျေမှုမရှိပဲ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်အားလုံးနဲ့ မိသားစုဝင်တွေကို လိုရာခရီးကို ပို့ဆောင်ပေးခဲ့တာကို တွေ့မြင်ရမှာပါ။ ကျွန်တော်တို့တွေ လက်နက်ကိုင်တိုက်ပွဲဝင်နေတာ သွေးဆာလို့ လက်နက်ကိုင်ချင်လွန်းလို့ မဟုတ်ဘူးဆိုတာ တွေ့မြင်ရမှာပါ။ လူသားဆန်မှု သုံ့ပန်းဥပဒေတွေကို လေးစားလိုက်နာမှုစတဲ့ ဥပဒေတွေကို လေးစားတန်ဖိုးထားတဲ့ တရားမျှတမှုနဲ့ တန်းတူရေးအတွက်သာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးသမားတွေပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။


လောက်ကိုင်မြို့က လက်နက်ချ အညံ့ခံတဲ့ စစ်သားများ၊ အရာရှိများ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း ၃၇၂၄ ဦးရှိပြီး အားလုံးကို လိုရာခရီးသွားနိုင်ဖို့ MNDAA က စီစဉ်ပေးခဲ့ပါတယ်။

 

"ဒီတော်လှန်ရေးကလည်း ပြည်နယ်တစ်ခုအတွက် ဒေသတစ်ခုအတွက် လူမျိုးတစ်မျိုးအတွက် တိုက်နေကြတာ မဟုတ်ပဲ စစ်အာဏာရှင်စနစ်ဖြုတ်ချမှုနဲ့အတူ စနစ်သစ် ပြည်ထောင်စုအသစ်အတွက် ပြောင်းလဲနိုင်ဖို့ တိုက်နေကြတာပဲဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီတပ်မတော်သားများ အားလုံးအားလုံးပြည်သူ့ဘက်ကို အမြန်ဆုံးပူးပေါင်းနိုင်ပါစေ"လို့ လူ့အခွင့်ရေး ဒုဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများမှာ စကစတပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးများ ကြိမ်ဖန်များစွာအသုံးပြုတိုက်ခိုက်နေရ


ဇန်နဝါရီလ ၅ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများမှာ စကစတပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးများ ကြိမ်ဖန်များစွာအသုံးပြုတိုက်ခိုက်နေရတယ်လို့ ဇန်နဝါရီလ ၅ရက် ၁၀၂၇စစ်ဆင်ရေးကို TNLAကအတည်ပြုဆိုပါတယ်။


"တပ်မဟာ()စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ကွတ်ခိုင်မြို့တပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


 တပ်မဟာ()စစ်ဒေသ၊ လားရှိူးမြို့နယ် စစ်ကောင်စီ ၆၈ ဂိတ်တပ်မှ ဟိုလောင်ကျေးရွာ၊ ပန်ဟုံကျေးရွာ၊ ကုန်းညောင်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၄၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၁၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


တပ်မဟာ()စစ်ဒေသ၊ နမ္မတူမြို့နယ် မန်ဆာကျေးရွာတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ()ကြိမ်၊ Y12 ဖြင့် ()ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ Y12 ဖြင့် ()ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


တပ်မဟာ()စစ်ဒေသ၊ မိုးမိတ်မြို့နယ် စစ်ကောင်စီ စကခ-၂၁ နှင့် ခလရ-၂၂၃ အခြေချတပ်စွဲထားသည့် ကျန်ကန် (ဆင်ကင်)တပ်စခန်းကို ဇန်နဝါရီ ၅ရက်နေ့ နံနက် (၅း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 


========================


📌📌 ၅။ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို TNLAကရှင်းလင်းသိမ်းပိုက်ခဲ့


ဇန်နဝါရီလ ရက်

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို TNLAက ရှင်းလင်းသိမ်းပိုက်ခဲ့ပါတယ်လို့ ဇန်နဝါရီ၅ရက်မှာ  တအာင်းတပ်မတော် PSLF/TNLA မှအတည်ပြုပါတယ်။


" မိုးမိတ်မြို့နယ် စစ်ကောင်စီ စကခ-၂၁ နှင့် ခလရ-၂၂၃ အခြေချတပ်စွဲထားသည့် ကျန်ကန်တပ်စခန်းကို ဇန်နဝါရီ ၅ရက်နေ့ နံနက် (၅း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါ ကျန်ကန်တပ်စခန်းကို တအာင်းတပ်မတော်  PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဇန်နဝါရီလ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ()ရက်ကြာ ဇန်နဝါရီ ရက်နေ့ (၅း၃၀)နာရီ အချိန်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။ 


၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်ပါတယ်။


စစ်ကောင်စီ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ မိုးမိတ်တပ်စခန်းမှ  လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု (၁၇)ကြိမ် နှင့်  လေကြောင်းတိုက်ခိုက်မှု Jet Fighter ()ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၆။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဦးစီးကျင်းပသော  လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇာမဏီစစ်ဆင်ရေးဖြင့် ဝေဟင်မှတိုက်ခိုက်ခဲ့


ဇန်နဝါရီလ ၅ရက်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဦးစီးကျင်းပသော  လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇာမဏီစစ်ဆင်ရေးဖြင့် ဝေဟင်မှတိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီ၅ရက်မှာ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲ့မှ အတည်ပြုဆိုထားပါတယ်။


"အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဦးစီးကျင်းပသော ဇန်နဝါရီ ရက် လွတ်လပ်ရေးနေ့ အခမ်းအနား စတင်နေချိန် နံနက် ၅နာရီဝန်းကျင်အချိန်ခန့်တွင် အခမ်းအနား ကျင်းပရာ စစ်တိုင်းရုံး၊ ထပရ ၉၂၉နှင့် စရဖ(နခ)တို့ကို ကာမီကာဇေ ဒရုန်း ၆၀ မမ ဗုံးသီးများ၊ လက်လုပ်ရှော့ဒုံးများအသုံးပြု၍ တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် ထပရ ၉၂၉၊ စရဖ(နခ) နှင့် တိုင်းစစ်ဌာနချုပ်ရုံးဝန်းအတွင်းရှိ Parade ကွင်းအရာရှိ ရိပ်သာတို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စရဖများ ယာယီရုံးထိုင်လျှက်ရှိသော အဆောက်အဦပေါ်သို့ ကျရောက်ခဲ့သော ၆၀ မမ ဗုံးသီး ပေါက်ကွဲမှုကြောင့် စကစများအပြားထိခိုက်သေဆုံးနိုင်ပြီး မော်တော်ယာဉ်တစီးပါ မီးလောင်ပျက်စီးခဲ့ပါတယ်။


ထို့အတူအခမ်းအနားပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ရုံးအတွင်းရှိ Parade ကွင်းထဲသို့ လက်လုပ်ရှော့ဒုံး လုံး၊အရာရှိလိုင်းခန်း ပတ်ဝန်းကျင်တဝိုက်တွင် လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။


လက်လုပ်ရှော့တိုက်ဒုံး လုံးမှာလည်း မုံရွာလေယာဥ်ကွင်း အရှေ့မြောက်ဘက် ကင်းစခန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၂၃ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲ့မှ ဦးဆောင်၍ Chindwin Revolution Army -CRA,One Star Task Force- OSTF, Dragon Brothers Task Force-DBTF, Chindwin Brothers စသည့်မဟာမိတ်အဖွဲ့များနှင့်အတူ Operation Phoenix - ဇာမဏီစစ်ဆင်ရေး၏ တစိတ်တပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၇။ ဟိုပန်မြို့ကို သိမ်းပိုက်သည့် တိုက်ပွဲတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မဟာမိတ်များနှင့်အတူ ပါဝင်ခဲ့


ဇန်နဝါရီ၅ရက်

ဟိုပန်မြို့ကို သိမ်းပိုက်သည့်တိုက်ပွဲတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မဟာမိတ်များနှင့်အတူ ပါဝင်ခဲ့တယ်လို့ ဇန်နဝါရီ၅ရက်မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က တရားဝင်အသိပေးဆိုပါတယ်။


ဟိုပန်မြို့ရှိ ခလရ ၁၄၅တပ်ရင်း၊ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ဆေးရုံအပါအဝင် ဌာနဆိုင်ရာရုံးများကို MNDAAအပါအဝင် ညီနောင်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။


လက်ရှိအချိန်မှာ UWSAဝတပ်မတော်ကို မြို့အားပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဒေသ သတင်းအရင်းအမြစ်များထံကသိရပါတယ်။


========================


📌📌 ၈။ ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပြီး အဓမ္မငွေကြေးကောက်ခံနေကြောင်းသတင်းရရှိပြီး ကြုံတွေ့သူများအနေနဲ့ ကျောက်တံခါးမြို့နယ် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံအကြောင်းကြားပေးရန်အသိပေး


ဇန်နဝါရီလ ၅ရက်။

ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပြီး အဓမ္မငွေကြေးကောက်ခံနေကြောင်းသတင်းရရှိပြီး ကြုံတွေ့သူများအနေနဲ့ ကျောက်တံခါးမြို့နယ် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံအကြောင်းကြားပေးရန် ဇန်နဝါရီလ ၅ရက်မှာ ကျောက်တံခါးမြို့နယ် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကြေညာပါတယ်။


ယခုအခါ တော်လှန်ရေးကို အသုံးချပြီး အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တချို့က ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပြီး အဓမ္မငွေကြေးကောက်ခံနေသည်ဟု မိဘပြည်သူများထံက တဆင့် ကြားသိရတယ်လို့ဆိုပါတယ်။


ကျောက်တံခါးမြို့နယ် - ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုထံက ငွေကြေးကောက်ခံခြင်း၊ တောင်းခံခြင်းများ လုံးဝ ( လုံးဝ ) လုပ်ဆောင်ခဲ့ခြင်း မရှိပါကြောင်း အသိပေးအပ်တယ်လို့ဖော်ပြပါတယ်။


ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်သူလူထုအနေဖြင့် အလားတူ ခြိမ်းခြောက်၍ အဓမ္မငွေကြေးကောက်ခံမှုများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက ကျောက်တံခါးမြို့နယ် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့် ဆက်သွယ်အကြောင်းကြားပေးကြပါရန် အသိပေးကြေညာထားပါတယ်။


ယင်းကဲ့သို့ တော်လှန်ရေးကို အသုံးချ၍ ပြည်သူလူထုထံက နည်းမျိုးစုံဖြင့် ခြိမ်းခြောက် အဓမ္မငွေကြေးကောက်ခံ နေသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို ကျောက်တံခါးမြို့နယ် - ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြင်းပြင်းထန်ထန် အပြစ်ပေးဒဏ်ခတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment