15th MAY 2024 - Evening Daily News by Radio NUG

 

၂၀၂၄ မေလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းနဲ့အတူ ကျရာတာဝန်တွေကို ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ပြော

📌 ၂။ ကရင်အခြေစိုက် KIC သတင်းဌာနက အယ်ဒီတာချုပ် Women in News Editorial Leadership Award ဆုရ

📌 ၃။ ဝမ်ပေါင်နဲ့ယန်စီ စီမံကိန်းတွေပြန်စမှာကို လက်မခံဘူးလို့သပိတ်အင်အားစုတွေသတိပေး


၂၀၂၄ ခုနှစ် မေလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းကွယ်လွန်သွားတာဟာ အဖိနှိပ်ခံမြန်မာလူထု၊ ကချင်ပြည်နဲ့ ကချင်လူမျိုးတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

🚩 ၂။ ဘူးသီးတောင်မြို့နယ်ထဲက စစ်ဘေးရှောင်မွတ်ဆလင်တွေကို ရခိုင့်တပ်တော် စားနပ်ရိက္ခာထောက်ပံ့

🚩 ၃။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သံတွဲမြို့နယ်မှာ အရပ်သား ၁ဝ ဦးသေဆုံး 

🚩 ၄။ ကျောက်တော် ဝဲကြီးထောင့်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁ဝ ဦး ဒဏ်ရာရ

🚩 ၅။ လောင်းလုံးမြို့နယ်ထဲက စစ်တပ် တပ်စွဲရာနေရာတွေကိုတိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံး

🚩 ၆။ ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်အားတိုက်ခိုက်မှု သတင်းထုတ်ပြန်ချက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းနဲ့အတူ ကျရာတာဝန်တွေကို ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ပြော


မေလ၁၃ရက်နေ့က ကွယ်လွန်သွားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်- KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းနဲ့အတူ ကျရာတာဝန်တွေကို အုပ်တချပ် သဲတပွင့်ဖြစ်အောင် ကြိုးစားခဲ့တယ်လို့ ကချင်လွတ်တပ်ရေးအဖွဲ့ - KIO ခေါင်းဆောင်တဦး ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုလိုက်ပါတယ်။   

မေလ ၁၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း ရဲ့ ဈာပနအတွက်ပြင်ဆင်ထားတဲ့ ဓာတ်ပုံနဲ့အတူ ကချင်လွတ်လပ်ရေးကောင်စီ- KIC ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က လူမှုကွန်ယက်စာမျက်နှာ ကနေတဆင့် မေလ ၁၅ ရက်နေ့မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ဟာ ၁၉၆၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မွေးဖွားခဲ့သူတွေဖြစ်ပြီး ယခုနှစ် မေလ ၁၃ ရက်နေ့အထိ ကျရာတာဝန်တွေကို အုပ်တချပ် သဲတပွင့်ဖြစ်အောင် ကြိုးစားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ငါတို့ ၂ယောက်ပေါင်းရင် KIO အတွက် တရှဉ်းဖြစ်တယ်လို့ သူ မကြာခဏ ပြောပါတယ်။ ခုတော့ သူ ကောင်းကင်ခရီးသို့ ထွက်ခွာသွားပါပြီ။ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေကို ပွေ့ပိုက်ပြီး အဖ ဘုရားသခင်ရဲ့ရင်ခွင်မှာ အေးငြိမ်းစွာနားခိုပါ သူငယ်ချင်းလို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ လက်ရေးမူမှာ တွေ့ရပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ အသဲရောဂါအတွက် ဆေးကုသဖို့ ၂ဝ၂၂ ခုနှစ်ကတည်းက အထွင့်အရေးရခဲ့ပေမယ့် စစ်ရေးအတွက် အရေးပါတဲ့အချိန်ဖြစ်တာကြောင့် ဆေးကုသဖို့ထက် တိုက်ပွဲဝင်ဖို့ ရွေးချယ် ခဲ့သူလို့ သိရပါတယ်။ 

ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ KIA စစ်ဦးစီးချုပ်တာဝန်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန အမှတ် - စစ်ဒေသမှူးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့ရာ ၎င်းရဲ့ ဦးဆောင်မှုကြောင့် ကချင်၊ရှမ်းမြောက်နဲ့ စစ်ကိုင်း၊ မကွေးဘက်က စစ်ဆင်ရေးတွေမှာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ 

ဒါ့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်သွားတာဟာ အဖိနှိပ်ခံ မြန်မာလူထု၊ ကချင်ပြည်နဲ့ ကချင်တိုင်းရင်းသား တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုလို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။


========================


📌📌 ၂။ ကရင်အခြေစိုက် KIC သတင်းဌာနက အယ်ဒီတာချုပ် Women in News Editorial Leadership Award ဆုရ


အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ သတင်းလွတ်လပ်ခွင့်ကို ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ WAN-IFRA WIN က ၂ဝ၂၄ ခုနှစ်အတွက်ချီးမြင့်တဲ့ Women in News Editorial Leadership Award ကို ကရင်အခြေစိုက် KIC သတင်းဌာနက အယ်ဒီတာချုပ် နန်းဖော့ဂေ ရရှိသွားတယ်လို့ သိရပါတယ်။

Women in News Editorial Leadership Award ရသူ ဦးရှိပြီး အရှေ့တောင်အာရှကိုယ်စားပြုအဖြစ် ကရင်သတင်း ဌာန-KIC ရဲ့ ဒါရိုက်တာနဲ့ အယ်ဒီတာချုပ်ဖြစ်သူ နန်းဖော့ဂေကို ရွေးချယ်ချီးမြင့်လိုက်တယ်လို့ WAN-IFRA WIN က မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

ဒီနှစ်အတွက် နန်းဖော့ဂေနဲ့အတူ Al Jazeera သတင်းဌာနက ဒါရိုက်တာ Dima Khatib နဲ့ အာဖရိက ကိုယ်စားပြုအဖြစ် The Guardian သတင်းဌာနက အယ်ဒီတာ Beatrice Bandawe တို့လည်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။ 

မီဒီယာလောကကို စီမံခန့်ခွဲကြီးကြပ်ရတဲ့ ရာထူးနေရာတွေမှာ အမျိုးသမီးတွေ ပိုများလာဖို့၊ ခေါင်းဆောင်မှုပိုင်းတွေမှာ အမျိုးသမီးတွေပါဝင်လာမှုကို အသိအမှတ်ပြုတာတွေ ပိုလုပ်လာနိုင်ဖို့၊ ဒီလိုနေရာတွေမှာ အမျိုးသမီးတွေ ပါဝင်လုပ် ဆောင်မှုရဲ့ အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြနိုင်ဖို့ဖြစ်တယ်လို့ WAN-IFRA WIN ရဲ့ အရှေ့တောင်အာရှဒါရိုက်တာ ဒေါ်ခင်သန္တာဌေးက ဆုပေးအပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။

နန်းဖော့ဂေဟာ ကရင်သတင်းဌာန- KIC မှာ ၂၀၀၀ ပြည့်နှစ်ကစတင် လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် တာဝန်ကို ၂၀၀၈ ခုနှစ်ကနေ လက်ရှိအချိန်ထိ ထမ်းဆောင်နေသူလို့ သိရပါတယ်။

ဒီဆု‌တွေကို ကမ္ဘာ့သတင်းစာနယ်ဇင်း ထုတ်ဝေသူများအသင်းက ၂၀၁၄ ခုနှစ်ကစလို့ ချီးမြှင့်ခဲ့တာမှာ ၂၀၂၁ ခုနှစ်မှာ 7 Day Digital အယ်ဒီတာချုပ် မငြိမ်းငြိမ်းနိုင်လည်း ဆုချီးမြှင့်ခံခဲ့ရဘူးပါတယ်။

အခုနှစ်အတွက် ဆုရရှိသူတွေကို ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ မေ ၂၇ ရက်က‌နေ ၂၉ ရက်အထိကျင်းပမယ့် WAN-IFRA ရဲ့ ကမ္ဘာ့သတင်းမီဒီယာကွန်ဂရက်မှာ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ဝမ်ပေါင်နဲ့ယန်စီ စီမံကိန်းတွေပြန်စမှာကို လက်မခံဘူးလို့သပိတ်အင်အားစုတွေသတိပေး


Radio NUG မေ ၁၅


စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆား လင်းကြီး မြို့နယ်မှာရှိတဲ့ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကြေးနီသတ္တုတွင်းစီမံကိန်းတွေ ပြန်လည်လုပ် ကိုင်ရေး စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ကြိုး ပမ်း နေတာတွေကို လက်ခံငြိမ်သက်နေမှာမဟုတ်ဘူးလို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစုတွေက သဘော ထားထုတ်ပြန်လိုက်တဲ့အကြောင်း Delta News က ရေးသားလိုက်ပါတယ်။ 


လက်ရှိမှာ စစ်ကောင်စီတပ်က တရုတ်စီမံကိန်းတွေ လည်ပတ်နိုင်ဖို့ လုံခြုံရေးအကြောင်းပြပြီး မုံရွာ - ပုသိမ် လမ်းပိုင်းကို စိုးမိုးကာ ဒေသခံလူထုကို ဖိ အားပေး အကြပ်ကိုင်နိုင်ဖို့ကြိုးပမ်းနေတယ်လို့ သပိတ်အင်အားစုတွေကဆိုထားပါတယ်။


ရွှေတောင်ဦးဖက်နေ ဝမ်ပေါင်အထိကို စစ်တပ်က ကင်းပုန်းတွေချပြီး စက်ရုံပြန်လည်ပတ်ဖို့ လုပ် ဆောင်နေတာပေါ့။ အဲဒီတော့ သူတို့ကလုံခြုံရေး အကြောင်းပြပြီးတော့ နယ်မြေချဲ့ ထွင်မှု တွေလုပ် လာတာပေါ့၊ဒါကြောင့် ဒီလိုဖြစ်ရပ် တွေရပ်တန့်ဖို့ အသိပေးတာပါလို့ လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီအဖွဲ့ဝင် ဦးအောင်မင်းမင်း ကပြောပါတယ်။


တရုတ်စီမံကိန်းတွေကို လုံခြုံရေးအရ အကာအ ကွယ်ယူပေးဖို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက စစ်တပ် က ပုသိမ်-မုံရွာကားလမ်းပေါ် နေရာယူထားတာ ကြောင့် ဒေသခံပြည်သူအမြောက်အများ ထွက် ပြေးတိမ်းရှောင်ရတာလည်းရှိတယ်လို့ သိရပါ တယ်။ ဒါအပြင် အဲဲဒီလမ်းပိုင်းကတဆင့် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။


တရုတ်ကုမ္ပဏီရဲ့ သတ္တုတွင်း စီမံကိန်းတွေ ပြန် လည်ပတ်နိုင်ဆအောင် စစ်ကောင်စီတပ်က ဒေသခံ အလုပ်သမားတွေကို ငွေကြေးနဲ့သိမ်းသွင်းတာ၊ ခြောက်လှန့်ပြီး စည်းရုံးတာတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်းသပိတ်အင်အားစုတွေကဆိုထားကြပါတယ်။


လက်ရှိမှာ တရုတ်ကုမ္ပဏီအနေနဲ့ မြန်မာဝမ်ပေါင်နဲ့ ယန်စီစီမံကိန်းနေရာတွေမှာ အာဏာသိမ်းစစ်တပ်ကို စစ်စခန်းသဖွယ်အသုံးပြုခွင့်ပေးထားကာတရုတ်နဲ့ စစ်တပ် အကျိုးစီးပွားအတွက် စီမံကိန်းပြန် လည်ပတ်နိုင်ဖို့အပူတပြင်းကြိုးစားနေတယ်လို့ လည်းသပိတ်အင်အားစုတွေက ဝေဖန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းနွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းကွယ်လွန်သွားတာဟာ အဖိနှိပ်ခံမြန်မာလူထု၊ ကချင်ပြည်နဲ့ ကချင်လူမျိုးတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော


ကချင်လွတ်လပ်ရေးတပ်မတော်-KIA စစ်ဦးစီးချုပ်လည်းဖြစ် အမှတ်- စစ်ဒေသမှူးလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်သွားတာဟာ အဖိနှိပ်ခံ မြန်မာလူထု၊ ကချင်ပြည်နဲ့ ကချင်လူမျိုးတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတခု ဖြစ်တဲ့အတွက် ဝမ်းနည်းကြေကွဲရတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ KIA မှာ တော်လှန်ရေးတာဝန်တွေကို စတင်ထမ်းဆောင်ခဲ့တဲ့ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကာလနောက်ပိုင်းကစပြီး ကွယ်လွန်ချိန်အထိ တော်လှန်ရေးတာဝန်တွေကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သူလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘေ့စ်ဂီတာတီးတဲ့ ဂီတအနုပညာရှင်တဦးဖြစ်သလို ဟာသပြောတတ်တဲ့ ကချင်ဗိုလ်ချုပ်အုပ်စုထဲက တဦးဖြစ်တဲ့အပြင် လူချစ်လူခင်ပေါသူတဦးလည်းဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

စကားကို တဲ့တိုးပြောတတ်ပေမယ့် အလုပ်တွေကို အတူတကွပူးတွဲလုပ်ဆောင်ချိန်မှာ တာဝန်ခံမှု၊ တာဝန်ယူမှုကောင်းတဲ့ ဗိုလ်ချုပ်အဖြစ် မှတ်ကျောက်တင်ခံရသူဖြစ်တယ်လို့လည်း ညီနောင်မဟာမိတ် ဖွဲ့က ဆိုပါတယ်။

ကချင်ပြည်နဲ့ ကချင်လူမျိုးတို့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ တော်လှန်ရေးလမ်းခုလတ်မှာ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း အခုလို ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် စစ်ဦးစီးချုပ်ရဲ့ မိသားစုများ၊ လုပ်ဖော်ကိုင် ဖက်များ၊ မိခင်အဖွဲ့အစည်းတို့နဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိစစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းတွေမှာ ရှေ့တန်းစစ်မြေပြင်ကနေ စစ်ရေးတာဝန်တွေကို အဓိကတာဝန်ယူ ခဲ့သလို KIA ရဲ့ လက်ရှိ စစ်ရေးအောင်မြင်မှုတွေမှာ အခရာကျသောသူလို့လည်း အသိပေးထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းရဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကာလအတွင်းမှာ အနစ်နာခံ ပေးဆပ်စွန့် လွှတ်မှုနဲ့ လုပ်ဆောင်ချက်တွေကို လေးနက်စွာ တန်ဖိုးထားဂုဏ်ပြုပြီး ကောင်းရာဘုံဘဝသို့ ရောက်ပါစေကြောင်းလည်း ညီနောင်မဟာမိတ် ဖွဲ့က ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်ချိန်ဟာ နွေဦးတော်လှန်ရေးဆင်နွဲနေတဲ့အချိန်ဖြစ်တဲ့အတွက် တော်လှန်ရေး ရဲဘော်ရဲဘက်တွေအတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ချင်းအမျိုးသားတပ်ဦး - CNF ကလည်း မေလ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

အသက် ၆၂ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းဟာ အသည်းကင်ဆာ‌ရောဂါနဲ့ မေလ ၁၃ ရက်နေ့မှာ ကွယ်လွန်သွား ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဘူးသီးတောင်မြို့နယ်ထဲက စစ်ဘေးရှောင်မွတ်ဆလင်တွေကို ရခိုင့်တပ်တော် စားနပ်ရိက္ခာထောက်ပံ့


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက စစ်ဘေးရှောင် မွတ်ဆလင်တွေကို ရခိုင့်တပ်တော် AA က စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတဲ့ ရုပ်သံမှတ်တမ်းတခုကို AA က ဒီနေ့ မေ ၁၅ မှာ ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲက မွတ်ဆလင်တွေနေထိုင်ရာ ဝက်မကျကျေးရွာက စစ်ဘေးရှောင် မွတ်ဆလင်တွေကို ရခိုင့် တပ်တော် AA က တပ်ဖွဲ့ဝင်တွေ မေလ ၁၃ ရက်နေ့က စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့တာကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

ဘူးသီးတောင်မြို့နယ်ထဲက မွတ်ဆလင် ၇ဝဝဝ ခန့်ဟာ စစ်ကောင်စီရန်ကို ကြောက်တဲ့အတွက် ရခိုင့်တပ်တော် AA ထံ ခိုလှုံ လာတယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားမှုရုံး- HDCO ကလည်း ထုတ်ပြန်ထားတာရှိပါတယ်။

စစ်ကောင်စီတပ်ရန်ကိုကြောက်လို့ ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို AA တပ်ဖွဲ့ဝင်တွေက ကူညီရွှေ့ပြောင်းပေးတာနဲ့ ကာကွယ်ပေးတာတွေ လုပ်ထားတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ရာနယ်မြေကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ မွတ်ဆလင်တွေကို ရခိုင့်တပ်တော် AA က ကူညီဆောင်ရွက်ပေးနေပုံတွေကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့လူမှုကွန်ယက်ကနေ မေလ ၁၁ ရက်မှာ ဖော်ပြခဲ့ပါသေးတယ်။ 

ရခိုင်ပြည်အတွင်း အဆုံးသတ်တိုက်ပွဲတွေဆင်နွှဲနေတဲ့အတွက် စစ်ကောင်စီထိန်းချုပ်နယ်မြေမှာရှိတဲ့ အရပ်သားပြည်သူတွေ အချိန်မီ လွတ်မြောက်နယ်မြေ သို့မဟုတ် AA ထိန်းချုပ်ရာ နယ်မြေတွေသို့ သွားရောက်နေထိုင်ကြဖို့ ရခိုင့်တပ်တော် AA က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သံတွဲမြို့နယ်မှာ အရပ်သား ၁ဝ ဦးသေဆုံး 


တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာကြောင့် သံတွဲမြို့နယ်မှာ အရပ်သားပြည်သူ ၁ဝ ဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါ တယ်။

ရခိုင်ပြည်နယ် သံတွဲမြို့အဝင် ဘားဒါန်တောင်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်နဲ့ ရေတပ်သင်္ဘောတို့က မေလ ၁၄ ရက်နေ့ နာရီခန့်မှာ လင်းသီရွာကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးရတာလို့ ဆိုပါတယ်။

ဘားဒါန်တောင်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်နဲ့ ရေတပ်သင်္ဘောတို့က တပြိုင်တည်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ လင်းသီရွာမှာ ၁ဝ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာချင်းကပ်နေတဲ့ ရွှေလှေရွာက ရဲစခန်းအနီးမှာ လုံး၊ ရွှေလှေ တံတားထိပ်မှာ လုံး ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်နေ့က လင်းသီရွာမှာတိုက်ပွဲဖြစ်တာမရှိဘဲ ရွာနဲ့ မိုင်ခန့်ကွာဝေးတဲ့ ကွေ့ချောင်းမှာသာ တိုက်ပွဲဖြစ်တာလို့ လည်း သံတွဲဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မေလ ၁၅ ရက် မနက်ပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် သေဆုံးသွားတဲ့သူတွေကို မသင်္ဂြိုလ်နိုင်သေး ဘူးလို့ ဒေသတွင်းသတင်းတွေကလည်း အသိပေးထားပါတယ်။

ဒီနေ့မနက် နာရီလောက်ကစပြီး ရွှေလှေကျေးရွာတဖက်ကမ်းမှာရှိတဲ့ ကျောက်ဖြူကွင်းမှာ ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်က တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်သလို ဘားဒါန်တောင်မှာရှိတဲ့ စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။   

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရတာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကျောက်တော် ဝဲကြီးထောင့်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁ဝ ဦး ဒဏ်ရာရ


ရခိုင်ပြည် ကျောက်တော်မြို့နယ်ထဲက ဝဲကြီးထောင့်ရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ မေ ၁၅ ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ၁ဝ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ် တွေက ပြောပါတယ်။ 

ဒီနေ့မနက်အစောပိုင်း မနက် နာရီခန့်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာတစင်းက ဝဲကြီးထောင့်ကျေးရွာကို ဗုံး လုံးထက်မနည်း ကြဲချခဲ့တာကြောင့် ဆေးရုံနဲ့စာသင်ကျောင်း ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Western News က ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ် တိုက်လေယာဉ်က စာသင်ကျောင်းနဲ့ဆေးရုံကို ဗုံး လုံးကြဲချခဲ့တာဖြစ်ပြီး အမျိုးသမီးတွေ အပါအဝင် ၁ဝ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မေလ ၁၄ ရက်နေ့ နာရီခန့်အချိန်မှာလည်း အကြမ်းဖက်စစ်တပ်က သံတွဲမြို့နယ်ထဲက လင်းသီရွာကို လက်နက်ကြီး တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် လင်းသီရွာက ကမန်လူမျိုး ၁ဝ ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့ပါတယ်။

အလားတူ မေလ ၁၄ ရက်နေ့ မနက်ပိုင်းကလည်း မောင်တောမြို့နယ်က ကင်းချောင်းကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ဦးအပါအဝင် အရပ်သားပြည်သူ ဦးသေဆုံးကာ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ သံတွဲ၊မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက် စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် စစ်ကောင်စီဟာ တိုက်ပွဲဖြစ်နေရာတွေမဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာ တွေကို အကြောင်းမဲ့ တိုက်ခိုက်နေတာလဲ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ လောင်းလုံးမြို့နယ်ထဲက စစ်တပ် တပ်စွဲရာနေရာတွေကိုတိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံး


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၇ ဦး သေဆုံးသွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDF က ထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၊ မြို့နယ်ရဲစခန်းနဲ့ လက်ခတ်တောင်တာဝါတိုင်စခန်းတို့ကို မေလ ရက်နေ့ မနက် နာရီက စပြီး တပြိုင်တည်းတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၁၇ ဦး သေဆုံးသွားတာလို့ LLPDF က ဆိုပါတယ်။ 

တိုက်ပွဲဖြစ်နေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက ကြည်း၊ရေ၊လေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ တယ်လို့လည်း အသိပေးပါတယ်။

လက်ခတ်တောင်တာဝါတိုင်စခန်းကို တိုက်ခိုက်ချိန်မှာဆိုရင် စစ်သား ဦးသေဆုံးကာ ဦးထက်မနည်း ဒဏ်ရာရသွားတဲ့ အတွက် စစ်ကောင်စီက စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ပစ်ကူပေးတဲ့အပြင် ဂျက်ဖိုက်တာ တစင်း၊ စစ်ရဟတ်ယာဉ် စင်းတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ခတ်တောင်တာဝါတိုင်စခန်းတိုက်ပွဲဟာ မနက် ၁၁ နာရီကနေ ညနေ နာရီခွဲခန့်အထိဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကာ ဦး ဒဏ်ရာရတယ်လို့ အသိပေးပါတယ်။

ဒီတိုက်ပွဲကို လောင်းလုံး ပကဖ၊ ထားဝယ်ခရိုင် တပ်ရင်း - (T1) Guerrilla Dawei ဖက်ဒရယ်ဒူဝံတပ်ဖွဲ့တို့က တာဝန်ယူ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

လောင်းလုံးမြို့တွင်းက စစ်တပ်တပ်စွဲရာ ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို ၆ဝ မမ၊ ၄ဝ မမ စတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ရာမှာ ရဲ ဦး၊ စစ်သား ဦး သေဆုံးကာ ဒဏ်ရာရသူများစွာရှိခဲ့တယ်လို့ သိရပါတယ်။

ထွေအုပ်ရုံးနဲ့ရဲစခန်းကို တိုက်ခိုက်နေချိန်မှာ နယ်ခံပျူစောထီးတွေရဲ့ သတင်းပေးချက်အရ စစ်ကောင်စီတပ်က တော်လှန်ရေး အင်အားစုတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အုပ်စု ဘက်က ဦး သေဆုံးခဲ့ သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော်၂ ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရကာ ဦး ဒဏ်ရာရသွားတယ်လို့ LLPDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။   

လောင်းလုံးမြို့တွင်းတိုက်ပွဲကို လောင်းလုံး ပကဖ တပ်စုပေါင်းစုံ၊ဒေါင်းညီနောင်စစ်ကြောင်း၊ သရက်ချောင်း ပကဖ၊ နွေဦး ပြောက်ကျားတပ်ဖွဲ့၊ Student Revolutionary Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၆။ ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်အားတိုက်ခိုက်မှု သတင်းထုတ်ပြန်ချက်


၂၀၂၄ ခုနှစ် မေလ (၁၄)ရက်


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်ရပ်ကွက် ထားဝယ်မြို့ အဝင်စ-စ်ဆေးရေးဂိတ်အား မေလ (၁၃) ရက်နေ့ နေ့လယ် (၁၂) နာရီ (၂၀) မီနစ်အချိန်တွင် ဝင်ရောက် ပစ်ခက်တိုက်ခိုက်ခဲ့ရာ - () ဦးသေဆုံးခဲ့ပြီး စကစတပ်သားများ အထိနာခဲ့ကာ နောက်ဆက်တွဲ ထိခိုက်‌သေဆုံးမှုများ ရှိနိုင်တယ်လို့ ဗထူးတပ်မတော် သတင်း နှင့် ပြကြားရေးဌာနမှထုတ်ပြန်ထားပါတယ်။


ထိုတိုက်ခိုက်မှုအား KNLA တပ်မဟာ() တပ်ရင်း(၂၇) နှင့် ဗထူးတပ်မတော် (BHA) တို့မှ ပူးပေါင်း တိုက်ခိုက်၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တို-က်ခို-က် ချေမှုန်း သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊သတိ ဖြင့် သွားလာနေထိုင် ကြရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား လေးစားလိုက်နာကြရန်  အသိပေး ထုတ်ပြန်အပ်ပါသည်။


အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများစွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံဝင်ရောက်ကြပါရန် အလေးနက်ထား တိုက်တွန်း လိုက်ပါသည်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်၊မင်း‌နွေဦးနှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment