17th MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နေ့စဥ်လုပ်ဆောင်နေကြဆဲဖြစ်၍ မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အထူးသတိပြုဖို့လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ "ကိုရီးယားနိုင်ငံ ဒီမိုကရေစီသမိုင်းတွင် ဂွမ်ဂျူးအရေးတော်ပုံ၏ အရေးပါမှုကို လေးစားအားကျရသလို မြန်မာ့ဒီမိုကရေစီရေး သမိုင်းတွင်လည်း နွေဦးတော်လှန်ရေး၏ အရေးပါမှုကို ကမ္ဘာကသိစေလိုကြောင်း" ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား

📌 ၃။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

📌 ၄။ နမ့်ခမ်းမြို့ အေးချမ်းသာယာရေး PSLF/TNLA အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ ဆွေးနွေး

📌 ၅။ သံတွဲမြို့အနီး တိုက်ပွဲတွေဖြစ်လာတာကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်မဘက်ရွှေ့ပြောင်း

📌 ၆။ နိုင်ငံအလိုက် ထောက်ပို့အင်အား အနှစ်ချုပ်တွင် မြန်မာ၊ စင်ကာပူ၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ရှေ့ပြေးရပ်တည်

📌 ၇။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်းအားလုံးကို 

ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆို


၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းအား လွမ်းဆွတ်တမ်းတသောအားဖြင့် တစ်မိနစ်ငြိမ်သက် အလေးပြု အခမ်းအနားများပြုလုပ် 

🚩 ၂။ ဧပြီလတွင် တောင်ပိုင်းစစ်ဒေသအတွင်း  အကြမ်းဖက်စကစ လေးရာကျော်သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

🚩 ၃။ အောင်ဇေယျစစ်ဆင်ရေးတွင် ပါဝင်သော ဖောကားနှစ်စီးအပါအဝင် တပ်မ ၅၅ ကို အင်အားဖြည့်လာသော တပ်မ ၇၇ အားတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ဦးထက်မနည်းသေဆုံး

🚩 ၄။ အုန်းတောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တလအတွင်း လေးကြိမ်မြောက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် 

🚩 ၅။ လပ္ပတ္တာ အမှတ်() ရက်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ယောက် ဒဏ်ရာရ

🚩 ၆။ မူးတြော်ခရိုင်အုပ်ချုပ်နယ်မြေအတွင်း မေလလတစ်ဝက်အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုပိုင်နေအိမ် (၁၅) လုံးနှင့် စပါးကျီ () လုံး ထိခိုက်ပျက်စီးခဲ့ရ

🚩 ၇။ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ် ()လုံး ထိခိုက်ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နေ့စဥ်လုပ်ဆောင်နေကြဆဲဖြစ်၍ မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အထူးသတိပြုဖို့လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မေလ ၁၆ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၂၄)ကို မေလ ၁၆ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ 

အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားရာတွင်"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တနိုင်ငံလုံးအနှံ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကိုအပြင်းအထန် ခံနေရပေမယ့် တဘက်မှာလည်း သူတို့လုပ်နိုင်သမျှ ရက်စက်ကြမ်းကြုတ်မှုတွေကို နေ့စဥ်လုပ်ဆောင်နေကြဆဲ ဖြစ်ပါကြောင်း၊ 

ကျွန်တော်တို့တော်လှန်ရေးအင်အားစု အသီးသီးနဲ့ မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အထူးသတိပြုဖို့လိုမှာ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့အခါမှာလည်း သတိမလွတ်ဘဲ စီမံဆောင်ရွက်သွားကြဖို့နဲ့ အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို သတိပေးပြောကြားဖို့လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဒီလိုဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ ထိခိုက်ခံစားခဲ့ကြတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် လိုအပ်တဲ့ အထောက်အပံ့ပေးရေး လုပ်ငန်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာကုစားမှု လုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဂရုတစိုက်နဲ့ ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ ပြောင်းလဲလာတဲ့ တော်လှန်ရေးရဲ့အခြေအနေတွေနဲ့လိုက်လျော ညီထွေ ဖြစ်နိုင်မယ့် အစီအမံတွေလိုအပ်လာတာကြောင့် ကြားကာလဗဟိုကော်မတီနဲ့အတူ အဆင့်ဆင့်သော တာဝန်ရှိသူများစနစ်တကျ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အထူးအရေးပါကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ အကြပ်အတည်းတွေကို မဖြေရှင်းနိုင်ရင် တော်လှန်ရေးအတွက်ပါ အတားအဆီးဖြစ်သွားနိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း အဆင့်ဆင့်တာဝန်ရှိသူတွေကို သေချာရှင်းပြစေလိုပါကြောင်း၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်ဆိုတာ တိမ်မရောင်နဲ့နက်၊ လွယ်မရောင်နဲ့ခက်တာကြောင့် စည်းရုံးရေးစွမ်းရည်ကိုသာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် အသုံးချပြီး လိုရာ ပန်းတိုင်ရောက်သည်အထိ ဇွဲမလျော့ဘဲ လုပ်ဆောင်ကြရတာဖြစ်ပါကြောင်း၊ ဒါ့ကြောင့်တော်လှန်ရေးအလွန်ကာလအတွင်းမှာလည်း စည်းရုံးရေး စွမ်းရည်ပြည့်ဝကြတဲ့ ဝန်ထမ်းကောင်းတွေဖြစ်လာအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြပါရန်"တိုက်တွန်းပြောကြားခဲ့ပါသည်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၆/၂၀၂၄)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ "ကိုရီးယားနိုင်ငံ ဒီမိုကရေစီသမိုင်းတွင် ဂွမ်ဂျူးအရေးတော်ပုံ၏ အရေးပါမှုကို လေးစားအားကျရသလို မြန်မာ့ဒီမိုကရေစီရေး သမိုင်းတွင်လည်း နွေဦးတော်လှန်ရေး၏ အရေးပါမှုကို ကမ္ဘာကသိစေလိုကြောင်း" ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား


မေလ ၁၆ရက်။


"ကိုရီးယားနိုင်ငံ ဒီမိုကရေစီသမိုင်းတွင် ဂွမ်ဂျူးအရေးတော်ပုံ၏ အရေးပါမှုကို လေးစားအားကျရသလို မြန်မာ့ဒီမိုကရေစီရေး သမိုင်းတွင်လည်း နွေဦးတော်လှန်ရေး၏ အရေးပါမှုကို ကမ္ဘာကသိစေလိုကြောင်း"နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကပြောကြားလိုက်ပါတယ်။


ဂွမ်ဂျူး .၁၈ ဖောင်ဒေးရှင်းမှ ကျင်းပသည့် ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အခမ်းအနားများ၏ အစီအစဉ်တရပ်ဖြစ်သော မြန်မာ့အရေး ရုပ်ရှင်ပြပွဲအပြီးတွင် နွေဦးတော်လှန်ရေးနှင့် ပတ်သက်သော မိန့်ခွန်းပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။


NUG နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်နှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ သဘောတူညီချက်၊ တော်လှန်ရေး၏ လက်ရှိအခြေအနေနှင့် နိုင်ငံတကာမှ ထောက်ပံ့ကူညီမှု လိုအပ်ချက်များကို ဝန်ကြီးက မီးမောင်းထိုး ပြောကြားခဲ့ပါတယ်။


ထို့ပြင် ကိုရီးယားနိုင်ငံ ဒီမိုကရေစီသမိုင်းတွင် ဂွမ်ဂျူးအရေးတော်ပုံ၏ အရေးပါမှုကို လေးစားအားကျရသလို မြန်မာ့ဒီမိုကရေစီရေး သမိုင်းတွင်လည်း နွေဦးတော်လှန်ရေး၏ အရေးပါမှုကို ကမ္ဘာကသိစေလိုကြောင်း ဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။


အဆိုပါ မိန့်ခွန်းကို ကိုရီးယားနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ ဒီမိုကရေးစီရေးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများ တက်ရောက်နားထောင်ခဲ့ကြပြီး ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အောက်မေ့ဘွယ် အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်လည်း တက်ရောက်လျက်ရှိပါတယ်။


ထို့ပြင်ဂွမ်ဂျူးအီလ်ဘိုသတင်းစာ၊ Newsis သတင်းဌာနတို့၏ တွေ့ဆုံမေးမြန်းမှုကို ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဝန်ကြီး ဦးတင်ထွန်းနိုင်၊ CDM ဗိုလ်ကြီဟောင်း လင်းထက်အောင်တို့က လက်ခံ ဖြေကြားခဲ့ပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်


မေလ ၁၆ရက်။


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၁၆/၂၀၂၄)ကို မေလ ၁၆ရက် ညနေ(၀၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများအား အပြန်အလှန် ဆွေးနွေးဖြေကြားဆောင်ရွက်ခဲ့ပါသည်။


အဆိုပါအစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား ညနေ (:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။


========================


📌📌 ၄။ နမ့်ခမ်းမြို့ အေးချမ်းသာယာရေး PSLF/TNLA အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ ဆွေးနွေး


မေလ ၁၆ရက်။ 

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်း အေးချမ်းသာယာရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA  အုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို နမ့်ခမ်းမြို့နယ်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး PSLF/TNLA ရဲ့ နမ့်ခမ်းမြို့နယ်မှူး ဗိုလ်ကြီးတောင်တန်းက အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ မြေယာနဲ့ သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှူးက ရှားပါးမျိုးဇီဝတိရစ္ဆာန်များ မျိုးတုံးပပျောက်မသွားအောင် ကာကွယ်ပေးဖို့၊ မြေယာနဲ့သစ်တောပြဿာနာများ ဖြစ်လာရင် လာရောက်တိုင်ကြားနိုင်ရေးနဲ့ ပြည်သူတွေ လိုက်နာရမယ့် မြေယာနှင့်သစ်တောဥပဒေများကို ရှင်းလင်းတင်ပြပေးခဲ့တယ်လို့ သိရပါတယ်။  

ဒါ့အပြင် မြို့အေးချမ်းသာယာလှပစေရေးအတွက် နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူက ရပ်ကွက်အလိုက် လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းစဥ်တွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အသိပေးထားပါတယ်။

သက်ဆိုင်ရာဌာန အကြီးအကဲတွေရဲ့ ဆွေးနွေးတင်ပြခဲ့တာတွေနဲ့ ပတ်သက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း ၎င်းတို့ရဲ့ လိုအပ်ချက်များနဲ့ သိလိုတာတွေကို ပြန်လည်ဆွေးနွေးခဲ့ကာ မြို့နယ်အေးချမ်းသာယာနဲ့ ဖွံ့ဖြိုးတိုးရေး လုပ်ဆောင်ရမယ့် အချက်တွေကို ဆွေးနွေးအကြံပြုပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

နမ့်ခမ်းမြို့ကြီး ယခင်ထက် ပိုမိုအေးချမ်းသာယာစေရေးနဲ့ မြို့ပြန်လည်လည်ပတ်နိုင်ရေးအတွက် မြို့နယ်မှူးများနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၁၅ ရက်တကြိမ် တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ 

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ သံတွဲမြို့အနီး တိုက်ပွဲတွေဖြစ်လာတာကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်မဘက်ရွှေ့ပြောင်း


မေလ ၁၆ရက်။

ရခိုင်ပြည်နယ်ထဲက သံတွဲမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြို့ပေါ်က ဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်မဘက် ရွှေ့ပြောင်းမှုတွေရှိလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ထွေ/အုပ်၊ စည်ပင်၊ မီးသတ်၊ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ အကောက်အခွန်နဲ့ လျှပ်စစ်ဖြန့်ဖြူးရေးစတဲ့ ဌာနတွေက ဝန်ထမ်းတွေ ရွှေ့ပြောင်းနေကြတာလို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Western News ကဆိုပါတယ်။

ပြည်မဘက်မှာရှိတဲ့ဌာနတွေမှာ CDM လုပ်ထားတဲ့ဝန်ထမ်းတွေရှိတာကြောင့် အဲဒီနေရာတွေမှာ ဝင်ရောက်နေရာယူနိုင်ဖို့ ရွှေ့ပြောင်းနေကြတာလို့ သံတွဲမြို့က ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ အခြေအနေကိုသိနေတဲ့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နဲ့ ၁၂ မိုင်သာကွာဝေးတဲ့ လင်းသီနဲ့ရွှေလှေ တိုက်နယ်တဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဌာနဆိုင်ရာ ဝန်ထမ်းတွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ ပြည်မဘက်ခြမ်းက မြို့တွေကို ရွှေ့ပြောင်းနေကြတာလည်း ဖြစ်ပါတယ်။ 

မေလ ၁၆ ရက်မှာလည်း ရွှေလှေတိုက်နယ်ထဲမှာ ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး သံတွဲမြို့အဝင် ဘားဒါန်းတောင်မှာရှိတဲ့ စစ်ကောင်စီတပ်က အမြောက်တွေနဲ့ ပစ်ခတ်နေသလို ရေတပ် စစ်သင်္ဘောတွေကလည်း ပင်လယ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလေတပ်ကလည်း ကွေ့ချောင်းကျေးရွာအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ရွှေလှေတိုက်နယ်တဝိုက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ နိုင်ငံအလိုက် ထောက်ပို့အင်အား အနှစ်ချုပ်တွင် မြန်မာ၊ စင်ကာပူ၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ရှေ့ပြေးရပ်တည်


မေလ ၁၆ရက်။


နိုင်ငံအလိုက် ထောက်ပို့အင်အား အနှစ်ချုပ်တွင် မြန်မာ၊ စင်ကာပူ၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ ရှေ့ပြေးရပ်တည်လျက်ရှိတယ်လို့ PRFထောက်ပို့မိသားစုက မေလ၁၆ရက်မှာ အသိပေးဖော်ပြပါတယ်။


"တနိုင်ငံလုံး PDF တကမ္ဘာလုံး PRF ဆိုတဲ့အတိုင်းပဲ ကမ္ဘာ့နေရာအနှံ့အပြားမှာ PRF ထောက်ပို့တပ်သားတွေ ရှိကြပါတယ်။ ဒီလိုတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ထဲက ဧပြီလအတွင်း နိုင်ငံအလိုက်- ထောက်ပို့တပ်သားဦးရေ- ထောက်ပို့ငွေပမာဏ အင်အား အများဆုံး နိုင်ငံတွေကို ဖော်ပြလိုက်ပါတယ်"လို့PRFကဆိုပါတယ်။


နိုင်ငံအလိုက်ထောက်ပို့တပ်သားအများဆုံးရှေ့ပြေးအဖြစ် ရပ်တည်သောနိုင်ငံများမှာ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ကိုရီးယားတို့ပါဝင်ပါတယ်။


ဧပြီလအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက်ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်။


========================


📌📌 ၇။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်းအားလုံးကို 

ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆို


မေလ ၁၆ရက်။


အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။


မေလ ၁၆ရက် Justice For Myanmar ကအသိပေးဖော်ပြပါတယ်။


အိန္ဒိယအစိုးရသည် မြန်မာစစ်အုပ်စုအဖွဲ့ဝင်များအား ကာကွယ်ရေးဆိုင်ရာအခမ်းအနားများ တက်ရောက်ရန် ဖိတ်ကြားခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းများကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကျင်းပခဲ့ပြီး အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့သည့် အိန္ဒိယဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုတွင် နိုင်ငံရပ်ခြားမိတ်ဆွေနိုင်ငံများမှ ဗိုလ်လောင်း ၂၁ ဦး အပါအဝင် ဗိုလ်လောင်း ၁၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ မကြားသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် အတည်ပြုထားပြီး ယင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများလည်း အဆိုပါအခမ်းအနားတွင် တက်ရောက်ခဲ့ကြောင်း သိရတယ်လို့ဆိုပါတယ်။


အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုတယ်လို့ဆိုပါတယ်။


အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှုရှိကြသည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုအား ပံ့ပိုးနေမှုအားလုံးကို ပိတ်ပင်နိုင်ရေး တိုက်တွန်းရာတွင် မိမိတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုသင့်တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းအား လွမ်းဆွတ်တမ်းတသောအားဖြင့် တစ်မိနစ်ငြိမ်သက် အလေးပြု အခမ်းအနားများပြုလုပ် 


မေလ ၁၆ရက်။

Radio NUG

ကချင်လွတ်လပ်ရေးတပ်မတော်၊ စစ်ဦးစီးချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်() စစ်ဒေသ၊ စစ်ဒေသမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းအား လွမ်းဆွတ်တမ်းတသောအားဖြင့် တစ်မိနစ်ငြိမ်သက် အလေးပြု အခမ်းအနားများပြုလုပ်သည့် ပုံရိပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

(ပုသိမ်ကြီး-ပကဖ) (ချမ်းမြသာစည်-ပကဖ) (စစ်ကိုင်းခရိုင်-ပကဖ) (ကလေးခရိုင်-ပကဖ)လက်ရုံးတပ်ဖွဲ့ တပ်ခွဲ-၁၊ အထူးတပ်ရင်း (SR-1) (မန္တလေး-ပကဖ) (မဟာအောင်မြေ-ပကဖ) မကွေးခရိုင်အမှတ်- တပ်ရင်း၊ မိုးကုတ်-ပကဖ၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၊ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ်ဖွဲ့ ပကဖတို့က KIA စစ်ဦးစီးချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်() စစ်ဒေသ၊ စစ်ဒေသမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း အား လွမ်းဆွတ် တမ်းတသောအားဖြင့် တစ်မိနစ်ငြိမ်သက် အလေးပြု အခမ်းအနား ပြုလုပ်ခဲ့ကြသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ဖော်ပြထားပါတယ်။

KIA စစ်ဦးစီးချုပ်၊ အမှတ် () စစ်ဒေသ စစ်ဒေသမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း (Rukhkyawng Hkawng Lum)ဟာ အသည်းရောဂါကြောင့် မေလ ၁၃ ရက်နေ့ ညနေ နာရီကျော်အချိန်တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့ရခြင်းဖြစ်ပြီး မေလ ၁၆ ရက်နေ့တွင် မြေမြုပ်သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်သည်။


========================


🚩🚩 ၂။ ဧပြီလတွင် တောင်ပိုင်းစစ်ဒေသအတွင်း  အကြမ်းဖက်စကစ လေးရာကျော်သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်


မေလ ၁၆ရက်။


ဧပြီလတွင် တောင်ပိုင်းစစ်ဒေသအတွင်း အကြမ်းဖက်စကစ လေးရာကျော်သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက မေလ၁၆ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU(KNLA)နှင့် Force For Federal Democracy(FFD) 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဧပြီလတွင် တောင်ပိုင်းစစ်ဒေသအတွင်း မြို့သိမ်းတိုက်ပွဲအနေဖြင့် ဖာပွန်မြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


ထို့အပြင်သင်္ကန်းညီနောင်ရှိ ခမရ (၃၅၅) ခမရ (၃၅၆) ခမရ (၃၅၇) တပ်ရင်းများနှင့် ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း အပါအဝင် စခန်းသိမ်းတိုက်ပွဲများ ()ကြိမ်၊ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲပေါင်း (၇၁)ကြိမ်၊ ရန်သူစကစများအထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၃၃၆)ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၁)ကြိမ်၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၃)ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၁၅)ကြိမ်၊ စကစဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု () ကြိမ် တို့ကို မဟာမိတ်များနှင့် ဟန်ချက်ညီညီ ပူးပေါင်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့အသိပေးဖော်ပြပါတယ်။


ဧပြီလအတွင်း အကြမ်းဖက်စကစမှ စုစုပေါင်း (၄၃၀) ဦးသေဆုံးပြီး၊ (၂၄၁) ဦးဒဏ်ရာရကာ စကစသတင်းပေး၊ လက်နက်ချအညံ့ခံသူများအပါအဝင်(၅၇)ဦးကို သုံ့ပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးမိခဲ့တယ်လို့ဆိုပါတယ်။


ရန်သူ့ခဲယမ်းလက်နက်မျိုးစုံနှင့် ကျည်အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များဘက်မှ ရဲဘော် (၃၂)ဦး တိုင်းပြည်အတွက် ရဲဝံ့စွာအသက်ပေးလှူသွားပြီး၊ (၁၃၄)ဦး ထိခိုက်(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ပါတယ်။


တိုက်ပွဲကာလအတွင်း အကြမ်းဖက်စကစက ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူ () ဦး သေဆုံးပြီး (၃၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


လက်ရှိအချိန်တွင် တောင်ပိုင်းစစ်ဒေသအနေဖြင့် တိုက်ခိုက်သိမ်းပိုက်ထားသော ဖာပွန်မြို့အပါအဝင် ဗျူဟာကုန်းများကို ဆက်လက်ထိန်းချုပ်ထားလျက်ရှိပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတလျောက်အား ပြန်လည်ထိန်းချုပ်ရန် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးလာသော တပ်မ(၅၅) စကခ(၁၂) လက်အောက်ခံတပ်များကို လမ်းတလျောက် အသင့်စောင့်ကြို တားဆီးပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး ရန်သူ့အင်အားပြုန်းတီးစေရန် စစ်ဆင်ရေးများစွာ ဖော်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


🚩🚩 ၃။ အောင်ဇေယျစစ်ဆင်ရေးတွင် ပါဝင်သော ဖောကားနှစ်စီးအပါအဝင် တပ်မ ၅၅ ကို အင်အားဖြည့်လာသော တပ်မ ၇၇ အားတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ဦးထက်မနည်းသေဆုံး


မေလ ၁၆ရက်။ 

Radio NUG

မေလ ၁၆ရက်နေ့တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတွင်ပါဝင်သော ဖောကားနှစ်စီးအပါအဝင် တပ်မ ၅၅ ကို အင်အားဖြည့်လာသော တပ်မ ၇၇ အားတိုက်ခိုက်ခဲ့ကြောင်းကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၆ဦးထက်မနည်း ကျဆုံးပီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။စစ်ကောင်စီ၏ လက်ကျန်အင်အားဖြင့် ထိုးစစ်ဆင်လာသော အောင်ဇေယျစစ်ဆင်ရေးသည် ဒေါနတောင်ခြေတွင် ရှေ့ဆက်တိုးမရပဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ်၃၁ ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း Multirotor Droneတပ်ဖွဲ့၊ Fixed Wing Drone တပ်ဖွဲ့နှင့် Robinhood Rocketအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။


========================


🚩🚩 ၄။ အုန်းတောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တလအတွင်း လေးကြိမ်မြောက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် 


မေလ ၁၆ ရက်။

Radio NUG


စစ်ကိုင်းတိုင်း၊ အုန်းတောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မေလအတွင်း လေးကြိမ်မြောက်အဖြစ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Phoenix Sagaing အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


မေလ ၁၅ ရက်နေ့က အုန်းတောရွာအတွင်း အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများကို Fix Wing Drone ဖြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။


အဆိုပါ ဒရုန်း တိုက်ခိုက်မှုဟာ မေလ လဝက်အတွင်း လေးကြိမ်မြောက် ဖြစ်ပြီး စုစုပေါင်း စစ်ကောင်စီ အထိုင်ချ တပ်စွဲထားတဲ့ နေရာများကို ဗုံးသီး ၁၆ လုံးခန့်အထိ ကျဲချတိုက်ခိုက်ထားတာ ဖြစ်ပါတယ်။


မေလ ၁၅ ရက် တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က ပြန်လည်ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Phoenix–Sagaing စစ်ကိုင်းမြိုနယ် .က. ဒရုန်းတပ်ဖွဲ Unicorn Guerrilla Force Royal Falcon Guerrilla Force ကြောင်လက်သည်း (ဝက်လက်) စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်း နှင့် နယ်မြေခံ ပကဖများ စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


🚩🚩 ၅။ လပ္ပတ္တာ အမှတ်() ရက်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ယောက် ဒဏ်ရာရ


မေလ ၁၆ ရက်။

Radio NUG

ဧရာတီတိုင်း၊ လပ္ပတ္တာမြို့၊ အမှတ် ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေး အဖွဲ့ဝင် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


မေလ ၁၅ ရက် နာရီကျော်ခန့်မှာ လပ္ပတ္တာ အမှတ် () ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်နဲ့ လူနှစ်ဦးက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။


လက်ပစ်ဗုံးနဲ့ ပစ်ခတ်မှုကြောင့် ၎င်းရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ ရှိနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဘာဘူနဲ့ ဦးကျော်ရင်တို့ နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။


၎င်းလက်ပစ်ဗုံး ပစ်ခတ်ခဲ့သူတွေကို စစ်ကောင်စီက လိုက်လံစုံစမ်းနေပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။


ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေကြောင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေက လူငယ်တွေကို စုဆောင်း ခေါ်ယူတာတွေ လုပ်ဆောင်နေပြီး ငွေကြေးကောက်ခံတာတွေကိုပါ လုပ်ဆောင်နေတာကြောင့် တော်လှန်ရေး အဖွဲ့တွေက သတိပေးထားတာတွေ ရှိတယ်လို့လည်း ဒေသခံ တွေထံက သိရပါတယ်။


========================


🚩🚩 ၆။ မူးတြော်ခရိုင်အုပ်ချုပ်နယ်မြေအတွင်း မေလလတစ်ဝက်အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုပိုင်နေအိမ် (၁၅) လုံးနှင့် စပါးကျီ () လုံး ထိခိုက်ပျက်စီးခဲ့ရ


မေလ ၁၆ရက်။

Radio NUG


မေလ()ရက်နေ့မှ မေလ(၁၅) ရက်နေ့အထိ မိမိတို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) အမှတ်()တပ်မဟာမှ စစ်သည်တော်များ၏ ဦးဆောင်မှုနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲပေါင်း (၄၆)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဖက်မှ (၁၇)ဦးသေဆုံးပြီး ()ဦး ဒဏ်ရာရရှိခဲ့ကာ မိမိတို့တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း ရဲဘော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။


အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ တိုက်ပွဲ ဖြစ်ပွားစဥ်အတွင်းသော်လည်းကောင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲနှင့်သော်လည်းကောင်း လေကြောင်းတိုက်ခိုက်မှုဖြစ်သည့် ဂျက်တိုက်လေယာဥ်၊ ဒရုန်းလေယာဥ်မှတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများဖြင့် အရပ်သား ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ နေ့စဥ်နီးပါးဗုံးသီးများ၊ အမြောက်ဆံများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူလူထုပိုင် နေအိမ်(၁၅)လုံးနှင့် စပါးကျီ ()လုံး ထိမှန်ပျက်စီးသွားခဲ့ရပါတယ်။


========================


🚩🚩 ၇။ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ် ()လုံး ထိခိုက်ပျက်စီး


မေ ၁၆ Radio NUG

မေလ ၁၄ရက် မွန်းလွဲ ၂နာရီ ၄၀မိနစ်မှာ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ သထုံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ (ခမရ-)တပ်ရင်း တပ်စခန်းမှ လက်နက်ကြီး ()လုံး ပစ်ခတ်ရာ ရွှေရောင်ပြကျေးနယ်၊ မရမ်းကုန်းကျေးရွာ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မရမ်းကုန်းရွာနေ () ဦးဖိုးဒင်၊ () နော်နန္ဒာလှိုင်၊ ()ဒေါ်မစံနှင့် ()ဒေါ်မိုးကြည်တို့၏ နေအိမ်များကို လက်နက်ကြီးကျည်စ ထိမှန်ပျက်ဆီးခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ထိုနေ့ မနက် ()နာရီ (၄၅)မိနစ်မှ မနက် (၁၁)နာရီ (၅၀)မိနစ်အထိ (အမတ-၃၁၄)တပ်မှ လက်နက်ကြီး ()လုံး၊ (ခမရ-)တပ်မှ လက်နက်ကြီး ()လုံး၊ မနက် (၁၀)နာရီ အချိန်တွင် (ခမရ-)တပ်မှ လက်နက်ကြီး ()လုံး၊ (ခမရ-)လက်အောက်ခံ ဝီယော်စခန်းမှ  လက်နက်ကြီး ()လုံး၊ (ခမရ-)မှ လက်နက်ကြီး ()လုံး၊ (ခမရ-)လက်အောက်ခံ ဝီယော်စခန်းမှ လက်နက်ကြီး ()လုံး၊ ညနေ ()နာရီ (၃၀)မိနစ် အချိန်တွင် 

(အမတ-၃၁၄)တပ်နှင့် (ခလရ-) တပ်၊ ဘီးလင်းတိုးဂိတ်စခန်းမှ လက်နက်ကြီး ()လုံး၊ (အမတ-၃၁၄)တပ်မှ လက်နက်ကြီး ()လုံး၊ (ခလရ-)တပ်မှ လက်နက်ကြီး ()လုံး၊ ဘီးလင်းတိုးဂိတ်စခန်းမှ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်စခန်းများမှ အကြောင်းရင်းမရှိ အရပ်သားလူထုနေထိုင်ရာ နေရာများထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လူနေအိမ်များ၊ အိမ်မွေး တရိစ္ဆာန်များ၊ နေအိမ်အဆောက်အဦးများ၊ ဒေသလုပ်ငန်း စိုက်ပျိုးသီးနှံပင်များ ထိခိုက်ပျက်စီးမှုရှိနေပြီး အရပ်သားထိခိုက်မှု၊ သေဆုံးမှုများရှိနေကာ နေရပ်စွန့်ခွာတိမ်းရှောင်သူများလည်း ရှိနေသည်ဟု ကေအဲန်ယူ-သထုံမြို့နယ် သတင်းတာဝန်ခံမှ ပြောကြားထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment