4th MAR 2024 - Morning Daily News by Radio NUG


၂၀၂၄ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအား အသိပေးချက်ထုတ်ပြန်ခြင်း

📌 ၃။ ထိုင်းလွှတ်တော်က အာဏာသိမ်းပြီး နှစ်အကြာ မြန်မာ့အရေး ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပါဝင်ဟောပြော

📌 ၄။ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးကို မွန်ပြည်သစ်ပါတီ (AD) ဖမ်းဆီး၊ စစ်တပ်မှလည်း ၎င်းတို့နဲ့ နီးစပ်တဲ့ မိသားစုဝင်များကို ပြန်လည်ဖမ်းဆီးထား

📌 ၅။ တောင်ကိုရီးယားနှင့် သြစတြေးလျရောက် မြန်မာများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ


၂၀၂၄ ခုနှစ် မတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တန့်ဆည်တွင် စစ်တပ်က ဒေသခံပြည်သူ ၁၁ ဦးကို ရက်စက်စွာသတ်ဖြတ် 

🚩 ၂။ စကစ မဂျီဂုံစစ်ဗျူဟာကုန်းရှိ စခန်း ခုလုံးအား တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့

🚩 ၃။ ထားဝယ်တွင် စစ်ကောင်စီ စခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

🚩 ၄။ ကလေးမြို့နယ် ထိုမာရွာမှ စစ်ကြောင်းထိုးရန် ထွက်လာတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရ 

🚩 ၅။ ကျိုက်ထိုတွင် ပျူစောထီး တစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ PDF တပ်ရင်း - ၇၈၀၅ တပ်ခွဲ ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


မတ် ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို မတ်လ ၃ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။


ထို့နောက် ရှေ့လုပ်ငန်းစဉ် ကျန်ရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေး ကို (၁၂:၀၀) နာရီအချိန်တွင် ရပ်နားခဲ့သည်။


========================


📌📌 ၂။ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအား အသိပေးချက်ထုတ်ပြန်ခြင်း


မတ်လ ၃ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ်(သို့) အဖွဲ့အစည်းများအတွက် ကြားကာလ အမည်စာရင်းမှတ်ပုံတင်သွင်းရန် မှတ်ပုံတင်ကာလကို ကြေညာထားပါတယ်။


အမည်စာရင်းမှတ်ပုံတင်ကာလမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့မှ မတ်လ (၃၁)နေ့အထိ ဖြစ်ပြီး သတ်မှတ်ကာလအတွင်း အမည်စာရင်းမှတ်ပုံမတင်သော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအား ကြေညာချက်ပါ စည်းကမ်းချက်များဖြစ်သည့် အမည်ပျက်စာရင်းသွင်းခြင်း၊ အမည်ပျက်စာရင်းသွင်းထားသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများမှ ရေးသားထားသော အစီရင်ခံစာများကို အသိအမှတ်မပြုခြင်း စသည့် အပြစ်ပေးအရေးယူခြင်းများကို ခံရမည် ဖြစ်ကြောင်း သိရှိရပါတယ်။


ဒါကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအနေဖြင့် အချိန်မီ မှတ်ပုံတင်အမည်စာရင်း တင်သွင်းခြင်း ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၃။ ထိုင်းလွှတ်တော်က အာဏာသိမ်းပြီး နှစ်အကြာ မြန်မာ့အရေး ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပါဝင်ဟောပြော


မတ်လ ၃ရက်။

ထိုင်းနိုင်ငံ၊ လွှတ်တော်မှာ ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့အာဏာသိမ်းပြီး သုံးနှစ်အကြာခေါင်းစဥ်နဲ့ မတ်လ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကထုတ်ပြန်ထားပါတယ်။


"တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြတဲ့အခွင့်အရေးတွေကို မြန်မာပြည်က လူငယ်‌တွေက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးပွဲတက်ရောက်သူတွေ သိအောင် အဓိကထား ပြောခဲ့ပါတယ်။ ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်‌တွေဟာ အမှန်တရားအတွက် ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်နေရတယ်။" လို့ ကိုအောင်ဖုန်းမော်က ပြောပါတယ်။


ဒါ့အပြင် ကိုအောင်ဖုန်းမော်က ၂၀၀၈ ဖွဲ့စည်းပုံ အပါအဝင် ဗဟိုပြည်မအုပ်ချုပ်ရေးစနစ်၊ ဗမာ/ဗုဒ္ဓ လူမျိုးကြီးအတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို စုစည်းလို့မရနိုင်တော့ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာနဲ့ ပြုပြင်ပြောင်းလဲရေးကော်မတီနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးကို မွန်ပြည်သစ်ပါတီ (AD) ဖမ်းဆီး၊ စစ်တပ်မှလည်း ၎င်းတို့နဲ့ နီးစပ်တဲ့ မိသားစုဝင်များကို ပြန်လည်ဖမ်းဆီးထား


မတ်လ ၃ရက်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် () ဦးကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) က ဖမ်းဆီးခဲ့ပြီး လက်နက် ၁၅ လက် ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ Rehmonnya FM က ဖော်ပြထားပါတယ်။


မတ်လ ရက်နေ့ မွန်းလွဲပိုင်း အချိန်မှာ ကမာဝက်မြို့၊ စိန်တောင်ရက်ကွက်က ပြည်သူ့စစ်ခေါင်းဆောင် ဦးပန်းကို လက်နက် () လက်၊ မတ်လ ရက်နေ့ ညပိုင်း အချိန်မှာ ကော့ပိထောရွာက ပြည်သူ့စစ်ခေါင်းဆောင် ဦးကင်ဘန်းနဲ့ ဒုခေါင်းဆောင် ဦးငြိမ်းဦး တို့ကို လက်နက် () လက် နှင့်အတူ  မွန်ပြည်သစ်ပါတီ (AD) က တပ်ဖွဲ့ ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


စစ်ကောင်စီ ထောက်တိုင်ဖြစ်တဲ့ ပြည်သူ့စစ်တွေအနေနဲ့ လက်နက်လာရောက် အပ်နှံကြဖို့နဲ့ မအပ်ဘူးဆိုပါက နောက်ဆက်တွဲရလဒ်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ NMSP(AD) ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ဒေသတွင်း မီဒီယာများမှတဆင့် သတိပေး ပြောကြားထားပါတယ်။


၎င်းတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင်များ ဖမ်းဆီးခံရပြီးတဲ့နောက်မှာ မွန်ပြည်သစ်ပါတီ (AD) အဖွဲ့ဝင်များရဲ့ ဆွေမျိုးနီးစပ်သူ အမျိုးသမီး () ဦးကို မတ်လ ရက်နေ့ ညမှာပဲ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (အမတ - ၃၁၈) က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးထံက သိရပါတယ်။


မွန်ပြည်သစ်ပါတီ ကနေ ခွဲထွက်လာတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အနေနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဝင်သွားဖို့ ရှိတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုအပ်ကြောင်း NMSP(AD) ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က အသိပေးပြောကြားထားပါတယ်။


မွန်ပြည်သစ်ပါတီ (AD) အဖွဲ့ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၅။ တောင်ကိုရီးယားနှင့် သြစတြေးလျရောက် မြန်မာများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ


မတ်လ ၃ရက်။

တောင်ကိုရီးယားနှင့် သြစတြေးလျ နိုင်ငံများတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက မတ်လ ရက် နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။


တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အကြမ်းဖက် စစ်တပ်ရဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ဂန့်ဂေါ PDF မှ ရဲဘော် နှစ်ဦးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဆုတောင်းမေတ္တာပို့ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ဆန္ဒပြပွဲကို မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲပေါင်းချုပ် - Myanmar Federal Democracy Mission Collection (MFDMC) နှင့် ကိုရီးယား အဖွဲအစည်းများ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသော နွေဦးတော်လှန်ရေး သပိတ်အင်အားစုဝင်တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။


အလားတူ ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင်လည်း ပြည်ပရောက် မြန်မာများ စုပေါင်းပြီး မတ်လ ရက်နေ့မှ ရက်နေ့အထိ ကျင်းပသွားမယ့် ဩစတေးလျ - အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံများရှိ အာဏာရှင် အစိုးရများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================



🚩🚩 ၁။ တန့်ဆည်တွင် စစ်တပ်က ဒေသခံပြည်သူ ၁၁ ဦးကို ရက်စက်စွာသတ်ဖြတ် 


မတ်လ ၃ရက်။

စစ်ကိုင်းတိုင်းထဲက တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းခံထားရတဲ့ ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိထားတယ်လို့ ဒေသခံတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်မှာရှိတဲ့ ကံထူးမရဲစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံပြည်သူတွေကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်မှာ တန့်ဆည်မြို့နယ်မှာရှိတဲ့ ကံထူးမရဲစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ခွေးဘီလူးနှင့် ပျူတွေပေါင်းထားတဲ့ စစ်ကြောင်းက သတ်ထားတဲ့ အရပ်သားအလောင်း ၁၁ လောင်းတွေ့ပါပြီ။ လောင်းကို တုံးတစ်ပိုင်းဖြတ်ထားတာ တွေ့ရပါတယ်လို့ Taze News က အသိပေးထားပါတယ်။

သတ်ဖြတ်ခံရသူတွေဖြစ်တဲ့ ဆူးပါကုန်းကျေးရွာက အသက် ၃၀ အရွယ် ဦးဖိုးကို၊ ၀ရငယ်ကျေးရွာမှ အသက် ၇၀ အရွယ် ဦးဝေ၊ ခံတောရွာသစ်ကျေးရွာမှ အသက် ၅၀ အရွယ်  ရပ်ကျေး ပအဖ ခေါင်းဆောင် ကိုဝင်းနိုင်နှင့် အသက် ၅၂ နှစ်အရွယ် ပကဖ ရပ်ကျေးတာဝန်ခံ ဦးရှမ်း၊ ရွာသစ်ကုန်းကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ကိုဆန်းပို၊ ကံထူးမရဲစခန်းမှာ ချုပ်နှောင် ထားတဲ့ အသက် ၄၀ အရွယ် ကိုမင်းဟန်နှင့် အသက် ၃၀ အရွယ် ကိုဆွေလင်း () တင်မောင်လင်းတို့ရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၄ ရက်၊  ၂၆ ရက်နဲ့ မတ်လ ရက်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။  

ထို့အပြင် အင်ပင်အိုင်ကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုဝေယံထက် () တိုးကြီး၊ ဇီးပေါက်ကျေးရွာမှ ၄၉ နှစ်အရွယ် ဦးငြိမ်းချိုနု အသက် ၅၀ အရွယ် ဦးဌေးအောင်၊ ပန်းတိမ်ကုန်းကျေးရွာမှ ၃၄ နှစ်အရွယ် ဦးဇော်မိုးဦးတို့ကိုလည်း စစ်တပ်က သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါပြည်သူများကို သတ်ဖြတ်သွားတဲ့ စစ်ကြောင်းမှာ ခမရ -၇၀၈ အမှတ် ၁၁ တပ်နဲ့  ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။ 

ကံထူးမရဲစခန်းအပါအဝင် တန့်ဆည်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို  ဖေဖော်ဝါရီ ၂၁ရက်မှ ၂၄ ရက်အထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး ကံထူးမရွာရဲစခန်းအား သိမ်းပိုက်မီးရှို့ ခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် - စစ်ဒေသက ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထို့အတူ တန့်ဆည်မြို့နယ် ရွာသစ်ကုန်းကျေးရွာအနီးတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်က ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အမှတ် စစ်ဒေသက ဖေဖော်ဝါရီ၂၉ မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲများနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကြောင့် တန့်ဆည်နယ်က ကျေးရွာ ၁၅ ရွာထက်မနည်းမှ ဒေသခံ ထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၂။ စကစ မဂျီဂုံစစ်ဗျူဟာကုန်းရှိ စခန်း ခုလုံးအား တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့


မတ်လ ၃ရက်။

KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်နေသည့် မံစီမြို့နယ်အတွင်းရှိ မဂျီဂုံစခန်းကုန်းကို မတ်လ ၃ရက်ညနေက သိမ်းဆည်းရရှိကြောင်း kachinwavesမှာ ဖော်ပြချက်အရ သိရှိရပါတယ်။


မတ်လ ရက်နေ့ကစပြီး မံစီမြို့နယ်၊ တမော်ကျေးရွာနယ်မြေအတွင်းရှိ မဂျီဂုံ (Maji Gung) စခန်းကုန်း ခုလုံးကို တပြိုင်နက် စတင်တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ၃ရက်ညနေတွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု မံစီမြို့နယ်အတွင်း လှုပ်ရှားနေသည့် KPDF တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။


ညနေပိုင်းလောက်ဖြစ်မယ်။ နေရာပြိုင်တူ ဝင်တိုက်ရတာလေ။ တစ်နေရာပြီးမှ တစ်နေရာတိုက်ရင် ကိုယ့်ဘက်က အထိများမယ်လို့ဆိုပါတယ်။


ရက်ကြာ တိုက်ခိုက်သိမ်းယူခဲ့ရသည့် မဂျီဂုံ (Maji Gung) ဗျူဟာစခန်းကုန်းတွင် ခလရ - ၁၀၂၊ ခလရ -၂၅၀ နှင့် ခမရ - ၄၂၇ ပူးပေါင်းတပ်တို့ စုပေါင်းတပ်ထိုင်ထားခြင်း ဖြစ်ကြောင်း သိရသည်။


စခန်းသိမ်းတိုက်ပွဲအတွင်း KIA အရာရှိတစ်ဦး ကျဆုံးခဲ့ပြီး KPDF တပ်ဖွဲ့ဝင် ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် မံစီမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလကစပြီး KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နေပြီး ဂိုက်ထိပ် (Kai Htik) စခန်းကုန်း၊ ပလောင်ဒင်ဆာ (Balawng Dingsa) ကုန်း၊ စီခမ်းကြီးစခန်းနှင့် မံဝိန်းကြီးဒေသရှိ ရဲစခန်း၊ စစ်တပ်စခန်းကုန်းနှင့် နယ်စပ်စုပေါင်းဂိတ်တို့ကို သိမ်းပိုက်ထားနိုင်သည်။


========================


🚩🚩 ၃။ ထားဝယ်တွင် စစ်ကောင်စီ စခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်


မတ်လ ၃ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ ရောင်းမော်ကျေးရွာ အနီးရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများကာ လက်နက်- ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းတိုင်း‌ စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီ တပ်သား ၁၂ ဦးနဲ့ ပျူစောထီးအဖွဲ့တို့ တပ်စွဲထားတဲ့ အဆိုပါ စခန်းကို မတ်လ ရက်နေ့မှာ အမှတ် (၃၄) ဗျူဟာ စစ်ဆင်ရေးမှုး ဗိုလ်စီဝမ်း ဦးဆောင်ပြီး  တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း () T1 တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း () T5- SOF နဲ့ (.က.) ဥဩ စစ်ကြောင်းတို့က တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ပွဲတွင် စစ်သားနဲ့ ပျူစောထီး အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ရပြီး လက်နက် ၁၂ လက် ကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပြပါတယ်။


တိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီတပ်က Mi-2 အမျိုးအစား ရဟတ်ယာဥ်ဖြင့် () ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေး တပ်ရင်း () မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


တနင်္သာရီတိုင်း တော်လှန်ရေး တပ်ပေါင်းစုများ အနေနဲ့ စစ်ကောင်စီ တပ်အခြေစိုက်ရာ စခန်းများကို အဆက်မပြတ် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် မည်သည့်နေရာမှ လုံခြုံစွာ နေထိုင်နိုင်ခြင်း မရှိစေရအောင် ဆောင်ရွက်သွားမယ်လို့လည်း တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန် ထားပါတယ်။


========================


🚩🚩 ၄။ ကလေးမြို့နယ် ထိုမာရွာမှ စစ်ကြောင်းထိုးရန် ထွက်လာတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရ 


မတ်လ ၃ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ ထိုမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းထိုးရန် ထွက်ခွာလာချိန်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အထိနာသွားတာကြောင့် ပြန်လည်ဆုတ်ခွာ သွားတယ်လို့ သတင်းရရှိပါတယ်။


မတ်လ ရက်နေ့၊ မနက် နာရီ ဝန်းကျင်ခန့် အချိန်မှာ ၎င်းစစ်ကြောင်းက သာယာကုန်းရွာဘက်ကို ထွက်လာရာမှာ ပြည်သူ့ကာကွယ်ရေး တပ်များနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်သေဆုံးနိုင်ကာ PDF တပ်များဘက်မှာလဲ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကလေးမြို့မှ အင်အား ၁၂၀ နဲ့ ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်က ထိုမာရွာကို တပ်ပြန်ဆုတ်သွားခဲ့ပြီး ညနေပိုင်းတွင် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်မှ ကား စီးနဲ့ ထိုမာရွာကို ရောက်ရှိလာကာ ဒဏ်ရာရထားတဲ့ စစ်ကောင်စီ တပ်သားများကို ပြန်လည်ခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထိုမာကျေးရွာအတွင်း တပ်စွဲကာ ဆန်၊ ဆီ၊ စပါး၊ စားနပ်ရိက္ခာ နဲ့ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး နေ့စဉ် ကားများနဲ့ ကလေးမြို့ပေါ်ကို သယ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


ကလေးမြို့ အနီးတဝိုက်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ပြီး စစ်ကောင်စီနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေတာကြောင့် မြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာများက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ကျိုက်ထိုတွင် ပျူစောထီး တစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ PDF တပ်ရင်း - ၇၈၀၅ တပ်ခွဲ ထုတ်ပြန်


မတ်လ ၃ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လောင်းကစားဝိုင်းများ ပြုလုပ်နေတဲ့ ပျူစောထီး အဖွဲ့ဝင် တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တပ်ရင်း - ၇၈၀၅ တပ်ခွဲ က အသိပေး ထုတ်ပြန်ထားပါတယ်။


မတ်လ ရက်နေ့ ညနေ နာရီ မိနစ် အသက် ၅၀ ဝန်းကျင်ရှိ ပျူစောထီး အဖွဲ့ဝင် ကျော်ဝင်းဆိုသူကို PDF တပ်ရင်း - ၇၈၀၅ တပ်ခွဲ () UG အဖွဲ့က မုက္ခမူ ရွာထိပ်ရှိ အံဂလုံ လောင်းကစားဝိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဦးကျော်ဝင်းဟာ စစ်အာဏာသိမ်းစထဲက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မုက္ခမူ၊ ကော့ထင်း၊ ဘုရားကြီး၊ ခလွန် ကျေးရွာများမှာ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အံဂလုံဝိုင်း စတဲ့ လောင်းကစားဝိုင်းတွေနဲ့ ဒုစရိုက်မှုမျိုးစုံ ကို စစ်တပ်နဲ့ ပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်လုပ်ကိုင်နေသူ တစ်ဦးလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ရဲတပ်သား ထက်အာကာဆိုသူရဲ့ ဖခင်လည်းဖြစ်တဲ့ ဦးကျော်ဝင်းဟာ စစ်ကောင်စီရဲ့ ပြည်သူ့ စစ်အင်အား စုဆောင်းမှုမှာလည်း ကူညီစည်းရုံးလုပ်ဆောင်ပေးနေတာတွေလည်း ရှိတယ်လို့ တပ်ရင်း - ၇၈၀၅ တပ်ခွဲ မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။


အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း - ၇၈၀၅ တပ်ခွဲ () UG အဖွဲ့ဟာ  ကျိုက်ထိုနဲ့ ဘီးလင်း မြို့နယ်များမှ စစ်တပ်ထောက်တိုင်များ၊ ပျူစောထီးများ အပြင် စစ်ကောင်စီ လက်အောက်ရှိ ရုံး၊ ဌာနများနဲ့ ဘဏ်များရှိ အစောင့် စစ်သားများကိုလည်း ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ထားပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်ကလည်း ဘီးလင်းမြို့နယ် ဇွဲကလာကျေးရွာမှ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီး ခေါင်းဆောင် ဦးဉာဏ်ထွန်း ဆိုသူကိုလည်း အဆိုပါ PDF တပ်ခွဲက ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။


ပြည်သူတွေအနေနဲ့ စစ်တပ်၊ ရဲ၊ စစ်ကောင်စီ ထောက်တိုင်တွေနဲ့ ဝေးဝေး နေကြဖို့အပြင် ၎င်းတို့ PDF တပ်ခွဲ အနေနဲ့ မစ်ရှင်တွေ ပိုမိုဆောင်ရွက် နိုင်ဖို့အတွက်ကို ကူညီပေးကြဖို့ကိုလည်း ၎င်း တပ်ရင်း - ၇၈၀၅ တပ်ခွဲ () မှ တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment