15th MAY 2024 - Morning Daily News by Radio NUG

 


၂၀၂၄ မေလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံပွဲကျင်းပမယ်

📌 ၂။ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းတဲ့ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များကို NUG အလုပ်သမားဝန်ကြီးဌာနကအမည်စာရင်းကြေညာ

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC)နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၅။ ကေအဲန်ယူတေားအူးခရိုင်တွင် ပထမဆုံးအကြိမ် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုသင်တန်အား ကျင်းပပြုလုပ်ခဲ့

📌 ၆။ တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများဖြစ်သော မြန်မာဝမ်ပေါင်၊ မြန်မာယန်စီ ကြေးနီစီမံကိန်း တာဝန်ရှိသူတို့သည် ပြည်သူလူထုအသံကိုအလေးထားရန် တိုက်တွန်း

📌 ၇။ အကျဥ်းထောင်များအတွင်း သောက်ရေသုံးရေ မလုံလောက်မှုများ ဆိုးဝါးလာ


၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအား တောတွင်းတစ်နေရာတွင်ကျင်းပ

🚩 ၂။ ရှမ်းပြည်တောင်ပိုင်းက ကျေးရွာတစ်ရွာကို လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း DSNDF ထုတ်ပြန် 

🚩 ၃။ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်း လက်ခံထားရှိခြင်း မပြုရန် SSPP/SSA မှ အမိန့် ထုတ်ပြန်

🚩 ၄။ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့

🚩 ၅။ ဂျမ်မာကား စီး လိုက်ပါလာတဲ့ ဝမ်ပေါင်ကုမ္ပဏီ ကြေးနီသယ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

🚩 ၆။ တောင်ငူတွင် စစ်ကောင်စီ တပ်သားနှစ်ဦးကို KNLA ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးရမိ

🚩 ၇။ ကေအဲန်ယူထောတထူမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ()ဦးသေဆုံးပြီး ()ဦးထိခိုက်ဒဏ်ရာရ

🚩 ၈။ မောင်တော ကင်းချောင်းရွာကို စစ်ကောင်စီက ဗုံးကြဲ၊ ဦးသေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာပြင်းထန်

🚩 ၉။ ဆောမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ဦးသေဆုံးကာ၊၉ဦး ပြင်းထန်ဒဏ်ရာရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံပွဲကျင်းပမယ်


မေလ၁၄ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများတွေ့ဆုံပွဲကျင်းပမယ်လို့သတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသွားနိုင်ရန်အတွက် တိုကျိုမြို့၊ နာဂိုရာမြို့နှင့် အိုဆာကာမြို့များတွင် ပွဲအစီအစဉ်အတိုင်း လူထုတွေ့ဆုံပွဲများ ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


Nagoya တွင် မေလ၁၈ရက် (စနေနေ့) ၁၄:၀၀ မှ ၁၆:၀၀ နာရီအထိ ကျင်းပမည်ဖြစ်ပြီး Tokyoတွင် မေလ၁၉ရက် (တနင်္ဂနွေနေ့မနက် :၃၀မှ ၁၁:၃၀နာရီအထိကျင်းပသွားမှာဖြစ်ပါတယ်။


အလားတူOsakaတွင် မေလ၁၉ရက်(တနင်္ဂနွေနေ့)၁၆:၀၀ မှ ၁၈:၀၀ နာရီအထိကျင်းပသွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းတဲ့ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များကို NUG အလုပ်သမားဝန်ကြီးဌာနကအမည်စာရင်းကြေညာ


မေလ ၁၄ရက်။


အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းတဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များကို NUG အလုပ်သမားဝန်ကြီးဌာနကအမည်စာရင်းကြေညာလိုက်ပါတယ်။


မေလ၁၄ရက်အလုပ်သမားဝန်ကြီးဌာနက တရားဝင်ကြေညာအသိပေးပါတယ်။


အမည်ပျက်စာရင်းသွင်းခံရသူ ၁၇ဦးရှိပြီး အကြမ်းစကစနှင့်ပူးပေါင်း၍ အခွန်ငွေရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အလုပ်သမားကို လုပ်ငန်းခွင်ရောက်ရှိအောင် ပို့ဆောင်မပေးခြင်းစသည်တို့ကိုကျူးလွန်ခဲ့ကြပါတယ်။


၄င်းတို့အားအမည်ပျက်စာရင်းသတ်မှတ်ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲသွားမယ်လို့သိရပါတယ်။


ထို့အပြင် ပြည်ပသွားရောက်လုပ်ကိုင်မည့် ပြည်သူများအနေဖြင့်လည်း အဆိုပါအေဂျင်စီများနှင့် ဆက်သွယ်ခြင်းမပြုဖို့အသိပေးဆိုထားပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မေလ ၁၄ ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကိုမေလ၁၄ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC)နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


မေလ ၁၄ ရက်။


မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC)နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို မေလ၁၄ရက် Zoom Meetingဖြင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ကောင်စီ()ရပ်မှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC) အထွေထွေအတွင်းရေးမှူး ဦးမြင့်သိန်းအောင်က ကောင်စီပေါ်ပေါက်လာပုံအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။


ထို့နောက် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ(CCSC-MON) လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို ကောင်စီ၏ အထွေထွေအတွင်းရေးမှူးမှ ရှင်းလင်းတင်ပြခဲ့ရာ 

မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC)ဘက်မှလည်း အပြန်အလှန် ပူးပေါင်းလုပ်ဆောင်နိုင်မည့် ကဏ္ဍများကို အားဖြည့်ဆွေးနွေးခဲ့ကြပါတယ်။


ထို့နောက် တက်ရောက်လာသူများမှလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ကာ တွေ့ဆုံဆွေးနွေးပွဲကို မွန်းတည့် (၁၂:၀၀)နာရီအချိန်တွင် ရပ်နားခဲ့ကြပါတယ်။


========================


📌📌 ၅။ ကေအဲန်ယူတေားအူးခရိုင်တွင် ပထမဆုံးအကြိမ် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုသင်တန်အား ကျင်းပပြုလုပ်ခဲ့


မေလ ၁၄ရက်။

Radio NUG


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို(သံတောင်ကြီး)မြို့နယ် ဌာနချုပ်မှာ ပထမဆုံးအကြိမ် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု သင်တန်းအား တောအူးခရိုင် နိုင်ငံရေးနှင့်စည်းရုံးရေး ကော်မတီလက်အောက်ရှိ စည်းရုံးရေးနှင့်အသိပညာပေးရေး ကော်မတီခွဲမှဦးဆောင်ပြီး School of Governance and Public Administration (SGPA)ရဲ့ ကူညီပံ့ပိုးပေးမှုဖြင့် စီစဉ်ဖွင့်လှစ်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။


ဧပြီလ (၁၅) ရက်နေ့မှ ၂၀၂၄ မေလ () ရက်နေ့အထိ ရက်ပေါင်း (၂၀)ကြာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုသင်တန်းကို သင်ကြားခဲ့ပြီး တောအူးခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်တို့မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေတဲ့ တာဝန်ရှိခေါင်းဆောင် အမျိုးသား (၁၇) ဦးနှင့် အမျိုးသမီး () ဦး စုစုပေါင်း (၂၆) ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု သင်တန်းအတွင်း ကောင်းမွန်သောအုပ်ချုပ်ရေး၊ ပြည့်သူ့ရေးရာ စီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ ခေါင်းစဉ်များ သင်ကြားခဲ့ပါတယ်။ တောအူး(တောင်ငူ)ခရိုင်အတွင်းရှိ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲ့မှုလုပ်ငန်းများ လုပ်ဆောင်နေတဲ့ ခရိုင်နှင့် မြို့နယ်တို့ရှိ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများတိုးပွားလာစေပြီး တောအူး(တောင်ငူ)ခရိုင်အတွင်း နေထိုင်ကြသော ပြည်သူလူထူထုများအား ကောင်းမွန်သောအုပ်ချုပ်ရေးနည်းစနစ်များနှင့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားပေးနိုင်ရန်အတွက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားများသို့ တောအူးခရိုင်၏ ခရိုင်ဥက္ကဋ္ဌ၊ ခရိုင် အတွင်းရေးမှူး၊ မြို့နယ်အတွင်းရေးမှူးများ၊ တပ်မဟာမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ရဲ့ အရေးကြီးပုံနှင့် အားပေးစကားတို့အား အသီးသီးပြောကြားခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများဖြစ်သော မြန်မာဝမ်ပေါင်၊ မြန်မာယန်စီ ကြေးနီစီမံကိန်း တာဝန်ရှိသူတို့သည် ပြည်သူလူထုအသံကိုအလေးထားရန် တိုက်တွန်း


မေလ၁၄ရက်။


တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများ ဖြစ်သော မြန်မာဝမ်ပေါင်၊ မြန်မာယန်စီ ကြေးနီစီမံကိန်း တာဝန်ရှိသူတို့သည် ပြည်သူလူထုအသံကိုအလေးထားရန် တိုက်တွန်းလိုက်ကြောင်းသိရပါတယ်။


မေလ၁၄ရက် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက မြန်မာဝမ်ပေါင်နှင့်မြန်မာယန်စီ ကြေးနီသတ္ထုတွင်း စီမံကိန်းများ ပြန်လည်ပတ်ရန် ပြင်ဆင်နေမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ခဲ့ပါတယ်။


တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများ ဖြစ်သော မြန်မာဝမ်ပေါင်၊ မြန်မာယန်စီ ကြေးနီစီမံကိန်း တာဝန်ရှိသူတို့သည် ပြည်သူလူထုအသံကိုအလေးထားရန် တိုက်တွန်းအပ်ပါတယ်။ မြန်မာနိုင်ငံတွင်းရှိ တရုတ်ကုမ္ပဏီများနှင့် တရုတ်အစိုးရ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးနိုင်မည်မှာ ဒေသတွင်း ပြည်သူလူထုသာ ဖြစ်ပါတယ်။ ထို့ကြောင့် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော အကြမ်းဖက်စစ်တပ်၏ တပ်သားများ မုံရွာ - ပုသိမ် လမ်းပိုင်းတွင် နေရာယူထားမှုအား ချက်ချင်းဆုတ်ခွာ ပေးနိုင်ရန်နှင့် ဒေသတွင်း တရုတ်ကြေးနီစီမံကိန်းများ လည်ပတ်စေပြီး အကြမ်းဖက်စစ်တပ် ဝင်ငွေရနိုင်စေရန် ကြိုးပမ်းမှုများအား ချက်ချင်း ရပ်တန့်ပေးရန် 

လေးနက်စွာ အသိပေးအပ်ပါတယ်လို့ဖော်ပြပါတယ်။


ထို့အပြင် တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့အနေဖြင့် နှစ်နိုင်ငံအကျိုးစီးပွားနှင့် အိမ်နီးချင်းပီပီ ငြိမ်းချမ်းစွာအတူယှဥ်တွဲ နေထိုင်နိုင်ရန်မှာ ပြည်သူလူထုအသံကိုအလေးထားပြီး ပြည်သူထောက်ခံသော အမျိုးသားညီညွတ်ရေးအစိုးရနှင့်သာ ပူးပေါင်း ဆောင်ရွက်ရန် လေးနက်စွာ အသိပေး တိုက်တွန်းအပ်တယ်လို့ကြေညာထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ အကျဥ်းထောင်များအတွင်း သောက်ရေသုံးရေ မလုံလောက်မှုများ ဆိုးဝါးလာ


မေလ ၁၄ရက်။

Radio NUG


အကျဥ်းထောင်များအတွင်း သောက်ရေသုံးရေမလုံလောက်မှုများ ပိုမိုဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)က သတင်းထုတ်ပြန်ထားပါတယ်။

မိတ္ထီလာအကျဥ်းထောင်၊ မြစ်ကြီးနားအကျဥ်းထောင်၊ ဂန့်ဂေါအချုပ်ထောင်တွင် သောက်ရေသုံးရေဝယ်သောက်ရတဲ့အပြင် ရဲစခန်းအတွက် မီတာခပါ ပေးနေရကြောင်း၊ ကသာအကျဥ်းထောင်၊ ပုသိမ်အကျဥ်းထောင် အမျိုးသမီးဆောင်၊ အင်းစိန်ဗဟိုအကျဥ်းထောင်၊ ဖျာပုံအကျဉ်းထောင်၊ မြင်းခြံဗဟိုအကျဥ်းထောင်နှင့် သာယာဝတီထောင် ရေမလုံလောက်မှုကြောင့် ခွက်အရေအတွက်ဖြင့် ချိုးရကြောင်းသိရပါတယ်။

ပြည်အကျဥ်းထောင်၊ ပခုက္ကူထောင်၊ ကလေးအကျဥ်းထောင်တို့မှာ သောက်သုံးရေ မသန့်ရှင်းမှု၊ ရေညှိ၊ ကျောက်စရစ်အမှုန်၊ နုန်းပါတဲ့ရေ သောက်သုံးရလို့ ကျောက်ကပ်ရောဂါ၊ ယားနာရောဂါများ၊ ထုံကျဥ်ဝေဒနာများကို ခံစားနေရကြောင်း သိရပါတယ်။

မြေပြင်တွင် လက်ရှိထက် ပိုမို၍ဆိုးရွားနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM)က ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအား တောတွင်းတစ်နေရာတွင်ကျင်းပ


မေလ ၁၄ရက်။


မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအား တောတွင်းတစ်နေရာတွင်ကျင်းပခဲ့ပါတယ်။


မေလ၁၄ရက်မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးဖော်ပြပါတယ်။


မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအား တောတွင်းတစ်နေရာတွင် ပြုလုပ်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေအား ဆန့်ကျင်တော်လှန်၍ တော်လှန်ရေးအဖွဲ့အတွင်းသို့ဝင်ရောက်လာသော လူငယ်များအား()လတိတိ စစ်ပညာသင်တန်းအားပို့ချပေးအပ်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးအဖွဲ့ မတ္တရာအနေဖြင့် အကြမ်းဖက်စစ်တပ်အား အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအသိပေးဆိုထားပါတယ်။


========================


🚩🚩 ၂။ ရှမ်းပြည်တောင်ပိုင်းက ကျေးရွာတစ်ရွာကို လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း DSNDF ထုတ်ပြန် 


မေလ ၁၄ ရက်

Radio NUG


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို ရွာလုံးကျွတ် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး/ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် DSNDF/DSNDA က သတင်းထုတ်ပြန်ထားပါတယ်။


ရွာငံမြို့နယ်အတွင်းက လျှပ်စစ်မီး မရရှိတဲ့ ကျေးရွာများကို ရွာတွင်းလမ်းများနှင့် အိမ်တိုင်းစေ့ မီးလင်းစေရေးအတွက် ကြိုးစားလုပ်ဆောင်နေရာမှ လက်ရှိမှာ ရွာတစ်ရွာအား စတင် အကောင်အထည် ဖော်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။


DSNDF/DSNDA အနေဖြင့် ပြည်သူများကို မိဘသဖွယ်တန်ဖိုးထားကာ ပြည်သူများ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အပြင်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းကိုလည်း ကတိပြု ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်း လက်ခံထားရှိခြင်း မပြုရန် SSPP/SSA မှ အမိန့် ထုတ်ပြန်


မေလ ၁၄ရက်။

Radio NUG


ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အုပ်ချုပ်ရေးနယ်မြေအတွင်း ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း SSPP/SSA ကိုယ်စား ဒုဉက္ကဋ္ဌ() ဒု ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်းက ရှမ်းဘာသာဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ တပ်မှူး၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့် အပါအဝင် မိဘပြည်သူများအားလုံး အမိန့်ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ SSPP/SSA အုပ်ချုပ်ရေး နယ်မြေအတွင်း နေထိုင်ခွင့်ပြုခြင်း၊ မိမိတပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများအနေဖြင့် အမိန့်ထုတ်ပြန်ချက်ကို မလိုက်နာပဲ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ခိုလှုံလက်ခံထားပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံခြင်း၊  ခိုလုံခွင့်ပေးသည့် နေရာကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်းစတဲ့ အပြစ်ဒဏ်များပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ကျားဖြန့် အွန်လိုင်း ငွေလိမ်သူများကို ဖမ်းဆီးပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရထံ ပြန်လည်လွှဲပြောင်း အပ်နှံမယ်လို့ဖော်ပြထားပါတယ်။ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA သည် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ၄င်းတို့၏ အုပ်ချုပ်ရေးနယ်မြေ နမ့်ခမ်းမြို့ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား (၈၈)ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ပါတယ်။


========================


🚩🚩 ၄။ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့


မေလ ၁၄ ရက်

Radio NUG


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့အား နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက () သတင်းထုတ်ပြန်ပါတယ်။


မေလ ၁၃ ရက်နေ့ မနက်ပိုင်းက ခန့်မှန်းအင်အား ၇၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဘန်ကြုပ်ရွာအနီးမှာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက () နှင့် တောင်ပိုင်းညီနောင် စစ်ကြောင်းတို့က စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။


၎င်းတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၄၀ ခန့် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် အဲ့ဒီနေ့ ညနေပိုင်းမှာလည်း အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒုတိယအကြိမ် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပြီး ထိခိုက်သေဆုံးမှုကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။


နောက်တစ်နေ့ မေလ ၁၄ ရက်နေ့ မနက် နာရီခန့်မှာလည်း ဘန်လင်ရွာ အနောက်ဖက်က ဆီအုန်းတောအတွင်းကို ဖြတ်ဝင်လာတဲ့ ၎င်းစစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြောပြပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ()က ဆောင်ရွက်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ဂျမ်မာကား စီး လိုက်ပါလာတဲ့ ဝမ်ပေါင်ကုမ္ပဏီ ကြေးနီသယ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ


မေလ ၁၄ ရက်


Radio NUG


မိုင်းကာကွယ်ရေးစနစ် ဂျမ်မာ (Jammer) တပ်ဆင်ထားတဲ့ ကားနှစ်စီးလိုက်ပါလာတဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကား ၁၄ စီးပါ ကြေးနီးသယ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BRAVE HEART ARMY-BHA က ထုတ်ပြန်ထားပါတယ်။


မေလ ၁၃ ရက်နေ့ မနက် နာရီ ၄၀ မိနစ်နဲ့ ၄၅ မိနစ်တို့တွင် ယာဉ်တန်း အရှေ့ဆုံးနဲ့ နောက်ဆုံးကနေ လိုက်လာတဲ့ ဂျမ်မာကား နှစ်စီးကို ဦးတည်ပြီး ပဒေသမိုင်း လုံးဖြင့် နှစ်ကြိမ်တိုင် မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုမှာ ကြေးနီကားများကို လုံခြုံရေး လိုက်ယူပေးနေတဲ့ ဂျမ်မာကား နှစ်စီးကို ထိထိမိမိ ထိမှန်ခဲ့ကာ ထိခိုက်သေဆုံး ဒဏ်ရာရသူများ ရှိနိုင်တယ်လို့  BHA အဖွဲ့က ဆိုပါတယ်။


မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ ကင်းပုန်းများက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


၎င်းတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA နဲ့အတူ မုံရွာခရိုင် တပ်ရင်း ၁၀ တပ်ခွဲ Chindwin Fighter Group - CFG မုံရွာခရိုင် တပ်ရင်း ၂၈ တပ်ခွဲ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ တောင်ငူတွင် စစ်ကောင်စီ တပ်သားနှစ်ဦးကို KNLA ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးရမိ


မေလ ၁၄ ရက်


Radio NUG


ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် သံတောင် လမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ ရဲဘော်နှစ်ဦးကို KNLA ပူးပေါင်းတပ်မှ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


မေလ ၁၃ ရက်နေ့က တောင်ငူ - သံတောင် လမ်းပိုင်းရှိ () မိုင်တွင် ၎င်းစစ်ကောင်စီ တပ်သား ဦးကို KNLA တပ်မဟာ () တပ်ရင်း () ပူးပေါင်းတပ်များက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ စစ်ကောင်စီ တပ်သား ဦး နှင့်အတူ MA 11 သေနတ် တစ်လက်၊ 5.56 ကျည်တောင့် ၃၀၀ နှင့် ကျည်ဘောက် ခု တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ကေအဲန်ယူထောတထူမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ()ဦးသေဆုံးပြီး ()ဦးထိခိုက်ဒဏ်ရာရ


မေလ ၁၄ရက်။

Radio NUG


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ထောတထူ(ထန်းတပင်)မြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ () ဦး အသက်သေဆုံးခဲ့ရပြီး () ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မေလ (၁၃) ရက်နေ့ (၉း၄၅) အချိန်ခန့်တွင် ကေအဲန်ယူထောတထူမြို့နယ်အုပ်ချုပ်နယ်မြေ ဇရပ်ကြီး တောင်ခြမ်းအုပ်စု ရွာလေးကုန်းကျေးရွာအတွင်းသို့ ဇရပ်ကြီးအခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ၇၃ မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့တာကြောင့် ဦးကျော်စိန် (၈၄)နှစ်၊ မဌေးရီ (၅၂)နှစ်၊ ကိုဌေးနိုင် (၄၉)နှစ်နှင့် မအိဖူးသော်(၁၈)နှစ်တို့ ()ဦးအသက်သေဆုံးခဲ့ရပြီး အခြားရွာသား()ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ မောင်တော ကင်းချောင်းရွာကို စစ်ကောင်စီက ဗုံးကြဲ၊ ဦးသေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာပြင်းထန်


မေလ ၁၄ရက်။

Radio NUG

မေလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရခိုင်ပြည် မောင်တောမြို့နယ် ကင်းချောင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ဦးသေဆုံးပြီး ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Western Newsမှာ ဖော်ပြထားပါတယ်။

ကင်းချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူစုလူဝေးရှိသည်ကို စစ်ကောင်စီသတင်းရသွား၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။ကင်းချောင်းကျေးရွာက သေဆုံးသူနှစ်ဦးမှာ အသက် ၃၀ အရွယ် ကိုဗိုလ်ကျော်၊ အသက် ၂၀ အရွယ် မနွယ်နီဝင်းနှင့် အောင်ဇေယျရွာနှင့် ရွှေဗဟိုလ်ကျေးရွာကနေ ကင်းချောင်းကျေးရွာ၌ ဈေးလာရောင်းနေတဲ့ အမည်နှင့်အသက် မသိရသေးတဲ့ 

အမျိုးသမီးနှစ်ဦးတို့ ဖြစ်ပါတယ်။ အခြားထိခိုက်ဒဏ်ရာရသူ ဦးမှာ ကင်းချောင်းကျေးရွာသားများဖြစ်ကြပါတယ်။

ဗုံးကျဲမှုကြောင့် ကင်းချောင်းဘုန်းကြီးကျောင်း လုံးဝပျက်စီးသွားသလို နေအိမ်အများအပြားလည်း ပျက်စီးသွားကြောင်း သိရပါတယ်။ သေဆုံးသူများကို သက်ဆိုင်ရာကျေးရွာများတွင် မီးသင်္ဂြိုလ်ရန် ပြင်ဆင်နေကြကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၉။ ဆောမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ဦးသေဆုံးကာ၊၉ဦး ပြင်းထန်ဒဏ်ရာရရှိ


မေလ ၁၄ရက်။

Radio NUG

မေလ၁၄ ရက် နေ့လယ် ၃နာရီခန့်အချိန်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာရှိ လူနေအိမ်များပေါ်သို့ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲခဲ့ကြောင်း ယောအလင်းတန်းက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၉လုံးပျက်စီးကာ လူနေအိမ်ပေါ်ရှိ အပြစ်မဲ့ပြည်သူ ၇ဦးသေဆုံးခဲ့ပြီး ၉ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

တောမရွာနေ ဒေသခံတစ်ဉီးကတော့ "ဒီနေ့နေ့လည် ၃နာရီ ဝန်းကျင်လောက်မှာ ဘာတိုက်ပွဲဖြစ်ပွားခြင်းမှလည်း မရှိဘဲ အပြစ်မဲ့ပြည်သူ နေအိမ်တွေပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပါတယ်။ အိမ်၂လုံး မီးလောင်ပြာကျသွားတယ်။ အနီးနားမှာရှိတဲ့ လူနေအိမ် ၉လုံးလဲ ရစရာမရှိအောင်ပျက်စီးသွားတယ်။ လက်ရှိအချိန်ထိ လသားအရွယ် ကလေးငယ်တစ်ဉီးအပါအဝင် ပြည်သူယောက်ျား ၃ဦး အမျိုးသမီး ၄ဦး စုစုပေါင်း ၇ဦးသေဆုံးပြီးတော့  ၉ဦးလောက်ကတော့ ပြင်းထန်ဒဏ်ရာရထားတယ်။ သေဆုံးတဲ့အထဲမှာ ၈လသားအရွယ် ကလေးတစ်ယောက်နဲ့ ၅နှစ်သားအရွယ် ကလေးတစ်ယောက်လည်းပါတယ်။ တချို့လူနာတွေက စိုးရိမ်ရတဲ့အခြေနေမှာရှိတယ်။ 

ဒဏ်ရာအနည်းအကျဉ်းရတဲ့ ပြည်သူကလည်း အများအပြားရှိနေသေးတယ်ဗျ"လို့ ယောအလင်းတန်းကို ပြောကြားခဲ့ပါတယ်။

တစ်ပတ်အတွင်း ဆောမြို့နယ်အတွင်းသို့ ဒုတိယအကြိမ်မြောက် လေကြောင်း တိုက်ခိုက်ခံရခြင်းဖြစ်ကာ ပြီးခဲ့တဲ့ မေလ ၉ရက်နေ့ မနက် ၁၁နာရီခန့်ကလည်း ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ ၁၆ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment