19th MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူငယ်တွေရဲ့ အသက်မွေး၀မ်းကြောင်း အပတ်စဉ် ()သင်တန်းဆင်းပွဲ ပြုလုပ်

📌 ၂။ Zero ပြောက်ကျားတပ်ဖွဲ့ မြေပြန့်ဒေသ တိုက်ပွဲတွေမှာ NUG လက်အောက်ကနေ ပိုမိုအားဖြည့် ပါဝင်သွားမယ်  ဟုဆို

📌 ၃။ နမ့်ဆန်မြို့နယ် ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွား၊ အဖွားအိုတစ်ဦးနှင့် ကလေးငယ် ဦး သေဆုံး

📌 ၄။ ပူတာအိုမြို့နယ်၊ ဆွမ်ဘီယန်ကျေးရွာ နေအိမ်များကို ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး

📌 ၅။ စစ်အုပ်စုကို ငွေကြေး ထောက်ပံ့နေတဲ့ PTTEP ကုမ္ပဏီကပေးတဲ့ ပညာသင်ဆုကို သပိတ်မှောက်ကြဖို့ Blood Money - သွေးစွန်းငွေ လှုပ်ရှားမှုက နှိုးဆော်


၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ သို့ ကာကွယ်ရေး ဒုဝန်ကြီး သွားရောက်စစ်ဆေး

🚩 ၂။ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်

🚩 ၃။ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီစခန်းတွေကို KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တိုက်ခိုက်မှု စစ်စခန်း ခု သိမ်းပိုက်ထား

🚩 ၄။ ရွှေဘိုမြို့ အမှတ်()ရပ်ကွက်အတွင်း၊ အထိုင်ချတပ်စွဲထားသော လေ့ကျင့်ရေး()မှ စစ်ကောင်စီ အထိုင်စခန်းအား ဝင်ရောက်ပစ်ခတ်

🚩 ၅။ မင်းလှမြို့နယ်၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းအား ဗုံးကျဲတိုက်ခိုက်

🚩 ၆။ မြိုင်မြို့ပေါ်သို့ အင်အား(၅၀)ခန့်ဖြင့်၊ အဖွဲ့ သုံးဖွဲ့ခွဲဝင်ရောက်တိုက်ခိုက်

🚩 ၇။ ယင်းမာပင်၊ သီတဂူကျောင်း အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၈။ နောင်ချိုမြို့နယ် သုံးဆယ်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တာကြောင့် ဒေသခံ ဦးထက်မနည်း ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူငယ်တွေရဲ့ အသက်မွေး၀မ်းကြောင်း အပတ်စဉ် ()သင်တန်းဆင်းပွဲ ပြုလုပ်


မေလ ၁၈ရက်။ 

Radio NUG

မေလ (၁၇) ရက်နေ့မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင်း တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ အသက်မွေး ၀မ်းကြောင်း သင်တန်း အပတ်စဥ် () သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲမှာ သင်တန်းသူ၊ သင်တန်းသား (၃၀) ဦးကို သင်တန်းဆင်း လက်မှတ်ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ဒီတော်လှန်ရေးကာလမှာ အသက်မွေး၀မ်းကြောင်း ပညာရပ်ဟာ လူငယ်တွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါ၀င်နေတာကြောင့် နောက်လာမယ့် အပတ်စဥ်မှာလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဓိက အထူးပြုဘာသာရပ် () ခု ဖြစ်တဲ့ ရက်ကန်း၊ စက်ချုပ်၊ ဆိုင်ကယ် စက်ပြင်တာတွေကို သင်ကြားပေးတဲ့အပြင် လူငယ်တွေ မဖြစ်မနေ သိရှိသင့်တဲ့ ဘာသာရပ်တွေကို ဖြည့်စွက် သင်ကြားပေးတယ်လို့ ကျောင်းအုပ် ဒေါ်ခင်စန္ဒာညွန့်မှ ပြောကြားထားပါတယ်။


========================


📌📌 ၂။ Zero ပြောက်ကျားတပ်ဖွဲ့ မြေပြန့်ဒေသ တိုက်ပွဲတွေမှာ NUG လက်အောက်ကနေ ပိုမိုအားဖြည့် ပါဝင်သွားမယ်  ဟုဆို


မေလ ၁၈ ရက်နေ့။


Radio NUG


Zero ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ မြေပြန့်ဒေသမှာ တိုက်ပွဲတွေ ပိုမိုဖော်ဆောင်တော့မယ် ဆိုတဲ့ NUG ရဲ့ ပြောကြားချက်အပေါ် တော်လှန်ရေးအတွက် ပိုမိုအားဖြည့်ပြီး စွမ်းစွမ်းတမံပါဝင်သွားမယ်လို့ Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူက ဆိုပါတယ်။


မေလ ၁၇ ရက်နေ့ ညပိုင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီး၊ ဦးရည်မွန်နဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းဓါတ်ပုံကို ၎င်းတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြခဲ့ပြီးနောက် မီဒီယာတွေရဲ့ မေးမြန်းချက်ကို Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက အခုလို ဖြေကြားခဲ့တာပါ။


၂၀၂၄ မှာ တော်လှန်ရေး အင်အားစုတွေ တော်တော်များများ ဗျူဟာကျကျနဲ့ ကွက်ပြည့် နင်းနိုင်မယ်လို့ ယုံကြည်ပြီး လူကြီးတွေ အကောာင်းဆုံး ကြိုးစားနေကြတာ တွေ့ရပြီး အကောင်းဆုံးအရွေ့တစ်ခု ဖြစ်လာမှာပါလို့ ကိုသက်ကြီးက ဆိုပါတယ်။


Zero ပြောက်ကျား တပ်ဖွဲ့ အနေနဲ့ အဓိက မစ်ရှင်တွေကို ရပ်နားထားတာ ငါးလနီးပါး ကြာခဲ့ပြီဖြစ်ပြီး ရဲဘော်များ အန္တရာယ်ကင်းကင်းနဲ့ အဆက်မပြတ် တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို အချိန်ယူ စုဆောင်းနေတာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) - MOD ရဲ့ လမ်းညွန်ချက်အတိုင်း တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ Zero ပြောက်ကျားတပ်ဖွဲ့ မြင်းခြံအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူ၊ အရာတော်၊ ဆားတောင် စတဲ့မြို့တွေက စစ်ကောင်စီ ဒေါက်တိုင်များကို အဓိက တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း မစ်ရှင် ၁၉ ခုအထိ ဖော်ဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၃။ နမ့်ဆန်မြို့နယ် ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွား၊ အဖွားအိုတစ်ဦးနှင့် ကလေးငယ် ဦး သေဆုံး


မေလ ၁၈ရက်။ 

Radio NUG

တအာင်းပြည်၊ တပ်မဟာ ()စစ်ဒေသ၊ နမ့်ဆန်မြို့နယ် ဟူးဆာအုပ်စု ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦးနှင့် ကလေးငယ် ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၈ ရက်နေ့ နံနက် (:၃၀) ဝန်းကျင်တွင် မီးကျွင်းမီးကျန်များကို သေချာငြိမ်းသတ်မှု မပြုလုပ်ခြင်းကြောင့် ထိုမီးစများမှတစ်ဆင့် လေတိုက်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုအိမ်အတွင်းတွင် မြေးအဖွား()ဦး နေထိုင်ကြပြီး ယာအေမန် အသက်(၅၄)နှစ်သည် နှလုံးရောဂါရှိသောကြောင့် မီးလောင်နေစဥ် နေအိမ်အတွင်းပင် သတိလစ်မေ့မြောကာ မီးလောင်သေဆုံးသွားပါတယ်။

အဖွားဖြစ်သူ ယာအေမန် သတိလစ်ပြီးနောက် ကျန်ရှိနေသည့် မြေးဖြစ်သူ မိုင်းအဇူ အသက်()နှစ်နှင့် မိုင်းအိုက်ညီ အသက်()နှစ်တို့နှစ်ဦးလည်း ကယ်တင်မည့်သူမရှိတာကြောင့် မီးလောင်သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားနေစဥ် ဒေသခံများ သတင်းပေးပို့မှုကြောင့် PSLF/TNLA နမ္မတူမြို့ မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီပေးခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ခဲ့သည့်ဖြစ်စဥ်အား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ပူတာအိုမြို့နယ်၊ ဆွမ်ဘီယန်ကျေးရွာ နေအိမ်များကို ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး


မေလ ၁၈ရက်။

Radio NUG

ပူတာအိုဘက်မှ ဆွမ်ပရာဘွမ်ဘက်သို့ ဆင်းလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက ဆွမ်ပီယန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း The 74 Mediaမှာ ဖော်ပြထားပါတယ်။

မေလ ၁၈ရက် နေ့လယ် ၁၂ နာရီခန့်က ပူတာအိုမြို့မှ ဆွမ်ပရာဘွမ်ဘက်သို့ဆင်းလာတဲ့ စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့နှစ်ဦး သေဆုံးကာ တစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

တိုက်ခိုက်ခံရသည့်စစ်ကြောင်းသည် မွန်းလွဲ () နာရီခန့်တွင် ဆွမ်ပီယန်ကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့ပြီး ရွာအတွင်းရှိ နေအိမ်အချို့ကိုမီးရှို့ခဲ့သောကြောင့် နေအိမ်သုံးလုံးထက်မနည်း ပျက်စီးသွားသည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားထားပါတယ်။

လက်ရှိအချိန် သုံးအိမ်တော့မီးလောင်နေတယ်။ ဒီနေ့မွန်းလွဲ နာရီ ၂၀ မိနစ်လောက်မှာစရှို့တာ။ စစ်သားတွေ အင်အား ၁၀၀ ကျော်ဆွမ်ပီယန်ကို ဝဒတ်ကနေဖြတ်လာတဲ့အချိန် လူသားဒိုင်းလုပ်တဲ့ သတင်းကြားတာကြောင့် ဆွမ်ပီယန်ကပြည်သူတွေထွက်ပြေးသွားတယ်ဟုပြောကြားထားပါတယ်။

စစ်ဘေးရှောင်ရင်း သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ရေနှစ်သေဆုံးသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝဒတ်ကျေးရွာနှင့် ဆွမ်ပီယန်ကျေးရွာရှိ ဒေသခံများ၏ ကျွဲ၊ နွားများကို 

သတ်ဖြတ်စားသောက်ခဲ့ကြကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။ လက်ရှိအချိန် ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်ကျေးရွာနှင့် ဝဒတ်ကျေးရွာမှ လူဦးရေ ၁၃၀၀ ခန့် ဘေးလွတ်ရာသို့

ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။ ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ ပူတာအိုမှဆင်းလာသည့် စစ်ကောင်စီပူးပေါင်းတပ်ကို တန်ဂျာကျေးရွာနှင့် ဝဒတ်ကျေးရွာကြားရှိ ကျောက်ရေတွင်း ဒေသအခေါ် (shin Dan Mada) တွင် KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးခဲ့ပါတယ်။


========================


📌📌 ၅။ စစ်အုပ်စုကို ငွေကြေး ထောက်ပံ့နေတဲ့ PTTEP ကုမ္ပဏီကပေးတဲ့ ပညာသင်ဆုကို သပိတ်မှောက်ကြဖို့ Blood Money - သွေးစွန်းငွေ လှုပ်ရှားမှုက နှိုးဆော်


မေလ ၁၈ ရက်။

Radio NUG


အကြမ်းဖက် စစ်ကောင်စီကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ PTTEP ကုမ္ပဏီကပေးတဲ့ ပညာသင်ဆုကို လူအများက သပိတ်မှောက်ကြဖို့သွေးစွန်း စကောလားရှစ် ဆန့်ကျင်မယ့် ကွန့်မန့်ကမ်ပိန်းကို ပါဝင်ပေးကြဖို့  Blood Money - သွေးစွန်းငွေ လှုပ်ရှားမှုက တိုက်တွန်းနှိုးဆော်ထားပါတယ်။


PTTEP ကုမ္ပဏီဟာ အကြမ်းဖက် စစ်အုပ်စုကို နေ့စဉ်နဲ့အမျှ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နိုင်အောင် ငွေကြေး ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီ ဖြစ်တာကြောင့် ၎င်းတို့ရဲ့ သွေးစွန်းနေတဲ့ ငွေနဲ့ ပေးနေတဲ့ပညာသင်ဆုကို လက်မခံဘဲ ဆန့်ကျင်ကြဖို့ သွေးစွန်းငွေ လှုပ်ရှားမှုက တိုက်တွန်းပါတယ်။


ထို့အပြင် ပြည်သူများအနေနဲ့လည်း အဆိုပါလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သိရှိစေဖို့နဲ့ ဝိုင်းဝန်းသပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ Facebook ကောမန့် ကမ်ပိန်း - comment campaign မှာ ပါဝင်ပေးကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။


ကော့မန့်ကမ်ပိန်း လှုပ်ရှားမှု အနေနဲ့ ပုံ ပုံထဲက မိမိ ကြိုက်နှစ်သက်တဲ့ ပုံကို Photo comment အဖြစ် ရွေးချယ်အသုံးပြုပြီးသွေစွန်းနေတဲ့ စကောလားရှစ်ကို ပြည်သူအားလုံး သပိတ်မှောက်ကြ 

သွေးစွန်းငွေနဲ့ ပေးတဲ့ စကောလားရှစ်ကို သပိတ်မှောက်ကြ 

အိမ်မပြန်နိုင်တော့သူတွေ၊ ကလေးငယ်တွေနဲ့ စစ်ဘေးရှောင်တွေကို ငဲ့ညှာရင် PTTEP က ပေးတဲ့ သွေးစွန်း ပညာသင်ဆုကို သပိတ်မှောက်ပစ် 

စစ်ဘီလူးကို အသက်ဆက်ပေးနေတဲ့ PTTEP ရဲ့ အထောက်အပံ့ကို ငြင်းဆိုပါ မိတ်ဆွေ 

တချို့တွေက အသက်တွေ မရှိကြတော့ဘူး၊ တချို့တွေက ဘဝတွေ မရှိကြတော့ဘူး။ သူတို့တွေကို အားနာရင် PTTEP ကပေးတဲ့ ပညာသင်ဆုကို သပိတ်မှောက်ပါ 

“PTTEP - stop complicity in junta’s war crimes” 

“PTTEP - Stop paying Blood Money to Junta” 

“PTTEP - Stop Blood Scholarship” 

“PTTEP company is responsible for all war crimes in Myanmar” စတဲ့ စာသားများထဲမှ ကြိုက်နှစ်သက်ရာကို ကူးယူပြီး PTTEP ရဲ့ စကောလားရှစ် ပိုစ့်မှာ သွားရောက် ကွန်းမန့်ပေးကြဖို့ ဖြစ်ပါတယ်။


အထက်ပါ စာသားများထဲက အသုံးမပြုလိုလျှင်လည်း မိမိ စိတ်ခံစားချက်အတိုင်း Comment ပေးနိုင်တယ်လို့ 

သွေးစွန်းငွေလှုပ်ရှားမှုက နှိုးဆော်ထားပြီး သွေးစွန်းစကောလားရှစ်ကို ဘူးသပိတ် ပါဝင်ပေးကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ သို့ ကာကွယ်ရေး ဒုဝန်ကြီး သွားရောက်စစ်ဆေး


မေလ ၁၈ရက်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွတ် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ()ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကြောင်းများကို သွားရောက်စစ်ဆေးခဲ့တယ်လို့ မေလ ၁၈ရက်မှာဖော်ပြထားပါတယ်။ 


ခရီးစဥ်အတွင်း တောင်ပိုင်းစစ်ဒေသတွင် စစ်ဆင်ရေးဝင်လျက်ရှိသော PDF စစ်ကြောင်းများကို စစ်ဆေးခြင်း၊ တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်များအား စိတ်ဓာတ်ခွန်အားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်


မေလ ၁၈ရက်။ 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရခိုင့်တပ်တော်-AA က မေ ၁၈ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

သီးတောင်မြို့က ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတွေဖြစ်တဲ့ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်းနဲ့ ဒကစ-စစ်တွေ လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်အချိန်မှာ တခုမကျန် သိမ်းပိုက်ရရှိလိုက်တာလို့ AA က အသိပေးပါတယ်။

ယခုသိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေဟာ ဘူးသီးတောင်ဗျူဟာဌာနချုပ်၊ အမှတ် ၃၇၈ အမြောက်တပ်၊ ခမရ-၂၃၄၊ ခမရ -၃၄၅၊ ခမရ-၃၅၂ စတဲ့တပ်ရင်းတွေနဲ့ အမြောက်တပ်၊ ထောက်ပို့တပ်နဲ့ GE တပ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၁၄ ရက်က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်ရင်းတွေက ခမရ-၃၅၃၊ခမရ-၅၃၅၊ခမရ -၂၆၃နဲ့ ခမရ-၂၃၃တို့ ဖြစ်ပြီး မေလ ၁၃ ရက်နေ့မှာ နယ်ခြားစောင့်တပ် နခခ- မေလ ၁၆ ရက်နေ့မှာ နခခ - တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် စစ်ကောင်စီဗျူလက်အောက်ခံ တပ်ရင်းတွေကထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီသင်တန်းဆင်း ရိုဟင်ဂျာတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လွတ်မြောက်မယ်ထင်တဲ့ နေရာတွေဖြစ်တဲ့ ကျေးရွာတွေနဲ့ ဘူးသီးတောင်မြို့တွင်းကို ကစဉ့်ကလျား ခြေဦးတည့်ရာ ထွက်ပြေးနေကြတာကြောင့် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်က ကျေးရွာဒေသခံတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ AA က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီစခန်းတွေကို KIA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တိုက်ခိုက်မှု စစ်စခန်း ခု သိမ်းပိုက်ထား


မေလ ၁၈ရက်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေရာ စစ်စခန်း ခု သိမ်းပိုက်ရရှိထားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။  

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ အခြေစိုက်ရာ ကဇူး၊ ဒဘတ်၊ ဂါးရာယန်၊ ရွှေညောင်ပင်၊ ခလရ-၃၂၁ တပ်စခန်း ဒိန်ဂါ၊ လိုင်ဖောင်၊ ဘင့်ပူကောင်၊ အောင်မြေ- အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက မေလ ၁၈ ရက်နေ့ မနက် နာရီကစပြီး တပြိုင်တည်းတိုက်ခိုက်နေတာလို့ သိရပါတယ်။ 

ရွှေညောင်ပင်မှာရှိတဲ့ ရွှေမင်းပြည်သူ့စခန်းကိုလည်းသိမ်းလိုက်ပြီ။ အောင်မြ- မှာရှိတဲ့ ပြည်သူ့စစ်စခန်းနဲ့ စစ်တပ်စခန်းကိုလည်းသိမ်းလိုက်ပြီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

ဒါ့အပြင် မွန်းလွဲ နာရီခန့်အချိန်မှာလည်း ဝိုင်းမော်မြို့နယ် ၀ထောင်ဘွမ်မှာရှိတဲ့ ရတမ ၄၃၈ စခန်းကိုလည်း သိမ်းပိုက်ရရှိထားပြီလို့ အခြားသတင်းရင်းမြစ်တဦးကလည်း ပြောပါတယ်။ 

စစ်ကောင်စီဘက်ကလည်း နယ်မြေမဆုံးရှုံးစေဖို့ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလို လေကြောင်းပစ်ကူတွေနဲ့ပါ ခုခံနေတာကြောင့် မေလ ၁၈ ရက်နေ့ ညနေ နာရီခွဲဝန်းကျင်အထိ တိုက်ပွဲတွေပြင်းထန်နေဆဲလို့ သိရပါတယ်။  

ဝိုင်းမော်မြို့နယ်အတွင်းက ရွှေညောင်ပင်မှာလည်း မေလ ၁၈ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ရာမှာ စစ်တပ် ရဟတ်ယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် ညနေ နာရီဝန်းကျင်အထိ KIA ဘက်က အတည်ပြု ပြောဆိုတာမရှိသေးပါဘူး။   

KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မတ်လ ရက်နေ့စပြီး ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ခဲ့ရာမှာ လက်ရှိအချိန်အထိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းပေါင်း ၁၀၀ နီးပါးကို သိမ်းပိုက်ရရှိထားပြီလို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၄။ ရွှေဘိုမြို့ အမှတ်()ရပ်ကွက်အတွင်း၊ အထိုင်ချတပ်စွဲထားသော လေ့ကျင့်ရေး()မှ စစ်ကောင်စီ အထိုင်စခန်းအား ဝင်ရောက်ပစ်ခတ်


မေလ ၁၈ရက်။ 

Radio NUG

မေလ (၁၇) ရက် နံနက် (:၃၀) မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အမှတ်() ရပ်ကွက်အတွင်း ၊အထိုင်ချတပ်စွဲထားသော လေ့ကျင့်ရေး()မှ စစ်ကောင်စီ အထိုင်စခန်းအား ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း Buffalo Soldiers Freedom Force က သတင်းထုတ်ပြန်ပါတယ်။

ရှေ့ထွက်မိုင်း ()လုံးဆွဲ၍ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ မောင်းပြန်များ၊ စက်ကလေးများဖြင့် တရစပ် ပစ်ခတ်ခဲ့ရာ ထိတွေ့မှူကြာချိန် (၁၅) မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးမရှိဘဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ပါသည်။ တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား()ဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံး၍ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း မြို့တွင်းထောက်လှမ်းရေးများမှ တိကျသေချာစွာ သတင်းပေးပို့ခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲအား Buffalo Soldiers Freedom Force ချေမှူန်းရေးတပ်ဖွဲ့နှင့် မဟာမိတ်ဖြစ်သော တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ မင်းလှမြို့နယ်၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းအား ဗုံးကျဲတိုက်ခိုက်


မေလ ၁၈ရက်။ 

Radio NUG

တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ဒရုန်းတပ်ဖွဲ့ဖြစ်သည့် Yoma Phoenix Drone Forceမှ ၁၈..၂၀၂၄ရက် နံနက်၁၂နာရီ ၂၅မိနစ်တွင် မင်းလှမြို့နယ်၊ 

ထွေအုပ်ရုံးအား ဗုံး၁လုံး ကြဲချပြီး ၁၈..၂၀၂၄ ရက် နံနက် ၂နာရီ ၂၀မိနစ်တွင် မြို့မရဲစခန်းအား ဗုံး၁လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုအတွင်း စကစဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပျက်ဆီးမှုများအား စုံစမ်းနေဆဲဖြစ်ပြီး တပ်ဖွဲ့၏ ကင်းထောက်ဒရုန်း ၁စီးမှာ စက်ချို့ယွင်း၍ ပျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ဆက်လက်၍လည်း စစ်ကောင်စီတပ်စခန်းများနှင့် အခြားစစ်ရေးပစ်မှတ် နေရာများအား အလျင်းသင့်သလို တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် အဆိုပါ နေရာများအနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ကြိုတင် အသိပေးထားပါတယ်။


========================


🚩🚩 ၆။ မြိုင်မြို့ပေါ်သို့ အင်အား(၅၀)ခန့်ဖြင့်၊ အဖွဲ့ သုံးဖွဲ့ခွဲဝင်ရောက်တိုက်ခိုက်


မေလ ၁၈ရက်။ 

Radio NUG

မေလ ၁၇ ရက်နေ့ ညနေ၅နာရီအချိန်ခန့်တွင် ကျားသစ်နက်တပ်မတော်Black Leopard Army  ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ ဦးဆောင်ကာ မြိုင်မြို့ပေါ်သို့ အင်အား (၅၀)ခန့်ဖြင့်၊ အဖွဲ့ သုံးဖွဲ့ခွဲဝင်ရောက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်Black Leopard Armyက သတင်းထုတ်ပြန်ပါတယ်။

ညနေ၅နာရီ ၃၀မိနစ် အချိန်ခန့်တွင် လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ၁နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ ၆နာရီ၃၀မိနစ်အချိန်ခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း ရန်သူဘက်မှ ထိခိုက်၊သေဆုံးမှုအား(ဆက်လက်စုံစမ်းဆဲ)ဖြစ်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်()ယောက် မစိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုအား ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း၊ ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ- လရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်စတီးအဖွဲ့၊ ကိုမိုက်ခဲအဖွဲ့၊ ကျားပေါက်အဖွဲ့၊ မိုင်းတစ်ထောင် ဗိုလ်ပြောင်အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ယင်းမာပင်၊ သီတဂူကျောင်း အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ဦး သေဆုံး


မေလ ၁၈ ရက်။

Radio NUG


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ - ပုသိမ် လမ်းဆုံတွင် ခရီးသွား ပြည်သူများကို အနိုင်ကျင့်ဆက်ကြေးကောက်ရန် သီတဂူကျောင်း အထိုင်စခန်းမှ ထွက်လာတဲ့ စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဦးသေဆုံးခဲ့တယ်လို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။


မေလ ၁၇ ရက်နေ့ မနက် နာရီခန့်မှာ သီတဂူကျောင်းအတွင်းကနေ ထွက်လာတဲ့ အဆိုပါ စစ်ကောင်စီ တပ်သားများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ဦး သေဆုံးကာ သေနတ် လက်အပြင် စပ်ဆက် ကျည်ဆံများကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုကို  ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစု နှင့်အတူ Dragon Brother Task Force - DBTF (နဂါးညီနောင် အထူးတပ်ဖွဲ့)က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


အဆိုပါ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာဟာ စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်မှုထမ်းဟောင်း (တပ်ကုန်း) ရဲတပ်ရင်း (၂၈)နဲ့ သီတဂူကျောင်း အထိုင်စခန်း သုံးခုကြားမှာ စစ်ဆင်ရေးဖော်ဆောင်ခဲ့ရတာ ဖြစ်ပြီး ပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ယခု စစ်ဆင်ရေးအတွက် အချိန်ယူကာ ပြင်ဆင်ခဲ့ရပြီး လေ့ကျင့်ရေး ပြည့်ဝနေတဲ့ အထူးကွန်မန်ဒို (၁၅)ယောက်ဖြင့် ၁၀ မီတာခန့် အကွာအဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုပ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ နောင်ချိုမြို့နယ် သုံးဆယ်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တာကြောင့် ဒေသခံ ဦးထက်မနည်း ဒဏ်ရာရ


မေလ ၁၈ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက သုံးဆယ်ရွာကို စစ်ကောက်စီတပ်က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တာကြောင့် ဒေသခံ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက မေ ၁၈ မှာ ထုတ်ပြန်လိုက်ပါတယ်။

ရွှေညောင်ပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလ ၁၅ ရက်နေ့ နာရီမှာ လက်နက်ကြီးတွေနဲ့ တအာင်းပြည် တပ်မဟာ- စစ်ဒေသ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို လက်နက်ကြီးနဲ့ ကြိမ်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ 

အဲဒီပစ်ခတ်မှုကြောင့် သုံးဆယ်ရွာခံတွေဖြစ်တဲ့ အမျိုးသား အမျိုးသမီး စုစုပေါင်း ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့သူ ဦးထဲက ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ကျန် ဦးကိုတော့ မိုင်းလုံပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့လို့ ထုတ်ပြန်ထားပါတယ်။

သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နဲ့ မေလ ၁၀ ရက်နေ့တုန်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးကာ ဦး ပြင်းထန်ဒဏ်ရာရရှိကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ 

စစ်ကောင်စီတပ်ဟာ တအာင်းပြည်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment