6th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မလေးရှားတွင် အလုပ်ရမည်ဟု   NUG အလုပ်သမားဝန်ကြီးဌာနအမည် အသုံးချပြီး မြန်မာပြည်သူများထံက ငွေများလိမ်လည်နေသဖြင့် အမြန်တိုင်ကြားကြရန် NUG အလုပ်သမားဝန်ကြီးဌာနာက ထုတ်ပြန်

📌 ၂။ ဆန်ဖရန်စစ္စကို ဘေးဧရိယာမြန်မာမိသားစုများ၏ နွေဦးလက်ဖက်ရည်ဝိုင်း တော်လှန်ရေးထောက်ပို့ ရန်ပုံငွေ လစဉ်မပျက် ၂၉ ကြိမ်မြောက် ကျင်းပနိုင်ခဲ့


၂၀၂၄ ခုနှစ် မေလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘူးသီးတောင်မှာရှိတဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ်မှ ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်များ AA ထံ လက်နက်ချအညံ့ခံ

🚩 ၂။ ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် ဘုန်းကြီး ကျောင်းနဲ့ နေအိမ်များပျက်စီး၊ အရပ်သား ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး 

🚩 ၃။ ပေါင်းတည်မှာ လူငယ်တွေကို စစ်သားအဖြစ် စုဆောင်းနေတဲ့ နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး 

🚩 ၄။ ဆားလင်းကြီးနဲ့ နွားထိုးကြီးမြို့နယ်တို့မှာ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၅။ မော်လိုက်ခရိုင်ရှိ ရောင်းဟီးရွာသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီအဖွဲ့အား အောင်မြင်စွာတိုက်ထုတ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မလေးရှားတွင် အလုပ်ရမည်ဟု   NUG အလုပ်သမားဝန်ကြီးဌာနအမည် အသုံးချပြီး မြန်မာပြည်သူများထံက ငွေများလိမ်လည်နေသဖြင့် အမြန်တိုင်ကြားကြရန် NUG အလုပ်သမားဝန်ကြီးဌာနာက ထုတ်ပြန်


Radio NUG, မေ ၆၊ ၂၀၂၄


မလေးရှားနိုင်ငံတွင် လုပ်ကိုင်ခွင့်ရမည်ဟု လိမ်လည်ကာ ပြည်သူများထံမှ ငွေကြေးရယူနေသော အဖွဲ့သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနအမည်ကို အသုံးချ၍ ထင်ယောင်ထင်မှားဖြစ်အောင် စနစ်တကျ လိမ်ညာမှု ပြုလုပ်နေသဖြင့် ပြည်သူများ အနေဖြင့် အထူးသတိရှိကြရန်နှင့် အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် ယနေ့အချိန်အထိ ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ရန် ဝန်ဆောင်မှုပေးခြင်းမျိုး လုံးဝ(လုံးဝ)မရှိသေးကြောင်း အများပြည်သူ သိရှိစေရန် အသိပေး ကြေညာလိုက်ပါတယ်။


အဆိုပါကြေညာချက်တွင် အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖိနှိပ်မှု၊ လူနေမှုဘဝမလုံခြုံမှုနှင့် နိမ့်ကျမှု၊ ပြည်တွင်း အလုပ်အကိုင်မရရှိအောင် ခွဲခြားဖိနှိပ်ခံရမှုများကြောင့် ပြည်ပတွင် သွားရောက် လုပ်ကိုင်လိုသူ များပြားနေသည့်အခြေအနေတွင် တရားဥပဒေကို ဦးဆောင်ချိုးဖောက်နေသည့် စစ်ကောင်စီအား နမူနာယူကာ ပြည်သူများအား ရေနစ်သူဝါးကူထိုးသည့်အနေဖြင့် Online မှဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ လိမ်လည်မှုများပြုလုပ်လျက်ရှိသည်ကို စိစစ်တွေ့ရှိရပါသည်။


သို့ဖြစ်ပါ၍ ပြည်ပတွင် သွားရောက်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိပြု၍ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် လိုအပ်ပါက ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံရှိ ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ emailမှတစ်ဆင့်ဖြစ်စေ မေးမြန်းစုံစမ်းမှုများ ပြုလုပ်နိုင်ကြောင်းအသိပေးအပ်ပါသည်-


ဝန်ကြီးဌာနအနေဖြင့် Online မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လိမ်လည်နေသူများကို စနစ်တကျဖော်ထုတ်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လိုအပ်သော အရေးယူမှုများကို ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် မလေးရှားနိုင်ငံတွင် လုပ်ကိုင်ခွင့်ရမည်ဟု လိမ်လည်ကာ ပြည်သူများထံမှ ငွေကြေးရယူနေသော အဖွဲ့သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနအမည်ကို အသုံးချ၍ ထင်ယောင်ထင်မှားဖြစ်အောင် စနစ်တကျ လိမ်ညာမှု ပြုလုပ်နေသဖြင့် ပြည်သူများ အနေဖြင့် အထူးသတိရှိကြရန်နှင့် အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် ယနေ့အချိန်အထိ ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ရန် ဝန်ဆောင်မှုပေးခြင်းမျိုး လုံးဝ(လုံးဝ)မရှိသေးကြောင်း အများပြည်သူ သိရှိစေရန် အသိပေး ကြေညာအပ်ပါသည်ဟူ၍ ပါရှိပါသည်။


========================


📌📌 ၂။ ဆန်ဖရန်စစ္စကို ဘေးဧရိယာမြန်မာမိသားစုများ၏ နွေဦးလက်ဖက်ရည်ဝိုင်း တော်လှန်ရေးထောက်ပို့ ရန်ပုံငွေ လစဉ်မပျက် ၂၉ ကြိမ်မြောက် ကျင်းပနိုင်ခဲ့


Radio NUG မေ ၆၊ ၂၀၂၄


၂၉ ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ ယနေ့ မေလ ရက်နေ့ မြန်မာဟင်းလျာများချက်ပြုတ် ရန်ပုံငွေရှာပွဲကနေ၊ ရောင်းရငွေ နဲ့ အလှူငွေလက်ခံရရှိမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၁သောင်း ၄ထောင် ရာ ၁၇ ရရှိပါတယ်။ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့က ရရှိသော ရန်ပုံငွေ အားလုံးကို မြေပြင်က ခုခံစစ်ဆင်နွှဲနေတဲ့ ပြညသူ့ကာကွယ်ရေး တော်လှန်ရေးအဖွဲ့အစည်းများထံ တိုက်ရိုက် ချိတ်ဆက် လှူဒါန်းမှုများ အစဉ်အလာမပျက် ဆက်လက် ဆောင်ရွက်သွားမယ်လို့  ဆိုပါတယ်။ 


ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ ငွေသားအလှုရှင်များ၊ ဝယ်သူအားပေးသော မိတ်ဆွေများ ဝိုင်းဝန်းကူညီသောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါကြောင်း၊ လစဉ်လစဉ် ဝယ်ယူအားပေးသော မိတ်ဆွေများအားလုံးကို အထူးကျေးဇူးပါလို့ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းနွေဦးနှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဘူးသီးတောင်မှာရှိတဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ်မှ ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်များ AA ထံ လက်နက်ချအညံ့ခံ


ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်မြို့နယ်မှာ အခြေစိုက်တဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုတပ်မဌာနချုပ်က ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီပြီး လက်နက်ချအညံ့ခံတယ်လို့ ရခိုင့်တပ်တော် AA က ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့ တကွ ထုတ်ပြန်လာပါတယ်။ 

ရခိုင့်တပ်တော်က ကာလအတန်ကြာ ဝိုင်းရံပိတ်ဆိုဖြတ်တောက်ထားတဲ့ ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ရဲ့ စကခ-၁၅ တပ်မဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ အပြတ်အသတ်ရှုံးနိမ့်ပြီး လုံးဝမလွတ်မြောက်နိုင်တော့တဲ့ အခြေအနေမှာ လက်နက်ချအညံ့ခံခဲ့တာကြောင့် အသက်ချမ်းသာရာရခဲ့သော ဘူးသီးတောင် စကခ-၁၅ တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲဝင်များနဲ့ ၎င်းတို့၏မိသားစုဝင်များဆိုတဲ့ ရုပ်သံမှတ်တမ်းကို AA က ထုတ်ဖော်ပြသ လိုက်တာလည်း ဖြစ်ပါတယ်။

ရုပ်သံမှတ်တမ်းရဲ့ အဆုံးပိုင်းမှာ ဘူသီးတောင် စကခ-၁၅ တပ်မဌာနချုပ်နဲ့ ဘူးသီးတောင်ဗျူဟာဌာနချုပ်တို့ဟာ ရခိုင်ပြည် နယ်အတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်စေဖို့ အဓိကလုပ်ဆောင်ခဲ့ကြတဲ့ ခောတ်အဆက်ဆက် လက်သည် တရားခံတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော် သို့မဟုတ် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ခောတ်အဆက်ဆက်မှာ ၎င်းတို့အာဏာ တည်မြဲ ရေးအတွက် ဒေသတွင်းမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ မည်ရွေ့မည်မျှ ဖန်တီးနေသော်လည်း ရခိုင့်တပ်တော်က ဘူးသီးတောင်မြို့တွင်းမှ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်စခန်းများအားလုံးကို တခုမကျန် ဆက်လက် ချေမှုန်းတိုက်ခိုက်သွားမယ်လို့လည်း မြန်မာ-အင်္ဂလိပ်-တရုတ်ဘာသာတို့နဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။  

ဘူသီးတောင်မြို့နယ်မှာရှိတဲ့ အမှတ်-၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းဌာနချုပ် ခု၊ မောင်တောမြို့နယ် က စစ်စခန်းဌာနချုပ် ခုအပါအဝင် စစ်ကောင်စီတပ်စခန်းကြီး ခုထက်မနည်းကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ် တယ်လို့ မနေ့ မေလ ရက် မနက်ပိုင်းမှာ AA က တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ 

ရခိုင့်တပ်တော်အနေနဲ့ သိမ်းပိုက်ရယူဖို့ကျန်ရှိနေသေးတဲ့ လက်ကျန်စစ်စခန်းတွေကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့လည်း သိရပါတယ်။ 

ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅ )ကို AA က ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီနောက်ဆုံးပတ်ကစတင် ထိုးစစ်အရှိန်မြှင့်ခဲ့ရာ ၁၂ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးမှ သိမ်းပိုက်ရယူနိုင်ခဲ့တာလို့လည်း သိရပါတယ်။

ဒီထိုးစစ်ဆင် တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ချအညံ့ခံတဲ့  သုံပန်းများကို ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။ 

ထိုးစစ်တွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ အသက်၊ ကိုယ်လက်အင်္ဂါများ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အာရက္ခ စစ်သည် တော်တွေနဲ့ ထိုးစစ်တိုက်ပွဲတွေမှာ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်များ၊ ကြီးကြပ်ကွပ်ကဲ နိုင်ခဲ့ကြတဲ့ အဆင့်ဆင့်သော အာရက္ခစစ်သည်တော်များကို လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်းလည်း ရခိုင့် တပ်တော်က ထုတ်ပြန်ထားပါတယ်။

ထို့အတူ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ စတဲ့မြို့တွေမှာလည်း စစ်ကောင်စီနဲ့ AA တို့ကြား တိုက်ပွဲတွေ ဆက်ရှိနေပြီး ဘူးသီးတောင်-မောင်တော ကားလမ်းတလျှောက်က စစ်ကောင်စီစခန်းတွေဖြစ်တဲ့ တာဝါတိုင် စခန်းကုန်း၊ မိုင်စခန်းကုန်း တို့အပြင် နခခ- (ကျီးကန်းပြင်) နခခ-၁၀ (လှဖိုးခေါင်) စခန်းဌာနချုပ်တို့ကိုလည်း သိမ်းပိုက်ရရှိပြီးဖြစ်ပါတယ်။

ထို့အပြင် အမ်းမြိုနယ်အတွင်းမှာရှိတဲ့ တောဟိန်းတောင်ဗျူဟာကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် ဘုန်းကြီး ကျောင်းနဲ့ နေအိမ်များပျက်စီး၊ အရပ်သား ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး 


ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲကကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ ၊လက်နက် ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ရဟန်းတပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးနဲ့ အိမ် ၁၆ လုံးပျက်စီးသွားသလို အရပ်သား ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။

မုန်းမြို့နယ်ထဲက မိုညှင်းဒဲကျေးရွာကို မေလ ရက် မနက် နာရီ မိနစ် ၂၀ ခန့်၊ ကွီးဒိုခေါ်ကျေးရွာကို နာရီ ၃၂ မိနစ်နဲ့ ထီးခးထာကျေးရွာကို ၁၀ နာရီ ၄၅ မိနစ်တို့မှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေကြဲချတဲ့အတွက်  အိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန်မှာလဲ ရခိုင်တောင်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဟန်းတပါး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

ထို့အတူ ဧပြီလ ၂၈ ရက် ညပိုင်းကလည်း ရွှေကျင်မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရွှေကျင်ဗျူဟာကနေ လက်နက်ကြီးကျည် လုံးပစ်ခတ်ခဲ့ရာ ဂွရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နွား ကောင် သေဆုံးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အဲဒီနေ့မှာပဲ အင်္ဂနီကျေးရွာအတွင်းမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေက အသက် ၆၀ အရွယ်အမျိုးသား ၂ဦး၊ အသက် ၇ဝ အရွယ် အမျိုးသားတဦးနဲ့ အသက် ၃ဝ အရွယ် အမျိုးသားတဦးအပါအဝင် အရပ်သားပြည်သူ ဦးကို ဖမ်းဆီး သွားခဲ့ရာ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ လက်ရှိအချိန်အထိ မသိရသေးဘူးလို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ပေါင်းတည်မှာ လူငယ်တွေကို စစ်သားအဖြစ် စုဆောင်းနေတဲ့ နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး 


ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းနေသူ နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းလှိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည် PPDF တပ်ရင်း ၃၆၀၁ က ပြောပါတယ်။ 

ပေါင်းတည်မြို့နယ် နွားခြံကုန်းအုပ်စု ကုန်းသာရွာမှာနေတဲ့ အုပ်ချုပ်ရေးမူး ဝင်းလှိုင်ကို မေလ ရက်နေ့ မွန်းလွဲ နာရီအချိန် မှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PPDF တပ်ရင်း ၃၆၀၁ တပ်ခွဲ (တောဘုရင်) အဖွဲ့က  သွားရောက်ပစ်ခတ် ရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

နွားခြံကုန်းကျေးရွာရဲ့ ပထမ အုပ်ချုပ်ရေးမှူးဟာလည်း PDF တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ 

ယခင်အုပ်ချုပ်ရေးမှူး သေဆုံးသွားပြီးတဲ့နောက် ဝင်းလှိုင်က ဘယ်သူမှ အုပ်ချုပ်ရေးမှူးမလုပ်ရဲရင် သူ(ဝင်းလှိုင်) လုပ်မယ်လို့ စစ်တပ်ကို အသိပေးကာ အုပ်ချုပ်ရေးမှူး တာဝန်ရယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူဖြစ်လာတဲ့ ဝင်းလှိုင်ဟာ လယ်ယာမြေကိစ္စတွေမှာ ပြည်သူလူထုထံကနေ အဓမ္မငွေညှစ်တာ၊ စစ်မှုထမ်းဥပဒေ အရဆိုပြီး လူငယ်တွေကို စစ်သားအဖြစ်ဖမ်းဆီးတာတွေလုပ်တဲ့အပြင် ဆင်းရဲနွမ်းပါးတဲ့လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းတာ၊ မိဘလုပ်ကျွေးနေတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ PPDF တပ်ရင်း ၃၆၀၁ က အသိပေးပါတယ်။ 

ဒါကြောင့် ပေါင်းတည်မြို့နယ်အတွင်းမှာ ကျန်ရှိနေတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်ကောင်စီအလိုကျ လူငယ်တွေကို  တပ်သားသစ်အဖြစ် စုဆောင်းနေဦးမယ်ဆိုရင် ဝင်းလှိုင်ရဲ့ဖြစ်စဉ်ကို နမူနာယူကြဖို့နဲ့ အမြန်ဆုံးနှုတ်ထွက်ကြဖို့လည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ရင်း ၃၆၀၁ က သတိပေးထားပါတယ်။


========================


🚩🚩 ၄။ ဆားလင်းကြီးနဲ့ နွားထိုးကြီးမြို့နယ်တို့မှာ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးမြို့နယ်နဲ့ မန္တလေးတိုင်းထဲက နွားထိုးကြီးမြို့နယ်တို့မှာ တပ်စွဲနေတဲ့စစ်တပ် စစ်တပ် စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေဆုံးသွားတယ်လို့ သက်ဆိုင်ရာ တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ 

ဆားလင်းကြီးမြို့ပေါ်က ဘုံကိုးဆင့်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေ မေလ ရက်နေ့က ခြင်းခတ်နေချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Monywa Youth Attack Force က ဆိုပါတယ်။ 

ခြင်းခတ်နေတဲ့ အကြမ်းဖက်စစ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ လက်နက်ငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်တာကိုခံလိုက်ရတဲ့အတွက် ဦး ပွဲချင်းပြီးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း-၁၇ မုံရွာခရိုင်တပ်ရင်း-၁၇ တပ်ခွဲ Monywa Youth Attack Force နဲ့ Monywa Underground တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ထို့အတူ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အောင်ချမ်းသာရွာအနီးမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို မြင်းခြံခရိုင် အမှတ် တပ်ရင်း နွားထိုးကြီး PDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာလည်း စစ်သား ဦးသေဆုံးသွားတယ်လို့ သိရပါ တယ်။

နွားထိုးကြီးမြို့နယ် အောင်ချမ်းသာကျေးရွာမှာ အင်အား ၂၅ ဦးခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို မေလ ရက် ညနေ နာရီခန့်ကမှာ ဒရုန်းနဲ့ ဗုံးသီး လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ဦးသေဆုံးကာ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် - တပ်ရင်းက ရဲဘော်တွေ လုပ်ဆောင်ခဲ့ တာလို့ သိရပါတယ်။


========================


🚩🚩 ၅။ မော်လိုက်ခရိုင်ရှိ ရောင်းဟီးရွာသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီအဖွဲ့အား အောင်မြင်စွာတိုက်ထုတ်ခဲ့


 စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာသို့ ခမရ-၃၆၈ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၈၀) ခန့်တို့ ဧပြီလ () ရက်၊ နံနက် () နာရီခွဲမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။ ၎င်းစကစအဖွဲ့အား မော်လိုက်ခရိုင် တပ်ရင်း (၁၊ ) အဖွဲ့တို့မှ နံနက် (၁၁) နာရီခွဲတွင် အောင်မြင်စွာ တိုက်ထုတ်ခဲ့ကြသည်။ 

စစ်ကောင်စီဘက်မှ အလောင်း () လောင်းရရှိပြီး ၆၀ မမ ပြောင်းတို () လက်၊ MA-1 () လက်၊ MA ကျည် (၁၅၁၂) တောင့်၊ ၄၀ မမ ဗုံးသီး (၁၉) လုံး၊ ၆၀ မမ ဗုံးသီး () လုံး၊ RPG-7 ဒုံးသီး () လုံး၊ MA ကျည်အိမ် (၂၆) ခု၊ စကားပြောစက် () ခု၊ ကျည်ကာဦးထုပ် () ခု၊ ဖုန်း () လုံး၊ ဆေးပစ္စည်းအစုံနှင့်  စကားပြောစက်ဓာတ်ခဲအပို () ခု သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် () စစ်ဒေသမှ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်  မင်း‌နွေဦးနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment