25th AUG 2024 - Morning Daily News by Radio NUG

 

၂၀၂၄ သြဂုတ်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေဖြေရှင်းရာမှာ ဆက်လက်ပံ့ပိုးကူညီပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းနိုင်ငံဝန်ကြီးချုပ် Ms. Paetongtarn Shinawatra ထံဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာတွင်ဖော်ပြ

📌 ၂။ ပြည်သူတွေရဲ့သားသမီးတွေကိုစစ်မှုထမ်းရမယ်ဆိုတဲ့ အတင်းအကြပ်စစ်တပ်ထဲကို သွပ်သွင်းနေတဲ့ကိစ္စတွေက လူ့အခွင့်အရေးရှုထောင့်အရ ဘယ်လိုမှလက်ခံနိူင်စရာ မဟုတ်ဘူးလို့ဆို

📌 ၃။ မန္တလေး တိုင်းလွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းကျ ရဲဘော်ရဲဘက်များကို အကူအညီပေးနိုင်ရေးကိစ္စရပ် ထည့်သွင်းဆွေးနွေး

📌 ၄။ ဒီပဲယင်းမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူအချို့အတွက် မြို့နယ်ပအဖမှ ဘေးလွှတ်ရာနေရာတွင် နေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေး

📌 ၅။ တောင်ငူ NLD ပါတီဝင် ဦးမင်းဆွေ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်တပ်က ဝင်ရောက်ဖမ်းဆီး

📌 ၆။ လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးပေးဖို့ နိုင်ငံတကာထံ CDM အင်အားစုတွေ တောင်းဆို

📌 ၇။ မီးဘေးသင့်ကျောင်းသား၊ ကျောင်းသူများကို အသုံးအဆောင်ပစ္စည်းများ လှူဒါန်း၊ စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးသွားသော ထရန်စဖော်မာ ပြန်လည်ပြုပြင်ပြီးစီး

📌 ၈။ ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနှင့်၊ ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေးလှုပ်ရှား


၂၀၂၄ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင် PDFနှင့်ပကဖ ရဲဘော်များက အင်အားထောင်ချီ အဓိကပါဝင်ဆင်နွှဲနေတာဖြစ်ပြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက ဝန်းရံကူညီပေးခြင်းသာဖြစ်

🚩 ၂။ ရေစကြိုမြို့နယ်၊ မအူ နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက် 

🚩 ၃။ စောဘွားကြီးကုန်း မီးပွိုင့်အနီးက ယာဉ်ထိန်းရဲဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရပြီး ဦး ဒဏ်ရာရ

🚩 ၄။ ရေဦးနှင့် ဒီပဲယင်း နယ်ထဲက ကျေးရွာများကို စစ်ကောင်စီ စစ်ကြောင်း ကြောင်းဖြင့် ဝင်ရောက်နေပြီး ပြည်သူ ဦး ဖမ်းဆီးခံရ

🚩 ၅။ ပဲခူးရိုးမထဲ အရပ်ဝတ်ဖြင့် သတင်းစုံစမ်းလာတဲ့ စစ်ကောင်စီ တပ်သားတဦးကို သတင်းအရ သွားရောက်ဖမ်းဆီး

🚩 ၆။ မကွေးတိုင်းဆိပ်ဖြူမြို့နယ်မြောက်ပိုင်း သံပုရာပင်ကျေးရွာ၊ ဝဲမကျေးရွာ၊ ညောင်ဂွေး၀ ကျေးရွာများကို စကစတပ်များက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်၍အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိ

🚩 ၇။ မုံရွာ မအူရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပစ်ခတ်မှု အသက် ၁၃ နှစ်အရွယ် ကျောင်းသူ ဦးနှင့် အမျိုးသမီး ဦး ဒဏ်ရာ အပြင်းအထန်ရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေဖြေရှင်းရာမှာ ဆက်လက်ပံ့ပိုးကူညီပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းနိုင်ငံဝန်ကြီးချုပ် Ms. Paetongtarn Shinawatra ထံဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာတွင်ဖော်ပြ


သြဂုတ်လ ၂၄ရက်။

Radio NUG

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေဖြေရှင်းရာမှာ ဆက်လက်ပံ့ပိုးကူညီပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းနိုင်ငံဝန်ကြီးချုပ် Ms. Paetongtarn Shinawatra ထံဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာတွင်ဖော်ပြပါတယ်။


ထိုင်းဝန်ကြီးချုပ်အတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဩဂုတ်လ ၁၉ ရက်ကပြည်ထောင်စုဝန်ကြီးချုပ်က ပေးပို့ခဲ့တာဖြစ်ပါတယ်။


မြန်မာနိုင်ရဲ့ ဒီမိုကရေစီ အရေးတော်ပုံမှာ ထိုင်းနိုင်ငံက ဆက်လက်ပံ့ပိုးမှုနဲ့ မြန်မာပြည်သူတွေကို ကူညီပေးနေတာတွေအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ကျေးဇူးရှိတင်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုထားပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်ဖြစ်ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေဖြေရှင်းရာမှာ  ဆက်လက်ပံ့ပိုးကူညီပေးဖို့နဲ့ ၇၆ နှစ်နီးပါး တည်မြဲခဲ့သော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့အတွက် လေးလေးနက်နက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ သဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ ပြည်သူတွေရဲ့သားသမီးတွေကိုစစ်မှုထမ်းရမယ်ဆိုတဲ့ အတင်းအကြပ်စစ်တပ်ထဲကို သွပ်သွင်းနေတဲ့ကိစ္စတွေက လူ့အခွင့်အရေးရှုထောင့်အရ ဘယ်လိုမှလက်ခံနိူင်စရာ မဟုတ်ဘူးလို့ဆို


သြဂုတ်လ ၂၄ရက်။

Radio NUG

ပြည်သူတွေရဲ့သားသမီးတွေကို စစ်မှုထမ်းရမယ်ဆိုတဲ့ အတင်းအကြပ်စစ်တပ်ထဲကို သွပ်သွင်းနေတဲ့ကိစ္စတွေက လူ့အခွင့်အရေးရှုထောင့်အရ ဘယ်လိုမှလက်ခံနိူင်စရာ မဟုတ်ဘူးလို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


အဓမ္မ စစ်သားစုဆောင်းမှုအပေါ် လူ့အခွင့်အရေးရှုထောင့်အမြင်နဲ့ ပတ်သက်လို့ပြောကြားရာမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"ပြည်သူတွေရဲ့မျိုးဆက်တွေ၊ မိဘပြည်သူတွေရဲ့သားသမီးတွေကို စစ်မှုထမ်းရမယ်ဆိုတဲ့ အတင်းအကြပ်စစ်တပ်ထဲကို သွပ်သွင်းနေတဲ့ကိစ္စတွေ၊ ဒါတင်မကဘဲ ရှေ့တန်းကိုပေးပို့ပြီး အန္တရာယ်ရှိတဲ့လုပ်ဆောင်ချက်တွေက လူ့အခွင့်အရေးရှုထောင့်အရ ဘယ်လိုမှလက်ခံနိူင်စရာမဟုတ်ပါဘူး"လို့ဆိုပါတယ်။


ဒါ့အပြင်စကစတပ်က တိုင်းပြည်ကာကွယ်ဖို့မဟုတ်ဘဲ လူငယ်တွေကိုရှေ့တန်းမှာ အဓမ္မလုပ်အားစေခိုင်းဖို့ လုပ်ဆောင်နေတာတွေကို တွေ့ရတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ မန္တလေး တိုင်းလွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းကျ ရဲဘော်ရဲဘက်များကို အကူအညီပေးနိုင်ရေးကိစ္စရပ် ထည့်သွင်းဆွေးနွေး


သြဂုတ်လ ၂၄ရက်။

Radio NUG

မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းကျ ရဲဘော်ရဲဘက်များကို အကူအညီပေးနိုင်ရေးကိစ္စရပ် ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။


သြဂုတ်လ(၂၄)ရက် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(/၂၀၂၄)ကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှုး ဦးမြင့်အောင်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာကော်မတီ၊ ဥပဒေရေးရာကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာကော် မတီများမှ  ဆောင်ရွက်ထားရှိမှုများကို  တိုင်းလွှတ်တော်ကိုယ်စားလှယ်များအားဆွေးနွေးတင်ပြခဲ့တယ်လို့သိရပါတယ်။


တက်ရောက်လာသော တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ရေးရာ ကော်မတီဝင်များမှ အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များ မေးမြန်းခြင်း၊ မန္တလေးတိုင်းအတွင်း ဆောင်ရွက်ရမည့် ကြားကာလအစီအမံဆိုင်ရာကိစ္စရပ်များအားညှိနှိုင်း ဆွေးနွေးခြင်း၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ တိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများနှင့် ပတ်သက်ပြီး လူသားစာနာ ကူညီရေး လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊ မတရားဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းကျ ရဲဘော်ရဲဘက်များကို အကူအညီပေးနိုင်ရေး၊ တော်လှန်ရေးအင်အားစုများနှင့် ပိုမို ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ဒီပဲယင်းမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူအချို့အတွက် မြို့နယ်ပအဖမှ ဘေးလွှတ်ရာနေရာတွင် နေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေး


သြဂုတ်လ ၂၄ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူအချို့အတွက် မြို့နယ်ပအဖမှ ဘေးလွှတ်ရာနေရာတွင် နေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။


သြဂုတ်လ၂၄ရက် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ဒီပဲယင်းမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူအချို့အတွက် မြို့နယ်ပအဖမှ ဘေးလွှတ်ရာနေရာတွင် နေထိုင်နိုင်ရေးအတွက် စနစ်တကျကွင်းဆင်း၍ စီမံဆောင်ရွက်ပေးလျှက်ရှိပါတယ်လို့ဖော်ပြပါတယ်။


ဆက်လက်၍လည်း နေရာအခက်အခဲဖြစ်နေသော စစ်ရှောင်ပြည်သူများကိုလည်း လိုက်လံချိတ်ဆက်ပြီး လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျှက်ရှိတယ်လို့ ဖော်ပြပါတယ်။


အကြမ်းဖက်စကစတပ်များဟာ ဒီပဲယင်းမြို့တွင်းအထိုင်ချ၍ နေ့စဥ်အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။


========================


📌📌 ၅။ တောင်ငူ NLD ပါတီဝင် ဦးမင်းဆွေ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်တပ်က ဝင်ရောက်ဖမ်းဆီး


သြဂုတ်လ ၂၄ရက်။

Radio NUG

ဩဂုတ်လ ၂၃ ရက်နေ့တွင် တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် ဦးမင်းဆွေကို လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် စစ်ကောင်စီတပ်များက အကြမ်းဖက် အဓမ္မဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရပါတယ်။


ဖမ်းဆီးခံရချိန်မှာ ဦးမင်းဆွေရဲ့ မျက်နှာနဲ့  ဦးခေါင်းကို အိတ်အမည်းစွပ်၍ လက်ပြန်ကြိုးတုပ် ချည်နှောင်ခေါ်ဆောင်သွားပြီး အာဏာသိမ်းကာလအတွင်း ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးပေးဖို့ နိုင်ငံတကာထံ CDM အင်အားစုတွေ တောင်းဆို


ဩဂုတ်လ ၂၄ရက်။ 

RadioNUG

ဩဂုတ်လ ၂၃ရက်နေ့တွင် မြန်မာပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကနေ ပြည်သူတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေနဲ့ ကူညီပေးကြဖို့၊ ရပ်တန့်အောင်လုပ်ဆောင်ပေးဖို့ နိုင်ငံတကာကို CDM အင်အားစုတို့က တောင်းဆိုချက် ထုတ်ပြန်ခဲ့ပါတယ်။


အဆိုပါ ထုတ်ပြန်ချက်မှာ လေယာဉ်ဆီတင်သွင်းမှု ကန့်သတ်ပိတ်ပင်တာ အပါအဝင် လေကြောင်းတိုက်ခိုက်မှု ကျူးလွန်နေတဲ့ စစ်တပ်နဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို အပြစ်ပေးအရေးယူတာ ချက်ချင်းလုပ်ပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။


စစ်ကောင်စီရဲ့ အကြမ်းဖက်မှု အန္တရာယ်ကြောင့် နယ်စပ်ဖြတ်ကျော်ထွက်ပြေးရတဲ့ မြန်မာဒုက္ခသည်တွေကို အိမ်နီးချင်းနိုင်ငံတွေက လက်ခံပြီး လူသားချင်းစာနာမှုနဲ့ ကာကွယ် စောင့်ရှောက်ပေးဖို့ရန်အတွက် နိုင်ငံတကာက အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းပေးဖို့လည်း တောင်းဆိုထားပါတယ်။


လက်ရှိမှာ နိုင်ငံတကာရဲ့ လက်နက်ထောက်ပံ့မှု မရရှိပေမယ့် NUG တိုင်းရင်းသားလက်နက်ကိုင် ERO တို့ဟာ နိုင်ငံ့ဧရိယာ ထက်ဝက်ကျော် စိုးမိုးထားနိုင်ခဲ့ပြီး ဖြစ်တာကြောင့် အဲဒီနယ်မြေမှာရှိတဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့နဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ကူညီထောက်ပံ့ကြဖို့၊ စစ်အုပ်စုကို မြန်မာကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုဖို့၊ NUG ERO တွေကို ကိုယ်စားလှယ်အဖြစ် ထိတွေ့ဆက်ဆံဖို့၊ နှစ်ကာလပတ်လုံး ဘာတိုးတက်မှုမှ မရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ရပ်ကို ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ အချက်တွေလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


စစ်ကောင်စီဟာ အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ ကာလတလျှောက် ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ ပိုင်ဆိုင်မှုတွေကို အဓမ္မသိမ်းယူတာ၊ မြို့ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လူနေရပ်ကွက်တွေပေါ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။


ဒါ့အပြင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ကလေးသူငယ်တွေကို အသက်ခန္ဓာ ဆုံးရှုံးစေတာ စတာတွေကို ဒီနေ့တိုင် နေ့စဉ်ရက်ဆက် လုပ်ဆောင်နေဆဲလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 


စစ်ကောင်စီက ပြည်သူတွေအပေါ် ဒီလို စစ်ရာဇဝတ်မှု၊ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုဖောက်မှု အကြိမ်ကြိမ် ကျူးလွန်နေတာကို အရေးယူပေးဖို့ မြန်မာပြည်သူတွေ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် နိုင်ငံတကာက ဆိုးရွားစွာ ပျက်ကွက်ခဲ့တယ်လို့ CDM အင်အားစုတွေက ထောက်ပြဝေဖန်ပါတယ်။


ဒါ့အပြင် တချို့နိုင်ငံတကာအဖွဲ့အစည်းတွေဟာ စစ်ကောင်စီအဖွဲ့ဝင်တွေကို မြန်မာကိုယ်စားလှယ်အဖြစ် ထိတွေ့ဆက်ဆံနေတာက ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး မိမိတို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ CDM တို့ရဲ့ သဘောထား ထုတ်ပြန်ချက်ကို မန္တလေးဒေသ အကြမ်းမဖက်အာဏာဖီဆန်ရေးအဖွဲ့ MCDMO မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ CCSCMON လွတ်လပ်သော CDM အင်အားစု ICA အခြေခံပညာရေးဘုတ်အဖွဲ့များ ကော်မတီ CBBE တို့က ပူးတွဲကာ နိုင်ငံတကာကို တောင်းဆိုချက် ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ မီးဘေးသင့်ကျောင်းသား၊ ကျောင်းသူများကို အသုံးအဆောင်ပစ္စည်းများ လှူဒါန်း၊ စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးသွားသော ထရန်စဖော်မာ ပြန်လည်ပြုပြင်ပြီးစီး


သြဂုတ်လ ၂၄ရက်။ 

Radio NUG

သြဂုတ်လ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် နေရပ်စွန့်ခွာနေကြသော ကျောင်းသား၊ ကျောင်းသူများကို အလှူရှင်များက အသုံးအဆောင်ပစ္စည်း ၁၄ မျိုး ထောက်ပံ့ပေးရာ မြောင်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး တာဝန်ခံမှ ကျောင်းသား၊ ကျောင်းသူများထံသို့ လက်ရောက်ပေးအပ်ခဲ့ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။


အလားတူ သြဂုတ်လ ၂၃ ရက်နေ့က အရာတော်မြို့နယ် ကျေးရွာတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ကာ သေနတ်ဖြင့် ပစ်ဖောက်သွားသော ထရန်စဖော်မာအား ပြန်လည်ပြုပြင်ထားသည်ကို မြို့နယ်လူသားစာနာတာဝန်ခံ မြို့နယ်လျှပ်စစ်တာဝန်ခံ အကျဉ်းဦးစီးတို့မှ ရပ်ကျေးပအဖများနှင့် တွေ့ဆုံ၍ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနှင့်၊ ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေးလှုပ်ရှား


ဩဂုတ်လ ၂၄ရက်။ 

RadioNUG

ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနှင့်၊ ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေးလှုပ်ရှားခဲ့ပါတယ်။


သြဂုတ်လ၂၄ရက် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးဖော်ပြပါတယ်။


ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအနေဖြင့်၊ ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်းနှင့်အတူ ပူးပေါင်းကာ ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနှင့်၊ ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေး လူထုအသိပညာပေး ဟောပြောပွဲတရပ်ကိုလုပ်ဆောင်ခဲ့တယ်လို့ဖော်ပြပါတယ်။


ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုကိုငြိမ်ခံမနေပဲ၊ စစ်အာဏာရှင်စနစ်ကို "ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်ကာ "တော်လှန်ရေးမီးစာအမြင့်ဆုံးသို့ မြှင့်တင်ကာ၊ ကျရာကဏ္ဍ အသီးသီးမှပါဝင် တိုက်ပွဲဝင်နိုင်ရန်တိုက်တွန်းအပ်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင် PDFနှင့်ပကဖ ရဲဘော်များက အင်အားထောင်ချီ အဓိကပါဝင်ဆင်နွှဲနေတာဖြစ်ပြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက ဝန်းရံကူညီပေးခြင်းသာဖြစ်


သြဂုတ်လ ၂၄ရက်။

Radio NUG

မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင် PDFနှင့်ပကဖ ရဲဘော်များ ကအင်အားထောင်ချီ အဓိကပါဝင်ဆင်နွှဲနေတာဖြစ်ပြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက ဝန်းရံကူညီပေးခြင်းသာဖြစ်တယ်လို့သတင်းရရှိပါတယ်။


သြဂုတ်လ၂၄ရက် စစ်ရေးသုံးသပ်ချက်များဖော်ပြနေတဲ့ PDF Insightကဖော်ပြပါတယ်။


"၂၀၂၄ ခုနစ်၊ ဩဂုတ်လအတွင်း မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးအောင်ပွဲတွေ ဆက်တိုက်ရရှိနေပြီး အဆိုပါ အောင်ပွဲတွေဟာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်()စစ်ဒေသက PDF/ပကဖ ရဲဘော်များရဲ့ အောင်ပွဲတွေပဲ ဖြစ်ပါတယ်။ လတ်တလောဆိုရင်မန္တလေးတိုင်းထဲက ပြင်ဦးလွင်ခရိုင်၊ တကောင်း၊ သပိတ်ကျင်း၊ မကွေးတိုင်းထဲမှာ ဂန့်ဂေါ၊စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင် ဒီပဲယင်း၊ ချင်းတွင်းမြစ်ဝှမ်းက ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကောလင်းခရိုင် ပင်လည်ဘူး၊ ကသာခရိုင် အင်းတော်၊ နဘား၊ ကသာ၊ ထီးချိုင့်စတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတာ တွေ့ရပါတယ်"လို့ဖော်ပြပါတယ်။


အဆိုပါ တိုက်ပွဲတွေဟာ ကာကွယ်ရေးဝန်ကြီးဌာန ၊အမှတ်()စစ်ဒေသရဲ့ အစီအစဉ်နဲ့ ဆင်နွှဲနေတာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အင်အား ထောင်နဲ့ချီ ပါဝင် တိုက်ပွဲဝင်နေကြတယ်လို့ PDF Insightကထုတ်ပြန်ပါတယ်။


တိုက်ပွဲတွေမှာလိုအပ်တဲ့ နယ်မြေနဲ့ လမ်းပိုင်းတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အာရက္ခတပ်တော် (AA)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ကလည်း ဝိုင်းဝန်းကူညီပေးလျက်ရှိတယ်လို့PDF Insightကဖော်ပြပါတယ်။


========================


🚩🚩 ၂။ ရေစကြိုမြို့နယ်၊ မအူ နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက် 


ဩဂုတ်လ ၂၄ရက်။

Radio NUG

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (.က.) က သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၄ ရက်နေ့ နေ့လည် နာရီခန့်အချိန်မှာ အဆိုပါ မအူ စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက် ခဲ့ပြီးနောက် အပြီးသတ် သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း jammer စက်အကြီး လုံး၊ M79 လက်၊ ၆၀ မမ လုံး၊ အီနာဂါ လုံး၊ G3 ကျည် ၂၈၀ တောင့်၊ မမ ကျည် ၅၀ တောင့်၊ ရှေ့ထွက်မိုင်း လုံး၊ မီးစက် လုံး၊ ဘထ္တရီအိုး လုံးနဲ့ အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ယနေ့ တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (.က.)နှင့်အတူ ပခုက္ကူခရိုင် အမှတ် ()တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ မအူ ရဲစခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ထဲက စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (.က.) Salingyi Special Task Force (SSTF) မြိုင်(.က.)နဲ့ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသ စစ်ကြောင်းတို့က ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ စောဘွားကြီးကုန်း မီးပွိုင့်အနီးက ယာဉ်ထိန်းရဲဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရပြီး ဦး ဒဏ်ရာရ


ဩဂုတ်လ ၂၄ရက်။

Radio NUG

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စောဘွားကြီးကုန်း မီးပွိုင့်အနီး ပြည်လမ်းမပေါ်မှာ ဂိတ်ချ ငွေတောင်းခံနေတဲ့ ယာဉ်ထိန်းရဲဂိတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အရာရှိအဆင့် ဦး အပါအဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ God's Hand Forces (GHF) က ထုတ်ပြန်ထားပါတယ်။


မြို့ပြတွင် အာဏာသိမ်း စစ်ကောင်စီအနေနှင့် လုံးဝ အုပ်ချုပ်ခွင့်မရ စစ်ကောင်စီ၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ GHF အဖွဲ့က အဆိုပါ ယာဉ်ထိန်းရဲဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲ အရာရှိ တဦးနဲ့ အခြားအဆင့် ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပြီး နောက်ဆက်တွဲကို အတည်ပြု စုံစမ်းနေတယ်လို့ GHF အဖွဲ့က ဖော်ပြထားပါတယ်။


ယခု တိုက်ခိုက်မှုဟာ “M 043 စစ်ဆင်ရေးရဲ့ တစိတ်တဒေသ ဖြစ်ပြီး ငါးခုမြောက် ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရေဦးနှင့် ဒီပဲယင်း နယ်ထဲက ကျေးရွာများကို စစ်ကောင်စီ စစ်ကြောင်း ကြောင်းဖြင့် ဝင်ရောက်နေပြီး ပြည်သူ ဦး ဖမ်းဆီးခံရ


ဩဂုတ်လ ၂၄ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်မှ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်း ကြောင်းဖြင့် ပစ်ခတ်ဝင်ရောက်နေပြီး ဒေသခံများကို ဖမ်းဆီးထားကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေ တယ်လို့ People's Defense Comrade ထံက သိရပါတယ်။


ဩဂုတ်လ ၂၄ ရက်က ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မုတ်စီ ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး မုတ်စီရွာ ဘုန်းကြီးကျောင်းမှာ ကျန်နေတဲ့ ဒေသခံ ဦး ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီပဲယင်း မြို့ပေါ်က ဒဏ်ရာရစစ်သားများကို ပြန်လည်ခေါ်ဆောင် နိုင်ရန်နှင့် ရိက္ခာပို့ရန် လာရောက်တဲ့ စစ်ကြောင်း ဖြစ်ပါတယ်။


အလားတူ ဒီပဲယင်းမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာလည်း ရေဦးနဲ့ ဒီပဲယင်း အစပ်က ပြားရွာ၊ မစိုးရိမ်ရွာနဲ့ ပျော်ဘွယ်ရွာတို့မှ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ကြပြီး လက်ရှိ မစိုးရိမ်ရွာမှာ တပ်စွဲထားပါတယ်။


အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများကြောင့် ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်ရှိ ကျေးရွာများမှ ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ပဲခူးရိုးမထဲ အရပ်ဝတ်ဖြင့် သတင်းစုံစမ်းလာတဲ့ စစ်ကောင်စီ တပ်သားတဦးကို သတင်းအရ သွားရောက်ဖမ်းဆီး


ဩဂုတ်လ ၂၄ရက်။ 

Radio NUG

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါးအုပ်စု အပိုင် ပဲခူးရိုးမထဲကို သတင်းစုံစမ်းရန် ရောက်လာတဲ့ စစ်ကောင်စီ တပ်သား တဦးကို သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သာယာဝတီခရိုင်၊  တပ်ရင်း ၃၈၀၂ တပ်ခွဲ က သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၃ ရက်နေ့ ညနေ နာရီခန့်က ပဲခူးရိုးမထဲရှိ တောင်ယာတဲ တစ်ခုမှာ အရပ်ဝတ်ဖြင့် သတင်း စုံစမ်းရန် ရောက်ရှိလာတဲ့ စစ်ကောင်စီ တပ်သားကို သွားရောက် ဖမ်းဆီးခဲ့ရာမှာ ပြန်ခုခံတာကြောင့် သေနတ်ဖြင့် ၁၅ ချက် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။


၎င်းစစ်ကောင်စီ တပ်သားထံမှ မမ ပစ်စတို လက်၊ ကျည်ဘောက် ခု၊ ကျည် တောင့်၊ ဖုန်း လုံး စစ်သုံးလွယ်အိတ် လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


၎င်းစစ်ကောင်စီ တပ်သားဟာ မင်းလှမြို့နယ် အခြေစိုက်၊ ခလရ () တပ်ရင်းမှာ တပ်သားလက်ကပ်ဖြစ်ပြီး ကြို့ပင်ကောက် မြို့နယ်က ဗိုလ်ကြီး ရန်ုနိင်စိုးနဲ့ အတူနေပြီး တော်လှန်ရေး တပ်ဖွဲ့များရဲ့ သတင်းများကို ထောက်လှမ်းနေသူ ဖြစ်ပါတယ်။


အဆိုပါ ဖမ်းဆီးမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ရဲ့ ဗျူဟာ စစ်ကြောင်းက ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၆။ မကွေးတိုင်းဆိပ်ဖြူမြို့နယ်မြောက်ပိုင်း သံပုရာပင်ကျေးရွာ၊ ဝဲမကျေးရွာ၊ ညောင်ဂွေး၀ ကျေးရွာများကို စကစတပ်များက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်၍အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိ


သြဂုတ်လ ၂၄ရက်။

Radio NUG

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း သံပုရာပင်ကျေးရွာ၊ ဝဲမကျေးရွာ၊ ညောင်ဂွေး၀ ကျေးရွာများကို စကစတပ်များက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်၍ အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့သတင်းရရှိပါတယ်။


သြဂုတ်လ၂၄ရက်မှာ စကစတပ်ရဲ့ကျူးလွန်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ကအတည်ပြုဆိုထားပါတယ်။


ဆိပ်ဖြူမြောက်ပိုင်း သံပုရာပင်ကျေးရွာ ဝဲမကျေးရွာ ညောင်ဂွေး၀ ကျေးရွာများကို စစ်ခွေးများက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံး နှစ်ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ အရပ်သားနေထိုင်ရာနေရာများကို လေကြောင်းကပစ်မှတ်ထား တိုက်ခိုက်မှုများ၂၀၂၄ ခုနှစ်အတွင်း ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာပါတယ်။


========================


🚩🚩 ၇။ မုံရွာ မအူရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပစ်ခတ်မှု အသက် ၁၃ နှစ်အရွယ် ကျောင်းသူ ဦးနှင့် အမျိုးသမီး ဦး ဒဏ်ရာ အပြင်းအထန်ရ 


ဩဂုတ်လ ၂၄ရက်။ 

RadioNUG

ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မအူရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပစ်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကျောင်းသူ ဦးနှင့် အမျိုးသမီး ဦးဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသအရင်းအမြစ်များမှ သိရပါတယ်။


ဖောင်းကတာ တောင်ရွာ စာသင်ကျာင်းအနီးက အိမ်ပေါ်ကို တည့်တည့်ကျပြီး အိမ်ရှင် လက်မောင်းကျည်စ ထိမှန်ကာ နောက်ထပ်အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ် ခြေထောက်ထိမှန်ပြီး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်က ယခု ဩဂုတ်လအတွင်း လက်နက်ကြီးများဖြင့် မုံရွာဘက်ခြမ်းမှ ဆားလင်းကြီးမြို့နယ်အတွင်းသို့ မကြာခဏ ပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် ပြည်သူ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment