31st MAR 2024 - Evening Daily News by Radio NUG


၂၀၂၄ မတ်လ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်ဖြန့်ချီကြောင်းဖေါ်ပြ

📌 ၂။ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး


၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ PDF Zoland နှစ်ပြည့်အထိမ်းအမှတ်နေ့သို့ ချင်းတော်လှန်ရေးအဖွဲ့များ ဂုဏ်ပြုသဝဏ်လွှာ‌ ပေးပို့

🚩 ၂။ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction ကုမ္ပဏီတာဝန်ခံ နေဇော်မြင့် ကားပေါ် တက်စဉ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

🚩 ၃။ မန်နောင်တိုက်ပွဲတွင် ဂုဏ်ထူး ဆောင်စစ်မှုထမ်းကောင်း တံဆိပ်ရထားသူ တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံး 

🚩 ၄။ စစ်ကိုင်း -မုံရွာလမ်းပေါ်တွင် ဘူဒိုဇာကားဖြင့် မိုင်းရှင်းနေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်ဖြန့်ချီကြောင်းဖေါ်ပြ


မတ် ၃၁၊ ၂၀၂၄


အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်တွေနဲ့ပတ်သက်ပြီး တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်မယ့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၃ဝ ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


 အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ် နှင့် ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် သိရှိထားသင့်သည့်အချက်များ၊ အချိန်ကာလအလိုက်ဆောင်ရွက်သင့်သည့်အချက်များ၊ ဆက်သွယ် မေးမြန်း အကြံဉာဏ်တောင်းခံနိုင်သည့် လင့်ခ်များ၊ သတင်းပေးတိုင်ကြားနိုင်သည့်လင်ခ့်များ ပါဝင်သော လက်ကမ်းစာစောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ် (SCPRU) က ထုတ်ဝေဖြန့်ချီလိုက်ကြောင်းကို NUGအစိုးရ၏ ဝန်ကြီးဌာန pageများမှာ ဖေါ်ပြထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရတဲ့ ပြည်သူလူထုရဲ့ စိတ်သောက သက်သာရာရစေရန်နဲ့ လိုအပ်တဲ့အကူအညီနဲ့ အထောက်အပံ့တွေ တတ်နိုင်သမျှ ချိတ်ဆက်ပံ့ ပိုးပေးနိုင်ဖို့ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ရေးရာဝန်ဆောင်မှုတခုအဖြစ် Telegram Channel - ကို မှတ်လ ၃ဝ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

 အဓမ္မစစ်သားစုဆောင်းမှုနဲ့ဆိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နေ့စဉ် မနက် ၁၀ နာရီကနေ ၁၀ နာရီအထိ ဝန်ဆောင်မှုပေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။


Channel တာဝန်ခံအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရုံးဌာနတွေနဲ့ ချိတ်ဆက်ပြီး မေးခွန်းများပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက်ဆိုင်ရာဌာန များသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မယ့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ တိုင်ကြားမှု၊ သတင်းပေးမှုများကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ ဖေါ်ပြထားပါတယ်။


ဒါ့ကြောင့် တိုင်းရင်းသားပြည်သူလူထုအနေနဲ့ အဓမ္မစစ်သားစုဆောင်းခြင်းဖြင့် ထပ်မံဖိစီးနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ် စု သက်ဆိုးရှည်စေဖို့ လုပ်ကိုင်ဆောင်ရွက်နေတာတွေမှာ ပူးပေါင်းခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ကြဖို့ NUG က တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၂။ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ် လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က အသိပေးပါတယ်။

မတ်လ ၃၀ ရက်နေ့က ဝက်လက်မြို့နယ်ထဲက စမွန်းရွာ၊ ကျွန်းတောဦးရွာနဲ့ ကျွန်းကြီးရွာတို့က စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ ကလေး သူငယ်များကို CDM ကျန်းမာရေး ဆရာ၊ ဆရာမများက ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို စစ်ဘေးရှောင်တွေကို ဆေးဝါးကုမှုပေးနိုင်ဖို့ ဆေးဝါးများလှူဒါန်းပေးတဲ့အလှူရှင်များ၊ CDM ကျန်းမာရေး ဆရာ၊ ဆရာမများနှင့် လုံခြုံရေးအတွက် လိုက်ပါကူညီပေးသော Bo Tiger - ဗိုလ်ကျားကြီးအဖွဲ့ကို အထူးပင် ကျေးဇူးတင်ရှိ ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ PDF Zoland နှစ်ပြည့်အထိမ်းအမှတ်နေ့သို့ ချင်းတော်လှန်ရေးအဖွဲ့များ ဂုဏ်ပြုသဝဏ်လွှာ‌ ပေးပို့


Zomi Federal Union/PDF Zoland နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချင်းတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသား အဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်) မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပတ်လက်) တို့က မတ်လ ၃ဝ ရက်နေ့မှာ ဂုဏ်ပြုသဝဏ်လွှာပို့ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃ဝ ရက်နေ့မှာကျရောက်တဲ့ Zomi Federal Union/PDF Zoland တည်ထောင်ခြင်း နှစ်ပြည့် အထိမ်းအမှတ်နေ့ မှာ အမျိမြေနဲ့ အမျိုးသားလွတ်မြောက်ရေးအတွက် ကျဆုံးသွားတဲ့ အာဇာနည်တွေကို အလေးနီပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

ဇိုမီးမျိုးနွယ်စုများအားလုံးနဲ့တိုင်းရင်းသားပြည်သူအားလုံး ဘေးကင်းလုံခြုံစေကြောင်းနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေအားလုံးကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါ ပါတယ်။

စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်းပြည် တည်ဆောက်ရေး၊ တန်းတူရေး၊ တရားမျှတရေးနဲ့လွတ်လပ်ရေးအတွက် မွန်မြတ်သော လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ Zomi Federal Union အနေနဲ့ နှစ်ပြည့်တဲ့အထိ လျှောက်လှမ်းနိုင်ခဲ့တာကို ချင်းညီနောင် အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူတယ်လို့လည်း အသိပေးထားပါတယ်။ 

ဒါ့အပြင် အသက်စွန်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ ချင်းတမျိုးသားလုံးရဲ့ မျှော်လင့်ချက်တွေကို ဆက်လက်အကောင် အထည်ဖော်ပြီး မပြီးပြတ်သေးတဲ့ အမျိုးသားရေးနဲ့တော်လှန်ရေးတာဝန်တွေကို ဇွဲမလျော့ပဲ ဆက်လက်အကောင်အထည် ဖော်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ Zomi Federal Union နဲ့အတူရပ်တည်ပြီး ချင်းပြည်လွတ်မြာက်ရေးနဲ့ ချင်းပြည် တည်ဆောက် ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောပါတယ်။ 

နှစ်တာကာလအတွင်း တော်လှန်ရေးခရီးမှာ Zomi Federal Union အနေနဲ့ရရှိခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး အတွေ့ အကြုံတွေ နဲ့ သင်ခန်းစာတွေကို အသုံးချပြီး အနာဂတ်မှာ အကောင်းဆုံးနည်းဗျူဟာတွေနဲ့အတူ ချင်းတော်လှန်ရေးကို ထိထိရောက် ရောက်နဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ကြိုးပမ်းသွားကြမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။  


========================


🚩🚩 ၂။ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction ကုမ္ပဏီတာဝန်ခံ နေဇော်မြင့် ကားပေါ် တက်စဉ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံပိုင်တဲ့ Sky One Construction ကုမ္ပဏီကို တာဝန်ယူ လုပ်ကိုင်နေတဲ့ တာဝန်ခံ နေဇော်မြင့် ကားပေါ်တက်ချိန်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

စစ်ရေးပစ်မှတ်ဖြစ်တဲ့ Sky One Construction ကုမ္ပဏီ တာဝန်ခံ နေဇော်မြင့် ကို မတ်လ ၃၀ရက်နေ့ နာရီ ၁၀ မိနစ် ခန့်အချိန်က ရန်ကင်းမြိုနယ် ဘောက်ထော်ဘူတာရုံလမ်းမှာရှိတဲ့ The Yard Bar အနီးမှာ အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 

မိုင်းပေါက်ကွဲပြီးနောက် ဆေးရုံကားနဲ့ စစ်ကားတွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ လည်း သိရပါတယ်။ 

မိုင်းဖောက်ခွဲတိုက်ခိုက်ချိန်မှာ နေဇော်မြင့်ရဲ့ကား ပျက်စီးသွားခဲ့ပြီး နောက်ဆက်တွဲသတင်းတွေအရ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ ပိုင်တဲ့ Sky One Construction ကို တာဝန်ယူဆောင်ရွက်နေတဲ့ နေဇော်မြင့်ဟာ ယခင်မြို့တော်ဝန်ဟောင်း ဦးလှမြင့်ရဲ့သားဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ စီးပွားရေးလုပ်ငန်းတွေကို နောက်ကွယ်ကနေ အဓိကကူညီထောက်ပံ့ ပေးနေသူဖြစ်တာကြောင့် စစ်ဆင်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တာလို့ Operation Flame (OF) က အသိပေးထားပါတယ်။ 

ပြည်သူလူထုကို အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အားပေးအားမြှောက်လုပ်နေသူတွေကို စစ်ရေး ပစ်မှတ်များအဖြစေသတ်မှတ်ပြီး ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အဆိုပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တဲ့ Operation Flame (OF) က ကြေညာထားပါတယ်။


========================


🚩🚩 ၃။ မန်နောင်တိုက်ပွဲတွင် ဂုဏ်ထူး ဆောင်စစ်မှုထမ်းကောင်း တံဆိပ်ရထားသူ တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံး 


ကချင်ပြည် မိုးမောက်မြို့နယ် ကုန်းလောရွာအနီးက မန်နောင်ရွာမှာတိုက်ပွဲမှာ ဂုဏ်ထူးဆောင် စစ်မှုထမ်းကောင်းတံဆိပ် ရထားသူ တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

KIA ဌာနချုပ် လိုင်ဇာအနီးမှာရှိတဲ့ ဘွမ်ရယ်ဘွမ်တပ်စခန်းကနေ ထွက်ပြေးလာတဲ့စစ်ကြောင်းနဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်း တပ်တို့ မတ်လ ၂၉ ရက်နေ့က မိုးမောက်မြိုနယ် ကုန်းလောရွာအနီး မန်နောင်ဒေသမှာ တိုက်ပွဲဖြစ်ခဲ့ပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးတာကို စစ်ဘက်သတင်းရင်းမြစ်တွေကလည်း အတည်ပြုထားပါတယ်။ 

တပ်မ ၈၈ က ဗိုလ်မှူးချုပ်မင်းထွဋ်ဦးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရက် နေ့ကပဲ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲံ အမိန့်စာအမှတ် /၂၀၂၄ နဲ့ စစ်မှုထမ်းကောင်းတံဆိပ် ပေးအပ်ခြင်း ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ မတ်လ ရက်က စတင်ခဲ့တဲ့ KIA ရဲ့ စစ်ဆင်ရေးကာလမှာ စစ်ကောင်စီဘက်က အဆင့်မြင့်အရာရှိတဦး သေဆုံးရမှု လည်းဖြစ်ပါတယ်။ 

KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ မတ်လ ၇ရက်ကစပြီး ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်တွေကို  ထိုးစစ်ဆင် ခဲ့ရာ တလနီးပါးအတွင်း လိုင်ဇာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ မြစ်ကြီးနား -ဗန်းမော်လမ်းက စစ်ကောင်စီ တပ်ရင်းဌာနချုပ်တွေအပါအဝင် တပ်စခန်းများ၊ ဗျူဟာစခန်းများ၊ ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ စုစုပေါင်း တပ်စခန်း ၅၀ ခန့်ကို သိမ်းပိုက်ရရှိထားသလို စစ်သုံပန်း ရာချီ ဖမ်းမိထားပါတယ်။

ဒါအပြင် စစ်တပ်စခန်းတွေက ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆိုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ စစ်ကိုင်း -မုံရွာလမ်းပေါ်တွင် ဘူဒိုဇာကားဖြင့် မိုင်းရှင်းနေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


စစ်ကိုင်းကိုင်း မြင်းမူမြို့နယ် ကန်ဖျားဇရပ်နဲ့ ထီးဆောင်းကျေးရွာကြားမှာ ဘူဒိုဇာကားနဲ့ မိုင်းရှင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦး သေဆုံးသွားတယ်လို့ Moe Nyo Revolution Force တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၃၀ ရက် မွန်းလွဲ နာရီခန့်အချိန်က စစ်ကိုင်း - မုံရွာလမ်းတလျှောက် ဘူဒိုဇာကားနဲ့ မိုင်းရှင်းနေတာကို  လုံခြုံရေးယူပေးနေတဲ့ အကြမ်းဖက်စစ်သား ၇၀ ခန့်ပါစစ်ကြောင်းကို စနိုက်ပါနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မှာ အကြမ်းဖက်စစ်သား ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစစ်တပ်စစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ် နုံးတွင်းကျေးရွာကနေ မြင်းမူဘက်ကို မိုင်းရှင်းထွက်လာတာဖြစ် ပြီး မုံရွာ-မန္တလေးလမ်းတလျှောက် ဘူဒိုဇာနဲ့ လိုက်ထိုးနေတာမှာ မြင်းမူမြို့နယ်ထဲရောက်လာခဲ့တာလို့ သိရပါတယ်။  

တော်လှန်ရေးရဲဘော်တွေရဲ့ တိုက်ခိုက်ခြင်းခံရလိုက်ရတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဘူဒိုဇာကားနဲ့အတူ ထီးဆောင်းရွာမှာရှိတဲ့ စစ်စခန်းကို ပြန်လည်ဆုတ်ခွာသွားပြီးနောက် မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ မြင်းမူ မြို့ဘက် ထွက်သွားတယ်လို့လည်း အသိပေးထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force - MNRF တပ်ဖွဲ့၊ Pentagram - ငါးထောင့် ကြယ် KDDFနဲ့ ကျောက်ဆည်ခရိုင် တပ်ရင်း တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ ကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment