22nd JUL 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တောင်အာဖရိကတရားရုံးချုပ်က မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ခွင့်များအား ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်

📌 ၂။ စစ်တပ်က ကျေးရွာများကို မီးရှို့ရခြင်းမှာ သက်ဆိုင်ရာ တိုင်းမှူး၏ အမိန့်အရ မီးရှို့ရခြင်းဖြစ်သည်ဟု စစ်သုံ့ပန်း ခမရ ၇၀၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်မင်းကို ဝန်ခံ

📌 ၃။ ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင်အစွန်းရောက် လက်နက်ကိုင်များမှ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး အပြစ်မဲ့ပြည်သူ ()ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်

📌 ၄။ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများကို ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့

📌 ၅။ စဉ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ရေဘေးသင့် ပြည်သူများကို စားသောက်ကုန်များ လှူဒါန်း

📌 ၆။ မိုးမိတ်စစ်ဘေးရှောင် ၁ထောင်ကျော်အတွက် စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေ


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ "ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာမဟုတ်" ဟု TNLA အထွေထွေအတွင်းရေးမှူးပြော

🚩 ၂။ သပိတ်ကျင်းမြို့နယ်မှ အင်းနက်စခန်းအား သိမ်းပိုက် စကစ တပ်ဖွဲ့ဝင် ဦးသေဆုံး၊ ဦး ဒဏ်ရာရ

🚩 ၃။ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းမှ ဒု-တပ်ကြပ် ဘီယာသောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တောင်အာဖရိကတရားရုံးချုပ်က မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ခွင့်များအား ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်


ဇူလိုင်လ ၂၁ရက်။

RadioNUG

ဇူလိုင်လ ၁၉ ရက်နေ့က တောင်ပိုင်းအာဖရိက တရားရေးစင်တာ (SALC)သည် သမားရိုးကျ လက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီ(NCACC)က ခွင့်ပြုပေးထားသည့် မြန်မာနိုင်ငံသို့ စစ်လက်နက်လွှဲပြောင်း ရောင်းချမှုများ  လုပ်ဆောင်နိုင်သော ခွင့်ပြုမိန့်များအား ပယ်ဖျက်လိုက်သည့် ပရီတိုးရီးယားမြို့ရှိ၊ ဂါးဒင်(Gauteng)ခရိုင် တရားရုံးချုပ်၏ အမိန့်တစ်ရပ်ကို ဇူလိုင်လ ၂၁ရက်နေ့က လက်ခံရရှိ ခဲ့တယ်လို့ Justice For Myanmar က သတင်းထုတ်ပြန်ပါတယ်။


ယင်းလျှောက်ထားမှုကို လူ့အခွင့်အရေးဆိုင်ရာရှေ့နေများ (LHR)အဖွဲ့က SALC ကို ကိုယ်စားပြုကာ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တရားရုံးချုပ်၏ အမိန့်တွင် NCACC အနေဖြင့် ()ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သော အစိုးရအပြောင်းအလဲကို လုပ်ဆောင်ထားသည့်၊ ()အထူးကိုယ်စားလှယ်၊ လွတ်လပ်အမှီအခို ကင်းသော ကျွမ်းကျင်သူ သို့မဟုတ် ကုလသမဂ္ဂ၏ အပ်နှင်းအာဏာဖြင့် လုပ်ဆောင်နေသည့် အခြားပုဂ္ဂိုလ်တို့က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထားသည်ဟု ကျိုးကြောင်းဆီလျှော်စွာ သံသယဖြစ်ခံထားရသည့် နိုင်ငံတစ်ခုသို့ စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားရန် တာဝန်တစ်ရပ်ရှိကြောင်း ထပ်လောင်း ကြေညာထားတယ်လို့ ဖော်ပြထားပါတယ်။


တရားရုံးချုပ်၏ အမိန့်သည် တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ နောင်လက်နက်ရောင်းချမှုမှန်သမျှအတွက်သာမက အခြားနိုင်ငံအများအပြားကိုပါ လက်ငင်းအကျိုးဆက်များ ရှိလာမည်ဖြစ်ရာ SALC နှင့် LHR အဖွဲ့တို့နှင့်အတူ မြန်မာနိုင်ငံသို့ စစ်လက်နက်ရောင်းချမှုများ ပိတ်ပင်ရေးလုပ်ဆောင်နေသည့် တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်း Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

ဒီလိုလက်နက်လွှဲပြောင်း ရောင်းချမှုတွေဟာ ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေတွေနဲ့ မကိုက်ညီကြောင်း ရှင်းလင်းပြောကြားခြင်းအားဖြင့် အခုအမိန့်ဟာ မြန်မာပြည်သူတွေကို ကာကွယ်ပေးမှာ ဖြစ်တဲ့အတွက် တရားရုံးချုပ်ရဲ့ ယခုကိစ္စအပေါ်ချမှတ်တဲ့ စီရင်ချက်ကို ကြိုဆိုပါတယ်။ ဒီလိုခွင့်ပြုချက်မျိုးက အစကတည်းက အတည်ပြုမပေးခဲ့သင့်တဲ့ ခွင့်ပြုချက်တွေ ဖြစ်ပါတယ်။ တောင်အာဖရိက လက်နက်လွှဲပြောင်းရောင်းချမှုဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ အသက်ဝင်အောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ စစ်တပ်က ကျေးရွာများကို မီးရှို့ရခြင်းမှာ သက်ဆိုင်ရာ တိုင်းမှူး၏ အမိန့်အရ မီးရှို့ရခြင်းဖြစ်သည်ဟု စစ်သုံ့ပန်း ခမရ ၇၀၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်မင်းကို ဝန်ခံ


ဇူလိုင်လ ၂၁ရက်။ 

RadioNUG

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ရခြင်းမှာ သက်ဆိုင်ရာ တိုင်းမှူး၏ အမိန့်အရ မီးရှို့ရခြင်းဖြစ်သည်ဟု စစ်သုံ့ပန်း ခမရ ၇၀၃ တပ်ရင်းမှူး  ဒုတိယဗိုလ်မှူးကြီး အောင်မင်းကိုက အမှတ်-၁၂၂၂ တပ်ရင်းက ထုတ်ပြန်ထားတဲ့ ရုပ်သံမှာ ဝန်ခံပြောဆိုထားပါတယ်။


ရွာတွေကို မီးရှို့တဲ့ဖြစ်စဉ်တွေကတော့ သက်ဆိုင်ရာ တိုင်းအလိုက် တိုင်းမှူးတွေနဲ့ပဲဆိုင်မယ်ထင်ပါတယ်။ တချို့ဟာတွေကျတော့ တိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေရဲ့ Command ပေးမှုကြောင့် လုပ်တာလို့ ယူဆပါတယ်။ ပြောရရင်တော့ မထူးပါဘူး။ Command ရထားပြီးသားမို့ ရှို့တာပါဟု ခမရ ၇၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကိုက ဝန်ခံပြောကြားထားတာပါ။


ဇူလိုင်လ ၁၈ရက်နေ့တွင် အမှတ် -၁၂၂၂ တပ်ရင်းက စစ်ကောင်စီ ဒုဗိုလ်မှူးကြီး()ဦး၊ ဗိုလ်မှူး()ဦး၊ ဗိုလ်ကြီး()ဦး၊ ဗိုလ်()ဦး၊ တပ်ကြပ်ကြီး()ဦး၊ ဒုတပ်ကြပ်ကြီး()ဦး၊ တပ်ကြပ်()ဦး၊ တပ်သား()ဦး၊ စခန်းမှူး ()ဦး (လက်ပံလှ၊ စဉ့်ကူး)အပါအဝင် စဉ့်ကူးမြို့နယ် ရေတော်ပျူခေါင်းဆောင် ငနိုင် ဒိုးပင်ကုန်းဇီးပင်ကုန်း ပျူခေါင်းဆောင်ထွန်းလင်းစသည့် စဉ့်ကူးမြို့နယ်တကြော ပြည်သူ့အပေါ် အဓမ္မဖမ်းဆီး၊ အနိုင်ကျင့်၊ လုယက်၊ သတ်ဖြတ်၊ ငွေညှစ်ခဲ့ကြသော ပျူခေါင်းဆောင်များအပါအဝင် ပျူလက်နက်ကိုင်များကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်သုံ့ပန်းများကို ဇူလိုင်လ ၁၉ ရက်နေ့တွင် မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂တပ်ရင်း မှ MDY PDF သို့၊ ဒုဗိုလ်မှူးကြီးတစ်ဦး အပါအဝင် စစ်သုံ့ပမ်းများကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။


အမှတ်-၁၂၂၂တပ်ရင်း တပ်ရင်း တာဝန်ခံနှင့် တပ်ရင်းမှူးသည် စစ်ကောင်စီ တပ်အရာရှိ၊ အရာခံများနှင့် ပြောဆိုမေးမြန်းစစ်ဆေးမှုများ ပြုလုပ်ကာ တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ တပ်များမှ စစ်သည်များကို လက်နက်ချ အလင်းဝင်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ၃။ ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင်အစွန်းရောက် လက်နက်ကိုင်များမှ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး အပြစ်မဲ့ပြည်သူ ()ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်


ဇူလိုင်လ ၂၁ရက်။ 

Radio NUG

ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက် (၁၁) နာရီအချိန်က ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် () ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး () ဦးတို့သည် မျှစ်သွားချိုးရန် ထွက်သွားကြပြီး တစ်ရက်ကြာမြင့်သည်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသောကြောင့် ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ၎င်းတို့၏ မိသားစုဝင်များမှ အာရက္ခတပ်တော်အား သတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂန္ဓာရီရွာသားများ စုပေါင်းပြီး ၎င်းတို့သွားရောက်နိုင်မည့် နေရာများနှင့် အနီးအနားကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြတယ်လို့ အာရက္ခတပ်တော်မှ သတင်းထုတ်ပြန်ထားပါတယ်။


ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည်()မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှနှင့် ဦးမောင်ထွန်းတို့()ဦး၏ ရုပ်အလောင်းများအား ဇူလိုင်လ (၁၉) ရက်၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနှင့် ဦးကြာထွန်းဦးတို့ကိုလည်း ဇူလိုင်လ (၂၀)ရက်၊ နေ့လယ် ()နာရီအချိန်ခန့်တွင် ထိုကျေးရွာအနီးမှာပဲ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော အပြစ်မဲ့ပြည်သူ ခမီလူမျိုး ()ဦးတို့မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူများ ဖြစ်ပြီး ဝမ်းရေးအတွက် ဟင်းရှာသွားကြစဉ်အတွင်း ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များ၏ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။


ပြည်သူ ()ဦး၏ ရုပ်အလောင်းများအား အာရက္ခတပ်တော်မှ ရွာသူရွာသားများနှင့်ပူးပေါင်းကာ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပြီး လိုအပ်သော အကူအညီများကိုလည်း ဆက်လက်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဘူးသီးတောင်နှင့် မောင်တောဒေသတွင် ဖက်ဆစ်စစ်ကောင်စီသည် မူဆလင်များအား အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးသည့် နောက်ပိုင်းတွင် အရပ်သားပြည်သူတို့အား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ အရပ်သားပြည်သူများသွားလာသည့် လမ်းများ၌ မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင်အိမ်များအား ဖောက်ထွင်းလုယက်ခြင်းများ၊ ခြိမ်းခြောက်စာများ ကပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာသောကြောင့် အရပ်သားပြည်သူများအနေဖြင့် ဟင်းရှာဖွေခြင်း၊ သွားလာခြင်း၊ နေထိုင်ခြင်းများကို အထူးဂရုပြုသွားလာကြရန်နှင့် သတိဖြင့်နေထိုင်ကြရန် သတိပေးထားပါတယ်။


ဒီအကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသူများအား အာရက္ခတပ်တော်မှ အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်ပြီး အာရက္ခဒေသနေ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မူဆလင်များအား ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများကို ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့


ဇူလိုင်လ ၂၁ရက်။ 

RadioNUG

ဇူလိုင်လ(၂၁)ရက်နေ့ မနက်ခင်းအစောပိုင်းတွင် အင်းစိန်ဗဟိုအကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ အသိပေးထုတ်ပြန်ထားပါတယ်။


ဒိုက်ဦးအကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသား ဦးစားပေးပြောင်းရွှေ့ခဲ့ပြီး ကျား(၂၀၀)နှင့် (၆၀)ရောက်ရှိခဲ့ကြောင်း သိရပါတယ်။


သာယာဝတီအကျဥ်းထောင်သို့ ပြောင်းရွှေ့လိုက်သည့် နိုင်ကျဉ်းအရေအတွက်ကို ရရှိရန် ကြိုးစားနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၅။ စဉ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ရေဘေးသင့် ပြည်သူများကို စားသောက်ကုန်များ လှူဒါန်း


ဇူလိုင်လ ၂၁ရက်။ 

RadioNUG

ဇူလိုင်လ ၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာ၊ ဟင်္သာမရွာ၊ မြစ်ကမ်းကြီးရွာ၊ နှမ်းဘက်တဲရွာ ရွာမှ စစ်ဘေးရှောင် ရေဘေးသင့် ပြည်သူများထဲမှ လူဦးရေ ၂၀၀ ကျော်အား ဆန်၊ ဆီ၊ ယမ်ယမ်ခေါက်ဆွဲခြောက်၊ ရှုးရှဲလက်ဖက်ခြောက် အစရှိသည့် စားနပ်ရိက္ခာပစ္စည်း လေးမျိူးအား  အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းနိူင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ပါတယ်။


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် အတွင်းရှိ ရွာသာ ကျေးရွာမှ စစ်ဘေးရှောင် ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ယမ်ယမ်ခေါက်ဆွဲခြောက်များကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်မှတဆင့် ကိုရီးယားရောက်မြန်မာမိသားစုများမှ ပေးပို့လာသည့်အတွက် အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။


လုံခြုံရေး လိုက်ပါကူညီဆောင်ရွက်ပေးတဲ့ ဧရာဝတီနဂါးတပ်ဖွဲ့အား အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၆။ မိုးမိတ်စစ်ဘေးရှောင် ၁ထောင်ကျော်အတွက် စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေ


ဇူလိုင်လ ၂၁ရက်။ 

RadioNUG

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ် စစ်ဘေးရှောင် ၁ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ Kachin News Mediaက ဖော်ပြထားပါတယ်။


ဇွန်လ၂၉ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး မိုးမိတ်မြို့ဒေသခံတွေဟာ ၂မိုင်၃မိုင်လောက်ဝေးတဲ့ ကျေးရွာလေးတွေမှာ စစ်ရှောင်ကြကာ မိုးမိတ်မြို့နယ်ပတ်ဝန်းကျင်မှာ ၉၀၀ ဝန်းကျင်နှင့် မန္တလေးမြို့မှာ ၁၀၀လောက်ရှိတယ်လို့သိရပါတယ်။


စစ်ဘေးရှောင်နေသူ အများစုဟာ အသက်၅၀ ကျော်နဲ့အသက်၁၅နှစ်အောက် ကလေးငယ်တွေက အများဆုံးဖြစ်ပြီး အဓိကတော့စားနပ်ရိက္ခာ လိုအပ်နေတယိလို့ သိရပါတယ်။


မိုးမိတ်မြို့တွင်းမှာ ငွေအင်အားမတတ်နိုင်သူတွေ၊ သူခိုးရန်ကို ကြောက်လို့မြို့တွင်းမှာ လှည့်ပတ်ရှောင်ရင်း နေရစ်ခဲ့သူတွေ ရှိပြီးမိုးမိတ်မြို့နယ်အတွင်း ရှိနေတဲ့ ဒေသခံတွေကို ဆက်သွယ်ဖို့လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရဘူးလို့ဒေသခံတွေက ပြောပါတယ်။


မိုးမိတ်မြို့နယ်ထဲ ကျန်ရစ်နေတဲ့ ဒေသခံတွေဟာဒီရက်ပိုင်းအတွင်းမှာပဲ မန္တလေးမြို့ဘက်ကို ထပ်ပြီးထွက်ပြေးနေကြသလို ကျန်နေခဲ့သူတွေထဲက ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ဒေသခံတွေဆီက သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ "ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာမဟုတ်" ဟု TNLA အထွေထွေအတွင်းရေးမှူးပြော


ဇူလိုင်လ ၂၁ရက်။

RadioNUG

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ အထွေထွေအတွင်းရေးမှူးနှင့် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်သည် ဇူလိုင် ၂၁ ရက် တွင် သူ၏ လူမှုကွန်ရက်တွင် "ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်.. ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ်လင်းလင်း သီချင်းကိုဆက်ဆိုကြရအောင်ပါ.. ရှေ့သို့ရှေ့သို့ချီတက်ကြစို့ဟု ရေးသားထားတာ တွေ့ရပါတယ်။


တရုတ်နိုင်ငံမှ အပစ်ရပ်ရန် တောင်းဆိုမှုရှိနေချိန်တွင် ထိုကဲ့သို့ ရေးသားလာခြင်း ဖြစ်ပါတယ်။


========================


🚩🚩 ၂။ သပိတ်ကျင်းမြို့နယ်မှ အင်းနက်စခန်းအား သိမ်းပိုက် စကစ တပ်ဖွဲ့ဝင် ဦးသေဆုံး၊ ဦး ဒဏ်ရာရ


ဇူလိုင်လ ၂၁ရက်။ 

RadioNUG

ဇူလိုင်လ(၂၀)ရက် နံနက်()နာရီတွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာရှိ ဒု-အရာခံဗိုလ် ရွှေသိန်းဦးစီး တတက-၁၃ ထုတ်နုတ်အင်အား (၁၆)ဦး အခြေပြုနေသော စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမှတ် ()စစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့်()ကြိမ် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး စကစဘက်မှ တပ်ကြပ်ကြီး -ဦးနှင့် တပ်ကြပ် -ဦး စုစုပေါင်း ဦး သေဆုံးပြီး ဒု-အရာဗိုလ် ရွှေသိန်းအပါအဝင် တပ်ကြပ်ကြီး -ဦး၊ တပ်ကြပ် -ဦး စုစုပေါင်း ဦး ဖမ်းဆီးရမိ၍ လက်နက်ငယ် (၂၃)လက်၊ ကျည်မျိုးစုံ (၃၃၇၉) တောင့်၊ လက်ပစ်ဗုံး () လုံး၊ ရှေ့ထွက်မိုင်း () လုံးနှင့် ကျည်အိမ် (၉၉) ခု သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။    


အဆိုပါတိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း-၃၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်/တကောင်းတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းမှ ဒု-တပ်ကြပ် ဘီယာသောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး


ဇူလိုင်လ ၂၁ရက်။ 

RadioNUG

ဇူလိုင်လ ၂၁ ရက်နေ့ နံနက်(10:20)အချိန်တွင် ပြည်သူများအားဒုက္ခပေးနေသူ၊ စခများနှင့်ပေါင်း၍ တော်လှန်ရေးရဲဘော်များကို ခြိမ်းခြောက် ပြောဆိုနေသော ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းမှ ဒု-တပ်ကြပ် လင်းလင်းကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Phyu PDO)မှ သတင်းထုတ်ပြန်ပါတယ်။


ဒု-တပ်ကြပ် လင်းလင်းသည် တော်လှန်ရေးရဲဘော်များ သတင်းကို အမြဲထောက်လှမ်းကာ ခြိမ်းခြောက် ပြောဆိုနေတာကြောင့် ညောင်ပင်သာမြို့တောင်ဘက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်ဘေးရှိ စိမ်းနုဝေဘီယာဆိုင်တွင် ဘီယာသောက်နေချိန် ဝင်ရောက် ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment