17th MAY 2024 - Evening Daily News by Radio NUG

 

၂၀၂၄ မေလ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUGနဲ့ကချင်တမျိုးသားအားလုံးဟာ တော်လှန်ရေးအစမှ အဆုံးအထိ တသားတည်းကွဲပြားမှုမရှိဆက်လက်ရှိနေကြမှာ ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြော

📌 ၂။ ကနေဒါနိူင်ငံ တိုရန်တိုတက္ကသိုလ်တွင် NUGလူ့အခွင့်ရေးဝန်ကြီးနှင့်ဒုဝန်ကြီးတို့ မြန်မာအင်အားစုများနဲ့တွေ့ဆုံမည်

📌 ၃။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး ဆင်းရဲမွဲတေလာပြီး လူလတ်တန်းစားများတဖြည်းဖြည်း ပျောက်ကွယ်လာတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

📌 ၄။ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကိုဝယ်ယူသူ နိုင်ငံခြားသားတွေထဲမှာ မြန်မာ ဒုတိယချိတ် 

📌 ၅။ ကြံခင်းမြို့နယ်၊သောကြာဒူးကျေးရွာတွင်နေထိုင်သောအမျိုးသားတဦးအား မြန်အောင်  ၅၁ ခြေလျင်တပ်ထဲခေါ်ဆောင်၍ သတ်ဖြတ်ကာရုပ်အလောင်းကိုမိသားစုထံပြန်မပေး


၂၀၂၄ ခုနှစ် မေလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဂန့်ဂေါနယ်က ရွှေဘိုရွာနဲ့ရေသာရွာကို မြောက်ခင်ရန်းပျူစောထီးတွေစီးနင်းပြီး အဘိုးအိုတဦးနဲ့ ကလေးငယ်တဦးကို သတ်ဖြတ် 

🚩 ၂။ ရမ်းဗြဲမြို့မှာ စစ်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ကလေး ဦးအပါအဝင် ၅ဦး ဒဏ်ရာရ

🚩 ၃။ Royal Seven Revolution Force စခန်းထုတ်လုပ်ရေးမှ လက်လုပ်9MMပစ္စတိုသေနတ်ထုတ်လုပ်အောင်မြင်

🚩 ၄။ ကေအဲန်အဲလ်အေ၊ အမှတ်()တပ်မဟာစစ်သည်တော်များနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲပေါင်း(၄၆)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ (၁၇)ဦးသေဆုံး

🚩 ၅။ စစ်ကိုင်းတိုင်းအတွင်းရှိကျေးရွာများကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGနဲ့ကချင်တမျိုးသားအားလုံးဟာ တော်လှန်ရေးအစမှ အဆုံးအထိ တသားတည်းကွဲပြားမှုမရှိဆက်လက်ရှိနေကြမှာ ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြော


မေလ၁၇


NUGနဲ့ကချင်တမျိုးသားအားလုံးဟာ တော်လှန်ရေးအစမှ အဆုံးအထိ တသားတည်းကွဲပြားမှုမရှိဆက်လက်ရှိနေကြမှာ ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


ချစ်ခြင်းတည်စေမနောမြေကမ်ပိန်းအတွက်ပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကထည့်သွင်းပြောပါတယ်။


"ကျနော်တို့ NUGနဲ့ကချင်တမျိုးသားအားလုံးဟာ တော်လှန်ရေးအစကတည်းကတသားတည်းရှိနေခဲ့ကြပြီးတော်လှန်ရေးအဆုံးအထိ တသားတည်းကွဲပြားမှုမရှိဆက်လက်ရှိနေကြမှာဖြစ်ပါတယ်။ဒီတော်လှန်ရေးကာလတလျှောက်လုံးမှာ ကျနော်တို့ရဲ့ကချင်ညီအကိုမောင်နှမတွေဟာ အကြမ်းဖက်စစ်အာဏာရှင်ကြောင့်သေကြေထိခိုက်ဆုံးရှုံးမှုတွေခံစားခဲ့ကြရပါတယ်။အသက်တွေ၊ဘဝတွေ တော်လှန်ရေးအတွက်ပေးဆပ်ခြင်းများစွာရှိခဲ့တယ်ဆိုတာကျနော်တို့ခံသားမိပါတယ်" လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်တော်KIAနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ဟာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများအရှိန်အဟုန်တိုးမြင့်လျက်ရှိပါတယ်။


========================


📌📌 ၂။ ကနေဒါနိူင်ငံ တိုရန်တိုတက္ကသိုလ်တွင် NUGလူ့အခွင့်ရေးဝန်ကြီးနှင့်ဒုဝန်ကြီးတို့ မြန်မာအင်အားစုများနဲ့တွေ့ဆုံမည်


မေလ၁၇ရက်


ကနေဒါနိူင်ငံ တိုရန်တိုတက္ကသိုလ်တွင် NUGလူ့အခွင့်ရေးဝန်ကြီးနှင့်ဒုဝန်ကြီးတို့ မြန်မာအင်အားစုများနဲ့တွေ့ဆုံမယ်လို့မေလ၁၇ရက်မှာ NUGလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။


"ဘယ်နိုင်ငံရောက်ရောက်အစိုးရ၊လွှတ်တော်၊ပညာရှင်နဲ့ မြန်မာနိုင်ငံအရေးအားပေးထောက်ခံသူတွေအပြင်ပြည်ပရောက်တိုင်းရင်းသားတွေနဲ့ လေးစားစွာ တွေ့ဆုံဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


တွေ့ဆုံပွဲကို မေလ ၂၁ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။


"ကနေဒါရောက်မြန်မာပြည်သူများနဲ့ မကြာခင်တွေ့ဆုံဖို့မျှော်လင့်ပါတယ်"လို့ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်းဆိုထားပါတယ်။


========================


📌📌 ၃။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး ဆင်းရဲမွဲတေလာပြီး လူလတ်တန်းစားများတဖြည်းဖြည်း ပျောက်ကွယ်လာတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော


စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်းအောက်ကို ကျရောက် နေပြီး လူလတ်တန်းစားတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်လာတယ် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။ 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ မေလ ၁၆ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့  ၂၀၃၀ အာဂျင်ဒါအကောင်အထည်ဖော်ရေး ၂၀၂၄ ခုနှစ် ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုသတ်မှတ်မျဉ်းအောက်ကိုရောက်နေတဲ့အပြင် ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲရေး ရပ်တန့်နေခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေကို ရောက်နေပြီ လို့ ထုတ်ပြန်ထားတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ 

ဒါဟာ အသေးစားငွေးကြေးလုပ်ငန်းအဖွဲ့များအပေါ် များစွာရိုက်ခတ်မှုရှိခဲ့တယ်လို့လည်း မြန်မာသ့အမတ်ကြီးက ထောက်ပြ ခဲ့ပါတယ်။ 

ဒါ့အပြင် စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ပြုလုပ်လာတာကြောင့် ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်ကိုင်နေ သူတွေအပါအဝင် လူငယ်များစွာဟာ တိုင်းပြည်ကနေ ထွက်ခွာရတာ၊ ပုန်းခိုနေရတွေ ပြုလုပ်နေကြရတယ်လို့လည်း အသိပေးခဲ့ပါသေးတယ်။

ယခုအခါ နိုင်ငံအတွင်းက လူဦးရေ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ပြည်သူ ၁၈ ဒသမ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဆက်ပြောပါတယ်။

စစ်တပ်ဟာ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပေါ် စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်ရေးမှာလည်း အဓိကအတားအဆီးဖြစ်နေတယ်လို့ ရှင်းပြခဲ့ပါတယ်။ 

ရေရှည်တည်တံ့တဲ့ ငွေကြေးထောက်ပံ့မှုနည်းလမ်းများ ဖြစ်ပေါ်စေဖို့ဆိုရင် နိုင်ငံအတွင်း ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ တိုင်းပြည်တည်ငြိမ်ရေးဟာ အရေးကြီးတဲ့အချက်ဖြစ်ကြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ငြိမ်းချမ်းမှုမရနိုင်သလို ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဘူးလို့လည်း သံအမတ်ကြီးက ပြောပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ INFF အကောင်အထည်ဖော်မှာ ကုလသမဂ္ဂဖွံဖြိုးတိုးတက်ရေးစနစ်-UNDS နိုင်ငံတကာအသိုင်း အဝိုင်းတို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်းလည်း အသိပေးထားပါတယ်။ 


ဒါကြောင့် ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေးလုပ်ငန်းမှာ ယခင်ရရှိပြီးဖြစ်တဲ့ ရလဒ်ကောင်းများ ပြန်လည်ရရှိစေပြီး ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ဆောင်ရမယ့် တခုတည်းသောအချက်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ခြင်းပဲဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ ပါတယ်


မြန်မာနိုင်ငံဟာ အရပ်သားအစိုးရလက်ထက်က ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေး အတွက် “Myanmar Sustainable Development Plan” (MSDP) ကို အကောင်အထည်ဖော်ခဲ့ရာမှာ တိုးတက်မှုတွေ ရှိခဲ့ပေမယ့် ၂၀၂၁ မှာ စစ်တပ်က မတရားအာဏာသိမ်းလိုက်တာကြောင့် ဆုတ်ယုတ်ပျက်စီးခဲ့ရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


========================


📌📌 ၄။ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကိုဝယ်ယူသူ နိုင်ငံခြားသားတွေထဲမှာ မြန်မာ ဒုတိယချိတ် 


ထိုင်ငံထဲက ကွန်ဒိုတိုက်ခန်းတွေကိုဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေပါဝင်နေပြီး ဒုတိယ အများဆုံး နေရာမှာ ရပ်တည်နေတယ်လို့ ထိုင်းသတင်းဌာနတခုဖြစ်တဲ့ The Nation Thailand က မေ ၁၆ မှာ ဖော်ပြလိုက်ပါတယ်။ 

မြန်မာနိုင်ငံသားတွေဟာ ထိုင်းဘတ်ငွေ ဒသမ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ကွန်ဒိုအခန်းပေါင်း ၃၉၂ ခန်း ဝယ်ယူထားတာ ကြောင့် ထိုင်းကွန်ဒိုတွေကိုဝယ်ယူနိုင်တဲ့ နိုင်ငံခြားသားတွေထဲမှာ ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ 

အရင်က ထိုင်းအိမ်၊ခြံ၊မြေ စျေးကွက်မှာ ရုရှားနိုင်ငံသားတွေက ဒုတိယအများဆုံးအနေနဲ့ ထိုင်းကွန်ဒိုတွေကို ဝယ်ယူသူဖြစ်ခဲ့ ပေမယ့် အခု ရုရှားလူမျိုးတို့နေရာကို မြန်မာနိုင်ငံသားတွေ အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ 

ဒီနှစ်ပထမ လပတ်ထဲမှာ နိုင်ငံခြားသားတွေကို ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ခန်း ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ် ၁၈ ဒသမ ဝ၂ ဘီလီယံဖိုးရှိတယ်လို့ သိရပါတယ်။

နိုင်ငံခြားသားတွေကိုရောင်းချပေးတဲ့ တိုက်ခန်းအရေအတွက်ဟာ အရင်နှစ် ကာလတူနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒသမ ရာခိုင် နှုန်းမြင့်တက်လာပြီး ဝယ်ယူမှုတန်ဖိုးဟာလည်း ဒသမ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံ အိမ်၊ခြံ၊မြေ သတင်း အချက်အလက်ဌာနကလည်း မေလ ၁၆ ရက်နေ့က ပြောကြားထားပါတယ်။   

ထိုင်းကွန်ဒိုတွေကိုဝယ်ယူသူတွေထဲမှာ တရုတ်နိုင်ငံသားတွေက အများဆုံးဖြစ်ပြီး ထိုင်းဘတ်ငွေ ဒသမ ၅၇ ဘီလီယံ တန်ဖိုးရှိ အခန်းပေါင်း ၁၅၉၆ ခန်းဝယ်ယူခဲ့ကာ ရုရှားနိုင်ငံသားတွေက ဘတ် ၉၂၄ သန်းတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၂၉၅ ခန်း ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ထိုင်း အိမ်၊ခြံ၊မြေ စျေးကွက်ရဲ့ ၄၁ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသားတွေ ဝယ်ယူခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေက ၁ဝ ရာခိုင်နှုန်း၊ ရုရှားနိုင်ငံသားတွေက ရာခိုင်နှုန်း ဝယ်ယူခဲ့တာလို့ ထိုင်းနိုင်ငံ အိမ်၊ခြံ၊မြေ သတင်းအချက်အလက်ဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ၅။ ကြံခင်းမြို့နယ်၊သောကြာဒူးကျေးရွာတွင်နေထိုင်သောအမျိုးသားတဦးအား မြန်အောင်  ၅၁ ခြေလျင်တပ်ထဲခေါ်ဆောင်၍ သတ်ဖြတ်ကာရုပ်အလောင်းကိုမိသားစုထံပြန်မပေး


မေလ၁၇


ကြံခင်းမြို့နယ်၊သောကြာဒူးကျေးရွာတွင်နေထိုင်သောအမျိုးသားတဦးအား မြန်အောင်  ၅၁ ခြေလျင်တပ်ထဲခေါ်ဆောင်၍ သတ်ဖြတ်ကာရုပ်အလောင်းကိုမိသားစုထံပြန်မပေးကြောင်းသိရပါတယ်။


မေလ၁၇ရက်မှာ စကစတပ်ရဲ့ကျူးလွန်မှုကို ကြံခင်းပကဖကအသိပေးဖော်ပြပါတယ်။


"မေလ၁၁ ရက်နေ့ညနေ နာရီခန့်က ကြံခင်းမြို့နယ်၊သောကြာဒူးကျေးရွာတွင်နေထိုင်သော ကိုပိုင်မင်းသူ အသက်၂၆ နှစ်သည်ဆိုင်ကယ်ဖြင့် ဆိပ်သာကျေးရွာဘက်သို့ဈေးဝယ်ထွက်လာစဉ် အိမ်နှင့်အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ထိုနောက်လိုက်လံစုံစမ်းရာ  ည၉ နာရီခန့်တွင်စကစများလမ်းတွင်ဖမ်းဆီးသွားသည်ဟု သိရှိရပါတယ်"လို့ဖော်ပြပါတယ်။


ထို့နောက်မိသားစုများမှမေလ၁၂  ရက်နေ့မနက်တွင် ဆိပ်သာတိုက်နယ်ရဲစခန်းနှင့်ကြံခင်းမြို့သို့သွားရောက်စုံစမ်းရာ မြန်အောင်  ၅၁ ခြေလျင်တပ်ထဲသို့ခေါ်သွားကြောင်းသိခဲ့ရပါတယ်။ 


မေလ ၁၃ရက်နေ့ နေ့လည်တွင်မြန်အောင် ရဲစခန်းမှမိသားစုကိုခေါ်တွေ့ပြီး‌၊PDF များနှင့်ပတ်သက်သည့်သံသယဖြင့်ခေါ်စစ်ကြောင်း၊စစ်ဆေးစဉ်ရောဂါဖြင့် သေဆုံးသွားကြောင်းပုံပြ၍အသိပေးပြီး အလောင်းကိုပြန်မပေးပဲ သင်္ဂြလ်လိုက်ပြီဖြစ်ကြောင်းခေါ်ပြောခဲ့တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဂန့်ဂေါနယ်က ရွှေဘိုရွာနဲ့ရေသာရွာကို မြောက်ခင်ရန်းပျူစောထီးတွေစီးနင်းပြီး အဘိုးအိုတဦးနဲ့ ကလေးငယ်တဦးကို သတ်ဖြတ် 


မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက ရွှေဘိုရွာနဲ့ရေသာရွာကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ မြောက်ခင်ရန်းရွာက ပျူစောထီးတွေ ဝင်ရောက်စီးနင်းပြီး အသက် ၈၀ ကျော်အရွယ် အဘိုးအိုနဲ့ နှစ်အရွယ် ကလေးငယ်တဦးကို သတ်ဖြတ်ခဲ့ တယ်လို့ ယောအလင်းတန်းက ကိုဘကောင်းက ပြောပါတယ်။ 

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းကျေးရွာက ပျူစောထီးတွေဟာ မနေ့ မေလ ၁၆ ရက် မနက် ၁၀ နာရီခွဲခန့်မှာ ရေသာရွာနဲ့ ရွှေဘိုရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် ရေသာရွာက အိမ် ၁၄ လုံး မီးလောင် ပျက်စီးပြီး အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ ရွှေဘိုရွာက လူနေအိမ် ရာချီပြီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

မြောက်ခင်ရမ်းရွာက ပျူစောထီးတွေဟာ ရွှေဘိုရွာကအသက် ၈ဝ ကျော်အရွယ် ဦးသာနွယ်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အပြင် နွားတကောင်ကိုပါ သတ်ဖြတ်ခဲ့တယ်လို့လည်း အသိပေးပါတယ်။

ဒါ့အပြင် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ မီးလောင်သေဆုံးနေတဲ့ အသက် နှစ်အရွယ် ကလေးငယ်တဦးရဲ့ ရုပ်အလောင်း ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ ရွှေဘိုကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲက ကျောင်းဆောင် တဆောင်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကာ သံဃာ ပါးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့‌ပြီး ဒီနေ့‌ မေလ ၁၇ ရက် မနက် ပိုင်းမှ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ရေသာရွာနဲ့ရွှေဘိုရွာဟာ မြောက်ခင်ရမ်းပျူစောထီးရွာနဲ့ အနီးဆုံးမှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ရွှေဘိုကျေးရွာဟာ ပျူစောထီးတွေရဲ့ မီးရှို့ဖျက်ဆီးမှုကို ကြိမ်မြောက် ခံခဲ့ရတာလို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ ရမ်းဗြဲမြို့မှာ စစ်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ကလေး ဦးအပါအဝင် ၅ဦး ဒဏ်ရာရ


ရခိုင်ပြည် ရမ်းဗြဲမြို့မှာ စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ကလေးငယ် ဦးအပါအဝင် ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

ရမ်းဗြဲမြို့ထဲက ညောင်ပင်လှရပ်ကွက်မှာ မနေ့ မေလ ၁၆ ရက်နေ့ မနက် ၈နာရီခန့်အချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသတွင်းသတင်းတွေကိုအသိပေးနေတဲ့ Western News မှာ ဖော်ပြထားပါတယ်။ 

အဆိုပါဗုံးသီးကို ကလေးငယ်တွေက တွေ့ရှိခဲ့ပြီး အိမ်ကိုယူဆောင်လာတာကြောင့် လူကြီးတွေက လွှင့်ပစ်ခိုင်းရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသွားကြတာလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် တနှစ်ခွဲအရွယ်၊၃ နှစ်အရွယ်၊ အသက် ၁၄ နှစ်အရွယ် စတဲ့ကလေးတွေနဲ့ အသက် ၃၄ နှစ်နဲ့ ၃၆ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကျန်ဗုံးသီးကို ညောင်ပင်လှရပ်ကွက်အနီးမှာရှိတဲ့ ယာခင်းတခုမှာတွေ့ရှိခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် ကျော်ကျော်သိန်း အိမ်ကိုယူလာခဲ့ရာမှာ မိခင်ဖြစ်သူက လွှင့်ပစ်ခိုင်းတာကြောင့် လွှင့်ပစ်လိုက်ချိန်မှာ ပေါက်ကွဲသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။ 

ရမ်းဗြဲမြို့ဟာ ရခိုင့်တပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တမြို့ဖြစ်ပြီး စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တမြို့လုံးနီးပါးပျက်စီးသွားတဲ့မြို့လည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးတွေ ပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မြို့နယ်မှာ ကလေးငယ် ဦး အပါအဝင် ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။  

ဒါ့ကြောင့် လွတ်မြောက်နယ်မြေတွေမှာ မိုင်းအသိပညာပေးလုပ်ငန်းတွေနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေအန္တရယ်အကြောင်း ပိုမိုလုပ်ဆောင်ပေးဖို့ လိုအပ်နေတာလဲဖြစ်ပါတယ်။


========================


🚩🚩 ၃။ Royal Seven Revolution Force စခန်းထုတ်လုပ်ရေးမှ လက်လုပ်9MMပစ္စတိုသေနတ်ထုတ်လုပ်အောင်မြင်


မေလ၁၇ရက်


Royal Seven Revolution Force

စခန်းထုတ်လုပ်ရေးမှ လက်လုပ်9MMပစ္စတိုသေနတ်ထုတ်လုပ်အောင်မြင်ခဲ့ကြောင်းကို မေလ၁၇ရက်မှာ Royal Seven Revolution Forceက တရားဝင်အသိပေးဆိုပါတယ်။


"ကျွန်တော်တို့ Royal Seven Revolution Force စခန်းထုတ်လုပ်ရေးမှ လက်လုပ်9MM အတို ဆက်လက်အောင်မြင်နေပါပြီ။အောင်မြင်နေတော သေနတ်များ နဲ့ထုတ်လုပ်ရေးကိုဆက်လက်ထုတ်လုပ်နိူင်ရန်ပြည်သူများဘက်မှပါဝင်ကူညီပေးဖို့"ဆိုထားပါတယ်။


Royal Seven Revolution Forceကထုတ်လုပ်သောပစ္စတိုသေနတ်များကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး ထိရောက်အောင်မြင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ကေအဲန်အဲလ်အေ၊ အမှတ်()တပ်မဟာစစ်သည်တော်များနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲပေါင်း(၄၆)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ (၁၇)ဦးသေဆုံး


မေလ၁၇ရက်


မေလ()ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ မိမိတို့ ကေအဲန်အဲလ်အေ၊ အမှတ်()တပ်မဟာစစ်သည်တော်များနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် မိစ္ဆာအကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲပေါင်း(၄၆)ကြိမ်ဖြစ်ပွားခဲ့တယ်လို့အသိပေးဖော်ပြပါတယ်။


ထိုသို့တိုက်ပွဲဖြစ်ပွားရာတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ (၁၇)ဦးသေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။


တိုက်ပွဲဖြစ်ပွားစဥ်နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသော်ငြား အကြမ်းဖက်စစ်ကောင်စီမှ ဝေဟင်စစ်ဆင်ဆင်ရေးဖြစ်သည့် ဂျက်တိုက်လေယာဥ်၊ ဒရုန်းလေယာဥ်နှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုအား နေ့စဥ်လိုလိုဗုံးသီးနှင့်အမြောက်ဆံများ ကျေးရွာအတွင်းသို့တမင်ရည်ရွယ်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူအိမ်ယာ(၁၅)လုံးနှင့် စပါးကျီတစ်လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၅။ စစ်ကိုင်းတိုင်းအတွင်းရှိကျေးရွာများကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများပေး


မေလ၁၇


စစ်ကိုင်းတိုင်းအတွင်းရှိကျေးရွာများကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ခဲ့ပါတယ်။


မေလ၁၆ရက်မှာ  ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)ကအသိပေးပါတယ်။


စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ () ရွာကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) ၏ရဲဘော်များ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ဆေးဌာနကြီးမှ ရဲဘော်များနှင့် ပူးပေါင်း၍ မေလ ဒုတိယပတ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တယ်လို့ဖော်ပြပါတယ်။


ကျောင်းသားလက်ရုံးတပ်တော် (SAF) အခြေစိုက်ရာ စစ်ဒေသများအတွင်း ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆေးပေးခန်းများဖွင့်လှစ်ခြင်းများအပြင်  အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ပြည်သူလူထုကို ခိုလှုံနိုင်ရန် စသည့် လူထုအကျိုးပြုလုပ်ငန်းစဥ်များကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။


ကျောင်းသားလက်ရုံးတပ်တော် (SAF) အနေဖြင့် "လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့" ဦးလည်မသုန်ဆက်လက် ချီတက်တိုက်ပွဲဝင်သွားမယ်လို့အသိပေးဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment